Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

10. Uttiyattheragāthā

Author: နိဿယ @ IAPT

အာဝုသော၊ ငါ့ရှင်တို့။ မေ၊ ငါ့အား။ အာဗာဓေ၊ အနာသည်။ ဥပ္ပန္နေ၊ ဖြစ်လတ်သည်ရှိသော်။ မေ၊ ငါ့အား။ အာဗာဓော၊ အနာသည်။ သရပ္ပန္နော၊ ဖြစ်ချေ၏။ ဣတိ၊ ဤသို့။ သတိ၊ ကမ္မဋ္ဌာန်းစီးပြန်းခြင်း၌ အားထုတ်အံ့ဟူသော သတိသည်။ ဥပပဇ္ဇထ၊ ဖြစ်လတ်၏။
ကိံ ဥပပဇ္ဇထ၊ အဘယ်သို့ ဖြစ်သနည်းဟူမူကား။ မေမယာ၊ ငါသည်။ ကာလောကာလံ၊ အနာဖြစ်သမျှ ကာလပတ်လုံး။ ပမဇ္ဇိတုံ၊ ကမ္မဋ္ဌာန်းစီးပြန်းခြင်း၌ မေ့လျော့ခြင်းငှါ။ နယုတ္တံ၊ မသင့်။ ဣတိ၊ ဤသို့။ သတိ၊ ကမ္မဋ္ဌာန်းစီးပြန်းခြင်း၌ အားထုတ်အံ့ဟူသော သတိသည်။ ဥပပဇ္ဇထ၊ ဖြစ်လတ်၏။
ဣတိ၊ ဤသို့။ ဥတ္တိယောထေရော၊ ဥတ္တိယထေရ်သည်။ ဣမံဂါထံ၊ ဤဂါထာကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဥတ္တိယထေရဂါထာ အနက်ပြီး၏။
တတိယော၊ သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော။ ဝဂ္ဂေါ၊ ဝဂ်တည်း။
တဿ၊ ထိုတတိယဝဂ်၏။ ဥဒါနံ၊ ဥဒါန်းသည်။
ဣသီ၊ သီလအစရှိသော ကျေးဇူးအပေါင်းကို ရှာမှီးလေ့ရှိသော။ နိ‌ကြေဓောစ၊ နိကြောဓောစ ထေရ်လည်းကောင်း။ စိတ္တကောထေရော၊ စိတ္တကထေရ်လည်းကောင်း။ ဂေါပလတ္ထေရော၊ ဂေါပါထထေရ်လည်းကောင်း။ သုဂန္ဓော၊ သုဂန္ဓထေရ်လည်းကောင်း။
နန္ဒိယော၊ နန္ဒိယထေရ်လည်းကောင်း။ အဘယော၊ အဘယထေရ်လည်းကောင်း။ ထေရောလောမသင်္ဂီယော၊ လောမသကင်္ဂိယထေရ်လည်းကောင်း။
ဇမ္ဗုဂါမိကပုတ္တော၊ ဇမ္ဗုဂါမိကသားဖြစ်သော ထေရ်လည်းကောငး်။ ဟာရိတော၊ ဟာရိတထေရ်လည်းကောင်း။ ဥတ္တိယော၊ ဥတ္တိယထေရ်လည်းကောင်း။ ဣတိဣမေ၊ ဤတကျိပ်တို့တည်း။ ဣတိ၊ ဤသည်လျှင်တည်း။ တတိယဝဂ် ပြီး၏။