အာဝုသော၊ ငါ့ရှင်တို့။
အတိသီတံ၊ အလွန်ချမ်းသေးသည်။
အဟု၊ ဖြစ်၏။
အတိဥဏှံ၊ အလွန်ပူသေးသည်။
အမှိ၊ ဖြစ်၏။
ဣဒံ၊ ဤကာလကား။
အတိသာယံ၊ အလွန်ညချမ်းသောအခါသည်။
အဟု၊ ဖြစ်၏။
ဣတိဣမိနာ ပကာရေန၊ ဤသို့သော အပြားဖြင့်။
ဝိဿဋ္ဌကမ္မန္တေ၊ စွန့်အပ်သော အမှုပြုခြင်းရှိကုန်သော။
မာဏဝေ၊ သတ္တဝါတို့ကို။
ခဏာ၊ ပုဒ္ဓုပ္ပါဒစသောခဏတို့ သည်။
အစ္စေန္တိ အဘိက္ကမန္တိ၊ လွန်ကုန်၏။
ယောစ၊ အကြင်သူသည်လည်း။
သီတဉ္စ၊ ချမ်းသောအခါကိုလည်းကောင်း။
ဥဏှဉ္စ၊ ပူသောအခါကို လည်းကောင်း။
တိဏာ၊ မြက်ထက်။
ဘိယျော၊ အလွန်။
နမညတိ၊ မအောင်းမေ့။
တိဏံဝိယ၊ မြက်ကဲ့သို့သော။
မညတ်၊ အောက်မေ့၏။
ပုရိသကိစ္စာနိ၊ လုံ့လကြိုးကုတ်အားထုတ်သော ယောင်္ကျားသည် ပြုအပ်သော အမှုတို့ကို။
ကရံကရောန္တော၊ ပြုသော။
သောပုရိသော၊ ထိုယောင်္ကျားသည်။
သုခါ၊ နိဗ္ဗာန်ချမ်းသာမှ။
နဝိဟာယတိ၊ မယုတ်။
အာဝုသော၊ ငါ့ရှင်တို့။
အဟံ၊ ငါသည်။
ဒဗ္ဗံ၊ မြေဇာမြက်ကိုလည်းကောင်း။
ကုသံ၊ သမန်းမြက်ကိုလည်းကောင်း။
ပေါဋကိလံ၊ ဆူးရှိသောချုံကိုလည်းကောင်း။
ဥသိရံ၊ ပန်းရင်းကိုလည်းကောင်း။
မုဉ္ဇ၊ ဖြူဆန်မြက်ကိုလည်းကောင်း။
ပဗ္ဗဇံ၊ ပြိတ်မြက်ကို လည်းကောင်း။
ဝိဝေကံ၊ ကာယဝိဝေကစိတ္တဝိဝေကဥပဓိဝိဝေကကို။
အနူဗြူဟယံအနူဗြူဟယန္တော၊ ပွါးစေလိုသောကြောင့်။
ဥရသာ၊ ရင်ဖြင့်။
မနုဒဟိဿာမိ၊ ပယ်တွန်းလျက်သွားလေအံ့။
ဣတိ၊ ဤသို့။
မာတင်္ဂပုတ္တောထေရော၊ မာတင်္ဂပုတ္တထေရ်သည်။
ဣမံဂါထတ္တယံ၊ ဤဂါထာသုံးခုတို့၏ အပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
မာတင်္ဂပုတ္ထထေရဂါထာ အနက်ပြီး၏။