အလင်္ကတာ၊ ဥက္ခေါင်းတန်ဆာသည်ဖြင့် တန်ဆာဆင်ထသော။
သုဝသနာ၊ တင့်တယ်သော အဝတ်လည်းရှိထသော။
မာလဓာရီ၊ ပန်းပန်ခြင်းလည်းရှိထသော။
ဝိဘူသိတာ၊ ပန်းနံ့သာနံ့သာပျောင်းတို့ဖြင့် အပြေအပြစ်ပြုအပ်သော ကိုယ်ရှိထသော။
အလတ္တကကတာပါဒါ၊ ညွတ်သော လယ်ခေါင်ရန်းမြတ်လေးပန်းအဆင်းချိပ်ရည်အဆင်းဖြင့် ဆိုးအပ်သော အခြေနှစ်ဘက်ရှိထသော။
ဝေသိကာ၊ ပြည့်တန်ဆာမသည်။
ပါဒုကံ၊ ရွှေခြေနင်းကို။
အာရုယှ၊ စွတ်၍။
ဋ္ဌိတံ၊ တည်၏။
ဋ္ဌတွာ၊ တည်ပြီး၍။
ပါဒုကာ၊ ရွှေခြေနင်းတို့ကို။
ဩရုဟိတွာန၊ ချွတ်၍။
ပုရတော၊ ငါ၏ရှေးမှ။
ပဉ္စလီကတာ၊ ချီအပ်သော လက်အုပ်ရှိသော်။
သာဝေသီ၊ ထိုပြည်တန်ဆာ မသည်။
မံ၊ ငါ့ကို။
သဏှေန၊ ပြေပြစ်သော။
မုဒုနာ၊ သာယာသော စကားဖြင့်။
မိတပုဗ္ဗံ၊ ပြုံးခြင်းရှေးရှိသော စကားကို။
အဘာသထ၊ ဆိုလတ်၏။
သာမ၊ အရှင်။
တွံ၊ အရှင်ကား။
ယုဝါ၊ ပျိုသေးလျက်။
ပဗ္ဗဇိတော၊ ရဟန်းပြုသည်။
အသိ၊ ဖြစ်၏။
မမသာသနေ၊ အကျွန်ုပ်၏ စကား၌။
တိဋ္ဌာဟိ၊ တည်စေချင်၏။
မနုဿကေ၊ လူ၌ဖြစ်သော။
ကာမေ၊ ကာမဂုဏ်တို့ကို။
ပရိဘုဉ္စ၊ ခံစားသုံးဆောင်ဦးလော။
အယံ၊ အကျွန်ုပ်သည်။
တေ၊ အရှင်အား။
စိတ္တံ၊ စိတ်အလိုရှိတိုင်း။
မနုဿကေကာမေ၊ လူ၏ ကာမဂုဏ်တို့ကို။
ဒဒါမိ၊ ပေးပါ၏။
သစ္စာမေဝ၊ အမှန်ကိုသာလျှင်။
ပဋိဇာနာမိ၊ ဝန်ခံပါ၏။
မေ၊ အကျွန်ုပ်အား။
စေနပတ္ထယာယတိ၊ အကယ်၍ အလိုမရှိသည်ဖြစ်အံ့။
တေ၊ သင်အား။
အဂ္ဂိံဝါ၊ မီးကိုမူလည်း။
အဟံ၊ အကျွန်ုပ်သည်။
ဟရာမိ၊ ဆောင်အံ့။
ဥဘော၊ နှစ်ယောက်သော ငါတို့သည်။
ယဒါ၊ အကြင်အခါ၌။
ဒဏ္ဍပရာယနာ၊ တောင်ဝှေးလျှင် လည်း လျောင်းရာ ရှိကုန်သည်ဖြစ်၍။
ဇိဏ္ဏော၊ အိုကုန်သည်။
ဘဝိဿာမ၊ ဖြစ်ကုန်အံ့။
တဒါ၊ ထိုအခါ၌။
ဥဘော၊ ငါတို့ နှစ်ယောက်တို့သည်လည်း။
ပဗ္ဗဇိဿာမ၊ ရဟန်းပြုကုန်အံ့။
ဧဝံ၊ ဤသို့ ပြုသည်ရှိသော်။
ဥဘယတ္တကဋဂ္ဂဟော၊ ပစ္စုပ္ပန်ဖြစ်သော လူစည်းစိမ်သံသရာ၌ဖြစ်သော နတ်စည်းစိမ်မှ မယုတ်သည်။
ဘဝိဿမ၊ ဖြစ်ကုန်အံ့။
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏။
အလင်္ကတံ၊ ဥက္ခေါင်းတန်ဆာစသည်ဖြင့် တန်ဆာဆင်ထသော။
သုဝသနံ၊ ကောင်းစွာတင့်တယ်သော အဝတ်လည်းရှိထသော။
ပဉ္စလီဘတံ၊ ချီအပ်သော လက်အုပ်ရှိသော။
တဉ္စဝေသိကံ၊ ထိုပြည့်တန်ဆာမကို။
ဒိသွာ၊ မြင်၍။
ပစ္စုပါသံ၊ သေမင်း ၏ ကျော့ကွင်းကို။
ဩဠိတံဣဝ၊ ထောင်သကဲ့သို့။
ဒိဿတေ၊ ထင်လတ်၏။
တတော၊ ထိုထင်ပြီးသည်နောက်မှ။
ယောနိသောမနသီကာရော၊ ဤအရိုးစုကား အကြောနှင့်စပ်၏ အသားဖြင့်လိမ်းကျံ၏ ဤသို့ အစရှိသော နှလုံးသွင်းခြင်းသည်။
ဥဒပဇ္ဇထ၊ ဖြစ်လတ်၏။
အာဒီနဝေါ၊ ဤကိုယ်၏ သဘောကို ဆောင်ခြင်းကို အရင်းပြုသဖြင့် ကိုယ်၌ မှီကုန်သော စိတ်စေတသိက်တို့၏ အဖြစ်အပျက်ကို နှလုံးသွင်းခြင်း ထိုစိတ်စေတသိက်တို့၌ ဘီလူးရက္ခိုသ် စသည်တို့ကဲ့သို့ ဘေးအားဖြင့် ထင်သော များစွာသော အခြင်းအရာရှိသော အပြစ်သည်။
ပါတုရဟု၊ ထင်ရှားဖြစ်၏။
နိဗ္ဗိဒါ၊ အပြစ်ကိုရှုသော ဘာဝနာကိစ္စဖြင့် ပြီးသော ဝဋ်ဆင်းရဲမှ ငြီးငွေ့သော ဉာဏ်သည်။
သမ္မဋ္ဌိတာ၊ ငါ၏ နှလုံး၌ ကောင်းစွာတည်ပြီ။
တတော၊ ထိုဝိပဿနာ ဉာဏ်ဖြင့် ရှုသည်မှ။
မေမမ၊ ငါ၏။
စိတ္တံ၊ စိတ်သည်။
ဝိမုစ္စိ၊ မဂ်၏ အစွမ်းအားဖြင့် အလုံးစုံသော ကိလောတို့မှလွဝ်ပြီ။
(လ) ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
သာသနံ၊ အဆုံးအမတော်ဖြစ်သော မဂ်ဟူသော အကျင့်ကို။
ကတိဝုသီတံ၊ သုံးအပ်ပြီ။
ဣဝိ၊ ဤသို့။
သုန္ဒရသရဒ္ဓေါ ထေရော၊ သုန္ဒရသမုဒ္ဒထေရ်သည်။
ဣမာသတ္တဂါထာယော၊ ဤခုနစ်ဂါထာတို့ကို။
အဘာသိတ္ထ၊ ဆိုပြီ။
သုန္ဒရသမုဒ္ဒထေရဂါထာ အနက်ပြီး၏။