Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

2. Jotidāsattheragāthā

Author: နိဿယ @ IAPT

အာဝုသော၊ ငါ့ရှင်တို့။ ယေဇနာ၊ အကြင်လူတို့သည်။ ဝေစမိဿေန၊ ကြိုးပိုင်းဖြင့် ဥက္ခောင်းစသည်၌ ရစ်အပ်သော။ နာနတ္ထေန၊ အထူးထူးအပြားပြားသော သတ်ခြင်းလက်ခြေဖြတ်ခြင်းအစရှိသော။ ကမ္မုနာစ၊ ပရူပဃာတကကံဖြင့်လည်း။ ပရုသပတ္ထမာဇနာ၊ ကြိမ်းကြုတ်သော လုံ့လဖြင့် ပြုအပ်သော အမှုရှိကုန်သော သူတို့သည်။ သန္တိ၊ ရှိကုန်၏။
တေ၊ ထိုလူတို့သည်။ မနုဿေ၊ လူမှတပါးသော သတ္တဝါတို့ကို။ ဥပရုဒ္ဓန္တိဝိဟေဋ္ဌေန္တိ၊ ညှဉ်းဆဲကုန်၏။ တေပိ၊ ထိုဆိုအပ်ပြီးသော အပြားရှိသော ပုဂ္ဂိုလ်တို့သည်လည်း။ ယာဟိကမ္မကရဏာဟိ၊ အကြင်လက်ဖြတ်ခြင်း ခြေဖြတ်ခြင်းစသောကမ္မကရဏတို့ဖြင့် ။ အညေ၊ တပါးသော သူတို့ကို။ ဗာဓိံသု၊ နှိပ်စက်ကုန်၏။
တတ္ထေဝတေသုဧဝကမ္မရဏေသု၊ ထိုဆိုအပ်ခဲ့ပြီးသော ကမ္မကရဏတို့၌သာလျှင်။ သယမ္ပိ၊ မိမိတို့သည်လည်း။ ကိရန္တိအနုဘဝန္တိ၊ ထိုသို့သဘောရှိသော လက်ခြေဖြတ်ခြင်း စသော ဆင်းရဲကိုခံရကုန်၏။
ဟိကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူကား။ ကမ္မံပန၊ ဆည်းဘူးအပ်သော ကံသည်ကား။ ဝိပါကံ၊ အကျိုးကို။ အဒတွာ၊ မပေးမူ၍။ မုတ္တော၊ လွတ်ခြင်းသည်။ နအဿနဘဝေယျ၊ မဖြစ်ရာ။ အဝသေသပစ္စယသမဝါယေ၊ ကြွင်းသော အကြောင်း၏ညီညွတ်ခြင်းသည်။ သတိ၊ ရှိသော်။ ဝိပစ္စတေဝ၊ အကျိုးပေးလိမ့်သည်သာလျှင်တည်း။
ယောနရော၊ အကြင်သူသည်။ ကလျာဏံ၊ ကောင်းသော။ ယံကမ္မံဝါ၊ အကြင်ကံကိုလည်းကောင်း။ ယဒိ၊ ထိုမြို့။ ပါပကံအကုသလံ၊ အကုသိုလ်ဖြစ်သော။ ယံကမ္မံဝါ၊ အကြင်ကံကိုလည်းကောင်း။ ကရောတိ၊ ပြု၏။ တဿ ပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်အား။ တဿေဝ၊ ထိုကံ၏ အကျိုးကိုသာလျှင်။ ကဏှနတော၊ ယူခြင်းကြောင့်။ တေနတေနကမ္မေန၊ ထိုထိုသို့သော ကံသည်။ ဒါတဗ္ဗဝိပါကဿ၊ ပေးအပ်သော အကျိုး၏။ ဒါယာ‌ဒေါ၊ အမွေခံသည်။ ဟောတိ၊ ဖြစ်၏။ ယံယံကမ္မံ၊ အကြင်အကြင်သို့သော အကျိုးကို ပေးခြင်းငှါ စွမ်းနိုင်သော ကံသည်။ ဟောတိ၊ ဖြစ်၏။ တထာ၊ ထိုအခြင်းအရာဖြင့်။ ပကုဗ္ဗတိဥပစိနောတိ၊ ဆည်းဘူး၏။ တဿတဿေဝကမ္မဿ၊ ထိုထိုကံ၏ သာလျှင်။ ဒါယာဒေါ၊ အမွေခံသည်။ ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။ ဇောတိဒါသတ္ထေရော၊ ဇောတိဒါသထေရ်သည်။ ဣမာဂါထာယော၊ ဤနှစ်ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဇောတိဒါသထေရနှစ်ဂါထာ အနက်ပြီး၏။