Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

5. Sambulakaccānattheragāthā

Author: နိဿယ @ IAPT

အာဝုသော၊ င့ါရှင်တို့။ ဒေဝေါ၊ မိုဃ်းသည်။ ဝဿတိစ၊ ရွာလည်းရွာ၏။ ဒေဝေါ၊ မိုဃ်းသည်။ ဂဠံဂဠာယတိစ၊ ချုန်းချုန်းဟူသော အသံကို ပြုလျက် ကြိုးလည်းကြိုး၏။ အဟဉ္စ၊ ငါသည်လည်း။ ဧကကော၊ တယောက်ထည်းတည်း။
ဘေရဝေ၊ ကြောက်မက်ဖွယ်သော ဘေးကျမ်းရှိသော။ ဗိလေပဗ္ဗတဂုဟာရေ၊ တောင်ခေါင်း၌။ ဝိဟရာမိ၊ နေ၏။
ဘေရဝေ၊ ကြောက်မက်ဘွယ်ရှိသော။ ဗိလေ၊ တောင်‌ခေါင်း၌။ ဧကကဿ၊ အဖေါ်မရှိ တယောက်တည်းတည်း။
ဝိဟရတော ဝိဟရန္တဿ၊ နေသော။ တဿမယှံ၊ ထိုငါ့အား။ ဘယံဝါ၊ ကြောခြင်းသည်လည်းကောင်း။ ဆမ္ဘိတတ္တံဝါ၊ ထိုကြောက်ခြင်းလျှင်အကြောင်းရှိသော ကိုယ်၏ တုန်လှုပ်ခြင်းသည်လည်းကောင်း။ လောမဟံသောဝါ၊ ကြက်သီးမွေးညှင်းထခြင်း သည်လည်းကောင်း။ နတ္ထိ၊ မရှိ။
ဧသာ၊ ဤခန္ဓာငါးပါးကို ပိုင်းခြား၍ သိပြီးသော သဘောကာမဆန္ဒရာဂကို ဖြတ်ပြီးသော သဘောရှိသော သူတို့အား မကြောက်ခြင်းသည်။ မမ၊ ငါ့အား။ ဓမ္မတာ၊ သဘောတည်း။ တသ္မာ၊ ထိုကြောင့်။ ဘေရဝေ၊ ကြောက်မက်ဘွယ်ရှိသော။ ဗိလေ၊ တောင်ခေါင်း၌။ ဧကကဿ၊ တယောက်အထည်းတည်း။
ဝိဟရန္တောဝိဟရန္တဿ၊ နေသော။ တဿမေ၊ ထိုငါ့အား။ ဘယံဝါ၊ ကြောက်ခြင်းသည်လည်းကောင်း။ ဆမ္ဘိတတ္တံဝါ၊ ကြောက်ခြင်းဟူသော ဆင်းရဲလျှင်အကြောင်းရှိသော ကိုယ်၏ တုန်လှုပ်ခြင်းသည်လည်းကောင်း။ လောမဟံသောဝါ၊ ကြက်သီးမွှေးညှင်းထခြင်းသည်လည်းကောင်း။ နတ္ထိ၊ မရှိ။
ဣတိ၊ ဤသို့။ သမ္ပုသကစ္စာနောထေရော၊ သမ္ပုလစ္စာနထေရ်သည်။ ဣမံဂါထာဒွယံ၊ ဤဂါထာနှစ်ခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ သမ္ပုလကစ္စာနထေရဂါထာ အနက်ပြီး၏။