Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

7. (Apara)-gotamattheragāthā

Author: နိဿယ @ IAPT

ပုရိသော၊ အသိပညာပြည့်စုံစွာသော ယောင်္ကျားသည်။ သကံအတ္ထိ၊ မိမိအကျိုးကို။ ဝိဇာနေယျ၊ ဟုတ်မှန်သော အတိုင်းဆင်ခြင်း၍ သိရာ၏။ ဝိစာရန္တောစ၊ ဆင်ခြင်သိပြီး၍လည်း။ ပါဝစနံ၊ ဘုရားဟော တော်မူအပ်သော ပိဋကတ်သုံးပုံဟု ဆိုအပ်သော စကားကို။ အဝလောကေယျာထ၊ ပညာဖြင့် ကြည့်ရှုဆင်ခြင်ရာ၏။
သာမညံ၊ ရဟန်း၏အဖြစ်သို့။ အဇ္ဈပဂတဿ၊ ကပ်သော အမျိုးသားအား။ ဧတ္ထ၊ ဤသာသနာတော်၌။ ပဗ္ဗဇိတဘာဝေ၊ ရဟန်းအဖြစ်၍။ ယံကမ္မံ၊ အကြင်မှုသည်။ ပတိရူပံ၊ သင့်တင့် လျောက်ပတ်သည်။ အဿ၊ ဖြစ်ရာ၏။
တံ၊ ထိုသင့်တင့် လျောက်ပတ်သော အမှုကို။ အဝလောကေယျာထ၊ ပညာဖြင့် ကြည့်ရှု ဆင်ခြင်ရာ၏။ ဣဓေဝ၊ ဤသာသနာတော်၌။ ကလျာဏံ၊ ကောင်းသော။ မိတ္တဉ္စ၊ အဆွေခင်ပွန်း လည်းကောင်း။ သိက္ခာ ဝိပုလသမာဒါနံ၊ ပြန့်ပြောသော သိက္ခာပုဒ်ကို ဆောက်တည်ခြင်းလည်းကောင်း။
ဂရူနံ၊ အလေးအမြတ် ပြုအပ်ကုန်သော ဥပဇ္ဈာယ် တို့၏။ ယာသုဿုသာစ၊ အကြင်အဆုံးအမကို နာခြင်းငှါ အလိုရှိခြင်း လုပ်ကြွေးခြင်းလည်းကောင်း။ ဧတံ၊ ဤကလျာဏမိတ္တကို မှီဝဲ ခြင်းအစရှိသည်သည်။ သမဏဿ၊ ရဟန်းအား။ ပဝိရူပံ၊ လျောက်ပတ်၏။
ဗုဒ္ဓေသု၊ အရဟံ အစရှိသော ကျေးဇူးနှင့် ပြည့်စုံသော ဘုရားရှင်တို့၌။ သဂါရဝတာစ၊ ရိုသေသည်၏ အဖြစ်နှင့် တကွဖြစ်ခြင်း လည်းကောင်း။ ဓမ္မေ၊ အရိယာဓမ္မ၌။ ယထာဘူတံ၊ ဟုတ်မှန်သော အတိုင်း။ အပိစိတိစ၊ ပူဇော်ခြင်းလည်းကောင်း။
သံဃေ၊ အရိယာသံဃာ၌။ စိတ္တိကာရောစ၊ ရိုသေမြတ်နိုးခြင်းလည်းကောင်း။ ဧတံ၊ ဤရတနာသုံးပါးတို့၌ အရိုအသေအလေးအမြတ် ပြုခြင်းသည်။ သမဏဿ၊ ရဟန်းအား။ ပတိရူပံ၊ လျောက်ပတ်၏။
အာစာဂေါစရေ၊ ကိုယ်နှုတ်ဖြင့် မလွန်ကျူးခြင်းဟု ဆိုအပ်သော အာစာရ ဆွမ်းအလို့ငှါ သင့်တင့် လျောက်ပတ်သော အရပ်၌ ဆွမ်းခံ သွားခြင်းဟု ဆိုအပ်သော ဂေါစရနှင့်။ ယုတ္တောစ၊ ယှဉ်ခြင်းလည်းကောင်း။ သောမိတော၊ စင်ကြယ်စေအပ်သည်ဖြစ်၍။ အဂါရယှောစ၊ ပညာရှိတို့သည် မကဲ့ရဲအပ်သော။ အာဇီဝေါစ၊ အသက်မွေးခြင်းလည်းကောင်း။
စိတ္တဿ၊ စိတ်ကို။ သဏ္ဌပနံ၊ ရူပါရုံ စသည်တို့၌ လောဘစသည်တို့ကို မဖြစ်စေသော အားဖြင့် ကောင်းစွာထားခြင်းလည်းကောင်း။ ဧတံ၊ ဤအာစာရဂေါစရ သမ္ပတ္တိအစရှိသည်သည်။ သမဏဿ၊ ရဟန်းအား။ ပတိရူပံ၊ လျောက်ပတ်၏။
စာရိတ္တံဝါ၊ ကျင့်သည်ကို ပြု၍ ပြည့်စုံစေ အပ်သော သီလလည်းကောင်း။ ဝါရိတ္တံဝါ၊ ကြဉ်ခြင်းမပြုခြင်းဖြင့် ပြည့်စေအပ်သော သီလလည်းကောင်း။ ပသာဒနိယံ၊ ကြည်ညို ဘွယ်ကို ဆောင်တတ်သော။ ဣရိယာပထိယံ၊ ဣရိယာ ပုတ်ကို မှီသော အဆင်အခြင်ပညာကို လည်းကောင်း။
အဓိစိတ္တေ၊ သမထဝိပဿနာ စသည်နှင့်ယှဉ်သော စိတ်၌။ အာယောဂေါစ၊ အဘန်တလဲလဲ ပွါးစေခြင်းသည် လည်းကောင်း။ ဧတံ၊ ဤစာရိတ္တ အစရှိသည်သည်။ သမဏဿ၊ ရဟန်းအား။ ပတိရူပံ၊ လျောက်ပတ်၏။
အရညကာနိ၊ တော်၌ဖြစ်ကုန်ထသော။ ပန္တာနိ၊ ဆိတ်ငြိမ်ရာကျောင်းလည်းဖြစ်ကုန်ထသော။ အပ္ပသဒ္ဒါနိ၊ လူတို့၏ ကြွေးကျော်သံမှ ကင်းကုန်ထသော။ သေနာသနာနိ၊ ကျောင်းတို့ကို။
မုနိနာ၊ ရဟန်းသည်။ ဘဇိတဗ္ဗါနီ၊ မှီဝဲအပ်ကုန်၏။ ဧတံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော ကျေးဇူးနှင့် ပြည့်စုံသော တောကျောင်းသည်။ သမဏဿ၊ ရဟန်းအား။ ပတိရူပံ၊ လျောက်ပတ်၍။
သီလဉ္စ၊ စတုပါရိသုဒ္ဓိသီလလည်းကောင်း။ ဗာဟုဿစ္စဉ္စ၊ များသော အကြားအမြင်ရှိသော သူ၏ အဖြစ်လည်းကောင်း။ ဓမ္မာနံ၊ ရုပ်နံတရားတို့ကို။ ယထာဘူတံ၊ မဘောက်မပြန်။ ပဝိစယောစ၊ စုံစမ်းဆင်ခြင်ခြင်းလည်းကောင်း။
သစ္စာနံ၊ ဒုက္ခသစ္စာစသော သစ္စာလေးပါး တရားတို့ကို။ အဘိသမယောစ၊ အဘိညာဘိသမယအစရှိသည်၏ အစွမ်းဖြင့် ထိုးထွင်း၍ သိခြင်းလည်းကောင်း။ ဧတံ၊ ဤသီလဗာဟုဿစ္စအစရှိသည်သည်။ သမဏဿ၊ ရဟန်းအား။ ပတိရူပံ၊ လျောက်ပတ်၏။
အနိစ္စန္တိ၊ သဗ္ဗေသင်္ခါရာအနိစ္စာဟူ၍ လည်းကောင်း။ အနတ္တသညဉ္စ၊ သဗ္ဗေဓမ္မာ အနတ္တာ စသည်ဖြင့်ဖြစ်သော သညာကိုလည်းကောင်း။ အသုဘသညဉ္စ၊ ဤခန္ဓာကိုယ်ကား မတင့်တယ်ဟုဖြစ်သောသညာကိုလည်းကောင်း။
လောကမှိစ၊ တေသုမ္မိကသင်္ခါရလောက၌လည်း။ အနဘိရတိ၊ အပြစ်ကို ရှုခြင်းဝဋ်မှ ငြီးငွေ့ခြင်းကို ရှူခြင်းဟု ဆိုအပ်သော မွေ့လျော်ဘွယ်မရှိဟူသော အမှတ်ကိုလည်းကောင်း။ ဘာဝေယျ၊ ဖြစ်ပွါးစေရာ၏။ ဧတံ၊ ဤသို့အနိစ္စစသည်အစွမ်းဖြင့် ပွါးစေခြင်းစသည်သည်။ သမဏဿ၊ ရဟန်းအား။ ပတိရူပံ၊ လျောက်ပတ်၏။
ဘောဇ္ဈင်္ဂေစ၊ သတိသံဗောဇ္ဈင်စသော ခုနစ်ပါးသော ဗောဇ္ဈင်တို့ကိုလည်းကောင်း။ ဣဒ္ဓိပါဒါနိစ၊ ဆန္ဒိဒ္ဓိပါဒ်စသောလေးပါးသော ဣဒ္ဓိပါဒ် တို့ကိုလည်းကောငး်။ ဣန္ဒြိယာနိစ၊ သဒ္ဓါစသော ငါးပါးသော ဣန္ဒြေတို့ကိုလည်းကောင်း။ ဗလာနိစ၊ သဒ္ဓါစသော ငါးပါးသော ဗိုလ်တို့ကိုလည်းကောင်း။
အဋ္ဌင်္ဂိကံ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော။ အရိယံ၊ မြတ်သော။ မဂ္ဂံဝါ၊ မဂ်ကိုလည်းကောင်း။ ဘာဝေယျ၊ ပွါးစေရာ၏။ ဧတံ၊ ဤဗောဇ္ဈင်ကို ပွါးစေခြင်း အစရှိသည်သည်။ သမဏဿ၊ ရဟန်းအား။ ပတိရူပံ၊ လျောက်ပတ်၏။
မုနိ၊ ရဟန်းသည်။ တဏှံ၊ ကာမတဏှာ စသော အပြားရှိသော အလုံးစုံသော တဏှာကို။ ပဇဟေယျ၊ အရဟတ္တမဂ်ဖြင့် ပယ်ရာ၏။ သမူလကေ၊ ကာမရာဂသညာစသော အမြစ်နှင့်တကွဖြစ်ကုန်သော။ အာသဝေ၊ ကာမသဝစသော အာသဝေါတရားတို့ကို။ ပဒါလေယျ၊ ဖေါက်ခွဲရာ၏။
ဝိပ္ပမုတ္တော၊ ခပ်သိမ်းသော ကိလေသာတို့ကို ပယ်သော အားဖြင့် အလုံးစုံသော ဥပဓိမှ လွတ်သည်ဖြစ်၍။ ဝိဟရေယျ၊ နေရာ၏။ ဧတံ၊ ဤတဏှာကို ပယ်ခြင်း အစရှိသည်သည်။ သမဏဿ၊ ရဟန်းအား။ ပတိရူပံ၊ လျောက်ပတ်၏။
ဣတိ၊ ဤသို့။ ဂေါတမောထေရော၊ ဂေါတမထေရ်သည်။ ဣမာဒသဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော ဆယ်ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဂွေတမထေရဂါထာအ နက်ပြီး၏။
ဒသကေနိပါတေ၊ ဒသကနိပါတ်၌။
ဥဒါနံ၊ ဥဒါန်းသည်ကား။
ကာဠုဒါယီစ၊ ကာဠုဒါယီ အမည်ရှိသော။ သောထေရောစ၊ ထိုမထေရ်သည်လည်းကောင်း။ ဧကဝိဟာရီ၊ ဧကဝိဟာရီအမည်ရှိသော။ သောထေရောစ၊ ထို မထေရ်သည်လည်းကောငး်။ ကပ္ပိနော၊ ကပ္ပိနထေရ်လည်းကောင်း။
စူဠပန္ထကော၊ စူဠပန္ထကထေရ်လည်းကောင်း။ ကပ္ပေါစ၊ ကပ္ပထေရ်လည်းကောင်း။ ဥပသေနာစ၊ ဥပသေနထေရ်လည်းကောင်း။
သတ္တမော၊ ခုနစ်ခုမြောက်ဖြစ်သော။ ဂေါတမော၊ ဂေါတမထေရ်လည်းကောင်း။ ဒသကေ၊ ဒသကနိပါတ်၌။ သတ္တ၊ ခုနစ်ပါးကုန်သော။ ဣမေထေရာ၊ ဤမထေရ်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဧတ္ထ၊ ဤဒသနနိပါတ်၌။ ဂါထာယော၊ ဘွဲ့ဆိုသီကုံးအပ်သော ဂါထာတို့သည်။ သတ္တိဟိ၊ ခုနစ်ဆယ်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသည်လျှင်တည်း။ ဒသကနိပါတော၊ ဒသကနိပါတ်သည်။ နိဋ္ဌိတော၊ ပြီးခြင်းသို့ ရောက်ပြီ။ ဒသကနိပါတ်ပြီး၏။