အာဝုသော၊ ငါ့ရှင်တို့။
ရူပံ၊ တပ်မက်မောဘွယ်သော မိန်းမအဆင်းကို။
ဒိသွာ၊ မျက်စိဖြင့် မြင်ခြင်းကြောင့်။
သတိ၊ မတင့်တယ်သော အခြင်းအရာဖြင့် ဖြစ်သော ကိုယ်၌ မတင့်တယ်ဟု အောက်မေ့ဆင်ခြင်သော သတိသည်။
မုဋ္ဌာနဋ္ဌာ၊ ပျောက်ကင်းခဲ့၏။
ပိယံနိမိတ္တံ၊ ထင်မြဲတိုင်းသော အာရုံကို သုဘသုခ အစရှိသဖြင့် ချစ်ခြင်း အကြောင်းရှိသည်ကို ပြု၍။
မနသိကရောတော၊ မသင့်သော နှလုံးသွင်းခြင်းနှင့် နှလုံးသွင်းသော သူအား။
သတိ၊ မတင့်တယ်သော ကိုယ်၌ မတင့်တယ်ဟုရှုသော သတိသည်။
မုဋ္ဌာနဋ္ဌာ၊ ပျောက်ခဲ့၏။
တထာဘူတော၊ ထိုသို့သော အခြင်းအရာဖြင့် ဖြစ်သော။
သော၊ ထိုသူသည်။
သာရတ္တိစိတ္တော၊ ပြင်းစွာတပ်သော စိတ်ရှိသည်ဖြစ်၍။
ဝေဒေတိ၊ ထိုရူပါရုံကို ခံစားနှစ်သက်၏။
တဉ္စ၊ ထိုအာရုံကိုလည်း။
အဇ္ဈောသတိဋ္ဌတိ၊ မျိုခြင်းကို ပြီးစေလျက်တည်၏။
ဧဝံဘူတဿ၊ ဤသို့သော အခြင်းအရာဖြင့် ဖြစ်သော။
တဿ၊ ထိုသူအား။
ဘဝူလာဘဝဂါမိနော၊ သံသရာဘဝ၏ အကြောင်း၏အဖြစ်သို့ ကပ်ခြင်းသ ဘောရှိကုန်သော။
အာသဝါ၊ အာသဝေါတရားတို့သည်။
ဝဍ္ဎန္တိ၊ ပွါးကုန်ပြီ။
ဣတိ၊ ဤသို့။
အဘယောထေရော၊ အဘယထေရ်သည်။
ဣမံဂါထံ၊ ဤဂါထာကို။
အဘာသိတ္ထ၊ ဆိုပြီ။
အဘယထေရဂါထာ အနက်ပြီး၏။