မယံ၊ ငါတို့သည်။
ယညထ္ထံဝါ၊ နတ်တို့အား ပူဇော်ခြင်းဗလိနတ်စားပြုခြင်းငှါလည်းကောငး်။
ဓနတ္ထံဝါ၊ ဥစ္စာနှစ်ကို ဆောင်ခြင်းအကျိုးငှါလည်းကောင်း။
ယေသတ္တေ၊ အကြင်သတ္တဝါတို့ကို။
ပုရေ၊ ရှေးအခါ၌။
ဟနာမ၊ သတ်ဘူးပေကုန်၏။
အဝသေသံ၊ ငါတို့သည် ဖမ်းယူအပ်သော တယောက်သော သတ္တဝါကို ထား၍ကြွင်းသော သတ္တဝါကို။
တနာယ၊ သတ်သဖြင့်။
ဘယံ၊ သေဘေးသည်။
ဟောတိ၊ ဖြစ်၏။
ယေန၊ အကြင်သေဘေးဖြင့်။
ဝေဓန္တိစ၊ စိတ်၏ ထိတ်လန့်ခြင်းဖြင့် တုန်လှုပ်ကုန်၏။
ဝိလပန္တိစ၊ အရှင်အကျွန်ုပ်တို့သည် အရှင်တို့အား ဤမည် ဤမည်သော ဥစ္စာကို ပေးပါကုန်အံ့ အကျွန်ုပ်ပြုပါကုန်အံ့ အစရှိသော စကားကို ဆိုကုန်လျက် ရောင်ရမ်းကုန်၏။
ယောတွံ၊ အကြင်သင်ကို။
အမှေဟိ၊ ငါတို့သည်။
ဒေဝတာယ၊ နတ်အား။
ဗလိကမ္မထ္ထံ၊ ဗလိနတ်စာကို ပြုအံ့သော ငှါ။
သန္တဇ္ဇိတော၊ အသက်ကိုချလိုကုန်သည်ဖြစ်၍ ချီအပ်သော သန်လျက်တို့ဖြင့် ခြိမ်းခြောက်အပ်၏။
တဿတေ၊ ထိုသင်အား။
ဘိတတ္တံ၊ ကြောက်သော အဖြစ်သည်။
နတ္ထိ၊ မရှိခဲ့တကား။
တဿတေ၊ ထိုသင်အား။
ဘိယျော၊ လွန်စွာသော။
ဝဏ္ဏော၊ မျက်နှာအဆင်းသည်။
ပသီဒတိ၊ အတိုင်းထက် အလွန်ကြည်ညိုဘွယ်ရှိ၏။
တွံ၊ အရှင်သည်။
ဧဝရူပေ၊ ဤသို့သဘောရှိသော။
မဟဗ္ဘယေ၊ ကြီးစွာသော သေဘေးသည်။
ဥပ္ပန္နကာလေပိ၊ ဖြစ်သောအခါ၌လည်း။
ကသ္မာ၊ အဘယ်ကြောင့်။
နပရိဒေဝသိ၊ မငိုကြွေးတိသနည်း။
ဣတိ၊ ဤသို့။
စောရဂါမဏိကေန၊ ခိုးမှူးကြီးသည်။
ဝုတ္တေ၊ ဆိုလတ်သည်ရှိသော်။
ထေရော၊ အဓိမုတ္တထေရ်သည်။
ဂါမဏိ၊ ခိုးမှူးကြီး။
အနပေက္ခတသိကံ၊ စိတ်၌ဖြစ်သော။
ဒုက္ခံ၊ နှလုံးမသာယာခြင်း၏ မရှိသောကြောင့် ဆင့်ရခြင်းသည်။
နတ္ထိ၊ မရှိ။
ခီဏသံယောဇနဿ၊ ကုန်ပြီးသော သံယောဇဉ်တရားရှိသော ငါ့အား။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။
ဘယာ၊ နှစ်ဆဲ့ ငါးပါးသော ဘေးကြီးမှ တပါးသောအလုံးစုံသော ဘေးတို့ကို။
ဝေ၊ စင်စစ်။
အတိက္ကန္တာ၊ လွန်မြောက်ကုန်ပြီ။
ဘဝနေတ္တိယာ၊ ဘဝသုံးပါးသို့ ဆွဲငင်ယူဆောင်တတ်သော တဏှာ၏။
ခီဏာယ၊ ကုန်ခြင်းကြောင့်။
ဒိဋ္ဌောဓမ္မေ၊ မျက်မှောက်သော ကိုယ်၏ အဖြစ်၌။
ယထာတထော၊ သစ္စာလေးပါးတရားတို့ကို သစ္ဆိကိရိယဘာဝနာအစွမ်းဖြစ်သော မဂ်ဉာဏ်ဖြင့် အဟုတ်အမှန်ဖြစ်၍။
ဘယံ၊ ကြောက်ခြင်းသည်။
နဟောတိယထာစ၊ မဖြစ်သကဲ့သို့လည်းကောင်း။
ဘာရနိက္ခေပနေ၊ ခန္ဓာဟူသော ဝန်ကိုချခြင်းကြောင့်။
ဘယံ၊ ကြောက်ခြင်းသည်။
နဟောတိယထာစ၊ မဖြစ်သကဲ့သို့ လည်းကောင်း။
တထေဝ၊ ထိုအတူသာလျှင်။
မေ၊ ငါ့အား။
မရဏေ၊ သေခြင်း၌။
ဘယံ၊ ကြောက်ခြင်းသည်။
နဟောတိ၊ မဖြစ်။
မေမယာ၊ ငါသည်။
ဗြဟ္မစရိယံ၊ သိက္ခာသုံးပါးဖြင့် ရေတွက်အပ်သော သာသနာတော်တည်းဟူသော မြတ်သော အကျင့်ကို။
သုစိဏ္ဏံ၊ ကောင်းစွာကျင့်အပ်ပြီ။
မယာ၊ ငါသည်။
မဂ္ဂေါစာပိ၊ မြတ်သော ရှစ်ပါးသော အရိယမဂ္ဂင်တရားကိုလည်း။
သုဘာဝိတော၊ ကောင်းစွာ ပွါးစေအပ်ပြီ။
ရောဂါနံ၊ များစွာသော အနာတို့ဖြင့် နှိပ်စက်ထိုးကျင့်သော နာခြင်းရှိသော သူတို့အား။
သံခယေ၊ အနာ၏ ပျောက်ကုန်ခြင်း၌။
ပီတိသောမနဿမေဝ၊ နှစ်လိုဝမ်းမြောက်ခြင်းသည်သာလျှင်။
ဟောတိဣဝ၊ ဖြစ်သကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
မရဏေ၊ ခန္ဓာအနာ၏ ကုန်ခြင်းဟု ဆိုအပ်သော သေခြင်း၌။
ဘယံ၊ ကြောက်ခြင်းသည်။
နတ္ထိ၊ ငါကဲ့သို့ သဘောရှိသော သူအားမရှိ။
မေ၊ ငါသည်။
ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို။
သုစိဏ္ဏံ၊ ကောင်းစွာကျင့်အပ်ပြီ။
မဂ္ဂေါစာပိ၊ မဂ်ကိုလည်း။
သုဘာဝိတော၊ ကောင်းစွာပွါးစေအပ်ပြီ။
ဘဝါ၊ တဆဲ့တပါးသော မီးတို့ဖြင့် တပြောင်ပြောင်တောက်လောင်သော သုံးပါးသော ဘဝတို့ကို ။
နိရဿာဒါ၊ သာယာခြင်း ကင်းကုန်သည်ဖြစ်၍။
မယာ၊ ငါသည်။
ဒိဋ္ဌာ၊ မြင်အပ်ကုန်ပြီ။
ဝိသံပိတွာ၊ မေ့လျော့သည် အစွမ်းဖြင့်ဖြင့် အဆိပ်ကို သောက်၍။
ဆဠိတံဣဝ၊ ထိုသို့အဆိပ်ကို အန်စေတတ်သော လုံ့လဖြင့် စွန့်အပ်သကဲ့သို့။
မေ၊ ငါ့အား။
မရဏေ၊ သေခြင်း၌။
ဘယံ၊ ကြောက်ခြင်းသည်။
နတ္ထိ၊ မရှိ။
အနုပါဒါနော၊ တဏှာဒိဋ္ဌိတို့သည် မစွဲလမ်းအပ်သည်ဖြစ်၍ ။
ပါရဂူ၊ နိဗ္ဗာန်ဟူသော ကမ်းတဘက်သို့ရောက်ပြီ။
အနာသဝေါ၊ ကင်းပြီးသော အာသဝေါရှိ၏။
ကတကိစ္စော၊ ပြုအပ်ပြီးသော တဆဲ့ခြောက်ပါးသော မဂ်ကိစ္စရှိ၏။
အာယုက္ခယာ၊ အသက်ကုန်ခြင်း ဟူသော အကြောင်းကြောင့်။
တုဋ္ဌော၊ နှစ်လိုဝမ်းမြောက်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ကိံဝိယ၊ အဘယ်ကဲ့သို့နည်းဟူမူကား။
အာဃာတနာ၊ သတ်ခြင်းမှ။
မုတ္တော၊ လွတ်သော သူသည်။
တုဋ္ဌောယထာ၊ နှစ်လို ဝမ်းမြောက်ခြင်းရှိသကဲ့သို့တည်း။
ဥတ္တမံ၊ မြတ်သော။
ဓမ္မတံ၊ တရားသဘောကို။
ပတ္တော၊ ရောက်ပြီ။
သဗ္ဗလောကေ၊ အလုံးစုံသောလောက၌။
အနထ္ထိိကော၊ အသက်ရှည်ခြင်းချမ်းသာများခြင်းဖြင့် အလိုမရှိပြီ။
ကိံဝိယ၊ အဘယ်ကဲံသို့နည်းဟူမူကား။
အာဒိတ္တာ၊ ရဲရဲတောက်သော။
ဃရာ၊ အိမ်မှ။
မုတ္တောဝိယ၊ လွတ်သကဲ့သို့။
အာဒိတ္တာ၊ တဆဲ့တပါးသော မီးတို့ဖြင့် ရဲရဲတောက်သော။
ဘဝါ၊ ဘဝသုံးပါးမှ။
မုတ္တော၊ လွတ်ပြီးသည်ဖြစ်၍။
မရဏသ္မိံ၊ သေရအံ့သည်၌။
နသောစတိ၊ မစိုးရိမ်။
ဣမသ္မိံလောကေ၊ ဤလောက၌။
သင်္ခတံ၊ သင်္ခါရတို့သည် ပေါင်း၌ ပြုပြင်အပ်သော။
ယံကိဉ္စိ၊ အလုံးစုံအကြောင်းကို စွဲ၍ ဖြစ်သော တရားအပေါင်းသည်။
အတ္ထိ၊ ရှိ၏။
ယထ္ထယသ္မိံ သတ္တနိကာယေ၊ အကြင် သတ္တဝါအပေါင်း၌။
ယောဘဝေါဝါ၊ အကြင် ဥပပတ္တိ ဘဝကိုလည်း။
လဗ္ဘတိ၊ ရအပ်၏။
ဧတံသဗ္ဗံ၊ ဤအလုံးစုံသော သတ္တသင်္ခါရတရားအပေါင်းသည်။
အနိဿရံ၊ မိမိအလိုသို့ မလိုက်သောကြောင့် အစိုးမရသော သဘောရှိ၏။
ဣတိ၊ ဤသို့။
မဟေသိနာ၊ မြတ်စွာဘုရားသည်။
ဝုတ္တံ၊ သဗ္ဗေသင်္ခါရာအဝသဝတ္ထနတာယ အနတ္တာဟူ၍ ဟောတော်မူအပ်ပြီ။
ယောအရိယ သာဝကော၊ အကြင်အရိယာဖြစ်သော ဘုရားတပည့်သားသည်။
ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်။
ဒေသိတံယထာ၊ သဗ္ဗေသင်္ခါရာအနိစ္စာစသည်ဖြင့်ဟောတော်မူသကဲ့သို့။
တထာ၊ ထိုအတူ။
တံဘဝတ္တယံ၊ ထိုဘဝသုံးပါးကို။
ပဇာနာတိ၊ ဝိပဿနာ ပညာနှင့်တကွသော မဂ်ပညာဖြင့်သိ၏။
သောအရိယ သာဝကော၊ ထိုအရိယာဖြစ်သော ဘုရားတပည့်သားသည်။
သုတတ္တံ၊ ကောင်းစွာရဲရဲတောက်သော။
အာယောဂုဠံ၊ သံတွေခဲကို။
ပုရိသော၊ ချမ်းသာခြင်းကို အလိုရှိသော ယောင်္ကျားသည်။
နဂဏှာတိယထာ၊ မကိုင်သကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
ကိဉ္စိဘဝံ၊ ငယ်သော ဘဝ ကြီးသောဘဝကို။
နဂဏှာတိ၊ တဏှာ၏ အစွမ်းဖြင့်မယူ။
မေ၊ ငါ့အား။
သင်္ခါရာ၊ သင်္ခါရတရားတို့သည်။
နဟောတိ၊ ဖြစ်ဆဲမဟုတ်။
အဟောသိ၊ ဖြစ်ပြီ။
ဘဝိဿတိ၊ နောက်ကိုလည်း ဖြစ်လတ္တံ့သည်ကား။
န၊ မဟုတ်။
ဣတိ၊ ဤသို့။
တတ္ထ၊ ထိုသင်္ခါရတရားတို့၏ ဖြစ်ခြင်း၌။
မာဒိသဿ၊ ဤဆိုအပ်ခဲ့ပြီးသော အဖြစ်အပျက်ကို ရှုသောငါ့အား။
ပရိဒေဝနာ၊ ငိုကြွေးခြင်းသည်။
ကာ၊ အဘယ်အကျိုး ရှိပါတော့အံ့နည်း။
ဂါမဏိ၊ ခိုးမှူးကြီး။
သုဒ္ဓံ၊ အတ္တသာရစသည်နှင့် မရောသက်သက်သော။
ဓမ္မသမုပ္ပါဒံ၊ အဝိဇ္ဇာစသော ပစ္စည်းတရားတို့ကြောင့် သင်္ခါရစသော အကျိုးတရားတို့၏ ဖြစ်ခြင်းမျှကိုလည်းကောင်း။
သုဒ္ဓံ၊ အတ္တသာရစသည်နှင့်မရောသက်သက်သော။
သင်္ခါရသန္တတိံ၊ ကိလေသာကမ္မဝိပါက ဝဋ်အပြားရှိသော သင်္ခါရတို့၏ အစဉ်ကိုလည်းကောင်း။
ယထာဘူတံ၊ ဝိပဿနာဉာဏ်နှင့်တကွသော မဂ်ဉာဏ်ဖြင့် အဟုတ်အမှန်။
ပဿန္တဿ၊ မြင်သောငါ့အား။
ဘယံ၊ သေအံ့သည်၌ ကြောက်ခြင်းသည်။
နတ္ထိ၊ မရှိ။
ယဒါ၊ အကြင်အခါ၌။
တိဏကဋ္ဌသမံ၊ အစိုးမရသည်အဖြစ်ဖြင့် မြက်ထင်းနှင့်တူသော။
လောကံ၊ သင်္ခါရလောကို။
ပညာယ၊ ဝိပဿနာ ပညာနှင့်တကွသောမဂ်ပညာဖြင့်။
ယောပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။
ပဿတိ၊ မြင်၏။
တဒါ၊ ထိုအခါ၌။
သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။
ပမတ္တံ၊ ထိုသင်္ခါရလောက၏ အဖြစ်အပျက်ကိုရှုခြင်း၌။
အသံဝိန္ဒံ အသံဝိန္ဒန္တော၊ မရသည်ဖြစ်၍။
တံ၊ ထိုသင်္ခါရလောကတို့၏ အဖြစ်အပျက်ကို ရှုခြင်း၌ မမေ့မလျော့ခြင်းသည်။
မေ၊ ငါ့အား။
နတ္ထိ၊ မရှိပါတကား။
ဣတိ၊ ဤသို့။
နသောစတိ၊ မစိုးရိမ်။
သရိရေန၊ အနှစ်သာရမှ ကင်းသော ဆင်းရဲအပေါင်းဖြင့် နှိပ်စက်သော ရွံရှာဘွယ်သော သဘောရှိသော ဤကိုယ်ဖြင့် ။
ဥတ္တဏ္ဌာမိ၊ ဤကိုယ်၌ ငြီးငွေ့သော အားဖြင့် ဖြစ်၏။
ဘဝေန၊ အလုံးစုံသော ဘဝဖြင့်လည်း။
အနတ္ထိကော၊ အလိုမရှိသည်။
အမှိ၊ ဖြစ်၏။
သောအယံ ကာယော၊ ထိုငါ၏ ကိုယ်သည်။
ဘိဇ္ဇိဿတိ၊ ယခုအခါ၌ သင်တို့၏ လုံ့လဖြင့် လည်းကောင်းတပါးသော သူတို့၏လုံ့လဖြင့် လည်းကောင်းပျက်လတ္တံ့။
အညော၊ ဤပစ္စုပ္ပန်၌ဖြစ်သော ကိုယ်မှ တပါးသော ကိုယ်သည်။
နဘဝိဿတိ၊ နောင်အခါတဘန်မဖြစ်လတ္တံ့။
ဝေါ၊ သင်တို့အား။
သရိရေန၊ ဤကိုယ်ဖြင့်။
ယံကိစ္စံ၊ အကြင်ပြုအပ်သော အကျိုးသည်။
အတ္ထိ၊ ရှိ၏။
တံ၊ ထိုအကျိုးရှိသော အမှုကို။
ယဒိစ္ဆထယဒိဣစ္ဆထ၊ အကယ်၍ အလိုရှိသည်ဖြစ်အံ့။
ကရောထ၊ ပြုကုန်လော။
မေ၊ ငါ့အား။
တပ္ပစ္စယာ၊ ထိုကိုယ်၏သင်တို့သည် အလိုရှိအပ်သော ကိစ္စဟူသော အကြောင်းကြောင့်။
တတ္ထ၊ ထိုပြုသော သူ မပြုသောသူတို့၌။
ဒေါသောစ၊ အမျက်ထွက်ခြင်း သည်လည်းကောင်း။
ပေမဉ္စ၊ ချစ်ခြင်းသည်လည်းကောင်း။
မေ၊ ငါ့အား။
နဟေဟိတိ၊ မိမိ၏ ငဲ့ကွက်ခြင်း မရှိသည်ဖြစ်၍ အချင်းခပ်သိမ်း ပယ်ပြီးသောကြောင့် မဖြစ်လတ္တံ့။
တဿထေရဿ၊ ထိုအဓိမုတ္တထေရ်၏။
တံဝစနံ၊ ထိုဆိုကဲ့တိုင်းသော စကားကို။
မာဏဝါ၊ ခိုးယူတို့သည်။
အဗ္ဘုတံ၊ မဖြစ်ဘူးမြဲသော။
လောမဟံသနံ၊ ကြက်သီးမွှေးညှင်းထဘွယ်သော စကားကို။
သုတွာ၊ ကြား၍။
သထ္ထာနိ၊ လက်နက်တို့ကို။
နိက္ခိဝိတွာ၊ ချလတ်၍။
ဧတံဝစနံ၊ ဤဆိုလတ္တံ့သော ကိံဘဒ္ဒန္တေ စသော စကားကို။
အဗြဝု၊ မေးသည် အစွမ်းဖြင့် ဆိုကုန်၏။
ဘဒ္ဒန္တေ၊ အရှင်ဘုရား။
တွံ၊ အရှင်ဘုရားသည်။
ကိံ နာမံ၊ အဘယ်မည်သောအမှုကို။
ပရိတွာန၊ ပြုသောကြောင့်လည်းကောင်း။
တဝ၊ အရှင်ဘုရား၏။
အာစရိယော၊ ဆရားကား။
ကောဝါ၊ အဘယ်သည်နည်း။
တွံ၊ အရှင်ဘုရားသည်။
ကဿ၊ အဘယ်သူ၏။
သာသနံ၊ အဆုံးအမကို။
အာဂမ္မ၊ အမှီပြု၍။
အယံအသောကထာ၊ ဤသေခါနီးကာလ၌စိုးရိမ်ခြင်း မရှိသည်အဖြစ်ကို။
လဗ္ဘတိ၊ ရအပ်ပါသနည်း။
ဣတိ၊ ဤသို့။
ဧတံအထ္ထံ၊ ဤသို့ သော အနက်ကို။
အဗြဝု၊ ဆိုကုန်ပြီ။
မာဏဝါ၊ ခိုးသူတိ့။
မမ၊ ငါ၏။
အာစရိယော၊ ဆရာကား။
သဗ္ဗညူ၊ ခပ်သိမ်းသော တရားကိုသိခြင်းငှါ စွမ်းနိုင်သော။
သဗ္ဗဒဿာဝီ၊ သမန္တစက္ခုဖြင့် ခပ်သိမ်းသော တရားကို မြင်နိုင်သော။
ဇိနော၊ ဒေဝပုတ္တစသော ငါးပါးသော မာရ်ကို အောင်တော်မူသော။
မဟာကာရုဏိကော၊ ကြီးမြတ်သော ကရုဏာ ရှိတော်မူသော။
သဗ္ဗလောကတိကိစ္ဆကော၊ အလုံးစုံသော သတ္တလောက၏ ကိလေသာဟူသော အနာကို ကုစားတော်မူတတ်သော။
သတ္ထာ၊ ဝေနေယျ သတ္တဝါတို့အား ဆုံးမတော်မူတတ်သော ဘုရားသခင်ပေတည်း။
တေန၊ ထိုမြတ်စွာဘုရားသည်။
ခယဂါမိ၊ ကိလေသာတို့၏ ကုန်ရာဖြစ်သော နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော။
အနုတ္တရော၊ အတုမရှိသော။
အယံဓမ္မေ၊ ဤတရားကို။
ဒေသိတော၊ ဟောတော်မူအပ်၏။
တဿ၊ ထိုဘုရားမြတ်စွာ၏။
သာသနံ၊ အဆုံးအမတော်ကို။
အာဂမ္မ၊ အမှီပြု၍။
အယံသောကတာ၊ ဤသေအံ့သော ကာလ၌ စိုးရိမ်ခြင်းမရှိသော အဖြစ်ကို။
လဗ္ဘတိလဗ္ဘာမိ၊ ရ၏။
ဧတံဝစနံ၊ ဤသို့ အဖြေဖြစ်သော စကားကို။
အဗြဝိ၊ မထေရ်က ဆိုပေ၏။
စောရာ၊ ခိုးသူတို့သည်။
ဣသိနော၊ အဓိမုတ္တရဟန္တာထေရ်မြတ်၏။
သုဘာသိတံ၊ ကောင်းစွာဆိုအပ်သော စကားကို။
သုတွာန၊ ကြားရကုန်သောကြောင့် ။
သတ္ထာနိစ၊ ဓားသန်လျက်တို့ကိုလည်းကောင်း။
အာဝုဓါနိစ၊ လေးတောင့်စသော လက်နက်တို့ကို လည်းကောင်း။
နိက္ခိပနိက္ခိပိတွာ၊ ချ၍။
ဧကေ၊ အချို့သော ခိုးသူတို့သည်။
တမှာ စကမ္မာ၊ ထိုခိုးမှူးမှလည်း။
ဝိရမိံ သု၊ ကြဉ်ကုန်၏။
ဧကေစ၊ အချို့သော ခိုးသူတို့သည်လည်း။
ပဗ္ဗဇ္ဇံ၊ ရဟန်းအဖြစ်ကို။
အာရောစယိံသု၊ ကြားကုန်၏။
တေ၊ ထိုခိုးသူတို့သည်။
ပဗ္ဗဇိတွာ၊ ရဟန်းပြု၍ ။
သုဂတာဿသာသနေ၊ မြတ်စွာဘုရားသာသနာတော်၌။
ဗောဇ္ဈင်္ဂဗလာနိ၊ ဗောဇ္ဈင်ခုနစ်ပါးဖိုလ်ငါးပါးတို့ကို။
ဘာဝေတွာ၊ ပွါးစေ၍။
ပဏ္ဍိတာ၊ မဂ်ဖိုလ်ပညာဖြင့် ပညာရှိကုန်သည်ဖြစ်၍။
ဥဒဂ္ဂစိတ္တာ၊ ပီတိအစွမ်းဖြင့် တက်ကြွသော စိတ်ရှိကုန်သည်ဖြစ်၍.
သုမနာ၊ ကောင်းသော စိတ်ရှိကုန်သည်ဖြစ်၍.
ကတိန္ဒြိယာ၊ စောင့်သဖြင့် ပြုအပ်သော ဣန္ဒြေရှိကုန်သည်ဖြစ်၍။
အသင်္ခတံ၊ အကြောင်းတရားတို့သည် ပြုပြင်ခြင်း ကင်းသော။
နိဗ္ဗာနပဒံ၊ နိဗ္ဗာန်သို့။
ဖုသိံသု၊ ရောက်ကုန်၏။
ဣတိ၊ ဤသို့။
အဓိမုတ္တောထေရော၊ အဓိမုတ္တထေရ်သည်။
ဣမာဧကူနဝိသတိဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော တဆဲ့ကိုးဂါထာ တို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
အဓိမုတ္တထေရဂါထာ အနက်ပြီး၏။
ပါရာပရိယဿ၊ အဆက်ဆက်လာသော အနွယ်ရှိထသော။
ဘိက္ခုနာ၊ သံသရာဘေး ကို ရှုလေ့ရှိထသော။
ဧကကဿ၊ တယောက် အတည်းလည်း။
နိသိန္နဿ၊ ထိုင်နေထသော။
ပဝိဝိတ္တဿ၊ ဆိတ်ငြိမ်ခြင်း၏ အကြောင်းဖြစ်သော ကိလေသာတို့ကို ခွါသဖြင့် ဝိဝေကကို အားထုတ်လေ့ရှိထသော။
ဈာယိနော၊ ဈာန်ဝင်စားလေ့ရှိထသော။
သမဏဿ၊ ရဟန်းအား။
စိန္တာ၊ တရာကို ကြံစည်ခြင်းသည်။
အာဟု၊ ဖြစ်ပြီ။
ကိမာနုပုဗ္ဗံ ကေန အနုတ္တမေန၊ အဘယ်သို့သော အစဉ်ဖြင့်။
ဘေ၊ ထိုတရားတို့ကို။
ပဋိပဇ္ဇိတဗ္ဗာ၊ ကျင့်အပ်ကုန်သနည်း။
ပုရိသော၊ မိမိအကျိုးကို အလိုရှိသော ယောင်္ကျားသည်။
ကိံဝတံ၊ အဘယ်သို့ သဘောရှိသော သီလကို။
ကိံ၊ အသို့။
သမာစာရံ သမာစာရန္တော၊ ကျင့်သည်ရှိသော်။
အတ္တနော၊ မိမိဟုဆိုအပ်သော ရဟန်း၏။
ကိစ္စကာရီ၊ သီလသမာဓိပညာဟု ဆိုအပ်သော ရဟန်းကိစ္စကို ပြုလေ့ရှိသည်။
အဿ၊ ဖြစ်ရာသနည်း။
ဣတိ၊ ဤသို့။
ဓမ္မစိန္တာ၊ တရားကို ကြံဆင်ခြင်ခြင်းသည်။
အာဟု၊ ဖြစ်၏။
ဧဝံစိန္တိထေ၊ ဤသို့ အကြံရှိသည် ဖြစ်သည်ရှိသော်။
သမဏဿ၊ ရဟန်းအား။
ကိဉ္စိ၊ တစုံတခုသော သတ္တဝါကို။
နစဝီဟေဋ္ဌယေ၊ မညှဉ်းဆဲမနှိပ်စက်ရာ။
ဣန္ဒြိယာနိ၊ စက္ခု အစရှိသော ခြောက်ပါးသော ဣန္ဒြေတို့သည်။
မနုဿာနံ၊ လူတို့အား။
ဟိတာယစ၊ အစီးအပွါးအလို့ငှါလည်းကောင်း။
အဟိတာယစ၊ စီးပွါးမရှိခြင်းငှါလည်းကောင်း။
ဟောန္တိ၊ ဖြစ်ကုန်၏။
အရက္ခိတာနိ၊ မစောင့်အပ်ကုန်သော စက္ခုစသော ဣန္ဒြေတို့သည်။
အဟိတာယ၊ ရူပါရုံ စသည်တို့၌ အဘိဇ္ဈာဒေါမနဿ စသော အကုသိုလ်တရားတို့၏ ဖြစ်သဖြင့် အကျိုးမဲ့ဖြစ်ခြင်းငှါ။
သံဝတ္တန္တိ၊ ဖြစ်ကုန်၏။
ရက္ခိတာနိ၊ စောင့်အပ်ကုန်သော စက္ခုစသော ဣန္ဒြေတို့သည်။
ဟိတာယစ၊ သီလ သမာဓိ ပညာ၏ ပြည့်စုံခြင်းကြောင့် စီးပွါးခြင်းငှါလည်း။
သံတတ္တန္တိ၊ ဖြစ်ကုန်၏။
ဣန္ဒြိယာနေဝ၊ စက္ခုစသော ခြေခံပါးသော ဣန္ဒြေတို့ကိုသာလျှင်။
သာရက္ခံသာရက္ခန္တော၊ စောင့်သော။
ဣန္ဒြိယာနိ၊ စက္ခုစသော ဣန္ဒြေတို့ကို။
ဝေါပယံဂေါပယန္တော၊ လုံခြုံသော။
သမဏော၊ ရဟန်းသည်။
အတ္တနော၊ မိမိ၏။
ကိစ္စကာရီ၊ သီလသမာဓိပညာဟုဆိုအပ်သော ရဟန်းကိစ္စကို ပြုလေ့ရှိသည်။
အဿ၊ ဖြစ်ရာ၏။
ကိဉ္စိ၊ တစုံတခုသော သတ္တဝါကို။
နစဝိဟေဋ္ဌယေ၊ မနှိပ်စက်မညှည်းဆဲရာ။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။
ရူပေသု၊ ဣဋ္ဌအနိဋ္ဌဖြစ်သော ရူပါရုံတို့၌။
စက္ခုန္ဒြိယံ၊ စက္ခုန္ဒြေသည်။
ဂစ္ဆန္တံ၊ အလိုရှိတိုင်းဖြစ်လတ်သည်ကို။
အနိဝါရယံ အနိဝါရယန္တော၊ မတားမြစ်မူ၍။
အနာဒီနဝဒဿာဝီ၊ ထိုသို့အလိုရှိတိုင်းဖြစ်လတ်သည်၌ အပြစ်ကို ရှုလေ့မရှိသည်။
ဟောတိ၊ ဖြစ်၏။
သောဘိက္ခု၊ ထိုရဟန်းသည်။
ဒုက္ခာ၊ ဆင်းရဲမှ။
နဟိနဧဝမုစ္စတိ၊ မလွတ်သည်သာလျှင်တည်း။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။
သဒ္ဒေသု၊ ဣဋ္ဌအနိဋ္ဌဖြစ်သော သဒ္ဒါရုံတို့၌။
သောတိန္ဒြိယံ၊ သောတိန္ဒြေကို။
ဂစ္ဆန္တံ၊ အလိုရှိတိုင်းဖြစ်လတ်သည်ကို။
အနိဝါရယံအနိဝါရယန္တော၊ မတားမြစ်မူ၍။
အနာဒီနဝဒဿာဝီ၊ အလိုရှိတိုင်းဖြစ်လတ်သည်၌ အပြစ်ကို ရှုလေ့မရှိသည်။
ဟောတိ၊ ဖြစ်၏။
သောသမဏော၊ ထိုရဟန်းသည်။
ဒုက္ခာ၊ ဝဋ်ဆင်းရဲမှ။
နဟိနဧဝမုစ္စတိ၊ မလွတ်သည်သာလျှင်တည်း။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။
အနိဿရဏဒဿာဝီ၊ မြင်သည်ရှိသော် မြင်ကာမျှ ဖြစ်လတ္တံ့ဟု ဆိုအပ်သော အစီအရင်ဖြင့် မြင်ကာမျှသော အာရုံမရမူ၍ သတိပညာကင်းသော အားဖြင့် ဂန္ဓာရုံ၌ ဖြစ်သော ရှုခြင်းရှိသည်ဖြစ်၍။
ဂန္ဓေ၊ ဂန္ဓာရုံတို့ကို။
စေပဋိသေဝတိ၊ အကယ်၍မှီဝဲအံ့။
ဂန္ဓေသု၊ ဣဋ္ဌအနိဋ္ဌဖြစ်သော ဂန္ဓာရုံတို့၌။
အဓိမုစ္စိတော၊ တဏှာဖြင့်ကပ်ငြိသည်ဖြစ်၍ နှလုံးသွင်းခြင်းသို့ရောက်သော။
သောဘိက္ခု၊ ထိုရဟန်းသည်။
ဒုက္ခာ၊ ဆင်းရဲအပေါင်းမှ။
နမုစ္စတိ၊ မလွတ်။
အမ္ဗိလံ၊ ချဉ်သော အဘို့ရှိသော အရသာကိုလည်းကောငး်။
မဓုရဂ္ဂံ၊ ချိုသော အဘို့ရှိသော အရသာကိုလည်းကောင်း။
တိတ္တကဂ္ဂံ၊ ခါးစပ်သော အဘို့ရှိသော အရသာကိုလည်းကောင်း။
အနုဿရံ အနုဿရန္တော၊ သာယာသည်၏ အစွမ်းဖြင့် ထိုထိုသို့သော အရသာကို အဘန်တလဲလဲ အောက်မေ့ကြံစည်လျက်။
ရသတဏှာယ၊ ထိုအရသာ၌တပ်သော တဏှာဖြင့်။
ဂဓိတာ၊ တပ်မက်မောခြင်းသို့ ရောက်သော။
သောဘိက္ခု၊ ထိုရဟန်းသည်။
ဟဒယံ၊ ဆင်းရဲအဆုံးကို ပြုအံ့ဟု ရဟန်းပြုခြင်းစသောခဏ၌ ဖြစ်သော စိတ်ကို။
နာဝဗုဇ္ဈတိ၊ မသိနိုင်။
သုဘာနိ၊ တင့်တယ်ကောင်းမြတ်ကုန်သော။
အပ္ပဋိကုလာနိ၊ နှလုံးမွေ့လျော်ဘွယ်ရှိကုန်သော။
ဖေါဋ္ဌဗ္ဗာနိ၊ ဥပါဒိန္နအနုပါဒိန္နအားဖြင့် ပြားသော အလိုရှိအပ်သော ဖောဋ္ဌဗ္ဗာရုံတို့ကို။
အနုဿရံ အနုဿရန္တော၊ သာယာသည်၏ အစွမ်းဖြင့် ထိုထိုသို့သော ဖောဋ္ဌဗ္ဗာရုပ်ကို ကြံဆင်သော။
သောဘိက္ခု၊ ထိုရဟန်းသည်။
ရတ္တော၊ ရာဂဖြင့် တပ်သည်ဖြစ်၍။
ရာဂါဓိကရဏံ၊ ရာဂလျှင် အကြောင်းရှိသော။
ဝိဝိဓံ၊ ရာဂပူလောင်ခြင်း စသည်၏ အစွမ်းဖြင့် မျက်မှောက်၌ ဖြစ်သော ဆင်းရဲခြင်း ငရဲမီးပူခြင်းစသည်၏ အစွမ်းဖြင့် သံသရာ၌ဖြစ်သော အထူးထူးအပြားပြားရှိသော။
ဒုက္ခံ၊ ဆင်ရဲကို။
ပိန္ဒတေ၊ ရ၏။
မနံ၊ စိတ်သည်။
တေဟိဓမ္မေဟိ၊ ထိုရူပါရုံ အစဓမ္မာရုံ အဆုံးရှိသော တရားတို့မှ။
ယော ပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။
ရက္ခိတုံ၊ ထိုရူပါရုံ စသည်၌ ဖြစ်သောမကောင်းမှုကံကို တားမြစ်စောင့်ရှောက်ခြင်းငှါ။
စေနသက္ကောတိ၊ အကယ်မစွမ်းနိုင်အံ့။
တတော၊ ထိုရူပါရုံ စသည်မှ အဘိဇ္ဈာစသော ပါပကမ္မကို မစောင့်နိုင်သောကြောင့်။
နံ ပုဂ္ဂလံ၊ ထို ပုဂ္ဂိုလ်ကို။
ပဉ္စဟိ၊ ငါးပါးကုန်သော။
တေဟိ သဗ္ဗေဟိ၊ ထိုရူပါရုံ အစရှိသော ခြောက်ပါးသော အာရုံတိ့နှင့် တကွ အာရမ္မဏ ပစ္စည်းတတ်ကုန်သော တရားတို့ဖြင့်။
ဒုက္ခံ၊ ပစ္စုပ္ပန်၌ဖြစ်သော ဆင်းရဲ သံသရာ၌ ဖြစ်သော ဆင်းရဲသည်။
အနွေတိအနုဂစ္ဆတိ၊ အဘန်တလဲလဲ လိုက်၏။
ဧတံသရီရံနာမ၊ ဤကိုယ်မည်သည်ကား။
ပုဗ္ဗလောဟိတ သမ္ပုဏ္ဏံ၊ ပြည်သွေးတို့ဖြင့် ပြည့်၏။
ဗဟုဿကုဏဝဿစ၊ ထိုမှ တပါး သလိတ်သည်းခြေ စသည်နှင့်တကွများသော ပိုးလောက်စသည်တို့ဖြင့်လည်း။
ပုဏ္ဏံ၊ ပြည့်၏။
တံသရိရံ၊ ထိုကိုယ်ကို ။
နရဝီရကတံ၊ လိမ္မာသော ဆရာသည် ပြုအပ်သော။
ဝဂ္ဂုံ၊ ပြေပြစ်သော။
စိတ္တိတံ၊ ချိပ်ရေဖြင့် အပြေအပြစ်ပြုခြင်းစသည်ဖြင့် ဆန်းကြယ်သော။
သမုဂ္ဂံဣဝ၊ အတွင်း၌ မစင်ဖြင့် ပြည့်သော ပန်းကောင်းကဲ့သို့။
ဆဝိမုတ္တမနောဟရံ၊ အရေမျှ၌ နှလုံးမွေ့လျော်ဘွယ်ရှိသော။
ဗာလဇနသမ္မောဟံ၊ သူမိုက်တို့၏ တွေဝေခြင်းကို ဖြစ်စေတတ်သော။
ကဋုကံ၊ သဘောအားဖြင့် ငရဲစသော ဆင်းရဲဖြင့် ပူပန်တတ်သောကြောင့် စပ်ခါးသော။
မဓုရဿဒံ၊ ကြံဆသော အဖြစ်ဖြင့် အကြောင်းမရှိသည်ဖြစ်၍ သာယာခြင်းမျှဖြင့် ကောင်းမြတ်သာယာအပ်သည်ဟု ဆိုအပ်သော။
ပိယနိဗန္ဓနံ၊ ချစ်အပ်သော အဖြစ်နှင့်စပ်သော။
ဒုက္ခံ၊ ဆင်းရဲခြင်းသည်။
ဤဒိသေသရိရေ၊ ဤသို့ သဘောရှိသော ကိုယ်၌။
မဓုနာ၊ ပျားဖြင့်။
လိတ္တံ၊ လိမ်းကျံအပ်သော။
ဥလ္လိတ္တံ၊ အထက်၌ ထပ်၍ လိမ်းကျံအပ်သော။
ခူရံ၊ ထက်စွာသော သင်ဓုန်းသွားကို။
လေဟကပုရိသောဝိယ၊ လျက်သော ယောင်္ကျားကဲ့သို့။
မဟာဒုက္ခံ၊ ဤကိုယ်၌ သာယာသော လောဘကြောင့် ကြီးစွာသော ဆင်းရဲကို။
ပစ္စနုဘုယျမာနံ၊ နှိပ်စက်သဖြင့် ခံစားရလတ္တံ့သည်ကို။
နာဝဗုဇ္ဈတိ၊ လူအပေါင်းတို့ မသိကြ။
ဣတ္ထိရူပေ၊ မိန်းမ၏ အဆင်း၌လည်းကောင်း။
ဣတ္ထိရသေ၊ မိန်းမ၏ သီခြင်းပြုခြင်းရယ်ရွင်ခြင်းစသော အသံဟူသော အရသာ၌လည်းကောင်း။
ဣတ္ထိဂန္ဓေသုစ၊ မိန်းမတို့၏ နံ့သာအလုံးစုံတို့၌လည်းကောင်း။
ဣတ္ထိယာ၊ မိန်း၏။
ဖောဋ္ဌေဗ္ဗေစ၊ အဝတ်အာရုံနှင့် တကွသော ကိုယ်အတွေ့၌လည်းကောင်း။
သာရတ္တော၊ ပြင်းစွာတပ်သော သူသည်။
ဝိဝိဓံ၊ အထူးထူးအပြားပြားသော ပစ္စုပ္ပန်၌သတ်ခြင်းနှောင်ဖွဲ့ခြင်း (စာကျန်) ငါးပါးအပြားရှိသော နှောင်ဖွဲ့ခြင်း စသည်၏ အစွမ်းဖြင့် ဖြစ်သော။
ဒုက္ခံ၊ ဆင်းရဲကို။
ဝိန္ဒတေ၊ ရ၏။
ဣတ္ထိယာ၊ မိန်းမ၌။
သဗ္ဗာနိ၊ ရူပါရုံစသော အကြွင်းမရှိသော အာရုံရှိကုန်သော တဏှာဟု ဆိုအပ်သော အလျဉ်တို့သည်။
ပဉ္စပဉ္စသု၊ ယောင်္ကျား၏ ငါးပါး ငါးပါးကုန်သော ဒွါရတို့၌။
သန္ဒန္တိ၊ မပြတ်စီးယိုကုန်၏။
ဝီရိယဝါ၊ အကုသိုလ်တို့ကို ပယ်ခြင်းငှါ ကုသိုလ်တရားတို့၏ ပြည့်စုံခြင်း ငှါအားထုတ်ခြင်းရှိသော။
ယောသပ္ပုရိသော၊ အကြင် သူတော်ကောင်းသည်။
တေသံ၊ ထိုစက္ခုစသော ငါးပါးသော ဒွါရတို့၌ ဖြစ်သော ရူပါရုံ စသော ငါးပါးသော အာရုံဖြစ်သော တဏှာတည်းဟူသော အလျဉ်တို့ကို။
အာဝရဏံ၊ သတိပညာကို ဖြစ်စေ၍ ပိတ်ဆီးစောင့်ရှောက်ခြင်းကို။
ကာတုံ၊ ပြုခြင်းငှါ။
သက္ကောတိ၊ စွမ်းနိုင်၏။
သော ပုဂ္ဂလော၊ ထို ပုဂ္ဂိုလ်ကို။
ဣမသ္မိံလောကေ၊ ဤလောက၌။
အတ္ထဝါ၊ ပညာရှိသော ။
ဓမ္မဋ္ဌော၊ တရား၌တည်သော။
သောဒက္ခော၊ ထိုတရား၌ ကောင်းစွာလိမ္မာသော။
သောဝိစက္ခဏော၊ ထိုပစ္စုပ္ပန်အကျိုး၌ လိမ္မာသော သူသည်။
ကရေယျ၊ ဤသို့သော အရာတို့၌ ကုသိုလ်မည်သည်ကို ပြုရာ၏။
ရမမာနောပိ၊ အိပ်ခြင်း၌ မွေ့လျော်ငြားသော်လည်း။
ဓမ္မတ္ထသဟိတံ၊ အကြောင်းအကျိုးနှင့် မကင်းသည်သာလျှင် ဖြစ်သော။
ကိစ္စံ၊ ပြုအပ်သော ကိစ္စသည်။
ကရေယျ၊ မဖြစ်သေးသော စည်းစိမ်ကို ဖြစ်စေခြင်း ဖြစ်ပြီးသော စည်းစိမ်ကို စောင့်ရှောက်ခံစားခြင်းကို ပြုရာ၏။
ဣဓ၊ ဤလောက၌။
သညူတ္တံ၊ သိမ်မွေ့သော ပစ္စုပ္ပန် အကျိုးသံသရာအကျိုးနှစ်ပါးကို ရည်၍ တည်သော။
ကိစ္စံ၊ ကိစ္စသည်။
အဝေါဒီဒတိ၊ အကဘ်၍ နစ်သည်ဖြစ်အံ့။
ဧဝံ၊ ဤသို့ ဆိုအပ်ပြီးသော နည်းဖြင့်။
နီရတ္ထကံ၊ ပစ္စုပ္ပန် အကျိုးသံသရာအကျိုးနှစ်ပါးမရှိသော။
ကိစ္စံ၊ ကိစ္စသည်။
သစေဟောတိ၊ အကယ်၍ ဖြစ်အံ့။
ဝဇ္ဇေ၊ ဤသို့ အကျိုးမရှိသောအမှုကို ကြဉ်ရာ၏။
တံ၊ ထိုအကျိုးမရှိသော ကိစ္စကို။
အပ္ပမတ္တော၊ သတိနှင့် မကင်းသော နေခြင်းဖြင့် မမေ့မလျော့ထသော။
ဝိစက္ခဏော၊ ပညာအဆင်အခြင်နှင့် ပြည့်စုံသော ပညာရှိသည်။
နကတန္တိ၊ မပြုအပ်သော ကိစ္စဟူ၍။
မညိတွာ၊ အောက်မေ့၍။
ဝဇ္ဇေယျ၊ ကြဉ်ရာ၏။
အတ္ထေန၊ ပစ္စုပ္ပန်သံသရာအကျိုးနှင့် ။
သညုတ္တံ၊ စပ်ထသော။
ယဉ္စကိစ္စံ၊ အကြင်ကိစ္စကိုလည်းကောင်း။
ဓမ္မဂတာ၊ အလွန်သော ကုသိုလ်ဓမ္မ၌တည်သော သမထဝိပဿနာနှင့်တကွဖြစ်သော။
ယာစရတိ၊ အကြင်မွေ့လျော်ခြင်းသည်လည်းကောင်း။
အတ္ထိ၊ ရှိ၏။
တံ၊ ထိုအကျိုးရှိသော ကိစ္စတရား၌ မွေ့လျော်ခြင်းကို။
သမာဒါယ၊ ကောင်းစွာဆောက်တည်၍။
ဝတ္တေထ၊ ကျင့်ကုန်ရာ၏။
သာ၊ ထိုတရား၌ မွေ့လျော်ခြင်းသည်။
ဥတ္တမာရတိ၊ မြတ်သော အကျိုးသို့ရောက်စေတတ်သောကြောင့် မြတ်သော အကျိုးကို ဆောင်သည်မည်သည်။
စေဟောတိ၊ အကယ်၍ ဖြစ်အံ့။
တံ၊ ထိုမြတ်သော အကျိုးကို ဆောင်တတ်သော တရားကို။
သမာဒါယ၊ ဆောက်တည်၍။
ဝတ္တေထ၊ ကျင့်ကုန်ရာ၏။
ဥစ္စာဝစေဟိ၊ အကြီးအငယ်ဖြစ်ကုန်သော။
ဥပါယေဟိ၊ နည်းတို့ဖြင့်။
ပရေသံ၊ သူတပါးတို့၏။
သန္တကံ၊ ဥစ္စာကို။
ဟန္တွာ၊ ကာမဟူသော အကြောင်းကြောင့် သူတပါးကို သတ်၍လည်းကောင်း။
ဝဓိတွာ၊ ကာမဟူသော အကြောင်းကြောင့် သူတပါးကို ပုတ်ခတ်ညှဉ်းဆဲ၍လည်းကောင်း။
အထော၊ ထိုမှ တပါး။
သောစယိတွာ၊ ထိုဥစ္စာရှင်တို့ကို စိုးရိမ်စေ၍ လည်းကောင်း။
ပရေသံ၊ သူတပါးတို့အား။
အာလောပတိသာဟသာယော၊ တိုက်စစ်ဖေါက်ခြင်း အိမ်သို့တက်၍ နှိပ်စက်ခြင်း ပုတ်ခတ်ခြင်း အစရှိသော အထူးထူးအပြားပြားသောအကြောင်းတို့ဖြင့် အနိုင်ထက်နှိပ်စက်၍ ယူခြင်းကို။
ကရောတိ၊ ပြု၏။
သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။
အဘိဇိဝိသတိ၊ သူတပါးတို့ဥစ္စာကိုယူအံ့သော ငှါအလိုရှိ၏။
ယထာ၊ အဘယ်ကဲ့သို့နည်းဟူမူကား။
ဗလဝါ၊ ကိုယ်အားဉာဏ်အားနှစ်ပါးနှင့် ပြည့်စုံသော သစ်ရွေသမားသည်။
အာဏိယာ၊ အားကြီးစွာသော တံသင်းဖြင့်။
အာဏိံ၊ သစ်ပင်၌ တည်သော တံသင်းကို။
တစ္ဆန္တောကောဋ္ဋေန္တော၊ နှုတ်လျက်။
နိဟန္တံယထာ၊ ထိုသစ်ပင်၌ ရှိသော သစ်သားအကျည်ကို ထုတ်သကဲ့သို့။
တထာ၊ ထိုအတူ။
ကုသလော၊ လိမ္မာသော ရဟန်းသည်။
ဣန္ဒြိယာနိ၊ စက္ခု အစရှိသော ဣန္ဒြေတို့ကို။
နိဟန္တုကာမော၊ ထုတ်လိုသည်ရှိသော်။
ဣန္ဒြိယေဟေဝ၊ ဝိပဿနာ တည်းဟူသော အားနှင့် ပြည့်စုံသော ဣန္ဒြေတို့ဖြင့် သာလျှင်။
နိဟန္ထိ၊ ထုတ်ကုန်ရာ၏။
သဒ္ဓံ၊ အကြီးအမှူး လက္ခဏာရှိသော သဒ္ဓါတရားသည်လည်းကောင်း။
ဝီရိယံ၊ ချီးမြှောက် ထောက်ပံ့ခြင်း လက္ခဏာရှိသောဝီရိယသည်လည်းကောင်း။
သမာဓိဉ္စ၊ မပျံ့လွင့်ခြင်းလက္ခဏာ ရှိသော သမာဓိသည်လည်းကောင်း။
သတိ၊ အာရုံ၌ထင်ခြင်း လက္ခဏာရှိသော သတိသည်လည်းကောင်း။
ပညဉ္စ၊ အပြားအားဖြင့် သိမြင်နိုင်ခြင်းလက္ခဏာရှိသော ပညာသည်လည်းကောင်း။
ဣမာနိပိပဉ္စိန္ဒြိယာနိ၊ ဤဝိမုတ္တိကို ရင့်စေတတ်သော ငါးပါးသော ဣန္ဒြေတို့ကိုလည်း။
ဘာဝယံဘာပယန္တော၊ ပွါးစေလျက်။
ပဉ္စပဉ္စဟိ၊ ငါးပါးသော အာရုံငါးပါးသော ဒွါရ၌ ဖြစ်ကုန်သော ချစ်ခြင်းမုန်းခြင်းစသော ကိလေသာတို့ကို။
ဟန္တွာန၊ မဂ်ဖြင့် သတ်၍။
ဗြဟ္မဏော၊ မကောင်းမှုကို အပပြုပြီးသော ရဟန္တာသည်။
အနီဃော၊ ဆင်းရဲကင်းရာ အနုပါဒိသေသနိဗ္ဗာန်ဓာတ်သို့။
ယာတိ၊ ရောက်၏။
သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။
အတ္ထဝါ၊ ဤလောက၌ ပညာလည်းရှိ၏။
သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။
ဓမ္မဋ္ဌော၊ ကုသိုလ်တရား၌တည်၏။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
သဗ္ဗေနသဗ္ဗံ၊ အလုံးစုံအားဖြင့် အကြွင်းမရှိသော။
ဝါကျ၊ စကားတော်ဖြငစ်၍ ဖြစ်သော။
အနုသာသနိံ၊ အဆုံးအမကို။
ကတွာ၊ ပြု၍။
ဋ္ဌိတော၊ ဆုံးမတော်မူတိုင်း ဆောင်လျက်တည်၏။
သောနရော၊ ထိုမြတ်စွာဘုရားတည်းဟူသော ယောင်္ကျားသည်။
သုခံ၊ နိဗ္ဗာန်ချမ်းသာကို။
ဧဓတိ၊ ပွါးစေ၏။
ဣတိ၊ ဤသို့။
ပါရာပရိယောထေရော၊ ပါရာပရိယထေရ်သည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော တဆဲ့ကိုးဂါထာ တို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
ပါရာပရိယထေရဂါထာ အနက်ပြီး၏။
အာတာပိ၊ ဝိမောက္ခတရားကို ရှာခြင်း၌ အားထုတ်အပ်သော လုံ့လရှိထသော။
ဓမ္မံ၊ ဝိမုတ္တိတရားကို။
စိရရတ္တံဝတ၊ ကြာမြင့်သောကာလပတ်လုံးလည်း။
အနုဝိစိန္တယံ အနုဝိစိန္တယန္တော၊ အဘယ်သို့ သဘောရှိသော တရားသည် ဝိမောက္ခမည်သနည်း အဘယ်သို့လျှင် ထိုဝိမောက္ခကို ရပါအံ့နည်းဟု အဘန်တလဲလဲ ရှာသော်လည်းကောင်း။
သမဏဗြဟ္မဏေ၊ ထိုသို့သော အယူရှိကုန်သော ရဟန်းပုဏ္ဏားတို့ကို။
ပုစ္ဆံ ပုစ္ဆန္တော၊ ဝိမုတ္တိတရားကိုမေးသော်လည်းကောင်း။
စိတ္တဿ၊ ပြကတေ့အဘန်တလဲလဲ ရှုသော သဘောရှိသော စိတ်၏။
သမံ၊ ညီညွတ်ရာ ဖြစ်၍ ဖြစ်သော ဝဋ်ဆင်းရဲတို့မှ ထွက်မြောက်ရာဖြစ်သော အရိယဓမ္မကို။
နာလတ္ထံ၊ မရအပ်။
ဣမသ္မိံ လောကေ၊ ဤလောက၌။
ပါရင်္ဂတော၊ နိဗ္ဗာန်ဟူသော ကမ်းတဘက်သို့ ရောက်စေတတ်သော။
သောဓမ္မာ၊ ထိုတရားကား။
ကော၊ အဘယ်နည်း။
အမတောဂဓံ၊ နိဗ္ဗာန်၌တည်သော ဝိမောက္ခမဂ်ကို။
ကော၊ အဘယ်သူသ်ည။
ပါဏ္ဏောအဓိဂတော၊ ရအပ်သနည်း။
ကဿ၊ အဘယ်ရဟန်းအဘယ် ပုဏ္ဏား၏။
ဓမ္မံ၊ အဆုံးအမဖြစ်သောတရားကို။
ပဋိစ္ဆာမိ၊ ကျင့်ရအံ့နည်း။
ပရမတ္ထဝိဇာနနံ၊ မဘောက်မပြန်ဖြစ်ခြင်းဖြင့် ဖြစ်လေ့ရှိသော ပရမတ္ထဓမ္မ၌ သိခြင်းကို။
ပဝေဒေန္တိ၊ ကြားကုန်သတည်း။
ဣတိ၊ ဤသို့။
အနုဿရန္တော၊ အောက်မေ့သည်ရှိသော်။
အန္တောဝင်္ကဂတော၊ မိစ္ဆာအယူဟု ဆိုအပ်သော အတွင်း၌ ဖြစ်သော စိတ်၏ ကောင်းခြင်းကိလေသာ၏ ကောက်ခြင်းသ်ည။
အာသိ၊ ဖြစ်ပြီ။
ကိံဝိယ၊ အဘယ်ကဲ့သို့နည်းဟူမူကား။
အာမိသံ၊ အစာနှင့်ရောသော သံမြှားချိတ်ကို။
ဃသံဃသန္တော၊ ခဲမျိုးသော ။
မစ္ဆောဝိယစ၊ ငါးကဲ့သို့လည်းကောင်း။
ပဟိန္ဒပါသေန၊ သိကြားမင်း၏ ကျော့ကွင်းဖြင့်။
ဗန္ဓော၊ ဖွဲ့မိသော။
ဝေပစိတျာသုရောယထာ၊ ပေဝစိတ္တိအမည်ရှိသော အသုရိန်နတ်မင်းသည်အလိုရှိတိုင်းနေရခြင်း မရှိကြီးစွာသော ဆင်းရဲသို့ ရောက်သကဲ့သို့ လည်းကောင်း။
ဧဝံတထာ၊ ထိုအတူ။
အဟံ၊ ငါသည်။
အာသိ၊ ရှေး၌ ကိလေသာဟူသော ကျော့ကွင်းဖြစ့်ဖွဲ့ခြင်းရှိသည်ဖြစ်ဘူးပြီ။
မဟာဒုက္ခပတ္တော၊ ထိုကိလေသာဟူသော ကျော့ကွင်းဖြင့် ဖွဲ့သည်ဖြစ်၍ အလိုရှိတိုင်း မနေရသဖြင့် ကြီးစွာသော ဆင်းရဲသို့ ရောက်သည်။
အာသိ၊ ဖြစ်ပြီ။
အသ္မာသော ကပရိဒ္ဒဝါ၊ ဤသိို့ စိုးရိမ်ခြင်းငိုကြွေးခြင်း ဟုဆိုအပ်သော ဝဋ်ဆင်းရဲမှ။
နံ၊ ထိုကိလေသာဟူသော ကျော့ကွင်းကို။
နမုဉ္စာမိနမောစေတိ၊ မလွတ်စေသော။
တာဝ၊ ထိုမျှလောက်။
အဉ္ဆာမိ၊ ကိလေသာဟူသော အနှောင်အဖွဲ့သည် ငင်ဆွဲ၏။
မေ၊ ငါအား။
လောကေ၊ လောက၌။
ဧတံကိလေသဗန္ဓံ၊ ဤကိလေသာတည်းဟူသော အနှောင်အဖွဲ့ကို။
မုဉ္စံမုဉ္စန္တော၊ လွှတ်ဖြတ်လျက်။
ကော၊ အဘယ်သူသည်။
သမ္ဗောဓိံ၊ ဝိမောက္ခမဂ်ကို။
ဝေဒယိဿတိ၊ ကြားပါလတ္တံ့နည်း။
ကံ၊ အဘယ်မည်သော။
ဒေသေန္တံ၊ ဝိမောက္ခတရားကို ဟောတတ်သော။
ပဘင်္ဂုနံ၊ ကိလေသာကို ဖျက်ဆီးခြင်းရှိသော ဝိမောက္ခတရားဖြစ်ခြင်းကို။
ကံ၊ အဘယ်မည်သော။
သမဏံဝါ၊ ရဟန်းကိုလည်းကောင်း။
ဗြဟ္မဏံဝါ၊ ပုဏ္ဏားကိုလည်းကောင်း။
ပုစ္ဆိတွာ၊ မေး၍။
ဇရာမစ္စုပဝါဟနံ၊ အိုခြင်းသေခြင်းကို ပယ်တတ်သော။
ကဿ၊ အဘယ်သူ၏။
ဓမ္မံ၊ ဝိမောက္ခတရားကို။
ပဋိစ္ဆာမိ၊ ကျင့်ရအံ့နည်း။
ဝိစိကိစ္ဆာ၊ လွန်လေပြီးသော ကာလ၌ ငါသည်ဖြစ်ဘူးလေပြီလောဟု ဤသို့ အစရှိသော နည်းဖြင့် ဖြစ်သော ယုံမှားခြင်းကိုလည်းကောင်း။
ကင်္ခါ၊ ရှေးရှုယုံမှားခြင်းထက်ဝန်းကျင်မှ ယုံမှားခြင်း ရှိသောအခြင်းအရာဖြင့် ဖြစ်သော ယုံမှားခြင်းကိုလည်းကောင်း။
ဂန္တိတံ၊ ဖွဲ့အပ်သော။
သာရမ္ဘဗလသညုတံ၊ လွန်သော လက္ခဏာရှိသော အစွမ်းသို့ ရောက်သောချုတ်ချယ်ခြင်းနှင့် ယှဉ်သော။
ကောဓပ္ပတ္တမနတ္ထဒ္ဓံ၊ အမျက်ဖြင့် စိတ်၏ ကြမ်းထန်းခက်ထန်သော အဖြစ်သို့ ရောက်သော။
အဘိဇပ္ပံပဒါရဏံ၊ အလိုရှိအပ်သော လာဘ်စသည်၏ အစွမ်းအားဖြင့် တဏှာသည် သတ္တဝါတို့စိတ်ကို ခွဲကုန်သကဲ့သို့ ဖြစ်သော။
တဏှာဓနုသမုဋ္ဌာနံ၊ အဝေး၌တည်သော သူအား လည်းဖေါက်ထွင်းခြင်းအကြောင်းဖြစ်သော တဏှာဟူသော လေးလျှင်ဖြစ်ကြောင်းရှိသော။
ဒွေ စပန္နရသာယုတံ၊ နှစ်ဆယ်သော ဝတ္ထုရှိသော သက္ကာယဒိဋ္ဌိဆယ်ပါးသော ဝတ္ထုရှိသော မိစ္ဆာဒိဋ္ဌိအားဖြင့် သုံးဆယ်အပြားရှိသော ။
ဩရသိကံ၊ ရင်၌ဖွဲ့ခြင်းရှိသော။
ဗါဠှံ၊ အားကြီးစွာသော မိစ္ဆာဒိဋ္ဌိဟူသော ငြောင့်သည်။
ဘေတွာန၊ နှလုံးကို ဖေါက်ထွင်း၍။
ယဒိတိဋ္ဌတိ၊ အကယ်၍တည်သည်ဖြစ်အံ့။
ဧဝံ၊ ဤသို့ ဖြစ်သည်ရှိသော်။
တံ၊ ထိုသို့ တဏှာဟူသော ငြောင့်နှလုံးကိုစူး၍ တည်သော ဒိဋ္ဌိကို။
ပဿ၊ သင်ရှုပါလော။
အနုဒိဋ္ဌီနံ၊ ကြွင်းသော ဒိဋ္ဌိတို့ကို။
အပဟာနံ အပဟာရကာရဏံ၊ မပယ်ရသေးခြင်း၏ အကြောင်းကား။
ယာဝ၊ အကြင်မျှလောက်။
နဝိဂစ္ဆတိ၊ သက္ကာယဒိဋ္ဌိသည် သန္တာန်မှ မက်ငးသေး။
တာဝ၊ ထိုမျှလောက်။
အပဟာတဗ္ဗမေဝ၊ သဿတဒိဋ္ဌိစသည်တို့ကို မပယ်ရသေးသည် သာလျှင်တည်း။
သင်္ကပ္ပပရတေဇိတံ၊ မိစ္ဆာဝိတက်ဖြင့် တပါးသော သူ၌ မှီခြင်းအားထုတ်ခြင်းရှိသော သူကို။
တေန၊ ထိုမိစ္ဆာဒိဋ္ဌိတည်းဟူသော ငြောင့်သည် ။
ဝိဒ္ဓေါ၊ နှလုံးကို စူးသည်ဖြစ်၍။
ဝေဓာမိ၊ တုန်လှုပ်၏။
ကိံဝိယ၊ အဘယ်ကဲ့သို့နည်းဟူမူကား။
မာလုတေရိတံ၊ လေသည်လှုပ်ရှားအပ်သည်ဖြစ်၍ အညှာမှ လွတ်သော။
ပတ္တံဣတ၊ သစ်ရွက်ကဲ့သို့တည်း။
မေ၊ ငါ၏။
အဇ္ဈတ္တံ၊ ကိုယ်၌။
သမုဋ္ဌာယ၊ ဖြစ်သော။
မာမကံမာမကော၊ မြတ်နိုးအပ်သော။
ဆဖဿာယတနိကော၊ စက္ခုသံဖဿ စသော ခြောက်ပါးသော ဖဿကြောင့်ဖြစ်သော။
ကာယော၊ ကိုယ်သည်။
ခိပ္ပံ၊ လျှင်စွာ။
ပစ္စတိဍယှတိ၊ တဏှာဟူသော မီးဖြင့်ထောင်၏။
ယထာကိံ၊ အဘယ်သို့နည်းဟူမူကား။
အဂ္ဂိ၊ မီးသည်။
သနိဿယဒါဟကော၊ မိမိမှီရာကိုလောင်သည်ရှိသော်။
တထေဝ၊ ထိုမှီရာကိုသာလျှင်။
ဒုယှတိယထာ၊ လောင်သကဲ့သို့။
ဧသာတဏှာ၊ ထိုတဏှာသည်။
တံယေဝ အတ္တဘာဝံ၊ ထိုမြတ်နိုးအပ်သော င့ါ၏ကိုယ်ကို သာလျှင်။
ဋဩန္တော၊ လောင်သည်ရှိသော်။
ယတ္ထ၊ အကြင်ကိုယ်၌။
ဥပ္ပန္နော၊ ဖြစ်၏။
တတ္ထေဝ၊ ထိုဖြစ်မြဲသော ကိုယ်၌သာလျှင်။
သဗ္ဗဒါ၊ အခါခပ်သိမ်း။
သရတိပဝတ္တတိ၊ ဖြစ်၏။
တေကိစ္ဆံ၊ ထိုသို့သဘောရှိသော ဝိစိကိစ္ဆာနှင့်ယှဉ်သဖြင့် ကုစားအပ်သော။
တံ၊ ထိုမိစ္ဆာဒိဋ္ဌိတည်းဟူသော ငြောင့်ကို ကစာတတ်သော သူကို။
နပဿာမိ၊ မမြင်။
ယော၊ အကြင်သူသည်။
နာနာရဇ္ဇေန၊ အထူးထူးသော ကြိုးနှင့်တူသော ငြောင့်တံသင်းဖြင့်။
ပဝေဧသတွာ၊ သွင်း၍။
သတ္ထေန၊ ဓားဖြင့်။
ကန္ဒိတွာန၊ လှီး၍။
အညေန၊ တပါးသော မန္တရားကို မန်းခြင်းလုံ့လဖြင့်။
ဥဒ္ဓရန္တောဝိယ၊ ထုတ်သကဲ့သို့။
ဝိစိကိစ္ဆိတံ၊ ယုံမှားအပ်သည် ဟုဆိုအပ်သော။
ဧတံသလ္လံ၊ ထိုငြောင့်ကို။
တိကိစ္ဆိတုံ၊ ကုစားခြင်းငှါ။
နသက္ကောတိ၊ မတတ်နိုင်။
ဧတံ၊ ထိုဒိဋ္ဌိဟူသော ငြောင့်ကိလေသာဟူသောငြောင့်ကို။
ဘိသက္ကော၊ ဆေးသမားနှင့် တူသော ဘုရားအစရှိသောသူသည်။
ဥဒ္ဓရေယျဥဒ္ဓရိတုံ သက္ကုဏေယျ၊ နှုတ်ခြင်းငှာ စွမ်းနိုင်ရာ၏။
မေ၊ ငါ့အား။
အသတ္ထော၊ ဓားလက်နက်မှ ကင်းသည်လည်းဖြစ်ထသော။
အဝဏော၊ အမာမှကင်းထသော။
အဗ္ဘန္တရာ၊ နှလုံးခွန်သားကို မှီ၍တည်ထသော။
ယံ သလ္လံ၊ အကြင်ကိလေသာ တည်းဟူသော ငြောင့်ကို။
ပဿ၊ ရှုလော။
သဗ္ဗဂတ္တနိ၊ အလုံးစုံသော ကိုယ်တို့ကို။
အဟိံ သံအဝိဟိံ သန္တေန၊ မနှိပ်စက်စေသဖြင့်။
ကော၊ အဘယ်မည်သော သူသည်။
မေ၊ ငါ၏။
ဧတံသလ္လံ၊ ထိုကိလေသာတည်းဟူသော ငြောင့်ကို။
ဥဒ္ဓရိဿတိ၊ နှုတ်နိုင်လတ္တံ့နည်း။
ဓမ္မပတိ၊ တရားတည်းဟူသော အကြောင်းရှိသော။
သောသေဋ္ဌော၊ ထိုမြတ်သော ပုဂ္ဂိုလ်သည်။
ဝိသဒေါသပဝါတကော၊ အဆိပ်နှင့်တူသော ငါ၏ ဒေါသရာဂစသော ကိလေသာကို ဖြတ်တတ်သည်။
ဘဝိဿတိ၊ ဖြစ်ပါလတ္တံ့နည်း။
ကောနုခေါ၊ အဘယ်သို့သော သူသည်။
ဂမ္ဘီရေ၊ အလွန်နက်စွာသော သံသရာဟူသော ဩဃ၌။
ပတိတဿ၊ ကျသော။
မေ၊ ငါ့အား။
အဿာသေန္တော၊ မကြေက်လင့်ဟု သက်သာရာကို ပေးလျက်။
ထလံ၊ နိဗ္ဗာန်ဟူသော ကြည်းထက်သို့။
ပါဏိံ၊ ရောက်စေတတ်သော အရိယမဂ်ဟူသော လက်ကို။
ဒဿယေ၊ ဤလက်ကိုဆွဲလောဟု ပြလာပါအံ့နည်း။
ရဟဒေဟမသ္မိံ၊ ကြီးစွာသော သံသရာဟူသောအိုင်၌။
ဩဂါဠော၊ ဥက္ခောင်းနှင့်တကွနစ်သည်၏ အစွမ်းဖြင့် သက်ဝင်လျက်တည်သော ငါသည်။
အာစရိယေ၊ ပယ်ခြင်းငျါ မစွမ်းနိုင်။
ရဇံ၊ ထုတ်နိုင်ခဲသော ရာဂစသော မြူလည်းကောင်း။
မာယာ၊ အပြစ်ကို ဖုံးလွှမ်းခြင်း လက္ခဏာ ရှိသော လောဘဟုဆိုအပ်သော မာယာသည်လည်းကောင်း။
ဥဿုံယျာ၊ သူတပါးစည်းစိမ်ကို ပြူစူခြင်း လက္ခဏာရှိသော ဣဿာတရားသည်လည်းကောင်း။
သာရမ္ဘံ၊ ချုတ်ချယ်ခြင်း လက္ခဏာ ရှိသော သာရသာရမ္ဘသည်လည်းကောင်း။
ထိနံ၊ စိတ်၏ ပျင်းခြင်းလက္ခဏာ ရှိသော ထိနသည်လည်းကောင်း။
မိဒ္ဓံ၊ ကိုယ်၏ ပျင်းခြင်း လက္ခဏာရှိသော မိဒ္ဓသည်လည်းကောင်း။
ဣမေ၊ ဤအကုသိုလ်တရားတို့သည်။
ပတ္ထရေ၊ ငါ၏ ကိုယ်၌ဖြစ်ကုန်၏။
ဥဒ္ဓစ္စမေဃထနိတံ၊ မငြိမ်သက်ခြင်းသဘောရှိသော ဥဒ္ဓစ္စတည်းဟူသော မိုဃ်းကြိုးကျခြင်းလည်းရှိထသော။
သံယောဇနဝလာဟကံ၊ ဆယ်ပါးအပြားရှိသော သံယောဇဉ်ဟု ဆိုအပ်သော မိုဃ်းတိမ်လည်းရှိထသော။
ဝါဟာ၊ ကြီးစွာသော ရေအိုင်နှင့် တူကုန်သော။
ရာဂနိဿိတာ၊ ရာဂကို မှီကုန်သော။
သံကပ္ပါစ၊ မိစ္ဆာသံကပ္ပတို့ သည်လည်းကောင်း။
ကုဒ္ဒိဋ္ဌံ၊ အသုဘကို သုဘစသည်ဖြင် ယူသော မကောင်းသော အယူရှိသော ငါ့ကို။
ဝဟန္တိ၊ အပါဟူသော သမုဒ္ဒရာသို့ ရည်လျက် ငင်ကုန်၏။
သဗ္ဗဓိ၊ ခပ်သိမ်းသော ဒွါရ၌ဖြစ်သော ခပ်သိမ်းသော ရူပါရုံ အစရှိသော အာရုံတိ့၌။
သောတာ၊ ယိုစီးတတ်ကုန်သော တဏှာသောတ ဒိဋ္ဌိသောတ စသော ငါးပါးသော တဏှာအယဉ်တို့သည်။
သဝန္တိ၊ ရူပါရုံစသော ခပ်သိမ်းသော စည်းစိမ်ချမ်းသာတို့မှ စီးယိုတတ်ကုန်၏။
လတာ၊ ရစ်တတ်ဖွဲ့ချဉ်တတ်သောကြောင့် နွယ်နှင့်တူသော တဏှာသည်။
ဥဗ္ဘိဇ္ဇ၊ ခြောက်ပါးသော ဒွါရတို့မှ ပေါက်ခွဲ၍။
တိဋ္ဌတိ၊ ရူပါရုံစသော အာရုံတို့၌ တည်၏။
တေသောတေ၊ ထိုတဏှာတည်းဟူသော ငါ၏ သန္တာန်၌ စီးယိုတတ်သော အရည်တို့ကို။
ကော၊ အဘယ်သို့ သဘောရှိသော မဂ်တံတားကို ဖွဲ့တတ်သော ယောင်္ကျားအထူးသည်။
နိဝါရေယျ၊ မြစ်ပါအံ့နည်း။
တံလတံ၊ ထိုတဏှာတည်းဟူသော နွယ်ကို။
ကော၊ အဘယ်သို့ သဘောရှိသော ယောင်္ကျားထူးသည်။
ဆိဇ္ဇတိဆေဇ္ဇိဿတိ၊ မဂ်တည်းဟူသော ဓားသန်လျက်ဖြင့် ဖြတ်လတ္တံ့နည်း။
ဘဒ္ဒန္တေ၊ အရှင်ဘုရား။
ဝေလံ၊ ထိုတဏှာတည်းဟူသော အယဉ်တို့ကို တားမြစ်တတ်သော တံတားကို။
ကရောထ၊ ပြုတော်မူကုန်လော။
သောတာနံ၊ တဏှာတည်းဟူသော အယဉ်ကို။
သန္နိဝရဏဉ္စ၊ ကောင်းစွာမြစ်ခြင်းကိုလည်း။
ကရောထ၊ ပြုတော်မူကုန်လော။
တေ၊ သင်၏။
မနောမယော၊ စိတ်၌ဖြစ်သော။
သောတော၊ တဏှာတည်းဟူသော အလျဉ်ကို။
ဒုန္နိဝါရဏော၊ မြစ်နိုင်ခဲ၏။
ကိံဝိယ၊ အဘယ်ကဲ့သို့ နည်းဟူမူကား။
ဥဒကသောတော၊ ရေအယဉ်သည်။
ဝဍ္ဎန္တော၊ ပွါးသည်ရှိသော်။
ရုက္ခံ၊ ကမ်းနား၌ တည်သော သစ်ပင်ကို။
ဝိနာသေတိယထာ၊ လည်းစေလျက် ဖျက်ဆီးသကဲ့သို့လည်းကောင်း။
မာလု၊ ပြင်းစွာသော လေသည်။
ဝေဧကန္တေန၊ စင်စစ်သဖြင့်။
သဟသာ၊ အဆောတလျှင်။
ရုက္ခံ၊ အားနည်းသောသစ်ပင်ကို။
ဝီနာသေတိယထာ၊ လည်းစေလျက် ဖျက်ဆီးသကဲ့သို့လည်းကောင်း။
ဧဝံ၊ ဤသို့သော အခြင်းအရာဖြင့်။
ဇာတဿ၊ ဖြစ်သော။
မေ၊ ငါ့အား။
အပါရာ၊ ဤမှာဘက်ကမ်းမှ။
ဘယာ၊ သံသရာဝဋ်ဆင်းရဲးဟု ဆိုအပ်သော ဘေးရှိရာမှ။
ကထံနုခေါ၊ အဘယ်သို့လျှင်။
မုစ္ဆေယျံ၊ လွတ်ရပါအံ့နည်း။
ဣတိ၊ ဤသို့။
ပါရံ၊ နိဗ္ဗာန်ကို။
ဧသကော၊ ရှာတတ်သော။
တာဏော၊ လူနတ်တို့၏ ကိုးကွယ်ရာဖြစ်တော်မူသော။
ပညာဝုဓော၊ ပညာတည်းဟူသော လက်နက်ရှိတော်မူသော။
သတ္ထာ၊ လူနတ်တို့၏ ဆရာဖြစ်တော်မူသော။
ဣသိသံဃနိသေဝိတော၊ အဂ္ဂသာဝကမဟာသာဝကဟုဆိုအပ်သော အရိယာ ပုဂ္ဂိုလ်အပေါင်းတို့၏ မှီဝဲရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည်။
သုကတံ၊ ကောင်းစွာပြုအပ်သော။
သုဒ္ဓံ၊ ညစ်ညူးခြင်းကိလေသာတို့မှ စင်ကြယ်ထသော။
ဓမ္မသာရမယံ၊ သဒ္ဓါပညာစသော တရားအနှစ်ဖြင့် ပြီးသော။
ဒဠှံ၊ တုန်လှုပ်ခြင်းမရှိခိုင်ခံ့သော။
သောပါနံ၊ ဝိပဿနာ ဟုဆိုအပ်သော စောင့်တန်းလှေခါးကို ။
ဝုယှမာနဿ၊ ကြီးစွာသော ဩဃဖြင့် မျောသော ငါ့အား။
ပါဒါသိ၊ တက်လော ဟုပေးတော်မူ၏။
မာဘာယီတိစ၊ မကြောက်လင့်ဟူသော စကားကိုလည်း။
အဗြဝိ၊ သက်သာရာကို ပေးသောအားဖြင့် ဆိုတော်မူ၏။
သတိပဋ္ဌာနပါသာဒံ၊ လေးပါးအပြားရှိသော သတိပဋ္ဌာန်ဟု ဆိုအပ်သော ပြာသာဒ်ထက်သို့။
အာရုယှ၊ တက်တော်မူ၍။
ပစ္စဝေက္ခိသံ၊ သစ္စာလေးပါးတရားကို မဂ်ဉာဏ်ဖြင့်သိတော်မူ၏။
ပုဗ္ဗေ၊ ရှေးအခါ၌။
သက္ကာယာဘိရတံ၊ ဤသည်ကား ငါ၏ကိုယ်တည်းဟု သက္ကာယဒိဋ္ဌိ၌မွေ့လျော်သော။
ပဇံ၊ သတ္တဝါကို။
တေန၊ ထိုသက္ကာသဒိဋ္ဌိဖြင့်။
ပရိကပ္ပိတံ၊ ကြံဆအပ်သော။
ယံတံအတ္တာနံ၊ အကြင်ကိုယ်ကို။
ပုဗ္ဗေ၊ ရှေး၌။
အမညိဿံ၊ အနှစ်မရှိသော အားဖြင့်အောက်မေ့ပြီ။
ယဒါစ၊ အကြင်အခါ၌လည်း။
မဂ္ဂံ၊ အရိယမဂ်ကို။
အဒ္ဒက္ခိံ၊ ပညာမျက်စိဖြင့် မြင်ပြီ။
နာဝါယ၊ အရိယမဂ္ဂင်ရှစ်ပါးတည်းဟူသော လှေထက်သို့။
အဘိရူဟနံ၊ တက်စီးခြင်း၏ အကြောင်းဖြစ်၍ ဖြစ်သော ဝိပဿနာမဂ်ကို။
ယဒါ၊ အကြင်အခါ၌။
အဒ္ဒက္ခိံ၊ မြင်ပြီ။
တတော၊ ထိုအခါမှ စ၍။
တံတိတ္တိယဇနဉ္စ၊ ထိုဒိဋ္ဌိဟူသော လူအပေါင်းကို လည်းကောင်း။
အတ္တာနဉ္စ၊ မိမိကိုယ်ကိုလည်းကောင်း။
အနဓိဋ္ဌာယ၊ စိတ်၌ မထားမူ၍။
တိတ္ထံ၊ နိဗ္ဗာန်ဟု ဆိုအပ်သော ကြီးစွာသော ကမ်း၏ ဆိပ်သဖွယ်ဖြစ်၍ဖြစ်သော။
ဥတ္တမံ၊ အရိယမဂ်ဖြင့်မြင်အပ်သော အလုံးစုံသော ကုသိုလ်တရားထက် လွန်မြတ်သောတရားကို။
အဒ္ဒက္ခိံ၊ မြင်ပြီ။
အတ္တသမုဋ္ဌာနံ၊ ငါ့၏ ကိုယ်ဟူ၍ ရအပ်သော အတ္တဘော၌ဖြစ်သော။
ဘာဝနေတ္တိပဘာဝိတံ၊ ဘဝတဏှာသည် ဖြစ်စေအပ်သော။
သလ္လံ၊ တဏှာတည်းဟူသော ငြောင့်ကို။
ပဟာနာယ၊ ပယ်ခြင်းငှါ။
ဧတေသံ၊ ထိုဘဝတဏှစသည်တို့၏။
အပ္ပဝတ္တာယ၊ မဖြစ်စိမ့်သောငှါ။
ဥတ္တမံ၊ မြတ်သော။
မဂ္ဂံ၊ အရိယမဂ်ကို။
ဒေသေတိပကာသေသိ၊ ပြတော်မူ၏။
ဒီဃရတ္တံ၊ ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး။
အနုသယိတံ၊ သန္တာန်၌ အဘန်တလဲလဲကိန်းသော။
စိရရတ္တံ၊ ရှည်မြင့်စွာသော နေ့ညဉ့်ပတ်လုံး။
ပတိဋ္ဌိတံ၊ သန္တာန်ထက်၌ထည်သော။
ဂန္ထံ၊ အဘိဇ္ဈာစသော ဂန္ထကိုလည်းကောင်း။
ဝိသဒေါသံ၊ ကိလေသာ တည်းဟူသော အဆိပ်ကို လည်းကောင်း။
ပဝါဟနော၊ မဂ်ဖြင့် ဆေးလျော်ပြီးသော။
ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။
မေ၊ င့ါအား။
ပနုဒိ၊ စွန့်စေတော်ရှိပြီ။
ဣတိ၊ ဤသို့။
တေလကာနိထေရော၊ တေလကာနိထေရ်သည် ။
ဣမာဝီသတိဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော နှစ်ဆယ်သော ဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
တေသကာနိထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။
စိတ္တကတံ၊ အဝတ်တန်ဆာပန်းအခင်း အစရှိသည်တို့ဖြင့် ဆန်းကြယ်စွာ ပြုအပ်သော။
အရုကာယံ၊ ကိုးပါးသော အဝတို့ မှ ယိုစီးသော အလုံးစုံသော အနာဝဖြစ်၍ဖြစ်သော ကိုယ်ဟုဆိုအပ်သော။
သရဿိတံ၊ အရိုးအပေါင်းတို့၏ စုဝေးရာဖြစ်သော။
အတုရံ၊ အမြဲနာကျင်ခြင်းရှိသော။
ဗဟုသင်္ကပ္ပံ၊ လူမိုက်သည်မဟုတ်သည်သို့ တင်၍ များစွာကြံအပ်သော။
ဗိမ္ဗံ၊ အနိမ့်အမြင့်အစရှိသော အင်္ဂါကြီးငယ်တို့ဖြင့် တန်ဆာဆင်အပ်သော အတ္တဘောကို။
ပဿ၊ ရှုလော။
ယဿ၊ အကြင်ကိုယ်အား။
ဓုတံ၊ မြဲသော သဘောရှိသည်လည်းကောင်း။
ဋ္ဌိတိ၊ မြဲမြံစွာတည်ကြည်သော သဘောသည်လည်းကောင်း။
နတ္ထိ၊ မရှိ။
စိတ္တကတံ၊ အဝတ်တန်ဆာပန်းအခင်းစသည်တို့ဖြင့် ဆန်းကြယ်စွာ ပြုအပ်သော ။
မဏိနာကုဏ္ဍလေနစ၊ ပတ္တမြားနားဍောင်းဖြင့်လည်းကောင်း။
အဋ္ဌိတစေနဝ၊ စိုသော အရေဖြင့်လည်းကောင်း။
ဩနဒ္ဓံ၊ မြှေးအပ်ဖွဲ့အပ်သော။
ရူပံ၊ ဤကိုယ်ကို။
ပဿ၊ ရှုလော။
အယံကာယော၊ ဤကိုယ်သည်။
ဝတ္ထေဟိ၊ ပုဆိုးအဝတ်တို့နှင့်။
သဟ၊ တကွဖုံးလွှမ်းမှ။
သောဘတိ၊ တင့်တယ်၏။
အဘတ္တကကတာ၊ ချိတ်ရည်ဖြင့် ကောင်းစွာဆိုးအပ်ကုန်သည်ဖြစ်၍။
ပါဒါ၊ ခြေတို့သည်။
သောဘန္တိ၊ တင့်တယ်ကုန်၏။
မုခဏ္ဏစုကမက္ခိတံ၊ မျက်နှာချေမှုန့်ဖြင့် လိမ်းအပ်တန်ဆာအပ်သော်သာလျှင်။
မုခံ၊ မျက်နှာသည်။
သောဘတိ၊ တင့်တယ်၏။
အယံကာယော၊ ဤကိုသည်။
ဗာလဿ၊ မိုက်စွာသော ပုထုဇဉ်အား။
မောဟာယ၊ စိတ်ကို မိုက်စေခြင်းငှါ။
အလံ၊ စွမ်းနိုင်၏။
ပါရဂဝေသိနော၊ နိဗ္ဗာန်ကို ရှာမှီးလေ့ရှိသောသူတော်ကောင်းအား။
နောအလံ၊ မစွမ်းနိုင်။
အဋ္ဌာပဒကတာ၊ ရှစ်ခုသော အခြင်းအရာရှိသော ဖြီးဖြင့် ဖြီးအပ်စီရင်အပ်ပြီးစေအပ်သော အဘို့ရှိသော်သာလျှင်။
ကေသာ၊ ဆံတို့သည်။
သောဘန္တိ၊ တင့်တယ်ကုန်၏။
အဉ္ဇနမက္ခိတာ၊ မျက်ရေးကွင်းခြင်း စသည်ဖြင့် တန်ဆာဆင်အပ်သော်သာလျှင်။
နေတ္တာ၊ မျက်စိတို့သ်ည။
သောဘန္တိ၊ တင့်တယ်ကုန်၏။
အယံကာယော၊ ဤကိုယ်သည်။
ဗာလဿ၊ ပုထုဇဉ်မိုက်အား။
မောဟာယ၊ စိတ်ကို မိုက်စေခြင်းငှါ။
အလံ၊ စွမ်းနိုင်၏။
ပါရဂဝေသိနော၊ ဝဋ်ကင်းခြင်းကို ရှာလေ့ရှိသော သူအား။
နောအလံ၊ မစွမ်းနိုင်။
အဉ္ဇနီဝနဝါ၊ အသစ်အသစ်သော မျက်ရေးကွင်းခြင်းရှိသော။
စိတ္တာ၊ ဆန်းကြယ်သော ။
အလင်္ကတော၊ ဥက္ခောင်းတ်နဆာစသည်ဖြင့်တန်ဆာ ဆင်အပ်သော။
အယံ ပုတိကာယော၊ ဤအကောင်ပုပ်သည်။
ဗာလဿ၊ ပုထုဇဉ်မိုက်အား။
မောဟာယ၊ စိတ်ကိုမိုက်စေခြင်းငှါ။
အလံ၊ စွမ်းနိုင်၏။
ပါရဂဝေသိနော၊ ဝဋ်ကင်းခြင်းကို ရှာလေ့ရှိသော သူအား။
နောအလံ၊ မစွမ်းနိုင်။
မိဂဝေါ၊ မုတ်ဆိုးသည်။
ပါသံ၊ တုတ်လံကန်ပိုက်စသော ကျော့ကွင်းကို။
ဩဒဟိ၊ ထောင်၏။
ဝါကုရံ၊ ကျော့ကွင်းကို။
မိဂေါ၊ သမင်သည်။
နာသာဒါနသံဃဋ္ဋေတိ၊ မတိုးမဝှေ့။
နိဝါပံ၊ သမင်တို့၏ အစာအလို့ ငှါ ပစ်ချအပ်သော မြက်စသော အစာကို။
ဘုတွာ၊ စား၍။
မိဂဗန္ဓကေ၊ မုတ်ဆိုးသည်။
ကန္ဒန္တေ၊ မည်တမ်းစဉ်။
မိဂေါ၊ သမင်သည်။
ဂစ္ဆာမိဂစ္ဆတိ၊ ထိုမုတ်ဆိုးကိုလှည့်ပတ်၍ သွား၏။
မိဂါဝဿ၊ မုတ်ဆိုး၏။
ပါသာ၊ ထောင်သောကျော့ကွင်းတို့ကို။
ဆန္နာဆိန္ဒိတွာ၊ ဖြတ်၍။
ဝါကုရံ၊ ထောင်သော တုတ်လှံကန်ပိုက်ကနု်.
အနာသဒါအနဃဋ္ဋေန္တော၊ မထိခိုက်မူ၍။
မိဂေါ၊ သမင်သည်။
နိဝါပံ၊ သမင်တို့စားစိမ့်သောငှါ ထားသော အစာကို။
ဘုတွာ၊ စား၍။
မိဂလုဒ္ဒကေ၊ မုတ်ဆိုးသည်။
သောစန္တေ ဝီရဝန္တေ၊ ဤသမင်သည် ငါ့ကို လှည့်ပတ်လေစွဟု မြတ်တမ်းစဉ္။
ဂစ္ဆာမဂစ္ဆတိ၊ သွား၏။
မဟာရာဇ၊ မြတ်သော မင်းကြီ။
အဟံ၊ ငါသည်။
ဣမသ္မိံ လောကေ၊ ဤလောက၌။
သဓနေ၊ ဥစ္စာနှင့်တကွ ဖြစ်ကုန်သော။
မနုဿေ၊ ကြွဝသော သူတို့ကို။
ပဿာမိ၊ မြင်၏။
တေပန၊ ထိုလူတို့သည်ကား။
ဝိတ္တံ၊ ဥစ္စာကို။
လဒ္ဓါလဘိတွာ၊ ရကုန်လျက်။
မောဟော၊ ကမ္မဿ ဘတပညာမရှိသောကြောင့်။
နဒဒန္တိ၊ စည်းစိမ် ဥစ္စာ ပြည့်စုံပါလျက် ရဟန်းပုဏ္ဏားစသော တစုံတယောက်သော သူအား မပေးမလှူဒါန်းကုန်။
လုဒ္ဓါ၊ မုဆိုးတို့သည်။
ဘိယျော၊ အလွန်။
ကာမေ၊ ရမြဲတိုင်းသော ကာမဂုဏ်ထက်လွန်သော ကာမဂုဏ်တို့ကို။
အ ဘိပတ္ထယန္တာ၊ တောင့်တကုန်သည်ဖြစ်၍။
မိဂေ၊ သားတို့ကို။
ဟန္တွာ၊ သတ်၍။
ဓနံ၊ ဥစ္စာကို။
သန္နိစယံ၊ ဆည်းပူးခြင်းကို။
ကရောန္တိ၊ ပြုကုန်၏။
ရာဇာ၊ မင်းသည်။
ပသယှ၊ သူတပါးကိုနှိပ်စက်၍။
ပထဝိံ၊ မိမိ၏ အနွယ်သို့ လိုက်သောမြေကို။
ဝိဇေတွာ အ ဘိဝိဇိယ၊ အနိုင်အထက်ပြုသဖြင့် အောင်၍။
အာဝသန္တော၊ ရွှင်လန်းလျက်။
သာဂရန္တံ၊ သမုဒ္ဒရာ အဆုံးရှိသော။
မတိံ၊ မြေကြီးကို။
အာဝသန္တော၊ စိုးအုပ်သဖြင့်နေလျက်။
သမုဒ္ဒဿ၊ အကြွင်းမရှိသော သမုဒ္ဒရာ၏။
ဩရံ၊ ဤဘက်အဘို့ကို။
လဘိတွာပိ၊ ရသော်လည်း။
အတိတ္တရူပေါ၊ မရောက်ရဲသေးသော သဘောရှိသည်ဖြစ်၍။
သမုဒ္ဒဿ၊ သမုဒ္ဒရာ၏။
ပါရံ၊ ထိုမှာဘက်၌ ဖြစ်သော ကျွန်းအထူးကို။
ပထ္ထယေထ၊ တောင့်တရာ၏။
ရာဇာစ၊ မင်းသည်လည်းကောင်း။
အညေ၊ မင်းမှ တပါးကုန်သော။
ဗဟူ၊ များစွာ ကုန်သော။
မနုဿာစ၊ လူတို့သည်လည်းကောင်း။
အဝီတတဏှာ၊ မကင်းသေးသော တဏှာရှိသည်ဖြစ်၍။
မရဏံ၊ သေခြင်းသို့။
ဥပေန္တိ၊ ကပ်ရကုန်၏။
တေ၊ ထိုမင်းမှတပါးသောလူတို့သည်။
ဥနာဝ၊ ယုတ်ကုန်သည်သာလျှင်။
ဟုတွာန၊ ဖြစ်ကုန်၍။
ဒေဟံ၊ ဤလူ၏ ကိုယ်ကို။
ဇဟန္တိ၊ စွန့်ရကုန်၏။
ဧတ္ထလောကမှီ၊ ဤလောက၌။
တဏှာဝိပ္ပန္နာနံ၊ တဏှာသည်ဖျက်ဆီးအပ်ကုန်သော သူတို့အား။
ကာမေဟိ၊ ဝတ္ထုကာမဂုဏ်ကိလေသာကာမဂုဏ်တို့ဖြင့်။
တိတ္တိ၊ ရောက်ရဲခြင်းသည်။
နအတ္ထိ၊ မရှိ။
တေ၊ ထိုရာဂမကင်းသေးသော မင်းနှင့်တကွကုန်သော လူတို့သည်။
နံဉာဘိံ၊ ထိုအဆွေအမျိုးကို။
ပဋိစ္စ၊ စွဲ၍။
ကေသေ၊ ဆံတို့ကို။
ပကိရိယ၊ ကြဲကုန်လျက်။
ကန္ဒန္တိ၊ သေလေသော သူကို ရည်၍ တို့သူ၏ ဂုဏ်ကို ကြားကုန်လျက် ငိုခြင်းကို ပြုကုန်၏။
နော၊ ငါတို့၏။
ဉာတယော၊ ဆွေမျိုးတို့သည်။
အမရာ၊ မသေကုန်သည်။
အဟု၊ ဖြစ်လေကုန်မူကား။
အဟောဝတ၊ ဪကောင်းလေစွ။
နံ၊ ထိုသေလေသော သူ၏ အသေကောင်ကို။
ဝတ္ထေန၊ ပုဆိုးဖြင့်။
ပါရုတံ၊ ရုံအပ်သည်ကို ပြု၍။
နိဟရိတွာ၊ အိမ်မှထုတ်၍။
စိတံ၊ ထင်းပုံထက်သို့။
သမောဓာယ၊ တင်၍။
တတော၊ ထိုသို့တင်ပြီးသည်နောင်မှ။
ဒဟန္တိ၊ မီးတိုက်၍ ပစ်ကုန်၏။
သော၊ ထိုသူသေသည်။
သုလေဟိ၊ တစူးဝါ တို့ဖြင့် ။
တုဇ္ဇမာနော၊ ထိုးလျက်။
ဋယှတိ၊ မီးတိုက်၏။
ဧတေနဂတ္တေန၊ ဤကိုယ်ဖြင့်။
ဘောဂေ၊ စည်းစိမ်ချမ်းသာတို့ကို။
ပဟာယ၊ စွန့်၍။
ဂစ္ဆန္တိ၊ သွားရကုန်၏။
မိယျမာနဿ၊ သေသော သူအား။
ပေစ္စ၊ တမလွန်ဘဝ၌။
ဉာတီစ၊ ဆွေမျိုးမိဘတို့သည်လည်းကောင်း။
မိတ္တာစ၊ ချစ်ကျွမ်းဝင်သော သူတို့သည်လည်းကောင်း။
အထဝါ၊ ထိုမှတပါး။
သဟာယာစ၊ ချမ်းသာဆင်းရဲ၌ အတူတကွ ဖြစ်ကုန်သော သူငယ်ချင်းတို့သည်လည်းကောငး်။
တာဏာ၊ စောင့်ရှောက်ခြင်းကို ပြုတတ်ကုန်သည်.
နဘဝန္တိ၊ မဖြစ်ကုန်။
တဿ၊ ထိုသူသေ၏။
ဒါယာဒကာ၊ အမွေခံတို့သည်။
ဓနံ၊ ဥစ္စာကို။
ဟရန္တိ၊ သိမ်းဆည်းယူလေကုန်၏။
သတ္တော ပန၊ သေသော သတ္တဝါမူကား။
ယေနယထာကမ္မံ၊ မိမိပြုသော ကုသိုလ်အကုသိုလ်ကံအားလျော်စွာ။
ဂစ္ဆတိ၊ ထိုထိုသော ဘဝသို့ သွားရ၏။
မိယျမာနံ၊ သေသောသူကို။
ဓနံ၊ ဥစ္စာနှင့်စပ်သော။
ကိဉ္စိ၊ အလုံးစံဒသော ဝတ္ထုသည်။
နအနွေဒိ၊ အစဉ်နောက်သို့ မလို။
ပုတ္တာစ၊ သားသ္မီးတို့သည်လည်းကောင်း။
ဒါရာစ၊ မယားသည်လည်းကောင်း။
ရဋ္ဌံ၊ တိုင်းနိင်ငံ၌ နေသော။
ဇနဉ္စ၊ လူအပေါင်းသည်လည်းကောင်း။
နအနွေတိ၊ အစဉ်နောက်သို့ မလိုက်။
ဓနေန၊ ဥစ္စာဟူသော တစိုးထိုးသဖြင့်။
ဒီဃမာယုံ၊ အသက်ရှည်ခြင်းကို။
နလဘတေ၊ မရ။
ဝိတ္တေန၊ ဥစ္စာတစိုးထိုးသဖြင့်။
ဇရံ၊ အိုခြင်းကို။
နာစာပိဝိဟန္တိ၊ မဖျောက်မထားနိုင်ကုန်။
ဟိသစ္စံ၊ မှန်၏။
ဣမေသံသတ္တာနံ၊ ဤသတ္တဝါတို့၏။
နံဇီဝိတံ၊ ထိုအသက်ရှည်ခြင်းကို။
အပ္ပံအပ္ပံဣတိ၊ တိုသောကာလရှိသောကြောင်းနည်း၏ ဟူ၍။
ဓိရာ၊ မြဲမြံသော သမာဓိနှင့် ပြည့်စုံသော ပညာရှိတို့သည်။
အာဟ၊ ဆိုကုန်၏။
တံဇီဝိတံ၊ ထိုအသက်ရှည်ခြင်းသည်။
အသဿတံ၊ အမြဲမရှိ။
ဝိပရိဏာမဓမ္မံ၊ ပြကတော့မှ ဘောက်ပြန်သော သဘောရှိ၏။
အဍ္ဎာစ၊ ကြွယ်ဝသော သူတို့သည်လည်းကောင်း။
ဒလိဒ္ဒါစ၊ သူဆင်းရဲတို့သည်လည်းကောင်း။
ဖဿံ၊ အလိုမရှိအပ်သော သေခြင်းဟူသော အတွေ့သို့။
ဖုသန္တိပါပုဏန္တိ၊ ရောက်ကုန်၏။
ဗာလောစ၊ သူမိုက်သည်လည်းကောင်း။
ဓီရောစ၊ ပညာရှိသည်လည်းကောင်း။
တထေဝ၊ ထိုအတူသာလျှင်။
ဖုဋ္ဌော၊ သေခြင်းဖြင့် တွေ့အပ်၏။
ဟိသစ္စံ၊ မှန်၏။
ဗာလော၊ သူမိုက်သည်။
ဗာလျာဝဋ္ဌိတောဝ၊ စိုးရိမ်ပူပန်ခြင်းဖြင့် နှိပ်စက်သည်ဖြစ်၍ သူမိုက်အဖြစ်၌ တည်လျက်သာလျှင်။
သေတိသယတိ၊ ထိုမှ ဤမှလူးသည်လျက် အိပ်၏။
ဓီရော၊ ပညာရှိသည်။
ဖဿံ၊ ဣဋ္ဌအနိဋ္ဌဖြစ်သော အတွေ့ကို။
ဖုဋ္ဌော၊ တွေ့အပ်သည်ရှိသော်။
နဝေဓတိ၊ မတုန်လှုပ်။
တသ္မာ၊ ထိုကြောင့်။
ဓနေန၊ ဥစ္စာထက်။
ပညာဝ၊ ပညာသည်သာလျှင်။
သေယျောပသတ္ထတရော၊ အထူးသဖြင့် ချီးမွမ်းအပ်၏။
ဣဓလောကေ၊ ဤလောက၌။
ကာယပညာယ၊ အကြင်ပညာဖြင့်။
ဝေါသာနံ၊ ဘဝ၏ အဆုံးဖြစ်သောနိဗ္ဗာန်ကို။
အမိဂစ္ဆတိ၊ ရ၏။
ကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူကား။
အဗျောသိတံတ္တာ၊ မရသေးသော နိဗ္ဗာန်တရားကို ပြီးစေတတ်သောကြောင့်တည်း။
မောဟော၊ မိုက်သော သူသည်။
ဘဝါဘဝေသု၊ ဘဝကြီးငယ်တို့၌။
ပါပါနိကမ္မာနိ၊ မကောင်းသော ကာယဒုစရိုက်စသောအမှုတို့ကို။
ကရောတိ၊ ပြု၏။
သောဗာလော၊ ထိုသူမိုက်သည်။
ပါပါနိ၊ မကောင်းမှုတို့ကို။
ကတွာ၊ ပြု၍။
ပရလောကဉ္စ၊ တမလွန်လောကကိုလည်းကောင်း။
ပရမ္ပရာယ၊ အဘန်ဘန်အားဖြင့်။
သံသာရံ၊ ကျဉ်လည်ခြင်းသို့။
အာပဇ္ဇ၊ ရောက်၍။
ဂဗ္ဘဉ္စ၊ ပဋိသန္ဓေနေခြင်းသို့လည်းကောင်း။
ဥပေတိ၊ ကပ်ရ၏။
တဿပုဂ္ဂလဿ၊ ထိုမကောင်းမှုကို ပြုသောသူ၏။
အဘိသဒ္ဒဟန္တော၊ အပြုအကျင့်ကို ယုံကြည်သော ။
အပ္ပမညော၊ ငါ့အားကိုယ်သည်ဖြစ်လတ္တံ့ဟုတောင့်တသော သူမိုက်သညိ။
ပရဉ္စလောကံ၊ တမလွန်ဘဝ၌လည်း။
ဂဗ္ဘံ၊ ပဋိသန္ဓေနေရခြင်းသို့။
ဥပေ၊ ကပ်ရပြန်၏။
တတော၊ ပဋိသန္ဓေနေခြင်းမှ။
နမုစ္စတိ၊ မလွတ်။
ယထာကိံ၊ အဘယ်ကဲ့သို့နည်းဟူမူကား။
သန္ဓိမုခေ၊ အိမ်တိုက်စပ်ကို ဖေါက်သော အနီး၌။
ဂဟိတော၊ အစောင့်အရှောက်ဖြစ်သော ယောင်္ကျားတို့ဖမ်းသော။
စောရောယထာ၊ ခိုးသူကဲ့သို့။
ပါပဓမ္မော၊ မကောင်းသော သဘောရှိသော ယောင်္ကျားသည်။
သကမ္မုနာ၊ မိမိ၏ မကောင်းမှုကံဖြင့်။
ဟညတိ၊ ကြိမ်လုံးဖြင့် ရိုက်လတ်ခြင်းဓားလှံတို့ဖြင့်ခုတ်ခြင်းထိုးခြင်းစသည်တို့၏ အစွမ်းဖြင့် ညှဉ်းဆဲ၏။
ဧဝံ၊ ဤသို့။
ပဇာ၊ သတ္တဝါသည်။
ပရမှိလောကေ၊ တမလွန်လောက၌။
ပေစ္စ၊ နှိပ်စက်၍။
ပါပဓမ္မော၊ မကောင်းသောသ ဘောရှိသော သူသည်။
သကမ္မုနာ၊ မိမိပြုသော မကောင်းမှုကံဖြင့်။
ဝိဟညတိ၊ ငါးပါးအပြားရှိသော ဖွဲ့ခြင်းကမ္မကရဏ အစရှိသည်တို့၏ အစွမ်းဖြင့်နှိပ်စက်၏။
စိတြာ၊ ရူပါရုံစသော အပြားဖြင့် ဆန့်ကြယ်ကုန်သော။
မဓုရာ၊ လူတို့သည် သာယာသည်၏ အစွမ်းဖြင့် အလိုရှိအပ်ကောင်းမြတ်ကုန်ထသော။
မနောရမာ၊ ပုထုဇဉ်မိုက်တို့ ၏ နှလုံးကို မွေ့လျော်စေတတ်ကုန်ထသော။
ကာမာ၊ ရူပါရုံအစရှိသော ဝတ္ထုကာမဂုဏ်တို့သည်။
ဝိရူပရူပေန၊ ထိုအညိုအရွှေစသော အထူးထူးအပြားပြားသော အဆင်းဖြင့်။
စိတ္တံ၊ ပုထုဇဉ်မိုက်တို့၏ စိတ်ကို။
မထေန္တိ၊ ကပ်သည်ရှိသော် အလွန်မွေ့လျော်ခြင်းကို မပေးကုန်။
ကာမဂုဏေသု၊ ကာမဂုဏ်တို့၌။
အာဒီနဝံ၊ မြွေဥက္ခေါင်းမီးကျီးစုလှံ သွာအဆိပ်နှင့် တူကုန်၏ ဟူသော အပြစ်ကို။
ဒိသွာ၊ ဝိပဿနာ ပညာမဂ်ပညာဖြင့် မြင်၍။
တသ္မာတံနိမိတ္တံ၊ ထိုကာမဂုဏ်တို့၌အပြစ်ကို မြင်သောကြောင့်။
ရာဇ၊ မင်းမြတ်။
အဟံ၊ ငါသည်။
ပဗ္ဗဇိတော၊ ရဟန်းပြုသည်။
အမှိ၊ ဖြစ်၏။
ကိံဝိယ၊ အဘယ်ကဲ့သို့နည်းဟူမူကား။
ဒုမပ္ဖလာနိ၊ သစ်ပင်အသီးတို့သည်။
ပတန္တိဣဝ၊ နုသောကာလရင့်သော ကာလ၌ သူတပါးလုံ့လအမှုဟူသော အကြောင်းကြောင့် ကြွေကျကုန်သကဲ့သို့။
ဒဟာရာစ၊ ငယ်သေးသည်လည်း ဖြစ်ကုန်ထသော။
ဝုဒ္ဓါစ၊ ကြီးပြီးသည်လည်းဖြစ်ကုန်ထသော။
မာဏဝါ၊ သတ္တဝါတို့သည်။
သရိရဘေဒါ၊ ဤကိုယ်၏ ပျက်ခြင်းကြောင့်။
ပဘန္တိဂစ္ဆန္တိယေဝ၊ ရောက်ရကုန်သည်သာလျှင်တည်း။
ရာဇ၊ ကောရဗျမင်းမြတ်။
ဧတမ္ပိ ကာရဏံ၊ ဤကိုယ်ခန္ဓာ၏ အမြဲမရှိသော အဖြစ်ကိုလည်း။
ဒိသွာ၊ ပညာစက္ခု ဖြင့်မြင်၍။
အဟံ၊ ငါသည်။
ပဗ္ဗဇိတော၊ ရဟန်းပြုသည်။
အမှိ၊ ဖြစ်၏။
အာပဏ္ဏကံ၊ ပညတ်မှ ကင်းသော ပရမတ္ထအားဖြင့်ဖြစ်သော ။
သာမညမေဝ၊ ရဟန်း၏ အဖြစ်သည်သာလျှင်။
သေယျောသုန္ဒရတရော၊ အထူးသဖြင့် ကောင်းမြတ်၏။
ရာဇ၊ ကောရဗျမင်းမြတ်။
အဟံ၊ ငါသည်။
သဒ္ဓါယ၊ ဘုရား၌ယုံကြည်ခြင်း ကံကံ၏ အကျိုးကို ယုံကြည်ခြင်းဖြင့်။
ပဗ္ဗဇိတော၊ ရဟန်းပြု၏။
ဇိနသာသနေ၊ မြတ်စွာဘုရားသာသနာတော်၌။
ဥပေတော၊ ကောင်းသော အကျင့်နှင့် ပြည့်စုံ၏။
မယှံ၊ ငါ၏။
ပဗ္ဗဇ္ဇာ၊ ရဟန်း၏အဖြစ်သည်။
အဝဉ္ဇာ၊ အရဟတ္တဖိုလ်တည်းဟူသော သားမွေးသောကြောင့်မမြုံ။
တတော၊ ထိုသို့ မမြုံသော ကြောင့်။
အနဏော၊ ကိလေသာ ဟူသော မြီမရှိသည်ဖြစ်၍။
ဘောဇနံ၊ ဘောဇဉ္ကို။
ဘုဉ္ဇာမိ၊ သုံးဆောင်၏။
ကာမေ၊ ဝတ္ထုကာမဂုဏ်ကိလေသာ ကာမဂုဏ်တို့ကို။
အာဒိတ္တတော၊ တဆဲ့တပါးသော မီးတို့ဖြင့် ပြောင်ပြောင့် တောက်လောင်သည်၏ အဖြစ်ဖြင့်။
ဒိသွာစ၊ မြင်၍လည်းကောင်း။
ဇာတရူပါနိ၊ ရွှေငွေတို့ကို။
သတ္ထတော၊ သွေးအပ်သော ထက်စွာသော လက်နက်နှင့်တူသော အားဖြင့်။
ဒိသွာစ၊ ဉာဏ်ဖြင့် မြင်၍လည်းကောင်း။
ဂဗ္ဘေ၊ အမိဝမ်း၌။
ဝေါက္ကန္တိတော၊ ပဋိသန္ဓေနေရသောအားဖြင့်။
ဒုက္ခံ၊ ဆင်းရဲခြင်းကို။
ဒိသွာစ၊ ဉာဏ်ဖြင့် မြင်၍ လည်းကောင်း။
နိရယေသု၊ သိန်းဇိုးကောဠသုတ် စသော ရှစ်ပါးသော ငရဲကြီးတို့၌။
မဟဗ္ဘယံ၊ ကြီးစွာသောဘေးကို။
ဒိသွာ၊ ပညာဖြင့် မြင်၍လည်းကောင်း။
အဟံ၊ ငါသည်။
ပဗ္ဗဇိတော၊ ရဟန်းပြုသည်။
အမှိ၊ ဖြစ်၏။
ရာဇ၊ ကောရဗျမင်းမြတ်။
တဒါ၊ ထိုအခါ၌။
ဧဝံဤဒိသံ၊ ဤဆိုအပ်ခဲံပြီးသော သဘောရှိသော။
အာဒီနဝံ၊ အပြစ်အပေါင်းကို။
ဉတွာ၊ ဉာဏ်ဖြင့် သိ၍။
သံဝေဂံ၊ ဘဝစသည်၌ ဖြစ်သော ထိတ်လန့်ခြင်းကို ။
အလတိံ၊ ရပြီ။
တဒါ၊ ထိုလူဖြစ်သော ကာလ၌။
ဝိဒ္ဓေါ၊ ရာဂဟူသော ငြောင့်တံသင်းစသည်တို့သည် စူးအပ်သည်။
သန္တော၊ ဖြစ်လျက်။
ဣဒါနိ၊ ယခုအခါ၌။
အာသဝက္ခယံ၊ အာသဝေါတရားတို့၏ ကုန်ခြင်းသို့။
သမ္ပတ္တော၊ ရောက်ပြီ။
မေ၊ ငါသည်။
သတ္တာ၊ သတ္တဝါအပေါင်းတို့ကို။
ပရိစိဏ္ဏော၊ မေတ္တာစသည်ကို ပွါးစေသော အားဖြင့်အလေ့အလာ ပြုအပ်ပြီ။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
သာသနံ၊ အဆုံးအမဖြစ်သော မဂ်ဟူသော အကျင့်ကို။
ကတံ၊ ပြုကျင့်အပ်ပြီ။
ဂရုကောဘာရော၊ လေးစွာသော ခန္ဓာဟူသော ဝန်ကို။
ဩဟိတော၊ ချအပ်ပြီ။
ဘဝနေတ္တိ၊ ဘဝသုံးပါးသို့ ဆောင်တတ်သော တဏှာဟူသော ကြိုးကို။
သမူဟတာ၊ အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ဖြတ်အပ်ပြီ။
ယဿ၊ အကြင်အရဟတ္တဖိုလ်နိဗ္ဗာန်၏။
အတ္ထာယ၊ အကျိုးငှါ။
အဂါရသ္မာ၊ အိမ်ရာထောင်သော လူ၏ ဘောင်မှ။
အနဂါရိယံ၊ အိမ်ရာမထောင်သော ရဟန်းဘောင်၌။
ပဗ္ဗဇိတော၊ ရဟန်းပြု၏။
မေမယာ၊ ငါသည်။
သောအတ္ထော၊ ထိုအရဟတ္တမဂ်ဟူသော အကျိုးကို။
အနုပ္ပတ္တော၊ ရပြီ။
သဗ္ဗသံယောဇနက္ခယော၊ အလုံးစုံသော သံယောဇဉ်တရားတို့ ၏ကုန်ခြင်းသို့။
အနုပ္ပတ္တော၊ ရောက်ပြီ။
ဣတိ၊ ဤသို့။
ရဋ္ဌပါလောထေရော၊ ရဋ္ဌပါလထေရ်သည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော နှစ်ဆဲ့ငါးဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
ရဋ္ဌပါလထေရဂါထာ အနက်ပြီး၏။
ရူပံ၊ စက္ခုဝိညာဉ်ဖြင့်သိအပ်သော ရူပါရုံကို။
ဒိသွာ၊ စက္ခုဒွါရဖြင့်မြင်ရ၍။
ပိယံနိမိတ္တံ၊ ထိုရူပါရုံကို တင့်တယ်ကောင်းမြတ်၏ဟု ချစ်ခြင်းမြတ်နိုင်းခြင်းလျှင်အကြောင်းရှိသည်ဖြစ်၍။
မနသိကရောတော၊ တင့်တယ်၏ဟုမသင့်သော နှလုံးသွင်းခြင်း ရှိသောသူအား။
သတိရဋ္ဌာ၊ သတိ၏လွတ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
သတိရဋ္ဌာသာ၊ လွတ်သော သတိရှိသော သူအား။
သာရတ္တစိတ္တော၊ ထိုရူပါရုံ၌ တပ်သော စိတ်ရှိသည့်ဖြစ်၍။
ဝေဒေတိ၊ ခံစားနှစ်သက်၏။
တထာဘူတဿစ၊ ထိုသို့သော အခြင်းအရာဖြင့် ဖြစ်သော သူအားလည်း။
တဉ္စ၊ ထိုရူပါရုံကိုလည်း။
အဇ္ဈောသ၊ သုခဟူ၍ နှလုံးသွင်းခြင်းကိုမျိုလျက်။
တိဋ္ဌတိ၊ တည်၏။
တဿ၊ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်အား။
ရူပသမ္ဘဝါ၊ ရူပါရုံလျှင်ဖြစ်ကြောင်းရှိကုန်သော။
အနေကာ၊ များစွာ ကုန်သော။
ဝေဒနာ၊ သုခစသော အားဖြင့်ပြားသော ဝေဒနာတို့သည်။
ဝဍ္ဎန္တိ၊ ကိလေသာ၏ ဖြစ်ကြောင်း ဖြစ်၍ ပွါးကုန်၏။
အဘိဇ္ဈာစ၊ ချစ်အပ်သော ရူပါရုံ၌တပ်သည်၏ အစွမ်းဖြင့် ဖြစ်သော အလိုကြီးခြင်းသည်လည်းကောင်း။
ဝိဟေသာစ၊ မချစ်အပ်သော ရူပါရုံ၌ အမျက်ထွက်သည်၏ အစွမ်းအားဖြင့် ညှည်းဆဲခြင်းသည်လည်းကောင်း။
အဿပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်၏။
စိတ္တံ၊ စိတ်ကို။
ဥပဟညတိ၊ ညှဉ်းဆဲနှိပ်စက်၏။
ဧဝံ၊ ဤသို့သော အခြင်းအရာဖြင့်။
အာစိနတော၊ သာယာသည်၏ အစွမ်းဖြင့် ဘဝါဘိသင်္ခါရကို ပွါးစေသော သူအား။
ဒုက္ခံ၊ ဆင်းရဲသည်။
ပဝတ္တတိ၊ ဖြစ်၏။
တဿ၊ ထိုပုဂ္ဂိုလ်အား။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
အာရကာ၊ ဝေးစွာသော အရပ်၌ ဖြစ်၏ ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
သဒ္ဒံ၊ သောတဝိညာဉ်ဖြင့် သိအပ်သော သဒ္ဒါရုံကို။
သုတွာ၊ သောတဝိညာဉ်ဖြင့် ကြားရ၍။
ပိယံနိမိတ္တံ၊ ဤအသံကားချစ်ဘွယ်သော အသံရှိ၏ နှလုံးသွင်းခြင်းအကြောင်းရှိသော သဒ္ဒါရုံကို။
မနသိကရောတော၊ သာယာကောင်းမြတ်၏ ဟု မသင့်သော နှလုံးသွင်းခြင်းရှိသောသူအား။
သတိရဋ္ဌာ၊ သတိ၏လွတ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
တထာစသတိ၊ ထိုသိုသတိ၏ လွတ်ခြင်းသည်ဖြစ်သည်ရှိသော်။
သာရတ္ထစိတ္တော၊ ထိုသဒ္ဒါရုံကို တပ်သော စိတ်ရှိသော သူသည်။
ဝေဒေတိ၊ သာယာနှစ်သက်သော အားဖြင့် ခံစား၏။
တဉ္စ၊ ထိုသဒ္ဒါရုံကိုလည်း။
အဇ္ဈောသ၊ ကောင်းမြတ်၏ ဟု နှလုံးသွင်းခြင်းမျိုခြင်းဖြင့်ပြီးစေ၍။
တိဋ္ဌတိ၊ တည်၏။
တဿ၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား။
သဒ္ဒသမ္ဘဝါ၊ သဒ္ဒါရုံလျှင် ဖြစ်ကြောင်း ရှိကုန်သော။
အနေကာ၊ များစွာကုန်သော။
ဝေဒနာ၊ သုခစသော ဝေဒနာတို့သည်။
ဝဍ္ဎန္တိ၊ ကိလေသာဖြစ်ခြင်း၏ အကြောင်းဖြင့် ဖြစ်၍ ပွါးကုန်၏။
အဘိဇ္ဈာစ၊ ချစ်အပ်သော သဒ္ဒါရုံ၌ တပ်သည်၏ အစွမ်းဖြင့်ဖြစ်သော အလိုကြီးခြင်း လောဘြသည် လည်းကောင်း။
ဝိဟေသာစ၊ မချစ်အပ်သော သဒ္ဒါရုံ၌ အမျက်ထွက်သည်၏ အစွမ်းအားဖြင့် ဖြစ်သော ဒေါသသည်လည်းကောင်း။
အဿ ပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်၏။
စိတ္တံ၊ စိတ်ကို။
ဥပဟညတိ၊ နှိပ်စက်၏။
ဧဝံ အာစိနတော၊ ဤသို့ သာယာသည်၏ အစွမ်းအားဖြင့် ဘဝါဘိသင်္ခါရကို ပွါးစေသော သူအား။
ဒုက္ခံ၊ ဝဋ်ဆင်းရဲသည်။
ပဝတ္တတိ၊ ဖြစ်၏။
တဿ၊ ထိုပုဂ္ဂိုလ်အား။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
အာရကာ၊ ဝေးစွာသော အရပ်၌ ဖြစ်၏ ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဂန္ဓံ၊ ဃာနဝိညာဉ် ဖြင့် သိအပ်သော ဂန္ဓာရုံကို။
ဃာယိတွာ၊ နမ်း၍။
ပိယံနိမိတ္တံ၊ ဤအနံကား အလွန်မွှေးကြိုင်၏ ဟု ချစ်ခြင်းအကြောင်းဖြစ်သော ဂန္ဓာရုံကို။
မနသိကရောထော၊ ဤဂန္ဓာရုံကားမွှေးကြိုင်၏ အစရှိသော မသင့်သော အားဖြင့် နှလုံးသွားခြင်းရှိသော သူအား။
သတိရဋ္ဌာ၊ သတိ၏ လွတ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
တထာစသတိ၊ ထိုသို့ သတိ၏ လွတ်ခြင်းသည် ဖြစ်သည်ရှိသော်။
သာရတ္တစိတ္တော၊ ထိုဂန္ဓာရုံ၌ တပ်သော စိတ်ရှိသည်။
ဝေဒေတိ၊ သာယာနှစ်သက်သဖြင့် ခံစား၏။
အဿ ပုဂ္ဂလဿ၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား။
တဉ္စ၊ ထိုဂန္ဓာရုံကိုလည်း။
အဇ္ဈောသ၊ သက်မျို၍။
တိဋ္ဌတိ၊ တည်၏။
တဿ၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား။
ဂန္ဓသမ္ဘဝါ၊ ဂန္ဓာရုံလျှင် ဖြစ်ကြောင်းရှိကုန်သော။
အနေကာ၊ များစွာကုန်သော ။
ဝေဒနာ၊ သုခစသော ဝေဒနာတို့သည်။
ဝဍ္ဎန္တိ၊ ကိလေသာ၏ဖြစ်ကြောင်း ဖြစ်၍ ပါးကုန်၏။
အဘိဇ္ဈာစ၊ ချစ်နှစ်လိုအပ်သော ဂန္ဓာရုံ၌ တပ်သော အားဖြင့် ဖြစ်သောလောဘသည်လည်းကောင်း။
ဝိဟေသာစ၊ မချစ်မနှစ်လိုအပ်သော ဂန္ဓာရုံ၌ ဖြစ်သော အမျက်ထွက်ခြင်း ဒေါသသည်လည်းကောင်း။
အဿ ပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်၏။
စိတ္တံ၊ စိတ်ကို။
ဥပဟညတိ၊ ညှဉ်းဆဲနှိပ်စက်၏။
ဧဝံ၊ ဤသို့ ဆိုခဲ့တိုင်းသောအခြင်းအရာဖြင့်။
အာစိနတော၊ သာယာသည်၏ အစွမ်းအားဖြင့် ဘဝါဘိသင်္ခါရ ကို ပွါးစေသော သူအား။
ဒုက္ခံ၊ ပဋိဆင်းရဲသည်.
ပဝတ္တတိ၊ ဖြစ်၏။
ဧဝံဘူတဿ၊ ဤသို့သော သဘောအားဖြင့် ဖြစ်သော ပုဂ္ဂိုလ်အား ။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
အာရကာ၊ ဝေးစွာသော အရပ်၌ ဖြစ်၏ ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ရသံ၊ ဇိဝှါဝိညာဉ်ဖြင့်သိအပ်သော ရသာရုံကို ။
ဘောတွာ၊ လျက်၍။
ပိယံနိမိတ္တံ၊ ချစ်ခြင်းလျှင် အကြောင်းရှိသော ရသာရုံကို။
မနသိကရောတော၊ ဤအရသာကားကောင်းမြတ်သော အရသာဟု တဏှာနှင့်ယှဉ်၍ မသင်သော နှလုံးသွင်းခြင်းရှိသော သူအား။
သတိမုဋ္ဌာ၊ သတိ၏ လွတ်ခြင်းတည်း။
တထာစသတိ၊ ထိုသို့ သတိ၏ လွတ်ခြင်းသည်ဖြစ်ရှိသော်။
သာရတ္တစိတ္တော၊ ထိုရသာရုံ၌ တပ်သော စိတ်ရှိသည်ဖြစ်၍။
ဝေဒေတိ၊ သာယာနှစ်သက်သော အားဖြင့် ခံစား၏။
တဉ္စ၊ ထိုရသာရုံကိုလည်း။
အဇ္ဈောသ၊ ချမ်းသာ၏ ဟု မသင့်သော နှလုံးသွင်းခြင်းဖြင့်မျို၍ ဆုံးဖြတ်၍။
တိဋ္ဌတိ၊ တည်၏။
တဿ ပုဂ္ဂလဿ၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား။
ရသသမ္ဘဝါ၊ ထိုရသာရုံ၌ သာယာသော တဏှာလျှင် ဖြစ်ကြောင်းရှိကုန်သော။
အနေကာ၊ များစွာကုန်သော။
ဝေဒနာ၊ သုဘသုခဝေဒနာအားဖြင့် များသော ဝေဒနာ တို့သည်။
ဝဍ္ဎန္တိ၊ ကိလေသာ၏ ဖြစ်ခြင်း၏ အကြောင်းဖြစ်၍ ပွါးကုန်၏။
အဘိဇ္ဈာစ၊ ချစ်အပ်သော ရသာရုံ၌ တပ်သည်၏ အစွမ်းအားဖြင့် ဖြစ်သော လောဘသည်လည်းကောင်း။
ဝိဟေသာစ၊ မချစ်အပ်သော ရသာရုံ၌ အမျက်ထွက်သည်၏ အစွမ်းအားဖြင့် ဖြစ်သောဒေါသသည်လည်းကောင်း။
အဿပုဂ္ဂလဿ၊ ထို ပုဂ္ဂိုလ်၏။
စိတ္တံ၊ စိတ်ကို။
ဥပဟညတိ၊ ညှဉ်းဆဲနှိပ်စက်၏။
ဧဝံအာစိနတော၊ ဤသို့သာယာသည်၏ အစွမ်းအားဖြင့် ဘဝါဘိသင်္ခါရကို ပွါးစေသော သူအား။
ဒုက္ခံ၊ ဝဋ်ဆင်းရဲသည်။
ပဝတ္တတိ၊ ဖြစ်၏။
တဿ၊ ထိုပုဂ္ဂိုလ်အား။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
အာရာ၊ ဝေးစွာသော အရပ်၌ ဖြစ်၏ ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဖဿံ၊ ကာယဝိညာဉ်ဖြင့်သိအပ်သော ဖောဋ္ဌဗ္ဗာရုံကို။
ဖုသံ၊ ကာယဝိညာဉ်ဖြင့် တွေ့၍။
ပိယံနိမိတ္တံ၊ ထိုအတွေ့သည် သာယာကောင်းမြတ်၏ ဟု တဏှာနှင့် ယှဉ်သော ချစ်ခြင်းလျှင်အကြောင်းရှိသော ဖောဋ္ဌဗ္ဗာရုံကို။
မနသိကရောတော၊ သူဘသုခစသော မသင့်သော နှလုံးသွင်းခြင်းကို ပြုသော အူအား။
သတိမုဋ္ဌာ၊ သတိ၏ လွတ်ခြင်းသည်။
တထာစသတိ၊ ထိုသို့သတိ၏ လွတ်ခြင်းသည်ဖြစ်သည်ရှိသော်။
သာရတ္တစိတ္တော၊ ထိုဖောဋ္ဌဗ္ဗာရုံ၌တပ်သော စိတ်ရှိသည်ဖြစ်၍။
ဝေဒေတိ၊ ထိုဖောဋ္ဌဗ္ဗာရုံ၌ သာယာနှစ်သက်သော အားဖြင့် ခံစား၏။
တဉ္စ၊ ထိုဖောဋ္ဌဗ္ဗာရုံကိုလည်း။
အဇ္ဈောသ၊ ချမ်းသာ၏ ဟု မှားသော နှလုံးသွင်းခြင်းရှိသည်ဖြစ်၍ သက်မျိုလျက်။
တိဋ္ဌတိ၊ တည်၏။
တဿ၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား။
ဖဿသမ္ဘဝါ၊ သာယာသောအားဖြင့်အတွေ့လျှင် ဖြစ်ကြောင်းရှိသော။
အနေကာ၊ များစွာကုန်သော။
ဝေဒနာ၊ သုခစသော အားဖြင့်ပြားကုန်သော ဝေဒနာတို့သည်။
ဝဍ္ဎန္တိ၊ ကိလေသာ၏ ဖြစ်ကြောင်း၍ ပွါးကုန်၏။
အဘိဇ္ဈာစ၊ ချစ်နှစ်လိုအပ်သော ဖောဋ္ဌဗ္ဗာရုံ၌ဖြစ်သော အလိုကြီးခြင်းလောဘသည်လည်းကောင်း။
ဝိဟေသာစ၊ မချစ်မနှစ်လိုအပ်သော ဖောဋ္ဌဗ္ဗာရုံ၌ဖြစ်သော နှိပ်စက်ညှဉ်းဆဲကြောင်း ဖြစ်သော ဒေါသသည်လည်းကောင်း။
အဿပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်၏ ။
စိတ္တံ၊ စိတ်ကို။
ဥပဟညတိ၊ နှိပ်စက်၏။
ဧဝံ၊ ဤသို့ဆိုခဲ့တိုင်းသော အခြင်းအရာဖြင့်။
အာစိနတော၊ ထိုထိုသို့သော ဝေဒနာကို သာယာသည်၏ အစွမ်းအားဖြင့် ဘဝါဘိသင်္ခါရကို ပွါးစေသော သူအား။
ဒုက္ခံ၊ ဝဋ်ဆင်းရဲသည်။
ပဝတ္တတိ၊ ဖြစ်၏။
တဿ ပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်အား။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
အာရာ၊ ဝေးစွာသော အရပ်၌ ဖြစ်၏ ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဓမ္မံ၊ မနောဝိညာဉ်ဖြင့်သိအပ်သော ဓမ္မာရုံကို။
ဉတွာ၊ သိ၍။
ပိယံနိမိတ္တံ၊ ဤအာရုံကားကောင်းမြတ်သော သဘောရှိ၏ ဟု တဏှာနှင့်ယှဉ်၍ ဖြစ်ခြင်းလျှင် အကြောင်းရှိသော ဓမ္မာရုံကို။
မနသိကရောတော၊ ဤဓမ္မာရုံကား သုဘသုခတည်းဟုမသင့်သော နှလုံးသွင်းခြင်းရှိသော သူအား။
သတိမုဋ္ဌာ၊ သတိ၏ လွတ်ခြင်းသည်။
တထာစသတိ၊ ထိုသိုသတိ၏ လွတ်ခြင်းသည်ဖြစ်သည်ရှိသော်။
သာရတ္ထစိတ္တော၊ ထိုဓမ္မာရုံ၌တပ်မက်မောသော စိတ်ရှိသည်ဖြစ်၍။
ဝေဒေတိ၊ ထိုဓမ္မာရုံကို သာယာနှစ်သက်သော အားဖြင့် ခံစား၏။
တဉ္စ၊ ထိုဓမ္မာရုံကိုလည်း။
အဇ္ဈောသ၊ သုဘသုခဟုမှားသော နှလုံးသွင်းခြင်းရှိသည်ဖြစ်၍။
တိဋ္ဌတိ၊ မျိုလျက်ပြီးစေလျက်တည်၏။
တဿ၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား။
ဓမ္မသမ္ဘဝါ၊ ဓမ္မာရုံ၌ နှစ်သက်သာယာတတ်သော တဏှာလျှင်ဖြစ်ကြောင်းရှိကုန်သော။
အနေကာ၊ များစွာကုန်သော။
ဝေဒနာ၊ သုခစသော အားဖြင့်ပြားကုန်သော ဝေဒနာတို့သည်။
တဍ္ဎန္တိ၊ ကိလေသာ၏ ဖြစ်ကြောင်းဖြစ်၍ ပွါးကုန်၏။
အဘိဇ္ဈာစ၊ ချစ်နှစ်လိုအပ်သော ဓမ္မာရုံ၌ ဖြစ်သော အလိုကြီးခြင်းလောဘသည်လည်းကောင်း။
ဝိဟေသာစ၊ မချစ်မနှစ်လိုအပ်သော ဓမ္မာရုံ၌ ဖျက်ဆီးညှဉ်းဆဲတတ်သော ဒေါသသည်လည်းကောင်း။
အဿ ပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်၏။
စိတ္တံ၊ စိတ်ကို။
ဥပဟညတိ၊ နှိပ်စက်ညှဉ်းဆဲ၏။
ဧဝံ၊ ဤသို့ယောအခြင်းအရာဖြင့်။
အာစိနတော၊ ထိုထိုသို့သော ဝေဒနာတို့ကို သာယာသည်၏ အဖြစ်ဖြင့် ဘဝါဘိသင်္ခါရ ကို ပွါးစေသော ပုဂ္ဂိုလ်အား။
ဒုက္ခံ၊ ဝဋ်ဆင်းရဲသည်။
ပဝတ္တတိ၊ ဖြစ်၏။
ဧဝံဘူတဿ၊ ဤသို့ အခြင်းအရာဖြင့် ဖြစ်သော ပုဂ္ဂိုလ်အား။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
အာရာ၊ ဝေးသော အရပ်၌ ဖြစ်၏ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ယော ပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။
ရူပံ၊ စက္ခုဝိညာဉ်ဖြင့် သိအပ်သော ရူပါရုံကို။
ဒိသွာ၊ စက္ခုဒွါရ၌ ဖြစ်သော ဝိညာဉ်အစဉ်ဖြင့်ရှု၍။
ပဋိဿတော၊ လေးပါးသော သမ္ပဇညအစွမ်းဖြင့် ဆင်ခြင်ခြင်းကို ပြုသဖြင့် ထင်သော သတိရှိသည်။
ဟောတိ၊ ဖြစ်၏။
သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။
ရူပေသု၊ ရူပါရုံတို့၌။
နမုဇ္ဇတိ၊ ရာဂကို မဖြစ်စေ။
တထာစသတိ၊ ထိုသို့ထင်သော သတိရှိသည်ရှိသော်။
ဝိရတ္တစိတ္တော၊ ထိုရူပါရုံ၌ တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍။
နဝေဒေတိ၊ သာယာနှစ်သက်သော အားဖြင့် အာရုံကို မခံစား။
တဉ္စ၊ ထိုရူပါရုံကိုလည်း။
အနဇ္ဈောသ၊ တဏှာမာနာနဒိဋ္ဌိအစွမ်းဖြင့် မသက်မမျိုမူ၍။
တိဋ္ဌတိ၊ တည်၏။
ရူပံ၊ စက္ခုဝိညာဉ်ဖြင့် သိအပ်သော ရူပါရုံကို။
ပဿတောပဿန္တဿ၊ အနိစ္စအစရှိသော အခြင်းအရာဖြင့်ရှုလော။
အဿယောဂိနော၊ ထိုယောဂီ ပုဂ္ဂိုလ်အား။
အဘိဇ္ဈာဒယော၊ ထိုရူပါရုံကို အာရုံပြု၍ ဖြစ်သော အလိုကြီးခြင်း လောဘစသော တရားတို့သည်။
နပဝတ္တန္တိယထာ၊ မဖြစ်ကုန်သကဲ့သို့ ။
ဧဝံတထာ၊ ထိုအတူ။
ဝေဒနံ၊ ထိုရူပါရုံကို အာရုံပြု၍ ဖြစ်သော ဝေဒနာထိုဝေဒနာနှင့် သမ္ပယုတ်ဖြစ် သော တရားကို။
သေဝတောစာပိ၊ အာရုံပြု၍ မှီဝဲသော သူအားလည်း။
ခိယျတိ၊ အလုံးစုံသော ကိလေသာဝဋ်၏ ကုန်ခြင်းသို့ ရောက်၏။
နောပစိယတိ၊ ပွါးခြင်းသို့ မရောက်။
ဧဝံ၊ ဤသို့ကိလေသာကို ဖျက်ဆီးသော အကျင့်ဖြင့်။
သော ပုဂ္ဂလော၊ ထိုယောဂီ ပုဂ္ဂိုလ်သည်။
သတော၊ သတိပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍။
စရတိဝိဟရတိ၊ နေ၏။
ဧဝံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော အခြင်းအရာဖြင့်။
အပစိနတော၊ ဝဋ်ဆင်းရဲကို မဂ်ပညာဖြင့် ဖျက်ဆီးခြင်းရှိသော ပုဂ္ဂိုလ်အား။
ဒုက္ခံ၊ အလုံးစုံသော ဝဋ်ဆင်းရဲသည်။
ခိယျတိ၊ ကုန်၏။
ဧဝံဘူတဿ၊ ဤသို့သော အခြင်းအရာဖြင့် ဖြစ်သော ပုဂ္ဂိုလ်အား။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
သန္တိကေ၊ အနီး၌ ရှိ၏ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ယော ပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။
သဒ္ဒံ၊ သောတပသာဒအားဖြင့် ထပ်ခြင်းသို့ ရောက်သော သဒ္ဒါရုံကို။
သုတွာ၊ သောတဒွါရိကဝိညာဉ်၏ အစဉ်ဖြင့် ကြား၍။
ပဋိဿတော၊ အဆင်အခြင်ပညာဖြင့် ပြုလေ့ရှိသည်ဖြစ်၍ ထင်သည်။
ဟောတိ၊ ဖြစ်၏
သော ပုဂ္ဂလော၊ ထို ပုဂ္ဂိုလ်သည်။
သဒ္ဒေသု၊ ချစ်နှစ်လိုအပ်သော သဒ္ဒါရုံစသည်တို့၌။
နရဇ္ဇတိ၊ တပ်ခြင်းကို မဖြစ်စေ။
တထာသတိ၊ ထိုသို့ တပ်ခြင်းကို မဖြစ်စေသော သတိရှိသည်ရှိသော်။
ဝိရတ္တစိတ္တော၊ ထိုသဒ္ဒါရုံ၌ တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်င။
ဝေဒေတိ၊ ထိုသဒ္ဒါရုံကို မသာယာမနှစ်သက်သော အားဖြင့် ခံစား၏။
တဉ္စ၊ ထိုသဒ္ဒါရုံကိုလည်း။
နဇ္ဈောသ၊ ငါ၏ ကိုယ်ငါ၏ ဥစ္စာဟု တဏှာမာနဒိဋ္ဌိအစွမ်းဖြင့် မသက်မဝင်မူ၍။
တိဋ္ဌတိ၊ တည်၏။
အဿ ယောဂီနော၊ ထိုကမ္မဋ္ဌာန်းစီးဖြန်းသော ပုဂ္ဂိုလ်အား။
တတ္ထ၊ ထိုသဒ္ဒါရုံ၌။
အဘိဇ္ဈာဒယော၊ အဘိဇ္ဈာအစရှိသည်တို့သည်။
နပဝတ္တန္တိယထာ၊ မဖြစ်ကုန်သကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
သဒ္ဒံ၊ နှစ်လိုဘွယ်သော သဒ္ဒါရုံကို။
သုဏတော သုဏန္တဿပိ၊ ကြားသော ပုဂ္ဂိုလ်အားလည်း။
အဘိဇ္ဈာဒယော၊ အဘိဇ္ဈာစသော တရားတို့သည်။
နပဝတ္တန္တိ၊ မဖြစ်ကုန်။
ဝေဒနံ၊ ထိုသဒ္ဒါရုံကို အာရုံပြု၍ ဖြစ်သော ဝေဒနာကို ။
သေဝတောစာပိ၊ မှီဝဲသော ပုဂ္ဂိုလ်အားလည်း။
ခိယျတိ၊ အလုံးစုံသော ကိလေသာဝဋ်သည်ကုန်ခြင်းသို့ ရောက်၏။
နောပစိယျ တိ၊ ပွါးခြင်းသို့ မရောက်။
ဧဝံ၊ ဤသို့ ကိလေသာကို ပယ်တတ်သော အကျင့်ဖြင့်။
သော ပုဂ္ဂလော၊ ထို ပုဂ္ဂိုလ်သည်။
သတော၊ သတိပညာနှင့် ပြည့်စုံသည်ဖြစ်၍။
စရတိ ဝိဟရတိ၊ နေ၏။
ဧဝံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော အခြင်းအရာဖြင့်။
အပစိနတော၊ မဂ်ပညာဖြင့် ဝဋ်ဆင်းရဲကို ဖျက်ဆီးခြင်းရှိသော သူအား။
ဒုက္ခံ၊ အလုံးစုံသော ဝဋ်ဆင်းရဲသည်။
နောပစိယျတိ၊ မပွါး။
ဧဝံဘူတဿ၊ ဤသို့သောအခြင်းအရာဖြင့် ဖြစ်သော ပုဂ္ဂိုလ်အား။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
သန္တိကေ၊ အနီး၌ဖြစ်၏ ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ယော ပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။
ဂန္ဓံ၊ ဃာနပသာဒအားထင်ခြင်းသို့ ရောက်သော ဂန္ဓာရုံကို။
ဃာယိတွာ၊ ဃာနဒွါရိကဝိညာဉ်၏ အစဉ်ဖြင့်နမ်းရှု၍။
ပဋိဿတော၊ လေးပါးသော သမ္ပဇညအစွမ်းဖြင့် ဆင်ခြင်း၍ ပြုလေ့ရှိသဖြင့် ထင်သော သတိရှိသည်။
ဟောတိ၊ ဖြစ်၏။
သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။
ဂန္ဓေသု၊ ဂန္ဓာရုံတို့၌။
နရဇ္ဇတိ၊ တပ်ခြင်းကို မဖြစ်စေ။
တထာစသတိ၊ ထိုသို့ထင်သော သတိရှိသော ပုဂ္ဂိုလ်သည်။
ဝိရတ္တစိတ္တော၊ ထိုဂန္ဓာရုံ၌တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍။
ဝေဒေတိ၊ သာယာခြင်းနှစ်သက်ခြင်း ကင်းသော အားဖြင့် ဂန္ဓာရုံကိုခံစား၏။
တဉ္စ၊ ထိုဂန္ဓာရုံကိုလည်း။
နောဇ္ဈောသ၊ ထိုဂန္ဓာရုံသည်ငါ၏ ဥစ္စာငါ၏ ကိုယ်ဟူ၍ တဏှာမာနဒိဋ္ဌိအစွမ်းဖြင့် မသက်မဝင်မူ၍။
တိဋ္ဌတိ၊ တည်၏။
အဿ၊ ထိုယောဂီ ပုဂ္ဂိုလ်အား။
ယထာ၊ အကြင်အခြင်းအရာဖြင့် ရှုသည်ရှိသော်။
တတ္ထ၊ ထိုဂန္ဓာရုံ၌။
နပဝတ္တန္တိ၊ အဘိဇ္ဈာစသော တရားတို့သည် မဖြစ်ကုန်။
ဧဝံတထာ၊ ထိုအနိစ္စ စသော အခြင်းအရာဖြင့်။
ဂန္ဓံ၊ ဂန္ဓာရုံသို့။
ဃာယတော ဃာယန္တဿ၊ နမ်းသော ပုဂ္ဂိုလ်အား။
အဘိဇ္ဇာဒယော၊ အလိုကြီးခြင်းလောဘစသော တရားတို့သည်။
နပဝတ္တန္တိ၊ မဖြစ်ကုန်။
ဝေဒနံ၊ ထိုဂန္ဓာရုံကို အာရုံပြု၍ ဖြစ်သော ဝေဒနာကို။
သေဝတောစာပိ၊ မှီဝဲသော ပုဂ္ဂိုလ်အားလည်း။
ခိယျတိ၊ အလုံးစုံသော ကိလေသာဝဋ်သည်ကုန်ခင်းသို့ ရောက်၏။
နောပစိယျတိ၊ ပွါးခြင်းတည်းဘူးခြင်းကို မရောက်။
ဧဝံ၊ ဤသို့ ကိလေသာကို ပယ်ခြင်း၏ အစွမ်းဖြင့်။
သော ပုဂ္ဂလော၊ ထို ပုဂ္ဂိုလ်သည်။
သကော၊ သတိပညာအဆင်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍။
စရတိဝိဟရတိ၊ နေ၏။
ဧဝံ၊ ဤသို့ သော အခြင်းအရာဖြင့်။
အပစိနတော၊ မဂ်ပညာဖြင့် အလုံးစုံသော ဝဋ်တရားကို ဖျက်ဆီးခြင်းရှိသော ပုဂ္ဂိုလ်အား။
ဒုက္ခံ၊ ဝဋ်ဆင်းရဲသည်။
နောပစိယတိ၊ မပွါး။
ဧဝံဘူတဿ၊ ဤသို့သောအခြင်းအရာဖြင့် ဖြစ်သော ပုဂ္ဂိုလ်အား။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
သန္တိကေ၊ အနီး၌ဖြစ်၏ ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ရသံ၊ ဇိဝှါပသာဒအားထင်ခြင်းသို့ ရောက်သော ရသာရုံကို။
ဘောတွာ၊ ဇိဝှါဒွါရိကဝိညာဉ်၏ အစဉ်ဖြင့်လျက်၍။
ပဋိဿတော၊ လေးပါးသော သမ္ပဇညအစွမ်းဖြင့် ဆင်ခြင်ခြင်းကို ပြုသဖြင့် ထင်သော သတိရှိသည်ဖြစ်၍။
သော၊ ထိုပုဂ္ဂိုလ်သည်။
နရဇ္ဇတိ၊ တပ်ခြင်းကို မဖြစ်စေ။
တထာသတိ၊ ထိုသို့သော သတိနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည်။
ဝိရတ္တစိတ္တော၊ ထိုရသာရုံ၌ တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍။
ဝေဒေတိ၊ သာယာခြင်းကင်းသော အားဖြင့် ခံစား၏။
တဉ္စ၊ ထိုရသာရုံကိုလည်း။
နဇ္ဈောသ၊ ရသာရုံသည် ငါ၏ ဥစ္စာငါ၏ ကိုယ်ဟု တဏှာမာနဒိဋ္ဌိအစွမ်းဖြင့် မသက်မဝင်မူ၍။
တိဋ္ဌတိ၊ တည်၏။
အဿ၊ ထိုယောဂီ ပုဂ္ဂိုလ်အား။
ယထာ၊ အကြင်အနိစ္စအစရှိသော အခြင်းအရာဖြင့် ရသာရုံကို ရှုသည်ရှိသော်။
အဘိဇ္ဈာဒယော၊ အလိုကြီးခြင်းစသည်တို့သည်။
နပဝတ္တန္တိ၊ မဖြစ်ကုန်။
ဧဝံတထာ၊ ထိုအနိစ္စစသော အခြင်းအရာဖြင့်။
ရသံ၊ ရသာရုံကို။
သာယတော၊ လျက်သော ပုဂ္ဂိုလ်အား။
အဘိဇ္ဈာဒယော၊ အဘိဇ္ဈာစသော တရားတို့သည်။
နပဝတ္တန္တိ၊ မဖြစ်ကုန်။
ဝေဒနံ၊ ထိုရသာရုံကို အာရုံပြု၍ ဖြစ်သော ဝေဒနာကို။
သေဝတောစာပိ၊ မှီဝဲသုံးဆောင်သော ပုဂ္ဂိုလ်အားလည်း။
ခိယျတိ၊ အလုံးစုံသော ကိလေသာဝဋ်ကုန်ခြင်းသို့ ရောက်၏။
နောပစိယျတိ၊ ကိလေသာတို့သည် ပွါးခြင်းသို့ မရောက်။
ဧဝံ၊ ဤသို့ ကိလေသာကို ပယ်သော အကျင့်ဖြင့်။
သတော၊ သတိပညာ အဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍။
သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။
စရတိဝိဟရတိ၊ နေ၏။
ဧဝံ၊ ဤသို့ ဆိုခဲ့တိုင်းသော အခြင်းအရာဖြင့်။
အပစိနတော၊ မဂ်ပညာဖြင့် အလုံးစုံသော ဝဋ်ဆင်းရဲကို ဖျက်ဆီးခြင်းရှိသော ပုဂ္ဂိုလ်အား။
ဒုက္ခံ၊ ဝဋ်ဆင်းရဲသည်။
နောပစိယတိ၊ မပွါး။
ဧဝံဘူတဿ၊ ဤသို့ ဖြစ်သော ပုဂ္ဂိုလ်အား။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
သန္တိကေ၊ အနီး၌ ဖြစ်၏ ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဖဿ၊ ကာယပသာဒကာယဝိညာဉ်အားထင်ခြင်းသို့ ရောက်သော ဖောဋ္ဌဗ္ဗာရုံကို။
ဖုသီ၊ ကာယဒွါရိကဝိညာဉ်အစဉ်ဖြင့် တွေ့၍။
ပဋိဿတော၊ လေးပါးသော သမ္ပဇညအစွမ်းဖြင့် ဆင်ခြင်ခြင်းကို ပြုလေ့ရှိသဖြင့် ထင်သော သတိရှိသည်။
ဟောတိ၊ ဖြစ်၏။
သော ပုဂ္ဂလော၊ ထို ပုဂ္ဂိုလ်သည်။
ဖဿေသု၊ ဖောဋ္ဌဗ္ဗာရုံတိ့၌။
နရဇ္ဇတိ၊ တပ်ခြင်းကို မဖြစ်စေ။
တထာသတိ၊ ထိုဖောဋ္ဌဗ္ဗာရုံရုံတို့၌ ထင်သော သတိရှိသော ပုဂ္ဂိုလ်သည်။
ဝိရတ္တစိတ္တော၊ ဖောဋ္ဌဗ္ဗာရုံ၌ တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍။
ဝေဒေတိ၊ ဖောဋ္ဌဗ္ဗာရုံကို မသာယာမနှစ်သက်သော အားဖြင့်ခံစား၏။
တဉ္စ၊ ထိုဖောဋ္ဌဗ္ဗာရုံကိုလည်း။
နဇ္ဈောယ၊ ဤဖောဋ္ဌဗ္ဗာရုံသည် ငါ၏ ကိုယ် ငါ၏ဥစ္စာတည်းဟု တဏှာမာနဒိဋ္ဌိအစွမ်းဖြင့် မသက်မဝင်မူ၍။
တိဋ္ဌတိ၊ တည်၏။
အဿ၊ ထိုယောဂီ ပုဂ္ဂိုလ်အား။
ယထာ၊ အကြင်အခြင်းအရာဖြင့် ဖောဋ္ဌဗ္ဗာရုံကို ရှုသည်ရှိသော်။
နပဝတ္တန္တိ၊ အဘိဇ္ဈာအစရှိသော တရားတို့သည် မဖြစ်ကုန်။
ဧဝံတထာ၊ ထိုအနိစ္စအစရှိသော အခြင်းအရာဖြင့် ။
ဖဿံ၊ တွေ့အပ်သော ဖောဋ္ဌဗ္ဗာရုံကို။
ဖုသတော ဖုသန္တဿ၊ တွေ့သော ပုဂ္ဂိုလ်အား။
အဘိဇ္ဈာဒယော၊ အဘိဇ္ဈာအစရှိသော တရားတို့သည်။
နပဝတ္တန္တိ၊ မဖြစ်ကုန်။
ဝေဒနံ၊ ထိုဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ဖြစ်သော ဝေဒနာကို။
သေဝတောစာပိ၊ အနိစ္စအစရှိသည်ကို နှလုံးသွင်း၍ မှီဝဲသုံးဆောင်သော ပုဂ္ဂိုလ်အားလည်း။
ခိယျတိ၊ အလုံးစုံသော ဝဋ်သည်ကုန်ခြင်းသို့ ရောက်၏။
နောပစိယတိ၊ ဝဋ်ဆင်းရဲတို့သည် ပွါးခြင်းသို့ မရောက်။
ဧဝံ၊ ဤသို့ ကိလေသာတို့၏ ပယ်ခြင်းကို ကျင့်သဖြင့်။
သော ပုဂ္ဂလော၊ ထို ပုဂ္ဂိုလ်သည်။
သတော၊ သတိပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍။
စရတိဝိဟရတိ၊ နေ၏။
ဧဝံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ။
အပစိနတော၊ မဂ်ပညာဖြင့် ဝဋ်ဆင်းရဲ အစဉ်ကို ဖျက်ဆီးခြင်းရှိသော ပုဂ္ဂိုလ်အား။
ဒုက္ခံ၊ ဝဋ်ဆင်းရဲသည်။
နောပစိယတိ၊ မပွါးမဖြစ်။
ဧဝံဘူတဿ၊ ဤသို့ သောအခြင်းအရာဖြင့် ဖြစ်သော ပုဂ္ဂိုလ်အား။
နိဗ္ဗာနံ၊ သဥပါဒိသေသ အနူပါဒိသေသနိဗ္ဗာန်ကို။
သန္တိကေ၊ အနီး၌ ဖြစ်၏ ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဓမ္မံ၊ မနောဝိညာဉ်ဖြင့် သိအပ်သော ဓမ္မာရုံကို။
ဉတွာ၊ မနောဒွါရိကဝိညာဉ်အစဉ်ဖြင့် သိ၍။
ပဋိဿတော၊ လေးပါးသော သမ္ပဇညအစွမ်းဖြင့် ဆင်ခြင်ခြင်းကို ပြုလေ့ရှိသည် အစွမ်းဖြင့်ထင်သော သတိရှိသည်။
ဟောတိ၊ ဖြစ်၏။
သော ပုဂ္ဂလော၊ ထို ပုဂ္ဂိုလ်သည်။
ဓမ္မေသု၊ ဓမ္မာရုံတို့၌။
နရဇ္ဇတိ၊ တပ်ခြင်းကို မဖြစ်စေ။
တထာစသတိ၊ ထိုဓမ္မာရုံ၌ မတပ်သည်အစွမ်းဖြင့် ထင်သော သတိရှိသော ပုဂ္ဂိုလ်သည်။
ဝိရတ္တစိတ္တော၊ ဓမ္မာရုံ၌ တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍။
ဝေဒေတိ၊ ဓမ္မာရုံကို မသာယာမနှစ်သက်သော အားဖြင့် ခံစား၏။
တဉ္စ၊ ထိုဓမ္မာရုံကိုလည်း။
နဇ္ဈောသ၊ ဤဓမ္မာရုံသည် ငါ၏ ကိုယ် ငါ၏ ဥစ္စာငါသည်ဖြစ်၏ ဟု တဏှာမာနဒိဋ္ဌိအစွမ်းဖြင့် မသက်မဝင်မူ၍။
တိဋ္ဌတိ၊ တည်၏။
အဿ၊ ထိုယောဂီ ပုဂ္ဂိုလ်အား။
ယထာ၊ အကြင်အနိစ္စအစရှိသော အခြင်းအရာဖြင့် ဓမ္မာရုံကို ရှုသည်ရှိသော်။
နပဝတ္တန္တိ၊ အဘိဇ္ဈာစသော တရားတို့သည် မဖြစ်ကုန်။
ဧဝံတထာ၊ ထိုအနိစ္စအစရှိသော အခြင်းအရာဖြင့်။
ဓမ္မံ၊ ဓမ္မာရုံကို။
ဝိဇာနတော၊ မနောဝိညာဉ်ဖြင့် သိသော ပုဂ္ဂိုလ်အား။
အဘိဇ္ဈာဒယော၊ အဘိဇ္ဈာအစရှိသော တရာတို့သည်။
နပဝတ္တန္တိ၊ မဖြစ်ကုန်။
ဝေဒနံ၊ ထိုဓမ္မာရုံကို အာရုံပြု၍ဖြစ်သော ဝေဒနာကို။
အသေဝတောစာပိ၊ တဏှာ၏ အစွမ်းဖြင့် မမှီဝဲသော ပုဂ္ဂိုလ်အားလည်း။
ခိယျတိ၊ အလုံးစုံသော ကိလေသာဝဋ်သည်ကုန်ခြင်းသို့ ရောက်၏။
နောပစိ ယတိ၊ ဝဋ်ဆင်းရဲတို့သည် ပွါးစေခြင်းသို့ မရောက်။
ဧဝံ၊ ဤသို့ ကိလေသာတို့ကိ ဖျက်ဆီးခြင်းအကျင့်ဖြင့်။
သတော၊ အဆင်အခြင်းသတိပညာနှင့် ပြည့်စုံသည်ဖြစ်၍။
သော ပုဂ္ဂလော၊ ထို ပုဂ္ဂိုလ်သည်။
စရတိဝိဟရတိ၊ နေ၏။
ဧဝံ၊ ဤသို့ ဆိုခဲ့တိုင်းသော အခြင်းအရာဖြင့်။
အပစိနတော၊ မဂ်ပညာဖြင့် ဖျက်ဆီးအပ်သော ဝဋ်တရားရှိသော ပုဂ္ဂိုလ်အား။
ဒုက္ခံ၊ ဝဋ််ဆင်းရဲသည်။
ခိယျတိ၊ ကုန်၏။
ဧဝံဘူတဿ၊ ဤသို့ ဝဋ်ဆင်းရဲကုန်ခြင်းကို ကျင့်သော ပုဂ္ဂိုလ်အား။
နိဗ္ဗာနံ၊ သဥပါဒိသေသအနူပါဒိသေသနိဗ္ဗာန်ကို။
သန္တိကေ၊ အနီး၌ဖြစ်၏ ဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဣတိ၊ ဤသို့။
မာလုကျပုတ္တောထေရော၊ မာလုကျ ပုတ္တထေရ်သည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော နှစ်ဆဲ့လေးဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
မာလုကျ ပုတ္တထေရဂါထာအနက်ပြီး၏။
သော ဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။
ပရိပုဏ္ဏကာယော၊ သုံးဆဲ့နှစ်ပါးသော ယောင်္ကျားမြတ်တို့၏ လက္ခဏာတို့၏ ပြည့်စုံခြင်းဖြင့်မယုတ်သော အင်္ဂါကြီးငယ်တို့နှင့် ပြည့်စုံသော ကိုယ်တော်ရှိသည်။
အသိ၊ ဖြစ်တော်မူ၏။
သုရုစိ၊ ကောင်းသော ကိုယ်တော်အရောင်ရှိသည်။
အသိ၊ ဖြစ်တော်မူ၏။
သုဇာတော၊ လုံးရပ်သက္ဌာန်နှင့် ပြည့်စုံသော ကောင်းစွာဖြစ်သော ကိုယ်ရှိသည်။
အသိ၊ ဖြစ်တော်မူ၏။
စာရုဒဿနော၊ မြင်ကုန်သော သူတို့၏ မရောင့်ရဲခြင်းကို ဖြစ်စေတတ်သော တင့်တယ်သော ကိုယ်ရှိသည်။
အသိ၊ ဖြစ်တော်မူ၏။
သုသုက္ကဒါဋ္ဌော၊ လရောင်စုကဲ့သို့ဖြူစင်သော အရောင်တို့ဖြင့် ပြိုးပြိုးပြက်ထွက်သော ကောင်းစွာ ဖြူစင်သော စွယ်တော်လည်းရှိတော်မူသည်။
အသိ၊ ဖြစ်တော်မူ၏။
ဝီရိယဝါ၊ လေးပါးအပြားရှိသော သမ္မပ္ပဓာန်၏ ပြည့်စုံခြင်းဖြင့် အလွန်အကဲနှင့်ယှဉ်သော လုံ့လလည်းရှိတော်မူ၏။
ဟိသစ္စံ၊ မှန်၏။
သုဇာတဿ၊ ကောင်းစွာဖြစ်သော။
နရဿ၊ ယောင်္ကျားမြတ်ဖြစ်သော စင်္ကြာမင်းအား။
ယေဝိဗျဉ္ဇနာ၊ အကြင်သုံးဆဲ့နှစ်ပါးသော ယောင်္ကျားမြတ်တို့၏ လက္ခဏာတော်ကြီး ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့သည်။
ဘဝန္တိ၊ ဖြစ်ကုန်၏။
သဗ္ဗေ၊ အကြွင်းမရှိကုန်သော။
တေမဟာပုရိသ လက္ခဏာ၊ ထိုသုံးဆဲ့ နှစ်ပါးသော ယောင်္ကျားမြတ်တို့၏ လက္ခဏာတော်ကြီး ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့သည်။
တဝ၊ အရှင်ဘုရား၏။
ကာယသ္မိံ၊ ကိုယ်တော်၌။
သန္တိ၊ ရှိကုန်၏။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ပသန္နနေတ္တော၊ ငါးပါးသော အဆင်းရှိသော စက္ခုပသာဒစသည်နှင့် ပြည့်စုံသောကြောင့် ကြည်ညိုဘွယ်သော မျက်စိလည်းရှိတော်မူ၏။
သုမုခေါ၊ လပြည့်ဝန်းနှင့် တူသော ကောင်းသော မျက်နှာတော်လည်း ရှိတော်မူ၏။
ဗြဟ္မဥဇု၊ လုံးရပ်တော်၏ ပြည့်စုံသဖြင့် မြတ်သောဖြောင့်မတ်သော ကိုယ်တော်လည်းရှိတော်မူ၏။
ပတာပဝါ၊ နေမင်း၏ အရောင်ရှိတော်မူ၏။
သမဏသံဃဿ၊ ရဟန်းအပေါင်း၏။
မဇ္ဈေ၊ အလယ်၌။
အာဒိစ္စောဝ၊ နေမင်းကဲ့သို့။
ဝိရောစတိ၊ အဝိဇ္ဇာဟူသော အမိုက်ကို ဖျောက်၍ ဉာဏ်ဟူသော အလင်းကို ပြုတော်မူသည် ဖြစ်၍ထွန်းတောက်ပတော်မူ၏။
ဘိက္ခုဘိက္ခူနံ၊ ရဟန်းတို့၏။
ကလျာဏဒဿနော၊ ငါးပါးသော မြတ်သော အမြင်တို့နှင့် ပြည့်စုံသော ကောင်းသော ကိုယ်လည်းရှိတော်မူ၏။
ကဉ္စနသန္နိဘတ္တစော၊ ရွှေအဆင်းနှင့်တူသော အရောင်နှင့် ပြည့်စုံသော အရေလည်းရှိတော်မူ၏။
ဧဝံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ။
ဥတ္တမဝဏ္ဏိနော၊ မြတ်သော အဆင်းနှင့် ပြည့်စုံသော။
တေ၊ အရှင်ဘုရားအား။
သမဏဘာဝေန၊ ရဟန်း၏ အဖြစ်ဖြင့်။
ကိံသောဘတိ၊ အဘယ်မှာ မတင့်တယ်ဘဲ ရှိတုံအံ့နည်း။
တေ၊ အရှင်ဘုရားအား။
စက္ကဝတ္တိ၊ စကြာ ရတနာကို လည်စေတတ်သော လေးပါးသော အံ့ဘွယ်သရဲသော သဘောရှိသော ။
ရထေသဘော၊ ရထားစီးသော သူတို့တွင် အာဇာနည်ဥသဘပုရိသအားဖြင့် မြတ်သော ရထားစီလည်း ဖြစ်တော်မူထသော။
စာတုရန္တော၊ သမုဒ္ဒရာလေးစင်းအဆုံးရှိသောမြေအပြင်ကို အစိုးရထသော။
ဝိဇိတာဝီ၊ မြေအပြင်၌ ရှိသော ရန်အပေါင်းကို အောင်စွမ်နိုင်ထသော။
ဇမ္ဗုမဏ္ဍဿ၊ ဇမ္ဗုဒိပ်ကျွန်းကို။
ဣဿရော၊ အစိုးရတော်မူထသော။
ရာဇာ၊ မင်းတကာတို့ထက် မြတ်သော မင်းသည်။
ဘဝိတုံ၊ ဖြစ်ခြင်းငှါ။
အရဟတိ၊ ထိုက်၏။
တွံ၊ အရှင်ဘုရားသည်။
ဘောဂါ၊ စည်းစိမ်ချမ်းသာကိုခံစားကုန်သော။
ခတ္တိယာ၊ မင်းမျိုး၌ ဖြစ်ကုန်သော။
ရာဇာနော၊ ခပ်သိမ်းသော မင်းတို့ကို။
အနုယန္တာ၊ အစဉ်လိုက်စေတတ်ကုန်သည်။
ဘဝန္တိ၊ ဖြစ်ကုန်၏။
ဂေါတမ၊ ဂေါတမအနွယ်ဖြစ်တော်မူသော ဘုရားမြတ်။
ရာဇာဓိရာဇာ၊ မင်းတကာတို့ထက်လွန်မြတ်သော မြင်းဖြစ်တော်မူထသော။
မနုဇိန္ဒော၊ လူတို့ကို အစိုးရသော။
တေတွံ၊ အရှင်ဘုရားသည်။
ဣသ္မိံ လောကေ၊ ဤသတ္တလောက၌။
ဓမ္မရာဇဘာဝေန၊ တရားမြင်းအဖြစ်ဖြင့်။
ရဇ္ဇံ၊ မင်း၏ အဖြစ်ကို။
ကာရေဟိ၊ ပြုတော်မူသော။
တွံ၊ အရှင်ဘုရားသည်။
ယံယေန၊ အကြင်အကြောင်းကြောင့်။
ရာဇာ၊ တရားမင်းသည်။
ဘဝိတုံ၊ ဖြစ်ခြင်းငှါ။
အရဟတိ၊ ထိုက်တော်မူ၏။
ဣတိ၊ ဤသို့။
ယာစသိ၊ တောင်းပန်၏။
သေလ၊ သေလရဟန်း။
အဟံ၊ ငါဘုရားသည်။
ရာဇာ၊ တရားမင်းသည်။
အသ္မိ၊ ဖြစ်ပြီ။
အနုတ္တရော၊ အတုမရှိသော။
ဓမ္မရာဇာ၊ တရားမင်းသည်။
ဟုတွာ၊ ဖြစ်၍။
ဓမ္မေန၊ သတိပဋ္ဌာန် အစရှိသည်ကိုခွဲဝေသော အားဖြင့် ဗောဓိပက္ခိယ ဟုဆိုအပ်သော တရားဖြင့်။
စက္ကံ၊ အာဏာစက်ကို။
ဝတ္တေမိ၊ လည်စေပြီ။
ယံစက္ကံ၊ အကြင်တရားတည်းဟူသော အာဏာ စက်ကို။
အပ္ပဋိဝတ္တိယံ၊ တစုံတယောက်သော ရဟန်း ပုဏ္ဏားစသောသူတို့သည် မတားမြစ်နိုင်သည်။
ဟောတိ၊ ဖြစ်၏။
သမ္ဗုဒ္ဓေါ၊ မဘောက်မပြန်သစ္စာလေးပါးတရားကို ကိုယ်တော်တိုင်း သိတော်မူသော။
အနုတ္တရော၊ သီလသမာဓိစသော ဂုဏ်ဖြင့် အတုမရှိသော။
ဓမ္မရာဇာ၊ တရားမင်းမြတ်တည်းဟု။
တွံ၊ အရှင်ဘုရားသည်။
ပဋိဇာနာသိ၊ ဝန်ခံတော်မူ၏။
ဓမ္မေန၊ သတိပဋ္ဌာန်စသော ဗောဓိပက္ခိယ ဟုဆိုအပ်သော တရားဖြင့်။
စက္ကံ၊ ကာမဝိတက်စသော တရားကို စွန့်စေ၍ ကုသိုလ်တရားသို့ ကပ်၍ နေစေသော အာဏာစက်ကို။
ဝတ္တေမိ၊ လည်စေတော်မူ၏။
ဂေါတမ၊ ဂေါတမအနွယ်ဖြစ်တော်မူသောဘုရားမြတ်။
တွံ၊ ရှင်ပင်ဘုရားသည်။
ဣတိဣဒံဝစနံ၊ ဤသို့သော စကားကို။
ဘာသတိ၊ ဆိုတော်မူ၏။
ဣတိ၊ ဤသို့။
သေလောစ ဗြဟ္မဏော၊ သေလရဟန္တာ ထေရ်သည်။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
အဝေါစ၊ နားတော်လျောက်၏။
သတ္ထာရနွယော၊ ဆရာဘုရား၏ အလိုသို့ အစဉ်လိုက်စွမ်းနိုင်သော။
ဘောတော၊ ရှင်ပင်ဘုရား၏။
သာဝကော၊ တပည့်သားဖြစ်သော။
သေနာပတိ၊ စစ်သူကြီးသည်။
ကောနု၊ အဘယ်သူနည်း။
တေ၊ အရှင်ဘုရားသည်။
ယံဓမ္မစက္ကံ၊ အကြင်တရားတည်းဟူသော အာဏာစက်ကို ။
ပဝတ္တိတံ၊ တည်စေအပ်ပြီ။။
ဣမံဓမ္မစက္ကံ၊ ဤတရားတည်းဟူသော အာဏာစက်သို့။
ကော၊ အဘယ်သူသည်။
အနုဝတ္တေသိ၊ လိုသနည်း။
ဣတိ၊ ဤသို့။
သေလော၊ သေလထေရ်သည်။
ဘဂဝန္တံ၊ မြတ်စွာဘုရားကို။
အဝေါစ၊ လျှောက်၏။
သေလ၊ သေလ။
မယာ၊ ငါသည်။
ပဝတ္တိယံ၊ လည်စေအပ်သော။
ယံစက္ကံ၊ အကြင်တရားတည်းဟူသော အာဏာစက်သည်။
အတ္ထိ၊ ရှိ၏။
အနုတ္တရံ၊ အတုမရှိသော။
တံဓမ္မစက္ကံ၊ ထိုတရားတည်းဟူသော အာဏာစက်ကို။
တထာဂတံတထာဂတေန၊ မြတ်စွာဘုရားဟောကြားသော အကြောင်းကြောင့်။
အနုဇာတော၊ အရိယ ဇာတ်အားဖြင့် ဖြစ်သော။
သာရိပုတ္တော၊ သာရိပုတ္တရာသည်။
အနုဝတ္တေတိ၊ အလိုသို့လိုက်၏။
ဣတိ၊ ဤသို့။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဗျာကာသိ၊ ဖြေတော်မူ၏။
သေလ၊ သေလ။
အဘိညေယျံ၊ သိအပ်သော သစ္စာလေးပါးတရားကို။
အဘိညာတံ၊ ထူးသော ဉာဏ်ဖြင့် သိအပ်ပြီ။
ဘာဝေတဗ္ဗံ၊ ငယ်အပ်သော သမုဒယသစ္စာတရားကို။
မေမယာ၊ ငါသည်။
ယသ္မာ၊ အကြင်ကြောင့်။
ပဟီနံ၊ ပယ်အပ်ပြီ။
တသ္မာ၊ ထိုကြောင့်။
ဗြဟ္မဏ၊ ပုဏ္ဏား။
အဟံ၊ ငါသည်။
ဗုဒ္ဓေါ၊ ဗုဒ္ဓမည်သည်။
အသ္မိ၊ ဖြစ်ပြီ။
ဗုဒ္ဓ၊ ရှင်ပင်ဘုရား။
မယိ၊ အကျွန်ုပ်၌။
ကင်္ခါ၊ ယုံမှားခြင်း လက္ခဏာရှိသော ဝိစိကိစ္ဆာကို။
ဝိနယ ဿု၊ ဖြတ်တော်မူဘိလော။
ဗြဟ္မဏ၊ ပုဏ္ဏား။
အဓိမုဉ္စဿု၊ ဆုံးဖြတ်ခြင်းကို ပြုလော။
ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့အား။
အဘိဏှသော၊ မပြတ်။
ဒဿနံ၊ ဖူးမြင်ရခြင်းကို။
ဒုလ္လဘံ၊ ရခဲသည်။
ဟောတိ၊ ဖြစ်၏။
တသ္မာ၊ ထိုကြောင့်။
အဓိမုဉ္စဿု၊ ဆုံးဖြတ်ခြင်းကို ပြု၍ ဘုရား၌ ယုံကြည်ခြင်းကိုဖြစ်သော။
လောကေ၊ လောက၌။
ယေသံဗုဒ္ဓါနံ၊ အကြင်ဘုရားရှင်တို့၏။
အဘိဏှာသော၊ မမြတ်။
ပါတုဘာဝေါ၊ ထင်စွာ ဖြစ်ခြင်းကို။
ဝေဧကန္တေန၊ စင်စစ်သဖြင့်။
ဒုလ္လဘော၊ ရခဲ၏။
ဗြာဟ္မဏ၊ ပုဏ္ဏား။
သောအဟံ၊ ထိုငါသည်။
အနုတ္တရော၊ အတုမရှိသော ။
သလ္လကတ္တော၊ ရာဂဟူသော ငြောင့်ကို နှုတ်တတ်ပယ်တတ်သော။
ဗြဟ္မဘူတော၊ မြတ်သည်ဖြစ်၍ ဖြစ်သော။
အတိတုလော၊ ချိန်နှင့် တူသော ဉာဏ်ဖြင့် နှိုင်းယှဉ်အပ်သော အတူဖြစ်သော ပုဂ္ဂိုလ်ကို လွန်သော။
မာရသေနပ္ပမဒ္ဒနော၊ ဒေဝပုတ္တစသော မာရ်ကိုနှိပ်နင်းနိုင်ထသော။
ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။
အသ္မိ၊ ဖြစ်ပြီ။
သောအဟံ၊ ထိုငါသည်။
သဗ္ဗာမိတ္တေ၊ ကိလေသာ မာရ်စသော အလုံးစုံသော ရန်သူတို့ကို။
ဝသီကတွာ၊ မိမိအလိုသို့လိုက်စေ၍။
အကုတောဘယော၊ တစုံတခုသော ဘေးမရှိသည်ဖြစ်၍။
မောဒါမိ၊ သာမဓိသုခဖကသုခနိဗ္ဗာနသုခဖြင့် မွေ့လျော်၏။
စက္ခုမာ၊ စက္ခု ငါးပါးနှင့် ပြည့်စုံတော်မူသော။
သလ္လကတ္တော၊ ရာဂစသော ငြောင့်ကို နှုတ်ပယ်တော်မူပြီးထသော။
မဟာဝီရော၊ ကြီးမြတ်သော လုံ့လရှိတော်မူသော မြတ်စွာဘုရားသည်။
ဝနေ၊ တော၌။
သီဟော၊ ကေသရာဇာခြင်္သေ့မင်းသည်။
နဒတိဣဝ၊ ဟောက်သကဲ့သို့။
ယံဝစနံ၊ အကြင်ပိဋကတ် သုံးပုံဟု ဆိုအပ်သော စကားကို။
ယထာ၊ အကြင်အခြင်းအရာဖြင့်။
ဘာသတိ၊ ဟောတော်မူ၏။
တထာ၊ ထိုဘုရားဟောတိုင်းသော အခြင်းအရာဖြင့်။
ဣဒံဝစနံ၊ ဤငါဟောသောဘုရားစကားတော်ကို။
ဘောန္တော၊ အရှင်တို့သည်။
နိသာမေထ၊ သောတဒွါရကို အစဉ်မှီးသဖြင့် မှတ်ကုန်သော။
ဗြဟ္မဘူတံ၊ မြတ်သည်ဖြစ်၍ ဖြစ်ထသော။
အတိတုလံ၊ နှိုင်းယှဉ်စရာ ဥပမာကိုလွန်သော။
မာရသေနပ္ပမဒ္ဒနံ၊ ကိလေသာမာရ်စသော မာရ်ငါးပါးကို နှိပ်နင်းနိုင်ထသော။
သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။
ဒိသွာ၊ ဖူးမြင်ရသည်ရှိသော်။
ကော၊ အဘယ်သူသည်။
နပ္ပသီဒေယျ၊ မကြည်ညိုဘဲရှိတုံးအံ့နည်း။
ကဏှဘိဇာတိကောအပိ၊ ယုတ်သော အမျိုးရှိသော သုပင်ဖြစ်သော်လည်း။
ပသီဒေယျ၊ ကြည်ညိုရာ၏။
ယော၊ အကြင်တပည့်သည်။
မံ၊ ငါသို့။
အနွေတုံ၊ အစဉ်လိုက်ခြင်းငှါ။
ဣစ္ဆတိ၊ အလိုရှိအံ့။
အနွေတု၊ ငါသို့လိုက်စေလော။
ယောဝါ၊ အကြင်တပည့်သည်လည်း။
နိစ္ဆတိ၊ ငါသို့လိုက်ခြင်းငှါ အလိုမရှိအံ့။
သော၊ ထိုတပည့်သည်။
ဂစ္ဆတု၊ သွားလေလော။
အဟံ၊ ငါသည်။
ဝရပညဿ၊ မြတ်သော ပညာနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏။
သန္တိကေ၊ အထံ၌။
ဣဓဣမသ္မိံကာလေ၊ ယခုအခါ၌။
ပဗ္ဗဇိဿာမိ၊ ရဟန်းပြုအံ့။
ဣတိ၊ ဤသို့။
သေလော၊ သေလပုဏ္ဏားသည်။
မာဏစေ၊ မိမိတပည့်တို့ကို။
ဧတံဝစနံ၊ ဤသို့သော စကားကို။
အဝေါစ၊ ဆို၏။
ဧတံဝုတ္တေ၊ ဤသို့ ဆရာကဆိုလတ်သည်ရှိသော်။
မာဏဝါ၊ တပည့်လုလင်တို့သည်။
ဘောတော၊ အရှင်သေလအား။
ဧတံသမ္မာသမ္ဗုဒ္ဓသာသနံ၊ ထိုမြတ်စွာဘုရား သာသနာတော်ကို။
ဧတဧကန္တေန၊ စင်စစ်သဖြင့်။
ရုစ္စတိ၊ ရဟန်းပြုခြင်း၌ နှစ်သက်သည်ဖြစ်အံ့။
မယမ္ပိ၊ အကျွန်ုပ်တို့သည်၎င်း။
ဝရပညဿ၊ မြတ်သော ပညာရှိတော်မူသော မြတ်စွာဘုရား၏။
သန္တိကေ၊ အထံ၌။
ပဗ္ဗဇိဿာမ၊ အတူလိုက်၍ ရဟန်းပြုပါကုန်အံ့။
ဘဂဝါ၊ ဘုန်းတော်ကြီးသောဘုရား။
တဝ၊ ရှင်ပင်ဘုရား၏။
သန္တိကေ၊ အထံ၌။
ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို။
စရိဿာမ၊ ကျင့်ပါကုန်အံ့။
ဣတိ၊ ဤသို့။
အတိသတာ၊ တရားထက်လွန်ကုန်သော။
ဣမေဗြဟ္မဏာ၊ ဤပုဏ္ဏားတို့သည်။
ပဉ္ဇလီကတာ၊ လက်အုပ်ချီခြင်းကို ပြုကုန်လျက်။
ယာစန္တိ၊ တောင်းပန်ကုန်၏။
သေလောသေလဿ၊ သေလပုဏ္ဏားအား။
သွာခါတံ၊ မြတ်စွာဘုရားသည်ကောင်းစွာဟောအပ်သော။
သန္နိဋ္ဌိကံ၊ မျက်မှောက်၌ အကျိုးကို ပေးတတ်သော။
အကာလိတံ၊ အခါမလင့်အကျိုးပေးခြင်းသို့ ရောက်စေတတ်သော။
ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ပကာသေတွာ၊ ပြတော်မူ၍။
ယတ္ထ၊ အကြင်သာသနာတော်၌။
အပ္ပမတ္တဿ၊ မမေ့မလျော့သော သတိရှိသည်ဖြစ်၍။
သိက္ခတော၊ အဓိသီလစသော သုံးပါးသော သိက္ခာကို ကျင့်သောသူအား။
ပဗ္ဗဇ္ဇာ၊ ရဟန်းအဖြစ်သည်။
အမောဃာ၊ အချည်းစည်းမရှိသည်။
ဟောတိ၊ ဖြစ်၏။
စက္ခုမ၊ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော။
ဘဂဝါ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား။
ယသ္မာ၊ အကြင်ကြောင့်။
မယံ၊ အကျွန်ုပ်တို့သည်။
ဣတော၊ ဤရဟန်းပြုသောနေ့မှ။
အတီတေ၊ လွန်လေပြီးသော။
အဋ္ဌမီ၊ ရှစ်ရက်မြောက်သောနေ့၌။
ယံတံ သရဏံ၊ အကြင်ရတနာသုံးပါးအား ကိုးကွယ်ခြင်းသို့။
အာဂမ၊ ရောက်ကုန်ပြီ။
တသ္မာ၊ ထိုကြောင့်။
သတ္တရတ္တေန၊ ခုနစ်ရက်ဖြင့်။
တဝ၊ အရှင်ဘုရား၏။
သာသနေ၊ သာသနာတော်၌။
ဓမ္မိကေန၊ အဆုံးအမပေးတော်မူသဖြင့်။
ဒန္တာ၊ ယဉ်ကြေးကုန်သည်။
အမှာ၊ ဖြစ်ကုန်၏။
တေ၊ အရှင်ဘုရားအား။
သရဏဂမနဿ၊ ကိုးကွယ်ခြင်းသို့ရောက်ခြင်း၏။
အာနုဘာဝေါ၊ အာနုဘော်သည်။
အဟော၊ ဩအံ့ဘွယ်ရှိစွတကား။
တုဝံ၊ ရှင်ပင်ဘုရားသည်။
ဗုဒ္ဓေါ၊ သစ္စာလေးပါးတရားကို သိပြီးသော ဘုရားသည်။
အသိ၊ ဖြစ်တော်မူ၏။
တုဝံ၊ ရှင်ပင်ဘုရားသည်။
သတ္ထာ၊ လူနတ်တို့အားဆုံမတော်မူတတ်သော ဆရာသည်။
အသိ၊ ဖြစ်ပြီ။
တုဝံ၊ ရှင်ပင်ဘုရားသည်။
သတ္ထာ၊ လူနတ်တို့အားဆုံးမတော်မူတတ်သော ဆရာသည်။
အသိ၊ ဖြစ်ပြီ။
တုဝံ၊ ရှင်ပင်ဘုရားသည်။
မာရာဘိဘူ၊ မာရ်ငါးပါးကို နှိပ်နင်းဖျက်ဆီးနိုင်သော ။
မုနိ၊ ပစ္စုပ္ပန်လောကသံသရာလောကနှစ်ပါးကို သိစွမ်းနိုင်သော မောနဟု ဆိုအပ်သော သဗ္ဗညုတညာဏ်နှင့် ပြည့်စုံတော်မူသောဘုရားသည်။
အသိ၊ ဖြစ်တော်မူ၏။
တုဝံ၊ ရှင်ပင်ဘုရားသည်။
အနုဿယေ၊ ကာမရာဂါနုသယ စသည်တို့ကို။
ဆေတွာ၊ အရဟတ္တမဂ်ဉာဏ်ဖြင့် ဖြတ်တော်မူ၍။
တိဏ္ဏော၊ ကိုယ်တော်သည်သံသရာ ဩဃထဲမှ ကူးမြောက်ပြီးသည်ဖြစ်၍။
ဣမံ ပဇံ၊ ဤသတ္တဝါ အပေါင်းကို။
တာရေသိ၊ သံသရာဝဲဩဃထဲမှ နိဗ္ဗာန်ဟူသော ကြည်းထက်သို့ ပို့ဆောင်ကယ်တင်တော်မူ၏။
တေ၊ အရှင်ဘုရားသည်။
ဥပဓိ၊ ခန္ဓုပဓိရှိသော အလုံးစံဒသော ဥပဓိတို့ကို။
သမတိက္ကန္တာ၊ မဂ်ဖြင့် ကောင်းစွာလွန်တော်မူပြီ။
တေတယာ၊ အရှင်ဘုရားသည်။
အာသဝါ၊ ကာမာသဝစသောလေးပါးသော အာသဝတို့ကို။
ပဒါလိတာ၊ မဂ်ဖြင့် အကြွင်းမဲ့ ခွဲပယ်ဖျက်ဆီးအပ်ပြီ။
တုဝံ၊ အရှင်ဘုရားသည်။
သီဟော၊ ကေသရာဇာခြင်္သေ့မင်းသည်။
ပဟီနဘယဘေရဝေါဣဝ၊ ငယ်အပ်သော ဘေးဘုန်းရှိသကဲ့သို့။
အနုပါဒါနော၊ အချင်းခပ်သိမ်းအားဖြင့် ပယ်အပ်ပြီးသော ကာရပါဒါန်စသော လေးပါးသော ဥပါဒါန်ရှိသည်ဖြစ်၍။
ပဟီနာဘယဘေရဝေါ၊ ပယ်အပ်ပြီးသော ဘေးကျန်းရှိသည်။
အသိ၊ ဖြစ်တော်မူ၏။
ဘဂဝါ၊ ဘုန်းတော်ကြီးသော ဘုရားသည်။
ဣမေအဘိသတာ၊ ဤအရာမကသောရဟန်းတို့ကို။
ဘိက္ခဝေါ၊ ရဟန်းတို့။
ဥထ၊ လာလှည့်ကုန်။
ဣတိအာဒိဝစနံ၊ ဤသို့သော စကားကို။
အဝေါစ၊ မိန့်တော်မူ၏။
တေဘိက္ခူ၊ ထိုရဟန်တို့သည်။
ပဉ္ဇလီကတာ၊ ချီအပ်သော လက်အုပ်ရှိကုန်သည်ဖြစ်၍။
တိဋ္ဌန္တိ၊ ရပ်ကုန်၏။
ဋ္ဌတွာ၊ ရပ်ကုန်ပြီး၍။
ဝီရ၊ ကြီးသောလုံ့ရှိတော်မူသော ဘုရားမြတ်။
တဝ၊ အရှင်ဘုရား၏။
ပါဒေ၊ ခြေတော်တို့ကို။
ပသာရေဟိ၊ ဆန့်တော်မူလော။
နာဂါ၊ ရဟန္တာ တို့သည်။
သတ္ထုနော၊ မြတ်စွာဘုရားအား။
ဝန္ဒန္တု၊ ခြေတော်ကို ရှိခိုးစေကုန်လော။
ဣတိ၊ ဤသို့။
အဝေါစုံ၊ လျှောက်ထားကုန်၏။
ဣတိ၊ ဤသို့။
သေလောထေရော၊ သေလထေရ်သည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော နှစ်ဆဲ့လေးဂါထာတို့ကို။
အဘာသိ၊ ရွတ်ဆိုပြီ။
သေလေထေရဂါထာ အနက်ပြီး၏။
ဘန္တေ၊ အရှင်ဘုရား။
ပုဗ္ဗေ၊ ရှေးအခါ၌။
ဟတ္ထိဂီဝါယ၊ ဆင်၏လည်၌။
နိသီဒိတွာ၊ ထိုင်၍။
ယာတံစရိတံ၊ သွားအပ်၏။
ဝတ္ထာနိ၊ အဝတ်တို့ကို။
ပရိဟရန္တေနပိ၊ ဆောင်သော်လည်း။
သုခုမာဝတ္ထာပဓာရိတာ၊ ကောင်းသောအတွေ့ရှိသော သိမ်မွေ့နူးညံ့သော ကာသိကတိုင်း၌ဖြစ်သော ပုဆိုးအထူးကို သာဆောင်၏။
ဘုဉ္ဇန္တေနဝိ၊ ထမင်းစားသော်လည်း။
သာလီနံ၊ သုံးနှစ်ဟောင်းလေပြီးသော ကောင်းသော အနံ့ရှိသော သလေးတို့၏။
သုစိမံသူပသေစနော၊ ခါသားသမင်းသားအစရှိသော စင်ကြယ်သော သားဖြင့် ပြွမ်းသော။
ဩဒနော၊ ထမင်းကို။
ဘုတ္တော၊ စားအပ်၏။
အဇ္ဇ၊ ယခုရဟန်းအဖြစ်၌ တည်းသော အခါ၌ကား။
သော အဟံ၊ ဤငါသည်။
ဘဒ္ဒေါ၊ ကောင်းသော သီလသမာဓိစသော ဂုဏ်နှင့် ပြည့်စုံသည်ဖြစ်၍။
သာတတိကော၊ မျက်မှောက်၌ ဖြစ်သော ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သော။
ဥဉ္ဆာ၊ သပိတ်လက်ဆွဲ၍ ဆွမ်းခံခြင်းဖြင့်။
ပတ္တဂတေ၊ သပိတ်၌တည်သော ဆွမ်း၌။
ရတော၊ အလွန်မွေ့လျော်၏။
ဂေါဓာယ၊ ကာဠိဂေါဓာမည်သော မင်းသမီး၏။
ပုတ္တော၊ သားဖြစ်သော။
ဘဒ္ဒိယော၊ ဘဒ္ဒိယမထေရ်သည်။
အနုပါဒါနော၊ ဥပါဒါန်တရားလေးပါးမှ ကင်းပြီးသည်ဖြစ်၍။
ဈာယတိ၊ ဖလသမာပတ်ဈာန်ဖြင့် ဝင်စား၏။
ပံသုကူလိသာတတိကော၊ ပန့်သကူဓုတင်ဆောက်တည်သဖြင့် မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
ဥဉ္စာဥဉ္ဆစစရိယာယ၊ သပိတ်လက်စွဲ၍ ဆွမ်းခံသွားသဖြင့်။
ပတ္တဂတေ၊ သပိတ်၌ တည်သော ရရသမျှသော ဆွမ်း၌။
ရတော အဘိရတော၊ အလွန်မွေ့လျော်၏။
ဂေါဓာယ၊ ကာဠိဂေါဓာမည်သော မင်းသမီး၏ ။
ပုတ္တော၊ သားဖြစ်သော။
ဘဒ္ဒိယော၊ ဘဒ္ဒိယထေရ်သည်။
အနုပါဒါနော၊ ဥပါဒါန်တရားလေးပါးမှ ကင်းသည်ဖြစ်၍။
ဈာယတိ၊ ဖလသမာပတ်ဖြင့် ဝင်စား၏။
ပိဏ္ဍပါတီသာတတိကော၊ ပိဏ္ဍပတ်ဓုတင်ဆောက်တည်ခြင်းဖြင့် မြတ်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
(ပေ)၊
တေစီဝရကောသာတတိကော၊ တိစိစရိက်ဓုတင်ဆောက်တည်သဖြင့် မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌အမြဲယှဉ်သည်ဖြစ်၍။
(ပေ)၊
သပဒါနစာရီသာတတိကော၊ အိမ်စဉ်မပြတ်ဆွမ်းရပ်ခြင်းဟု ဆိုအပ်သော သပဒါနစာရိကဓုတင်ဖြင့် မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
(ပေ)၊
ဧကာသနကောသာတတိကော၊ ဧကာသနိက်ဓုတင်ဆောက်တည်သဖြင့် ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ်၏အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
(ပေ)၊
ပတ္တပိဏ္ဍိကောသာတတိယော၊ ပတ္တပိုင်ဓုတင်ဆောက်တည်သဖြင့် ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
(ပ)၊
ခလုပစ္ဆာဘတ္တီသာတတိကော၊ ခလုပစ္ဆာဓုတင်ကို ဆောက်တည်သဖြင့် ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှည်သည်ဖြစ်၍။
(ပေ)၊
အာရညိကောသာတတိကော၊ အာရညကင်ဓုတင်ဆောက်တည်သဖြင့် ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
(ပေ)၊
ရုက္ခမူလိကောသာတတိကော၊ ရုက္ခမူဓုတင်ဆောက်တည်သဖြင့် ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ် ၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှည်သည်ဖြစ်၍။
(ပေ)၊
အဗ္ဘောကာသကောသာတတိကော၊ အဗောကာသိကဓုတင်ဆောက်တည်သဖြင့် ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
(ပေ)၊
သောကာနိကောသာတတိကော၊ သုသာန်ဓုတင်ဆောက်တည်သဖြင့် ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာ နေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
(ပေ)၊
ယထာသန္တတိကောသာတတိကော၊ ယထာသန္တတိဓုတင်ဆောက်တည်သဖြင့် ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ်၏ အဖြစ်၌ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
(ပေ)၊
နေသဇ္ဇိကောသာ တတိကော၊ နေသဇ္ဇိကဓုတင်ဆောက်တည်သဖြင့် ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ် ၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
(ပေ)၊
အပ္ပိစ္ဆောသာတတိကော၊ ပစ္စည်းလေးပါးဝယ်အလိုနည်းသဖြင့် ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ် ၏အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
(ပေ)၊
သန္တုဋ္ဌောသာတတိကော၊ ပစ္စည်းလေးပါးဝယ်ရောင့်ရဲ လွယ်သဖြင့် ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
(ပေ)၊
ပဝိဝိတ္တောသာတတိကော၊ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်သဖြင့် ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌ ယှဉ်သည်ဖြစ်၍။
(ပေ)၊
အသံသဋ္ဌောသာ တတိကော၊ လူတို့နှင့် ရောနှောခြင်း မရှိသည်ဖြစ်၍ ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
(ပေ)၊
အာရဒ္ဓဝီရိယော သာတတိကော၊ အားထုတ်အပ်သော လုံ့လရှိသဖြင့် ရဟန်းတရား၌ မြင်အပ်သော မျက်မှောက်သော ကိုယ်၏ အဖြစ်၌ ချမ်းသာစွာနေခြင်း၌ အမြဲယှဉ်သည်ဖြစ်၍။
(ပ)၊
ပုရေ၊ ရှေးလူဖြစ်သောအခါ၌။
သောဝဏ္ဏံ၊ ရွှေဖြင့် ပြီးသော ။
သတရာဇိကံ၊ များသော အနားရေးရှိသော။
သတပလံ၊ တရာသော ပိုလ်အချိန်ရှိသော။
ကံသံ၊ ရွှေလင်ပန်းကို ။
ဟိတွာ၊ စွန့်၍။
မတ္တိကပတ္တံ၊ မြေသပိတ်ကို။
အဂ္ဂဟိံ၊ ယူပြီ။
ဣဒံ၊ ဤမြေသပိတ်ကို ယူခြင်းသည်။
ဒုတိယာဘိသေစနံ၊ နှစ်ကြိမ်မြောက်သော ဘိသိက်သွန်းခြင်းမည်၏။
မဏ္ဍလိပါကာရေ၊ ဝန်းသော အခြင်းအရာရှိသော တံတိုင်းတို့ဖြင့် ခြံရံအပ်သော။
ဒဠှမဋ္ဋာလကောဋ္ဌကေ၊ မြဲမြံစွာပြုအပ်သော ပြအိုးပြဝင် တံခါးမုတ်တို့နှင့် ပြည့်စုံသော ပြည်၌။
ဥစ္စေ၊ မြင့်သော ပြသာဒ်ထက်၌။
ခဂ္ဂဟတ္ထေဟိ၊ သန်လျက်လက်စွဲ ကုန်သော ယောင်္ကျားတို့သည်။
ရက္ခိတော၊ စောင့်ရှောက်အပ်သည်ဖြစ်လျက်။
ပုရေ၊ ရှေးလူဖြစ်သော အခါ၌။
ဥတ္တသံ၊ ကြောက်လန့်ခြင်းရှိသည်ဖြစ်၍။
ဝိဟရိံ၊ နေရပြီ။
အဇ္ဇ၊ ယခုရဟန်းဖြစ်သောအခါ၌။
ဘဒ္ဒေါ၊ ကောင်းသော စိတ်ရှိသည်ဖြစ်၍။
ပဟီနဘယဘေရဝေါ၊ ပယ်အပ်ပြီးသော ဘေးကြောက်မက်ဘွယ်ရှိသည်ဖြစ်၍။
သောအဟံ၊ ထိုငါသည်။
အနုတြာသီဝိဟရိံ၊ ကြောက်လန့်မရှိသည်ဖြစ်၍ နေပြီ။
ဂေါဓာယ၊ ကာဠိဂေါဓာမည်သော မင်းသမီး၏။
ပုတ္တော၊ သားဖြစ်သော ။
ဘဒ္ဒိယော၊ ဘဒ္ဒိယထေရ်သည်။
ဝနံ၊ တောတည်းသို့။
ဩဂယှ၊ သက်၍။
ဈာယတိ၊ ဖလသမာပတ်ချမ်းသာကို ဝင်စားသော အားဖြင့် နေပြီ။
သီလက္ခန္ဓေ၊ သီလဟူသော ကျေးဇူး၌။
ပတိဋ္ဌာယ၊ တည်၍။
သတိဉ္စ၊ သတိသမာဓိကိုလည်းကောင်း။
ပညဉ္စ၊ ဖလသမာပတ်နိရောဓသမာပတ်နှင့်ယှဉ်သော ပညာကိုလည်းကောင်း။
ဘာဝယံဘာဝယန္တော၊ သမထဝိပဿနာကို ပွါးစေလျက်။
အနုပုဗ္ဗေန၊ အစဉ်သဖြင့်။
သဗ္ဗသံယောဇနက္ခယံ၊ အလုံးစုံသော သံယောဇဉ်တို့၏ ကုန်ခြင်းသို့။
ပါပုဏိံ၊ ရောက်ပြီ။
ဣတိ၊ ဤသို့။
ကာဠိဂေါဓာယ၊ ကာဠိဂေါဓာမည်သောမင်းသမီး၏။
ပုတ္တော၊ သားဖြစ်သော။
ဘဒ္ဒိယော၊ ဘဒ္ဒိယထေရ်သည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော နှစ်ဆဲ့လေးဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
ကာဠိဂေါဓာမည်သော မင်းသမီး၏ သားဖြစ်သော ဘဒ္ဒိယ ထေရဂါထာ အနက်ပြီး၏။
သမဏ၊ ရှင်ရဟန်း။
တွံ၊ ရှင်ရဟန်းသည်။
ဂစ္ဆံ ဂစ္ဆ န္တော၊ သွားသည်ဖြစ်လျက် ။
ဌိတော၊ ရပ်သည်။
အမှိ၊ ဖြစ်၏။
ဣတိဣဒံဝစနံ၊ ဤသို့သော စကားကို။
ဝဒေသိ၊ သင်ဆိုဘိ၏။
မမံ၊ ငါ့ကို။
ဌိတံယေဝ၊ ရပ်လျက်သာလျှင်။
အဋ္ဌိတောတိ၊ မရပ်ဟူ၍။
ဗြူသိ၊ ဆိုဘိ၏။
သမဏ၊ ရှင်ရဟန်း။
တံ၊ ရှင်ရဟန်းကို။
ဧတံမတ္ထံ၊ ထိုအကြောင်းကို။
အဟံ၊ ငါသည်။
ပုစ္ဆာမိ၊ မေး၏။
ကသ္မာကေန ကာရဏေန၊ အဘယ်အကြောင်းကြောင့်။
တွံ၊ အရှင်ရဟန်းသည်။
အဟံ၊ ငါသည။
ဌိတော၊ ရပ်ပါလျက်။
အဌိတော၊ မရပ်သည်။
အမှိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
ဗြူသိ၊ ဆိုဘိသနည်း။
ဣတိ၊ ဤသို့။
အဝေါစ၊ လျှောက်၏။
ဧဝံ၊ ဤသို့။
ဝုတ္တေ၊ အင်္ဂုလိမာလက ဆိုသည်ရှိသော်။
ဘဂဝွ၊ မြတ်စွာဘုရားသည်။
အင်္ဂုလိမာလ၊ အင်္ဂုလိမာလ။
အဟံ၊ ငါသည်။
သဗ္ဗဒါ၊ ခပ်သိမ်သောအခါ၌။
သဗ္ဗေသုဘူတေသု၊ အလုံးစုံသော သတ္တဝါတို့၌။
ဒဏ္ဍံ၊ ရိုက်နှက်ခြင်းဟု ဆိုအပ်သော ဒဏ်ကို။
နိဓာယ၊ ချ၍။
ဋ္ဌိတော၊ ရပ်သည်။
အသ္မိ၊ ဖြစ်၏။
တွဉ္စ၊ သင်အင်္ဂုလိမာလမူကား။
ပါဏေသု၊ သတ္တဝါတို့၌။
အသညတော၊ ကိုယ်နှုတ်ဖြင့် စောင့်စည်ခြင်းမှ ကင်းသည်။
အသိ၊ ဖြစ်၏။
တသ္မာ၊ ထိုကြောင့်။
အဟံ၊ ငါသည်။
ဋ္ဌိတော၊ ရပ်သည်မည်၏။
တုဝံ၊ သင်မှာမူကား။
အဋ္ဌိတော၊ ယခုရပ်သော်လည်း နောင်အခါ ထိုထိုသို့သောဂတိတို့၌ လည်သည်၏ အစွမ်းဖြင့်သွားရသောကြောင့် မရပ်သော သူမည်သည်။
အသိ၊ ဖြစ်၏။
မဟိတော၊ နတ်နှင့်တကွသော လူသည် ပူဇော် အပ်ထသော။
မဟေသီ၊ သီလက္ခန္ဓစသော မြတ်သော တရားကို ရှာတော်မူပြီးထသော။
သမဏော၊ ငြိမ်းစေအပ်ပြီးသော မကောင်းမှုရှိသော ဘုရားမြတ်စွာသည်။
မဟာဂနံ၊ တောကြီးသို့။
မေမယှံ၊ ငါ့အား။
အနုဂ္ဂဟတ္ထာယ၊ ချီးမြှောက်အံ့သောငှါ။
သံပစ္စုပါဒိ၊ အကြင်ကြောင့် ကြွတော်မူလာ၏။
တံပဋိပဇ္ဇနံ၊ ထိုသို့အကျွန်ုပ်အားချီးမြှောက်အံ့သော ငှါ ကြွတော်မူလာခင်းသည်။
စိရဿဝတ၊ ကြာမြင့်လှစွာ၏ တကား။
သော အဟံ၊ ထိုအကျွန်ုပ်သည်။
တဝ၊ အရှင်ဘုရား၏။
ဓမ္မယုတ္တံ၊ တရားနှင့်စပ်သော။
ဂါထံ၊ ဘွဲ့ဆိုသီကုံးအပ်သော ဂါထာကို။
သုတွာန၊ ကြားရသောကြောင့်။
သဟဿပါပံ၊ ကြာမြင့်စွာ ကာလပတ်လုံးလေ့လာအပ်သော အထောင်သော မကောင်းမှုကို။
စဇိဿာမိ၊ စွန့်ပါအံ့။
ဣစ္စေဝဣတိဧဝ၊ ဤသို့သော စကားကိုသာလျှင်။
ဝတွာ၊ ဆို၍။
စောရော၊ အင်္ဂုလိမာလခိုးသူသည်။
အသိံစ၊ သန်လျက်ကိုလည်းကောင်း။
အာဝုဓဉ္စ၊ ထိုသန်လျက်မှ ကြွင်းသော လေးလှံစသော လက်နက်ကိုလည်းကောင်း။
သောဗ္ဘေ၊ ထက်ဝန်းကျင်မှ ပြတ်သော ကမ်းပါးရှိသော ။
ပပါတေ၊ တကွနက်ပြတ်သော ကမ်းပါးရှိသော။
နရကေ၊ မြေ၌ကွဲသော ဟင်းလင်းသော အပြင်ရှိသော။
ပဗ္ဗတန္တရေ၊ တောင်တို့၏ အပြတ်အကြား၌။
အနွကာသိ၊ မိမိလက်နက် အစဉ်အတိုင်းပစ်စွန့်ပေ၏။
တာနိ၊ ထိုလက်နက်တို့ကို။
ဆဋ္ဋေတွာ၊ စွန့်ပြီး၍။
စောရော၊ အင်္ဂုလိမာခိုးသူသည်။
သုဂတဿ၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရား၏။
ပါဒေ၊ ခြေတော်တို့ကို။
အဝန္ဒိ၊ ရှိခိုး၏။
တတ္ထေဝ၊ ထိုအရပ်၌ပင်လျှင်။
ပဗ္ဗဇ္ဇံ၊ ရဟန်းအဖြစ်ကို။
ဗုဒ္ဓံ ဗုဒ္ဓဿ၊ ဘုရားရှင်အား။
ယာစိ၊ တောင်းပန်၏။
ခေါ၊ စင်စစ်။
ကာရုဏိကော၊ ကြီးမြတ်သော ကာရုဏာရှိတော်မူထသော။
မဟေသိ၊ မြတ်သော သီလက္ခန္ဓစသော တရားအပေါင်းကို ရှာတော်မူပြီးထသော။
သဒေဝကဿ၊ နတ်နှင့်တကွ ဖြစ်သော။
လောကဿ၊ လူအပေါင်း၏။
သတ္ထာ၊ ဆရာဖြစ်တော်မူသော။
ယော ဗုဒ္ဓေါ၊ အကြင်မြတ်စွာဘုရားသည်။
တဒါ၊ ထိုအခါ၌။
တံတဿမေ၊ ထိုငါ့အား။
ဘိက္ခု၊ ရဟန်း။
ဧဟိ၊ လာလှည့်။
ဣတိဣဒံဝစနံ၊ ဤသို့သော စကားကို။
အဝေါစ၊ မိန့်တော်မူ၏။
တဿ၊ ထိုအင်္ဂုလိမာလအား။
ဧသေဝဧသောဧဝ၊ ဤလာလှည့်ရဟန်းဟု ဘုရားမိန့်တော်မူသော ။
ဧဟိဘိက္ခု၊ ပဉ္စင်းအဖြစ်သည်ပင်လျှင်။
ဘိက္ခုဘာဝေါ၊ ရဟန်းအဖြစ်သည်။
အာဟု၊ ဖြစ်၏။
ယော၊ အကြင်အမှတ်မရှိသော လူရဟန်းသည်။
ပုဗ္ဗေ၊ ရှေးသူတော်မဟုတ်သူယုတ်တို့နှင့် ပေါင်းဘော်သောအခါ၌။
ပမဇ္ဇိတွာန၊ မိမိအဆင်းအခြင်မရှိသော အားဖြင့်ကောင်းသော အကျင့်၌ မေ့လျော့ခြင်းကို ရောက်ပြီး၍။
ပစ္ဆာ၊ နောက်အဆွေခင်ပွန်းကောင်းနှင့်ပေါင်းဘော်သောအခါ၌။
သော၊ ထိုအမှတ်မရှိသော လူရဟန်းသည်။
နပဇ္ဇတိ၊ အသင့်နှလုံးသွင်းသောအားဖြင့်ကောင်းသော အကျင့်ကို မမေ့မလျော့ကျင့်၏။
သော ပုဂ္ဂလော၊ ထိုကောင်းသော အကျင့်ကို ကျင့်ပြန်သော ပုဂ္ဂိုလ်သည်။
အဗ္ဘာ၊ တိမ်တိုက်မှ။
မုတ္တော၊ လွတ်သော။
စန္ဒိမာဝစန္ဒိမာဣဝ၊ သကဲ့သို့။
ဣမံလောကံ၊ ဤခန္ဓာ အစရှိသော လောကကို။
ဩဘာသေတိ၊ အကျိုးကို ဖြစ်စေခြင်း၌ အကြောင်းကို ပိတ်ပင်ခြင်းဖြင့် မကောင်းမှုမှ ကင်း၍ ထွန်းတောက်ပ၏။
ယဿ၊ အကြင်အမှတ်မရှိသောလူရဟန်းအား။
ကတံ၊ ပြုအပ်သော။
ပါပကမ္မံ၊ မကောင်းမှုကံကို။
ကုသလေန၊ ထိုမကောင်းမှုကံ၏ ကုန်ခြင်းကို ပြုတတ်သော လောကုတ္တရာကုသိုလ်ဖြင့်။
ပိဓိယတိ၊ အကျိုးကို ဖြစ်စေခြင်း၌ အကြောင်းကို ပိတ်ပင်ခြင်းဖြင့် ပိတ်ပင်အပ်၏။
သော၊ ထိုအမှတ်မရှိသော လူရဟန်းသည်။
အဗ္ဘာ၊ တိမ်တိုက်မှ။
မုတ္တော၊ လွတ်သော။
စန္ဒိမာဝစန္ဒိမာဣဝ၊ သကဲ့သို့။
ဣမံလောကံ၊ ဤခန္ဓာစသော လောကကို။
ဩဘာသေတိတက္ကကိရတိ၊ အကျိုးကို ဖြစ်စေခြင်း၌ အကြောင်းကံကို ပိတ်ပင်ခြင်းဖြင့် ပိတ်ဆို့ဆီးထားအပ်၏။
ဒဟရော၊ ငယ်သေးသော။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။
ဟဝေဧကန္တေန၊ စင်စစ်သဖြင့်။
ဗုဒ္ဓသာသနေ၊ သိက္ခာသုံးပါးဖြင့်ရေတွက်အပ်သော ဘုရားသာသနာတော်၌။
ယုဉ္ဇတိ၊ အရိုအသေကမ္မဋ္ဌာန်း၌ အားထုတ်၏။
သော၊ ထိုအမှည်းမရှိသော လူရဟန်းသည်။
အဗ္ဘာ၊ တိမ်တိုက်မှ။
မုတ္တော၊ လွတ်သော။
စန္ဒိမာစန္ဒိမာဣတ၊ သကဲ့သို့။
ဣမံလောကံ၊ ဤခန္ဓာအစရှိသောလောကကို။
ဩဘာသတိ၊ ထွန်းတောက်ပသဖြင့် တင့်တယ်စေ၏။
မေမယှံ၊ ငါ့အား။
ဒိသာပိ၊ ရန်သူတို့သည်လည်း။
ဓမ္မကထံ၊ တ ရားစကားကို။
သုဏန္တု၊ နာစေကုန်သတည်း။
မေမယှံ၊ ငါ၏။
ဒိသာဟိ၊ ရန်သူတို့သည်။
ဗုဒ္ဓသာသနေ၊ မြတ်စွာဘုရားသာသနာတော်၌။
ယုဉ္စန္တု၊ သစ္စာလေးပါးတရားကို သိစေခြင်း အကျိုးငှါ ကျင့်စေကုန်သတည်း။
မေ၊ ငါ၏။
ဒိသာဟိဒိသာဧဝ၊ ရန်သူဖြစ်ကုန်သော သူတို့သည်သာလျှင်။
သန္တိ၊ ရှိကုန်၏။
ထေ၊ ထိုရန်သူဖြစ်ကုန်သော သူတို့သည်။
မနုဿေ၊ သူတော်ကောင်းဖြစ်ကုန်သော ကလျာဏမိတ္တတို့သို့။
ဘဇန္တု၊ ဆည်းကပ်စေကုန်သတည်း။
ယောသန္တော၊ အကြင်သူတော်ကောင်းတို့သည်။
ဓမ္မမေဝ၊ ကုသိုလ်ဓမ္မလော ကုတ္တရာဓမ္မကိုသာလျှင်။
အာဒါပယန္တိ သမာဒပေန္တိဂဏှာပေန္တိ၊ ယူစေကုန်သတည်း။
မေ၊ ငါ၏။
ဒိသာဟိ၊ ရန်သူဖြစ်ကုန်သော သူတို့သည်။
ခန္တိဝါဒါနံ၊ သည်းခံခြင်းကျေးဇူးကို ဆိုတတ်ကုန်သော။
အရောပေသံသီနံ၊ တစုံတယောက်သော သူနှင့်မဆန့်ကျင်သော မေတ္တာဖြင့် နေလေ့ရှိကုန်သော သူတို့ကို ချီးမွမ်းလေ့ရှိကုန်သော သူတို့၏။
သန္တိကေ၊ အထံ၌။
ကာလေန၊ သင့်တင့်လျောက်ပတ်သော အခါ၌။
ဓမ္မံ၊ တရားကို။
သုဏန္တု၊ နာစေကုန်သတည်း။
တဉ္စ၊ ထိုကြားအပ်တိုင်းသော တရားကိုလည်း။
အနုဝိဓိယန္တု၊ ကောင်းစွာသင်၍ အတုလိုက်၍ ကျင့်စေကုန်သတည်း။
ဟိယသ္မာ၊ အကြင်ကြောင့်။
မမံ၊ ငါ၏။
သော၊ ထိုရန်သူဖြစ်သော သူသည်။
ဇာတုဧကန္တေန၊ စင်စစ်သဖြင့်။
မမံ၊ ငါ့ကို။
နဟိသေနဟိသေယျ၊ မညှည်းဆဲမနှိပ်စက်စေသတည်း။
အညဝါပန၊ ငါမှ တပါးလည်းဖြစ်သော။
ကိဉ္စိနံ၊ အချို့သော သတ္တဝါကို။
နဟိံသေ၊ မညှဉ်းဆဲစေသတည်း။
ပရမံဥတ္တမံ၊ မြတ်သော။
သန္တိံ၊ နိဗ္ဗာန်သို့။
အဗ္ဗုယှ၊ ရောက်စေသတည်း။
ပါပုဏိတွာ၊ ရောက်ပြီး၍လည်း။
သတထာပရေ၊ ထိုအလုံးစုံသော သတ္တဝါအပေါင်း၌။
ရက္ခေယျ၊ တပည့်သားကိုကဲ့သို့စောင့်ရှောက်စေသတည်း။
နေတ္တိကာ၊ ရေကိုဆောင်လိုကုန်သော သူတို့သည်။
ပူရေတွာ၊ မြင့်သော အရပ်ကမြေကိုတူး၍ နိမ့်ရာအရပ်ကို ပြည့်စေ၍။
မာတိကံ၊ မြောင်းကို။
ကတွာဝါ၊ ပြု၍လည်းကောင်း။
ရုက္ခဒေါဏံ၊ သစ်သားသရောက်သစ်သားကျင်းကို။
ဋ္ဌပေတွာ၊ ထား၍။
ဣစ္ဆိတဋ္ဌာနံ၊ မိမိလိုရာအရပ်သို့။
ဥဒကံ၊ ရေကို။
နေန္တိယထာစ၊ ဆောင်သကဲ့သို့ လည်းကောင်း။
တေဇနံ၊ မြှားကို။
ဥဿုကာရာ၊ လေးသမားတို့သည်။
တာပေတွာ၊ မီးကင်၍။
ဝင်္ကဘာဝံ၊ ကောက်သော အဖြစ်ကို။
ဥဇုံကတွာ၊ ဖြောင့်စွာ ပြု၍။
ဒမယန္တိယထာ၊ ဖြောင့်ကုန်သကဲ့သို့လည်းကောင်း။
တစ္ဆကာ၊ သစ်ရွှေသမားတို့သည်။
အတ္ထာယ၊ အကွပ်အစရှိသည်တို့၏ အကျိုးငှါ။
ကစ္ဆန္တော၊ ရွေကုန်လျက်။
ဒါရုံ၊ သစ်ကို။
ဒမယန္တိယထာ၊ မိမိတို့၏ အလိုအတိုင်းအဖြောင့်အကောက်ကို ပြုကုန်သကဲ့သို့လည်းကောင်း။
ဧဝံတထာ၊ ထိုအတူ။
ပဏ္ဍိတာ၊ ပညာရှိသော အရိယမဂ်ကို ဖြစ်စေတတ်သော သူတို့သည်။
အတ္တာနံ၊ မိမိကိုယ်ကို။
ဒမယန္တိ၊ အရဟတ္တမဂ်သို့ ရောက်အောင်ဆုံးမကုန်၏။
ဧကေ၊ အချို့ကုန်သော မင်းမင်း၏ အမတ်ကြီး စသော သူတို့သည်။
ဒဏ္ဍေန၊ ယှံ ကန်ဆင်မြင်း ဗိုလ်ပါအပေါင်းဖြင့်။
ပစ္စတ္ထိကေ၊ ရန်သူတို့ကို။
ဒမယန္တိ၊ ဆုံးမကုန်၏။
ဂေါပါလာဒယော၊ နွားလိမ်းသော သူစသည်တို့သည်။
ဂဝါဒိကော၊ နွားစသည်တို့ကို။
ဒဏ္ဍေန၊ လှံကန်ဖြင့်။
ဒမေန္တိယထာ၊ ဆုံးမကုန်သကဲ့သို့လည်းကောင်း။
ဟတ္ထာစရိယာ၊ ဆင်ဆရာတို့သည်။
အင်္ကုသေဘိ၊ ချွန်းတောင်းတို့ဖြင့်။
ဟတ္ထိံ၊ ဆင်ကို။
ဒမေန္တိယထာ၊ ဆုံးမကုန်သကဲ့သို့လည်းကောင်း။
အသာစရိယာ၊ မြင်းဆရာတို့သည်။
ကသာတိ၊ ကြိမ်လုံးတို့ဖြင့်။
အဿေ၊ မြင်းတို့ကို။
ဒမေန္တိယထာစ၊ ဆုံးမကုန်သကဲ့သို့လည်းကောင်း။
အဟံ၊ ငါသည်။
အဒဏ္ဍေန၊ လှံ ကန်မရှိသဖြင့်။
အသတ္ထေန၊ ဓားလက်နက်မရှိဘဲလျက်။
တာဒိနာ၊ ဣဋ္ဌာရုံ အနိဋ္ဌာရုံ စသည်၌ တုန်လှုပ်ြခင်းမရှိသော ဘုရားမြတ်စွာသည်။
ဒန္တောဒမ္မိကော၊ ဆုံးမအပ်သည်ဖြစ်၍။
နိဗ္ဗိသေဝနော၊ အဆိပ်အတောက်ကင်းခြင်းကို။
ကတော၊ ပြုအပ်သည်။
အမှိ၊ ဖြစ်ပြီ။
မေ၊ ငါ၏။
နာမံ၊ အမည်သည်။
ပုရေ၊ ရှေးဘုရားသခင်နှင့် မပေါင်းမီကာလ၌။
ဟိံ သကဿ၊ ဟိံ သကအမည်ရှိ၏။
နာမံ၊ အမည်မျှသည်။
အဟောသိ၊ ဖြစ်ပြီ။
အဇ္ဇ၊ ယခု။
အဟံ၊ ငါသည်။
အဟိံ သကောတိ၊ အဟိံ သကောဟူသော။
သစ္စနာမော၊ မချွန်မယွင်းသော အမည်ရှိသည်။
အမှိ၊ ဖြစ်ပြီ။
တသ္မာ၊ ထိုကြောင့်။
ကိဉ္စိ၊ တစုံတယောက်သော။
နံသတ္တံ၊ ထိုသတ္တဝါကို။
နဟိံ သာမိ၊ မညှဉ်းဆဲပြီ။
အာဝုသော၊ ငါ့ရှင်တို့။
အဟံ၊ ငါသည်။
ပုရေ၊ ရှေးလူဖြစ်သော အခါ၌။
အင်္ဂုလိမာလောတိ၊ အင်္ဂုလိမာလဟူ၍။
ဝိဿုတော၊ ကျော်စောသော။
စောရော၊ ခိုးသူသည်။
အာသိံ၊ ဖြစ်ဘူး၏။
မဟာဃေန၊ ကာမောဃစသော ကြီးစွာသော ဩဃဖြင့်။
ဂုယှမာနော၊ မျောသည်ဖြစ်လျက်။
ဗုဒ္ဓံ၊ ထိုကြီးစွာသော ဩဃ၏ ဖြတ်ခြင်းကို ပြုတတ်သော ဘုရားသခင်ကို။
သရဏံ၊ ဆင်းရဲကိုဖျောက်၍ချမ်းသာကို ဆောင်ပေတတ်သော သူဟူ၍ ကိုးကွယ်ခြင်းသို့။
အာဂမံ ဥပဂစ္ဆိံ၊ ကပ်ပြီ။
ပုရေ၊ ရှေးအခါ၌။
အင်္ဂုလိမာလောတိ၊ အင်္ဂုလိမာလဟူ၍။
ဝိဿုတော၊ သူအသက်ကို သတ်ခြင်းရှိသော ကြမ်းကြုတ်သော သူစသည်ဖြင့် ကျော်စောသော။
လောဟိတပါဏိ၊ သတ္တဝါတို့ကို သတ်သဖြင့် တပါးသော သူတို့၏ သွေးဖြင့် လိမ်းကျံသော လက်ရှိသည်။
အာသိံ၊ ဖြစ်ပြီ။
ဣဒါနိ၊ ယခုအခါ၌။
သရဏဂမနံ၊ ဘုရားမြတ်စွာအား ကိုးကွယ်ခြင်းသို့ရောက်ခြင်း၏ များသော အကျိုးရှိသော အဖြစ်ကို။
ပဿ၊ ရှုလော။
မယာ၊ ငါသည်။
ဘဝနေတ္တိ၊ ဘဝသုံးပါးသို့ဆောင်တတ်သော တဏှာကို။
သမူဟတာ၊ ကောင်းစွာမဂ်ဖြင့်နှုတ်အပ်ပြီ။
အဟံ၊ ငါသည်။
ဗဟုံ၊ များစွာသော။
ဒုဂ္ဂတိဂါမိနံ၊ ဒုဂ္ဂတိဘဝသို့လားကြောင်းဖြစ်သော။
တာဒိသံကမ္မံ၊ ထိုအရာမက များသော ယောင်္ကျားတို့ကို သတ်သော မကောင်းမှုကံကို။
ကတွာန၊ ပြု၍။
ကမ္မဝိပါကေန၊ မကောင်းမှုကံ၏ အကျိုးဖြင့်။
ဖုဋ္ဌော၊ အချင်းခပ်သိမ်းပယ်အပ်သော ကံ၏ အကျိုးစက်မျှကိုခံစားလျက်။
အနုဏော၊ ခပ်သိမ်းသော ကိလေသာတို့၏ ကုန်ပြီးသော ကြောင့် မြီကင်းလျက်။
ဘောဇနံ၊ ဆွမ်းစသော ဘောဇဉ်ကို။
ဘုဉ္စာမိ၊ သုံးဆောင်ခံစား၏။
ဗာလော၊ မိုက်သော အဖြစ်နှင့် ပြည့်စုံကုန်သော။
ဒုမ္မေမိနောဇနာ၊ ပညာမှ ကင်းကုန်သော လူမိုက်တို့သည်။
ပမာဒံ၊ ကုသိုလ်ကောင်းမှု၌ မေ့လျော့ခြင်းကို။
အနုယုဉ္ဇန္တိ ပဝတ္တန္တိ၊ မေ့လျော့သဖြင့် ကာလကိုလွန်၍ ဖြစ်စေကုန်၏။
မေဓာဝီ၊ တရားဩဇာ ပညာနှင့် ပြည့်စုံသော ပညာရှိသည်။
သေဋ္ဌံ၊ မြတ်သော။
ဓနံဓနံ ဝိယ၊ အမျိုးအနွယ်အတိုင်းလာသော ရတနာခုနစ်ပါးဟု ဆိုအပ်သော ဥစ္စာကဲ့သို့။
အပ္ပမာဒဉ္စ၊ ထင်သော သတိရှိသည်ဖြစ်၍ ကုသိုလ်ကောင်းမှု၌ မမေ့မလျော့အားထုတ်ခြင်းကို။
ကတွာ၊ ပြု၍။
ရက္ခတိ၊ မြတ်သော နိဗ္ဗာန်ချမ်းသာသို့ ရောက်အောင်စောင့်ရှောက်၏။
အာဝုသော၊ င့ါရှင်တို့။
ပမာဒံ၊ ကုသိုလ်ကောင်းမှု၌ မေ့လျော့သဖြင့် ကာလကို လွန်စေခြင်းကို။
မာအနုယုဉ္ဇေထ၊ မဖြစ်စေကုန်လင့်။
ကာမရတိသန္ဓဝံ၊ ကာမဂုဏ်ဖြင့် မွေ့လျော်ပေါင်းဘော်ခြင်းကို။
မာအနုယုဉ္ဇေထ၊ မဖြစ်စေကုန်လင့်။
အပ္ပမတ္တော၊ ကုသိုလ်ကောင်းမှု၌ မမေ့မလျော့သော ပုဂ္ဂိုလ်လည်း ။
ဈာယန္တော၊ ဈာန်ဝင်စားခြင်း၌ လေ့လာသည်ဖြစ်၍။
ပရမံ၊ မြတ်သော။
သုခံ၊ နိဗ္ဗာန်ချမ်းသာသို့။
ပပ္ပေါတိပါပုဏာတိ၊ ရောက်၏။
မမ၊ ငါ၏။
ယံမဟာဝနံ၊ အကြင်နေရာဖြစ်သောတောကြီးသို့။
သတ္ထု၊ မြတ်စွာဘုရား၏။
ယံအာဂမနံ၊ အကြင်လာခြင်းသည်။
အတ္ထိ၊ ရှိ၏။
တံအာဂမနံ၊ ထိုင့ါနေရာတောကြီးသို့ ကြွတော်မူလာခြင်းသည်။
သွာဂတံ၊ ကောင်းသော ကြွလာခြင်းတည်း။
အပဂတံ၊ အကျိုးစီးပွါးမှ ကင်းသော ကြွလာခြင်းသည်။
နဟောတိ၊ မဖြစ်။
မယာ၊ ငါသည်။
သတ္ထုသန္တိကေ၊ မြတ်စွာဘုရား၏ အထံတော်၌။
ပဗ္ဗဇိဿာမီတိ၊ ရဟန်းပြုအံ့ဟူ၍။
ယံမန္တိတံ၊ အကြင်အတိုင်းပင်အကြံအစည်ကို။
မန္တိတံ၊ တိုင်ပင်အပ် ကြံအပ်၏။
ဣဒံမန္တိတံ၊ ဤသို့တိုင်ပင်ကြံခြင်းသည်။
မမ၊ ငါအား။
ဒုမ္မန္တီတံ၊ မကောင်းသဖြင့် တိုင်ပင်ကြံခြင်းသည်။
နဟောတိ၊ မဖြစ်။
ကသ္မာ၊ အဘယ်ကြောင့်နည်း ဟူမူကား။
သံဝိဘတ္တေသု၊ သာဝဇ္ဇအနဝဇ္ဇစသော အပြားဖြင့်ခွဲခြမ်းဝေဘန်အပ်ကုန်သော။
ဓမ္မေသု၊ တရာတို့တွင်။
ယံဓမ္မံ၊ အကြင်တရားသည်။
သေဋ္ဌံ၊ မြတ်၏။
တံ၊ ထိုမြတ်သော နိဗ္ဗာန်တရားကိုသာလျှင်။
ဥပဂမံ ဥပဂစ္ဆိ၊ ကပ်ပြီ။
သတ္ထု၊ မြတ်စွာဘုရား၏။
တသ္မိံ မဟာဝနေ၊ ထိုတောကြီး၌။
ယံအာဂမနံ၊ အကြင်ကြွလာခြင်းသည်။
အတ္ထိ၊ ရှိ၏။
တံအာဂမနံ၊ ထိုသို့ ကြွလာတော်မူခြင်းသည်။
သွာ ဂတံ သုအာဂတံ၊ ကောင်းသော ကြွလာခြင်းတည်း။
အပဂတံ၊ အကျိုးစီးပွါးမှ ကင်းသော ကြွလာခြင်းသည်။
န၊ မဟုတ်။
မမ၊ ငါသည်။
သတ္ထု၊ မြတ်စွာဘုရား၏။
သန္တိကေ၊ အထံ၌။
ပဗ္ဗဇိဿာမိ၊ ရဟန်းပြုအံ့။
ဣတိ၊ ဤသို့။
မန္တိတံ၊ တိုင်ပင်အပ်ကြံအပ်၏။
မမ၊ ငါ၏။
ဣမံမန္တိတံ၊ ဤသို့ ရဟန်းပြုအံ့ဟု တိုင်ပင်ခြင်းကြံခြင်းသည်လည်း။
ဒုမ္မန္တိတံ၊ မကောင်းသဖြင့် ပြီးတိုင်ပင်ခြင်းကြံခြင်းသည်။
န၊ မဟုတ်။
မယာ၊ ငါသည်။
တိဿောဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာတို့ကို။
အနုပတ္တာ၊ ရောက်ကုန်ပြီ။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏ ။
သာသနံ၊ အဆုံးအမကို။
ကတံ၊ ပြုအပ်ပြီ။
အဟံ၊ ငါသည်။
အရညေ၊ တော၌။
ရုက္ခမူလေဝါ၊ သစ်ပင်ရင်း၌လည်းကောင်း။
ပဗ္ဗတေသုဝါ၊ တောင်တို့၌၎င်း။
ဂုဟာသုဝါ၊ တောင်ခေါင်းလှိုဏ်တို့၌လည်းကောင်း။
တတ္ထတတ္ထေဝ၊ ထိုထိုသို့သော အရပ်၌ သာလျှင်။
တဒါ၊ ထိုလူဖြစ်သောအခါ၌။
ဥဗ္ဗိဂ္ဂမနသော၊ ထိတ်လန့်သော စိတ်ရှိလျက်။
အဋ္ဌာသိ၊ ရပ်ရ၏။
ဣဒါနိ၊ ယခုရဟန်းဖြစ်သောအခါ၌။
သယန္တောပိ၊ အိပ်သော်လည်း။
သုခံ၊ ချမ်းသာစွာ။
သယာမိ၊ အိပ်ရ၏။
တိဋ္ဌန္တောပိ၊ ရပ်သော်လည်း။
သုခံ၊ ချမ်းသာစွာ။
ဋ္ဌာယာမိ၊ ရပ်ရ၏။
ဇီဝန္တောပိ၊ အသက်ရှင်သော်လည်း။
သုခံ၊ ချမ်းသာစွာ။
ဇီဝိတံ၊ အသက်ကို။
ကပ္ပေမိ၊ မွေးရ၏။
မာရဿ၊ ကိလေသာမာရ်စသည်၏ ။
အဟတ္တပါသော၊ ကျက်စားရာမဟုတ်သောကြောင့် လက်ဖြင့် ထောင်အပ်သော ကျော့ကွင်းမှ ကင်း၏။
သတ္ထာနုကမ္ပိတော၊ မြတ်စွာဘုရားသည် သတ္တဝါတို့၌ သနားတော်မူအပ်သော အဖြစ်သည်။
အဟော၊ ဪအံ့ဘွယ်ရှိပေစွ။
အဟံ၊ ငါသည်။
ပုရေ၊ ရှေးအခါ၌။
ဥဒ္ဒိစ္စော၊ ထင်ရှားသော ။
ဥဘတော၊ အမိအဘနှစ်ပါးစုံအားဖြင့်။
ဗြာဟ္မဇစ္စော၊ ဇာတ်အားဖြင့် ပုဏ္ဏားမျိုးသည်။
အာသိံ၊ ဖြစ်ပြီ။
အဇ္ဇ၊ ယခုရဟန်းဖြစ်သော အခါ၌။
သောအဟံ၊ ထိုငါသည်။
သုဂတဿ၊ ကောင်းသော စကားကို ဆိုတော်မူတတ်ထသော။
ဓမ္မရာဇဿ၊ တရားမင်းဖြစ်တော်မူထသော။
သတ္ထုနော၊ မြတ်စွာဘုရား၏။
ပုတ္တော၊ ကိုယ်တော်ရင်နှစ်သားတော်စစ်သည်။
အဟု၊ ဖြစ်ပြီ။
သောအဟံ၊ ထိုငါသည်။
ဒါနိဣဒါနိ၊ ယခုအခါ၌။
ဝီတတဏှော၊ ကင်းသော တဏှာရှိသည်။
အနာဒါနော၊ ကိလေသာတဏှာတည်းဟူသော စွဲလမ်းခြင်းမရှိသည်။
ဂုတ္တဒွါရော၊ စက္ခုဒွါရစသည်၌ လုံခြုံစောင့်ရှောက်အပ်သော တံခါးရှိသည်။
သုသံဝုတော၊ မနလျှင်ခြောက်ခုမြောက်ဖြစ်သော ဣန္ဒြေတို့၌ ပိတိအပ်သော တံခါးရှိသည်။
အသ္မိံ၊ ဖြစ်ပြီ။
မေမယာ၊ ငါသည်။
အဃမူလံ၊ ဇရာမရဏ၏ အရင်းဖြစ်သော အဝိဇ္ဇာဟူသော အမြစ်ကို။
ဝမိတွာန၊ အရဟတ္တမဂ်ဉာဏ်ဖြင့်နှုတ်ပြီး၍။
အာသဝက္ခယော၊ အာသဝေါတို့၏ ကုန်ရာဖြစ်သော အရဟ္တဖိုလ်နိဗ္ဗာန်သို့။
ပတ္တော၊ ရောက်ပြီ။
မေမယာ၊ ငါသည်။
သတ္တာသတ္တေသု၊ သတ္တဝါတို့၌။
ပရိစိဏ္ဏော၊ မေတ္တာစသည်ကို ပွါးစေသော အားဖြင့်အလေ့အလာပြုအပ်ပြီ။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
သာသနံ၊ အဆုံးအမတော်ဖြစ်သော မဂ်ဟူသော အကျင့်ကို။
အဟံ၊ ငါသည်။
ကတံ၊ ကျင့်အပ်ပြုအပ်ပြီ။
ဂရုကောဘာရော၊ လေးစွာသော ခန္ဓာဝန်ကို။
ဩဟိတော၊ ချအပ်ပြီ။
ဘဝနေတ္တိ၊ ဘဝသုံးပါးသို့ ဆောင်တတ်သော တဏှာဟူသော ကြိုးကို။
သမူဟတာ၊ အကြွင်းမဲ့ဖြတ်အပ်ပြီ။
ဣတိ၊ ဤသို့။
အင်္ဂုလိမာလောထေရော၊ အင်္ဂုလိမာလထေရ်သည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆို သီကုံးအပ်သော နှစ်ဆဲ့လေးဂါထာတို့ကို။
အဘာသိ၊ ရွတ်ဆိုပြီ။
အင်္ဂုလိမာလထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။
မာတာပိတရော၊ အမိအဘတို့ကိုလည်းကောင်း။
ဘဂိနိဉာတိဘာတရောစ၊ နှစ်မဆွေမျိုး အစ်ကိုတို့ကို လည်းကောင်း။
မဟာယ၊ စွန့်၍။
ပဉ္စကာမဂုဏေ၊ ပါးပါးသော ကာမဂုဏ်တို့ကို။
ဟိတွာ၊ စွန့်၍။
အနုရုဒ္ဓေါဝ၊ အနုရုဒ္ဓါအမည်ရှိသော ငါသည်လျှင်။
ဈာယတိ၊ အာရမ္မဏူပနိဇ္ဈာနဈာန် လက္ခဏူပနိဇ္ဈာနဈာန် နှစ်ပါးကို ဝင်စားလျက် နေ၏။
နစ္စဂီတေဟိ၊ ကခြင်းသီချင်းတို့နှင့်။
သမုပေတော၊ ပြည့်စုံသည်ဖြစ်၍။
သမ္မဘာဠပ္ပဗောဓနော၊ ကြေးမောင်းနှင့်ခွက်ခွင်းသံတို့ဖြင့် နံနက်အခါတို့၌ နှိုးအပ်၏။
တေန၊ ထိုကာမဂုဏ်ကိုခံစားခြင်းဖြင့်။
သုဒ္ဓိံ၊ သံသရာ၏ စင်ကြယ်ခြင်းကို။
နအဇ္ဈဂါနာဓိဂစ္ဆိ၊ မရ။
မာရဿ၊ ကိလေသာမာရ်၏။
ဝိသယေ၊ အရာဖြစ်၍ ဖြစ်သော ကာမဂုဏ်၌။
ရတော၊ မွေ့လျော်၏။
ဧတဉ္စ၊ ထိုငါးပါးအပြားရှိသော ကာမဂုဏ်ကိုလည်း။
သမတိက္ကမ္မ၊ ငဲ့ကွက်ခြင်းမရှိစွန့်သော အားဖြင့်လွန်၍။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
သာသနနေ၊ သာသနာတော်၌။
ရတော၊ မွေ့လျော်၏။
သဗ္ဗောဃံ၊ ကာမောဃစသော အလုံးစုံသော ဩဃကို။
သမတိက္ကမ္မ၊ အရဟတ္တမဂ်ဉာဏ်အစွမ်းဖြင့် ကောင်းစွာလွန်၍။
အနုရုဒ္ဓေါဝ၊ အနုရုဒ္ဓေါအမည်ရှိသော ငါသည်လျှင်။
ဈာယတိ၊ အာရမ္မဏူပနိဇ္ဈာနဈာန်လက္ခဏူပနိဇ္ဈာန ဈာန်နှစ်ပါးကို ဝင်စားလျက်နေ၏။
မနောရမာ၊ နှလုံးမွေ့လျော်ဘွယ်ရှိကုန်သော။
ယေရူပါစ၊ အကြင်ရူပါရုံ တို့သည်လည်းကောင်း။
ယေသဒ္ဒါစ၊ အကြင်သဒ္ဒါရုံတို့သည်လည်းကောင်း။
ယေဂန္ဓာစ၊ အကြင်ဂန္ဓာရုံတို့သည်လည်းကောင်း။
ယေရသာစ၊ အကြင်ရသာရုံတို့ သည်လည်းကောင်း။
ယေဖေါဋ္ဌဗ္ဗာစ၊ အကြင်ဖေါဗ္ဗာရုံတို့သည်လည်းကောင်း။
သန္တိ၊ ရှိကုန်၏။
ဧတေစ၊ ထိုငါးပါးသော ကာမဂုဏ်တို့ကိုလည်း။
သမတိက္ကမ္မ၊ ကောင်းစွာလွန်၍။
အနုရုဒ္ဓေါစ၊ အနုရုဒ္ဓါအမည်ရှိသော ငါသည်လျှင်။
ဈာယတိ၊ အာရမ္မဏူပနိဇ္ဈာနဈာန်လက္ခဏူပနိဇ္ဈာနဈာန်နှစ်ပါးကို ဝင်စားလျက်နေ၏။
ပိဏ္ဍပါတံ၊ ဆွမ်းခံခြင်းမှ။
အတိက္ကန္တော၊ နှစ်ခဲ့သည်ရှိသော်။
ဧကော၊ နောက်လိုက်ရဟန်းမရှိတယောက်အတည်းလည်း။
အဒုတိယော၊ တဏှာဟူသော အပေါင်းအဘော်မရှိသည်ဖြစ်၍။
အနာသဝေါ၊ အာသဝေါကင်းပြီးသော။
အနုဒ္ဓေါ၊ အနုဒ္ဓါအမည်ရှိသော။
မုနိ၊ ရဟန္တာသည်။
ပံသုကူသာနိ၊ ပံ့သကူသင်္ကန်းတို့ကို။
ဧသတိ၊ ရှာမှီး၏။
ဝိစိနိ၊ ရွေးချယ်စီစစ်၍။
အဂ္ဂဟိ၊ ယူ၏ ။
ဓောဝိ၊ မြူအညစ်အကြေးတို့ကို ဖွပ်လျှောက်၏။
ရဇယိ၊ ချုပ်၍ ကပ္ပိယ ဆိုးရေဖြင့်ဆိုး၏။
မတိမာ၊ ပညာရှိသော ။
အနာသဝေါ၊ အာသဝေါကင်းပြီးသော။
အနုရုဒ္ဓေါ၊ အနုရုဒ္ဓါ အမည်ရှိသော။
မုနိ၊ ရဟန္တာသည်။
ပံသုကူလာနိ၊ ပံ့သကူသင်္ကန်းတို့ကို။
ဓာရတိ၊ ကပ္ပဗိန္ဒု ထိုး၍ ဝတ်ရုံ၏။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။
မဟိစ္ဆောစ၊ အလိုလည်းကြီး၏။
အသန္တုဋ္ဌောစ၊ ယထာလာဘသန္တောသစသော သန္တောသမှ လည်းကင်း၏။
သံသဋ္ဌော၊ လူရဟန်းတို့နှင့်ရောနှောလျက်။
ဥဒ္ဓတော၊ ပျံ့လွင့်သော စိတ်ရှိသည်ဖြစ်၍။
ဝိဟရတိ၊ နေ၏။
တဿ၊ ထိုအလိုကြီးခြင်း စသည်နှင့် ပြည့်စံဒသော ပုဂ္ဂိုလ်အား။
ပါပကာ၊ ယုတ်မာကုန်သော။
သံကိလေသိကာ၊ စိတ်၏ညစ်နွမ်းခြင်းကို ပြုတတ်ကုန်သော။
ဣမေဓမ္မာ၊ ဤအလိုကြီးခြင်းအစရှိကုန်သော အကုသိုလ်တရားတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ယတောစယသ္မိံ ကာလေ၊ အကြင်အခါ၌။
အယံ ပုဂ္ဂလော၊ ဤပုဂ္ဂိုလ်သည်။
သတော၊ သတိနှင့် ပြည့်စုံသည်။
အပိစ္ဆော၊ ပစ္စည်းလေးပါးတို့၌နည်းသော အလိုရှိသည်။
သန္တုဋ္ဌော၊ ရရသမျှသော ပစ္စည်းဖြင့် ရောင့်ရဲလွယ်သည်။
အဝိဃာတဝါ၊ စိတ်၏ ပျံ့လွင့်ခြင်းမှ ကင်းသည်။
ဝိဝိတ္တော၊ ဝဋ်၌ ငြီးငွေ့သော တရား၌ နှစ်လိုခင်းဖြင့် ဆိတ်ငြိမ်သည်။
နိစ္စံ၊ အမြဲ။
အာရဒ္ဓဝီရိယော၊ ပျင်းခြင်းကို ပယ်သဖြင့် အားထုတ်အပ်သော လုံ့လရှိသည်။
ဟောတိ၊ ဖြစ်၏။
တဿ၊ ထိုအလိုနည်းခြင်း စသော ဂုဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်အား။
ကုသလာ၊ လိမ္မာခြင်းကို ဖြစ်စေတတ်သော ကုသိုလ်ဟု ဆိုအပ်ကုန်သော။
ဗောဓိပက္ခိကာ၊ မဂ်၌ အကျုံးဝင်သော သစ္စာလေးပါးကို သိခြင်းအတို့၌ ဖြစ်ကုန်သော။
ဣမေဓမ္မာ၊ ဤသတိပဋ္ဌာန် အစရှိကုန်သော သုံးဆဲ့နှစ်ပါး အပြားရှိကုန်သော သုံးပါးသော ဝိပဿနာဖြင့် ရေတွက်အပ်ကုန်သော တရားတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။
အနာသဝေါ၊ အရဟတ္တမဂ်ဖြစ်သော ခဏမှ စ၍ ကင်းပြီးသော အာသဝေါရှိသည်။
ဟောတိ၊ ဖြစ်၏။
ဣတိဧဝံ၊ ဤသို့။
မဟေသိနာ၊ မြတ်စွာဘုရားသည်။
ဝုတ္တံ၊ ဟောတော်မူအပ်၏။
လောကေ၊ လောကသုံးပါး၌။
အနုတ္တရော၊ သီလသမာဓိစသော ဂုဏ်ဖြင့် အတုမရှိသော။
သတ္ထာ၊ မြတ်စွာဘုရားသည်။
မမ၊ ငါ၏။
သင်္ကပ္ပံ၊ အပြီးသို့ ရောက်စေခြင်းငှါ မစွမ်းနိုင်သော အဖြစ်ဖြင့်တည်သော ငါ၏ အကြံကို။
အညာယ၊ သိတော်မူ၍။
မနောမယေန၊ စိတ်ဖြင့် ဖန်ဆင်းအပ်သည်နှင့်တူသော။
ကာယေန၊ ညွတ်သော ကိုယ်တော်ဖြင့်။
ဣဒ္ဓိယာ၊ ဤကိုယ်သည် ဤစိတ်ကဲ့သို့ ဖြစ်စေသတည်းဟု ဤသို့ ဖြစ်သော ဓိဋ္ဌာန်သော တန်ခိုးတော်ဖြင့် ။
ဥပသင်္ကမိ၊ ငါ၏ အထံသို့ ကပ်တော်မူလာ၏။
ယဒါ၊ အကြင်အခါ၌။
မေ၊ ငါအား။
သင်္ကပ္ပေါ၊ အဘယ်သို့ သဘောရှိသော ရှစ်ခုမြောက်သော မဟာပုရိသသဝိတက် ဖြစ်သနည်းဟူသော အကြံသည်။
အဟု၊ ဖြစ်၏။
တတော၊ ထိုအကြံဖြစ်သည်နောက်မှ။
မမ၊ ငါ၏။
သင်္ကပ္ပံ၊ အကြံကို။
အညာယ၊ သိတော်မူ၍။
ဣဒ္ဓိယာ၊ တန်ခိုးဖြင့်။
ဥပသင်္ကမိ၊ ကပ်တော်မူလာ၏။
နိပ္ပပဉ္စရတော၊ သံသရာဝဋ်ကို ချွဲတတ်သော တဏှာမာနဒိဋ္ဌိမှ ကင်းသော လောကုတ္တရာတရား၌ မွေ့လျော်ခြင်း ရှိတော်မူသော။
ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။
ဥတ္တရိ၊ အလွန်။
ဓမ္မံ၊ တရားကို။
အဒေသယိ၊ ဟောတော်မူပြီ။
နိပ္ပပဉ္စံ၊ ရာဂအစရှိသော ကိလေသာတို့၏ ငြိမ်းခြင်းဖြင့် လောကုတ္တရာ တရားဟု ဆိုအပ်သော သံသရာဝဋ်ကိုချဲ့တတ်သော တရားမှ ကင်းသောလောကုတ္တရာတရားကို။
အဒေသယိ၊ ကိုယ်တော်မှ အသီးထုတ်အပ်သော သစ္စာလေးပါးတရားကို ဟောတော်မူ၏။
အဟံ၊ ငါသည်။
တဿ၊ ထိုမြတ်စွာဘုရား၏။
ဓမ္မံ၊ ဟောတော်မူသော တရားတော်ကို။
အညာယ၊ ဟောတော်မူသော တရားတော် အတိုင်းသိ၍။
သာသနေ၊ သုံးပါးသော သိက္ခာဖြင့် ရေတွက်အပ်သော သာသနာတော်၌။
ရတော၊ မွေ့လျော်ဘွယ်ဖြစ်၍။
ဝိဟာသိံ၊ နေပြီ။
မဟာ၊ ငါသည်။
တိဿောဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာတို့ကို ။
အနုပ္ပတ္တာ၊ အစဉ်အတိုင်းရအပ်ကုန်ပြီ။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
သာသနံ၊ အဆုံးအမတော်ဖြစ်သော မဂ်ဟူသော အကျင့်ကို။
ကတံ၊ ပြုကျင့်အပ်ပြီ။
အဟံ၊ ငါသည်။
ယတော၊ အကြင်အခါမှ။
ပဉ္စပညာသဝေဿာနိ၊ ငါးဆဲ့ ငါးနှစ်တို့ပတ်လုံး။
နေသဇ္ဇိကော၊ အိပ်ခြင်းကိုပယ်၍ နိသိဓုတင်ဆောက်တည်သည်။
အဟောသိံ၊ ဖြစ်ပြီ။
ယတော၊ အကြင်နိသိဓုတင်ဆောက်တည်သော အခါမှ စ၍။
ပဉ္စဝီသတိဝဿာနိ၊ နှစ်ဆဲ့ငါးနှစ်တို့ပတ်လုံး။
မိဒ္ဓံ၊ အိပ်မွေ့ခြင်းကို။
သမူဟကံ၊ အကြွင်းမဲ့ပယ်အပ်သည်။
အဟောသိံ၊ ဖြစ်ပြီ။
ယတော၊ အကြင်အခါမှ။
ဋ္ဌိတစိတ္တဿ၊ အလုံးစုံ၏ နောက်၌ ဖြစ်သော စတုတ္ထဈာန်စိတ်၌ တည်ထသော။
တာဒိနော၊ ဣဋ္ဌာရုံစသည်တို့၌ သည်းခံခြင်းကျေးဇူးနှင့် ပြည့်စုံတော်မူသော။
သမ္မာသမ္ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား။
အဿာသပဿာသာ၊ ထွက်သက်ဝင်သက်တို့သည်။
နာဟုနအဟေသုံ၊ မဖြစ်ကုန်ပြီ။
အနေဇော၊ ဇေဟု ဆိုအပ်သော တဏှာမှ ကင်းတော်မူပြီးသော။
စက္ခုမာ၊ ငါးပါးသော စက္ခုနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်။
သန္တိံ၊ ဝဋ်ဆင်းရဲတို့၏ ကင်းငြိမ်းရာ ဖြစ်သော နိဗ္ဗာန်ကို။
အာရဗ္ဘ၊ အာရုံပြု၍။
ပရိနိဗ္ဗုတော၊ အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူ၏။
အသလ္လီနေန၊ မပျက်မစီးသော ပွင့်လင်းသော။
စိတ္တေန၊ စိတ်ဖြင့်။
ဝေဒနံ၊ သတိပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍ ပရိနိဗ္ဗာန်ပြုခါနီးကာလ၌ ဖြစ်သော ဝေဒနာကို။
အဇ္ဈာဝါသယိ၊ ထိုဝေဒနာသို့မလိုက်မူ၍ ထိုမှ ဤမှ လှည့်တော်မူ၏။
ကိံဝိယ၊ အဘယ်ကဲ့သို့နည်းဟူမူကား။
ပဇ္ဇောတဿ၊ ဆီမီးစာကို စွဲ၍ ဖြစ်သော ဆီမီး၏။
နိဗ္ဗာယတိဣဝ၊ ထိုဆီမီးစာကုန်သဖြင့် ငြိမ်းသကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
စေတသော၊ စိတ်တော်၏။
ဝိမောက္ခေါ၊ အလုံးစုံသော ကိလေသာတို့မှ လွတ်ပြီးသည်ဖြစ်၍။
နိဗ္ဗာနံ၊ ကိလေသာ ဘိသင်္ခါရကို မှီ၍ ဖြစ်သောခန္ဓာ သန္တာန်တော်၏ ကုန်သဖြင့် ငြိမ်းခြင်းသည်။
အာဟု၊ ဖြစ်ပြီ။
ဒါနိဣဒါနိ၊ ယခုအခါ၌။
ပစ္ဆိမကာ၊ ပစ္ဆိမစိတ်မှ နောက်ဖြစ်ကုန်သော။
ဧတေဓမ္မာ၊ ထိုမြတ်စွာဘုရား သန္တာန်တော်၌ဖြစ်သော သဘော ရှိကုန်သော။
ဖဿပဉ္စမာ၊ ဖဿလျှင်ငါးခုမြောက်ဖြစ်ကုန်သောတရားတို့သည်။
မုနိနော၊ မြတ်စွာဘုရားအား။
နဘဝိဿန္တိ၊ မဖြစ်ကုန်လတ္တံ့။
သမ္မာသမ္ဗုဒ္ဓေ၊ မြတ်စွာဘုရားသည်။
ပရိနိဗ္ဗုတေ၊ ပရိနိဗ္ဗာန်ပြုတော် မူပြီးသည် ရှိသော်။
အညေဓမ္မာ၊ တပါးကုန်သော စိတ်စေတသိက်တရားတို့သည်။
နဘဝိဿန္တိ၊ မဖြစ်ကုန်လတ္တံ့။
ဇာလိနိ၊ ဇာလိနီ အမည်ရှိသော နတ်သမီး။
ဒေဝကာယသ္မိံ၊ နတ်အပေါင်း၌။
ပုနဝါသော၊ ပဋိသန္ဓေနေသည်အစွမ်းဖြင့် တဘန်နတ်တို့နှင့် တကွ နေရခြင်းသည်။
ဒါနိဣဒါနိ၊ ယခုအခါ၌။
မယှံ၊ ငါအား။
နတ္ထိ၊ မရှိပြီ။
ဇာတိသံသာရော၊ ဇာတိအရင်းရှိသော သံသရာဝဋ်ဆင်းရဲသည်။
ဝိခီဏော၊ ကုန်ပြီ။
ဒါနိဣဒါနိ၊ ယခုအခါ၌။
ပုနဗ္ဘဝေါ၊ နောင်အခါဘဝသစ်၌ ဖြစ်ခြင်းသည်။
နတ္ထိ၊ မရှိပြီ။
ယဿ၊ အကြင်ရဟန္တာ ဖြစ်သော ရဟန်းအား။
မုဟုတ္တေန၊ တခဏခြင်း ဖြင့်သာလျှင်။
သဟဿဓာ၊ များသော အထောင်အပြားရှိသော။
သဗြဟ္မကပ္ပေါ၊ ဗြဟ္မာ့ပြည့်နှင့်တကွသော။
လောကော၊ လောကကို။
သံဝိဒိတော၊ မျက်မှောက်ပြုသော အားဖြင့် သိအပ်၏။
ဣဒ္ဓိဂုဏေ၊ တန်ခိုး၏ ပြည့်စုံခြင်းဟု ဆိုအပ်သော ။
စုတုပပါတေ၊ သတ္တဝါတို့၏ စုတေပဋိသန္ဓေအနီးကိုသိသော ဒိဗ္ဗစက္ခု အဘိညာဉ်၌။
ဝသိ၊ လေ့လာခြင်းသို့ ရောက်သည်။
ဟောတိ၊ ဖြစ်၏။
သောဘိက္ခု၊ ထိုရဟန်းသည်။
ကာလေ၊ ကပ်သော ကာလ၌။
ဒေဝတာ၊ နတ်တို့ကို။
ပဿတိ၊ မြင်၏။
ပုရေ၊ ရှေးဘဝ၌။
ဒလိဒ္ဒေါ၊ ဆင်းရဲသော။
ဃာသဟာရကော၊ စားရုံမျှ အကျိုးငှါအခကို ယူ၍ အသက်မွေးတတ်သော။
အန္နဘာရော၊ အန္နဘာရမည်သော သူသည်။
အာသိံ၊ ဖြစ်ခဲ့ဘူး၏။
ယဿဿိနံ၊ ပြန့်နှံ့သော ကျော်စောခြင်းရှိသော။
ဥပရိဋ္ဌံ၊ ဥပရိဋ္ဌမည်သော။
သမဏံ၊ ငြိမ်းစေအပ်ပြီးသော မကောင်းမှု ရှိသော ပစ္စေကဗုဒ္ဓါကို။
ပဋိပါဒေတိ၊ ရှေးရှုဖြစ်၍ အဟာရဖြစ်သော အလှူကို လှူ၏။
သောအဟံ၊ ထိုငါသည်။
သကျကုလေ၊ သာကီဝင်မင်းမျိုး၌။
ဇာတော၊ ဖြစ်လာသည်။
အမှိ၊ ဖြစ်၏။
နစ္စဂီတေဟိ၊ ကခြင်းသီခြင်းတို့နှင့်။
ဥပေတော၊ ပြည့်စုံသော။
သမ္မတာဠပ္ပဗောဓနော၊ ကြေးမောင်းနင်းခွက်ခွင်းသံဖြင့်နိုးစေအပ်သော။
အနုရုဒ္ဓေါတိ၊ အနုရုဒ္ဓါဟူ၍ ။
မံ၊ ငါ့ကို။
ဝိဒူ၊ ခပ်သိမ်းသော သူတို့ သိကုန်၏။
အထတသ္မိံ ကာလေ၊ ထိုအခါ၌။
အကုတောဘယံ၊ တစုံတခုသော ဘေးမှ ကင်းတော်မူပြီးသော။
သတ္ထာရံ၊ လူနတ်တို့၏ ဆရာဖြစ်တော်မူသော။
သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။
အဒ္ဒသာသိံ၊ မြင်ပြီ။
တသ္မိံ၊ ထိုဘုရားရှင်၌။
စိတ္တံ၊ စိတ်ကို။
ပသာဒေတွာ၊ ကြည်ညိုစေ၍။
အနဂါရိယံ၊ အိမ်ရာမထောင်သော ရဟန်းတို့ဘောင်၌။
ပဗ္ဗဇိ၊ ရဟန်းပြုပြီ။
တတ္ထ၊ ထိုဘုရားသခင် အထံတော်၌။
ပဗ္ဗဇိတွာ၊ ရဟန်းပြု၍။
ဝုသိတံ၊ သုံးအပ်သော မဂ်ဟူသော သီတင်းရှိသည်ဖြစ်၍။
ပုဗ္ဗေနိဝါသံ၊ ရှေး၌ နေဘူးသော ခန္ဓာအစဉ်ကို ။
ဇာနာမိ၊ သိ၏။
ပုရေ၊ ရှေးဘဝ၌။
တာဝတိံသေသု ဒေဝေသု၊ တာဝတိံသာနတ်ပြည်၌။
သက္ကဇာတိယာ၊ သိကြားမင်း၏ အဖြစ်ဖြင့်။
အဋ္ဌာသိံ၊ တည်ပြီ။
အဟံ၊ ငါသည်။
စတုရန္တော၊ သမုဒ္ဒရာ လေးစင်းအဆုံးရှိသော မြေအပြင်ကို။
ဝိဇိတာဝီ၊ အောင်စွမ်းနိုင်သော။
မနုဿိန္ဒေါ၊ လူတို့ကို အစိုးရသော စကြာမင်းသည်။
ဟုတွာ၊ ဖြစ်၍။
သတ္တက္ခတ္တုံ၊ ခုနစ်ကြိမ်။
ရဇ္ဇံ၊ စကြာမင်းအဖြစ်ကို။
အဟံ၊ ငါသည်။
အကာရယိံ၊ ပြုခဲ့ဘူးပြီ။
ဇမ္ဗူမဏ္ဍဿ၊ ဇမ္ဗူဒီပါကျွန်းကို။
ဣဿရော၊ အစိုးရသော မင်းသည်။
ဟုတွာ၊ ဖြစ်၍။
အဒဏ္ဍေန၊ ဒုတ်လှံကန်ဖြင့် မရိုက်မပုတ်ရဘဲ။
အသတ္ထေန၊ လှံဓားလက်နက်ဖြင့် မညှဉ်းဆဲ မနှိပ်စက်ရဘဲ။
ဓမ္မေန၊ တရားသဖြင့် ။
အနုသာသယိံ၊ တိုင်းနိုင်ငံ၌ နေသော သူအပေါင်းကို ဆုံးမခဲ့ဘူးပြီ။
ဣတော၊ ဤလူ့ပြည်မှ။
စဝိတွာ၊ စုတေ၍။
ဒေဝလောကေ၊ နတ်ပြည်၌။
သတ္တ၊ နတ်တို့ကို အစိုးရသော သိကြားမင်းအဖြစ်ဖြင့်ခုနစ်ကြိမ်။
တတော၊ ထိုနတ်ပြည်မှ။
စဝိတွာ၊ စုတေ၍။
မနုဿလောကေ၊ လူ့ပြည်၌။
သတ္တ၊ စကြာမင်းအဖြစ်ဖြင့် ခုနစ်ကြိမ်။
ဣတိ၊ ဤသို့။
စုဒ္ဒသ၊ တဆဲ့လေးကြိမ်တို့ပတ်လုံး။
သံသာရာနိ၊ ဘဝတပါး၌ ကျင်လည်ခြင်းတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်ပြီ။
တဒါ၊ ထိုအခါ၌။
ဒေဝလောကေ၊ နတ်ပြည်၌။
ဋ္ဌိတော၊ တည်လျက်။
နိဝါသံ၊ ရှေး၌နေဘူးသော အမျိုအမည်ကို။
အဘိဇာနိဿံ၊ သိဘူးပြီ။
ပဉ္စင်္ဂိကေ၊ ပီတိနှံ့ခြင်း သုခနှံ့ခြင်းစသော ငါးပါးသော အင်္ဂါရှိသော။
သမာဓိမှိ၊ အဘိညာဉ်၏ အခြေဖြစ်သော စတုတ္ထဈာန် သမာဓိသည်။
သန္တေ၊ ဆန့်ကျင်ဘက်ဖြစ်သော နီတရဏစသော တရားတို့၏ ငြိမ်းကြောင်းဖြစ်သော။
ဧကောဒိဘာဝိတေ၊ မြတ်သည်ဖြစ်၍ ဖြစ်သော စတုတ္ထဈာန် သမာဓိ၏ ပွါးခြင်းသို့ ရောက်လတ်သည် ရှိသော်။
ပဋိပ္ပဿဒ္ဓိလဒ္ဓမှိ၊ ကိလေသာတို့၏ ငြိမ်းခြင်းကို ရအပ်သည်ရှိသော်။
မေမယှံ၊ ငါ၏။
ဒိဗ္ဗစက္ခု၊ ဒိဗ္ဗစက္ခု အဘိညာဉ်သည်။
ဝိသုဇ္ဈိ၊ တဆဲ့တပါးသော ညစ်ညူးခြင်းမှ လွတ်သဖြင့် စင်ကြယ်၏။
သတ္တာနံ၊ သတ္တဝါတို့၏။
အာဂတိစ၊ ဤသတ္တဝါတို့သည် ထိုလောကမှ လာ၍ ဤဘဝ၌ ဖြစ်လိမ့်သည်ကိုလည်းကောင်း။
ဂတိစ၊ ဤလောကမှ သွား၍ ထိုဘဝ၌ ဖြစ်လတ္တံ့သည်ကိုလည်းကောင်း။
ဣတ္ထဘာဝဉ္စ၊ ဤလူ့ပြည်၌ ဖြစ်သည်ကိုလည်းကောင်း။
အညထာဘာဝဉ္စ၊ ထိုလူ့ပြည်မှ တပါးသော တိရစ္ဆာန်အဖြစ်ကိုလည်းကောင်း။
ပဉ္စင်္ဂိကေ၊ ငါးပါးသော အင်္ဂါရှိသော ။
ဈာနေ၊ ဈာန်၌။
ဋ္ဌိတော၊ တည်သည်။
ဟုတွာ၊ ဖြစ်၍။
စတုပပါတံ၊ ပဋိသန္ဓေစုတိအနီးကို။
ဇာနာမိ၊ ရှေးဦးစွာ သိနှင့်၏။
မယာ၊ ငါသည်။
သတ္တာ၊ သတ္တဝါတို့ကို။
ပရိစိဏ္ဏော၊ မေတ္တာစသည်ကို ပွါးစေသော အားဖြင့် အလေ့အလာပြုအပ်ပြီ။
(ပေ)၊
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
သာသနံ၊ အဆုံးအမဖြစ်သော မဂ်ဟူသော အကျင့်ကို။
ကတံ၊ ပြုအပ်ပြီ။
ဂရုဘာရော၊ ခန္ဓာဟူသော လေးစွာသော ဝန်ကို။
ဩဟိတော၊ ချအပ်ပြီ။
ဘဝနေတ္တိ၊ ဘဝသုံးပါးသို့ ငင်ဆောင်တတ်သော တဏှာဟူသော ကြိုးကို။
သမူဟတာ၊ အရဟတ္တမဂ်ဉာဏ်ဖြင့် အကြွင်းမဲ့ဖြတ်အပ်ပြီ။
ဝဇ္ဇိနံ၊ ဝဇ္ဇီတိုင်းသားတို့၏။
ဝေဠုဝဂါမေ၊ ဝါးတောရွာ၌။
အဟံ၊ ငါသည်။
ဇီဝိတသံခယာ၊ အသက်၏ ကုန်ခြင်းကြောင့်။
ဝေဠဂုမ္ဗသ္မိံ ဝေဠုဂုမ္ဗဿ၊ ဝါးချုံ၏။
ဟေဋ္ဌတော၊ အောက်မှ။
အနာသဝေါ၊ အာသဝေါ ကင်းပြီးသည်ဖြစ်၍။
နိဗ္ဗာဟိဿံ၊ အနုပါဒိသေသနိဗ္ဗာန်ဓာတ်ဖြင့် ပရိနိဗ္ဗာန် ပြုလတ္တံ့။
ဣတိ၊ ဤသို့။
အနုရုဒ္ဓေါထေရော၊ အနုရုဒ္ဓါထေရ်သည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သောနှစ်ဆဲ့ခြောက်ဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
အနုရုဒ္ဓါထေရဂါထာ အနက်ပြီး၏။
ပုပ္ဖိတမှိ၊ ပွင့်သော။
မဟာဝနေ၊ ကြီးစွာသော အင်ကြင်းတော၌။
နိသိန္နဿ၊ နေထသော။
ပဝိဝိတ္တဿ၊ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ထသော။
ဧကဂ္ဂဿ၊ တည်ကြည်သော စိတ်ရှိထသော။
ဈာယိနော၊ ဈန်ဝင်စားလေ့ရှိထသော။
သမဏဿ၊ ငြိမ်းစေအပ်ပြီးသော မကောင်းမှုရှိသော ပါရံပရိယထေရ်အား။
စိန္တာ၊ အကျင့်ကို မှီ၍ ဖြစ်သော ကြံခြင်းစုံစမ်းခြင်းသည်။
အဟု၊ ဖြစ်ပြီ။
ပုရိသုတ္တမေ၊ ယောင်္ကျားတကာတို့ထက် မြတ်သော။
လောကနာထမှိ၊ လူသုံးပါးတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည်။
တိဋ္ဌန္တေ၊ ထင်ရှားရှိတော်မူစဉ်။
အညထာ၊ တပါးသော အပြားဖြင့်။
ဘိက္ခူနံ၊ ရဟန်တို့အား။
ဣရိယံ စရိတံ၊ ဆုံးမတော်မူတိုင်းကျင့်ခြင်းသည်။
အာသိ၊ ဖြစ်ပြီ။
ဣဒါနိ၊ ယခုအခါ၌။
အညထာ၊ ထိုဆိုခဲ့ပြီးသည်မှ တပါးသော အခြင်းအရာဖြင့်။
ဘိက္ခူနံ၊ ရဟန်းတို့အား။
ဣရိယံစရိတံ၊ ရှေးမှမဖောက်မပြန်ကျင့်ခြင်းသည်။
ဒိဿတိ၊ ထင်၏။
မတ္တဋ္ဌိယံ၊ မျှခြင်းအကျိုးရှိသော။
သီတဝါတစရိတ္တာနံ၊ ချမ်းသောလေကိုတားမြစ်တတ်သော။
ဟိရိကောပီနဆာဒနံ၊ ရှက်ကြောက်အပ်သော ကျဉ်းမြောင်းရှို့ဝှက်သော အရပ်ကို ဖုံးလွှမ်းခြင်းကို ပြု၍။
ဣတရီတရေန၊ ရရသမျှသော ပစ္စည်းဖြင့်။
သန္တုဋ္ဌာ၊ ရောင့်ရဲခြင်းသို့ ရောက်ကုန်သည် ဖြစ်၍။
စီဝရံ၊ သင်္ကန်းကို။
အဘုဉ္ဇိသု၊ သုံးဆောင်ကုန်ပြီ။
ပဏီတံဝါ၊ မြတ်သာ အရသာရှိသော ထောပတ်စသည်နှင့်ရောနှောသော အစာကိုလည်းကောင်း။
ယဒိ၊ ထိုမြို့။
လူခံဝါ၊ ထိုလောပတ်အစရှိသည်တို့ဖြင့် မရောနှောအပ်သည်ဖြစ်၍ ကြမ်းသော အစာကိုလည်းကောင်း။
အပ္ပံ ဝါ၊ လေးလုပ်ငါးလုပ်မျှလောက်သော အနည်းငယ်သော အစာကိုလည်းကောင်း။
ယဒိ၊ ထိုမြို့။
ဗဟုံဝါ၊ များသော အစာကို လည်းကောင်း။
လဘိတွာ၊ ရကုန်၍။
အဂိဒ္ဓါ၊ ထိုအစာ၌ မမက်မောခြင်းသို့ ရောက်သည်ဖြစ်၍။
နာဓိမုစ္ဆိတာ၊ ထိုအခါ၌တဏှာဖြင့်တောင့်တခြင်းကင်းကုန်သည်ဖြစ်၍။
အဗ္ဘဉ္စနံ ဝိယ၊ မျက်စိကိုလိမ်းကြံသော ဆီစသည်ကဲ့သို့။
ယာပနတ္ထံ၊ မျှခြင်းအကျိုးငှါ။
အာဟာရံ၊ အာဟရကို။
အဘုဉ္စိံ သု၊ သုံးဆောင်ကုန်ပြီ။
ဇီဝိတာနံ၊ အသက်တို့၏။
ပရိက္ခာရေ၊ ဖြစ်ခြင်းငှါ အစောင့်အရှောက်ဖြစ်၍ ဖြစ်သော။
ဘေသဇ္ဇေစ၊ ဆေး၌လည်းကောင်း။
အထ၊ ထိုမှ တပါး။
ပစ္စယေစ၊ ကြွင်းသော ကျောင်းပစ္စည်း၌ လည်းကောင်း။
ဗာဠှံ၊ အလွန်။
ဥဿုကာ၊ လုံ့လပြုကုန်သည်။
နအာသုံ၊ မဖြစ်ကုန်။
တေ၊ ထိုရှေး၌ဖြစ်ကုန်သော ရဟန်းတို့သည်။
အာသဝက္ခယေ၊ အာသဝေါတရားတို့၏ ကုန်ခြင်း၌။
ဥဿုကာ၊ လုံ့လပြုကုန်သည်။
အာသုံယထာ၊ ဖြစ်ကုန်သကဲ့သို့။
တထာ၊ ထိုအတူ။
တေ၊ ထို အနာဖြင့် နှိပ်စက်ကုန်သော ရဟန်းတို့သည်။
ဗာဠှံ၊ သူနာပစ္စည်း၌ အလွန်အကဲ။
ဥဿုကာ၊ အားထုတ်ကုန်သည်။
နဟေသုံ၊ မဖြစ်ကုန်။
တေဘိက္ခူ၊ ထိုရဟန်းတို့သည်။
အရညေ၊ တော၌။
ရုက္ခမူလေသုစ၊ သစ်ပင်ရင်းတို့၌ လည်းကောင်း။
ကန္ဒရာသုစ၊ ချောက်တို့၌လည်းကောင်း။
ဂုဟာသုစ၊ တောင်ခေါင်းလိုဏ်ခေါင်းတို့၌လည်းကောင်း။
ဝိဝေကံ၊ ဈာန်ကို။
အနုဗြူဟ န္တာ၊ ပွါးစေကုန်လျက်။
တပ္ပရာယနာ၊ ထိုဝိဝေကလျှင်လည်းလျောင်းရာ ရှိကုန်သည်ဖြစ်၍။
ဝိဟံသု၊ နေကုန်ပြီ။
နီစာ၊ မိမိကိုယ်ကို ချီးမြင့်ခြင်းသူတပါးကို ရှုတ်ချခြင်းကို မပြုမူ၍ နှိမ့်ချသော ဖြစ်ခြင်းရှိကုန်သော။
နိဝိဋ္ဌာ၊ သာသနာ၌ သက်ဝင်၍ တည်သော သဒ္ဓါတရားရှိကုန်သော။
သုဘရာ၊ အလိုနည်းခြင်း စသော အဖြစ်ဖြင့် မွေ့မြူလွယ်ကုန်သော။
မုဒု၊ ဝတ်ကြီးဝတ်ငယ် အကျင့်မြတ်သော အကျင့်၌ နူးညံ့ကုန်သော။
အတ္တဒ္ဓမာနဿ၊ မကြမ်းတမ်းသော စိတ်ရှိကုန်ထသော။
အဗျာသေကာ၊ သတိနှင့်မကင်းသောအားဖြင့် တဏှာမာနဒိဋ္ဌိအစရှိသော ကိလေသာတို့နှင့် ရောရှက်ခြင်းကင်းကုန်ထသော။
အမုခရာ၊ မကြမ်းသော နှုတ်လည်းရှိကုန်ထသော။
အတ္ထစိန္တာ၊ အကျိုးစီးပွါးကို ကြံတတ်ကုန်ထသော။
ဝသာနုဂါ၊ မိမိအကျိုးသူတပါးအကျိုးကို ကြံခြင်းသို့ အစဉ်လိုက်ကုန်ထသော။
ယေထေရာ၊ အကြင်မထေရ်တို့သည်။
ဝိဟရိံသု၊ နေကုန်ပြီ။
တတော ကသ္မာ ကရဏာ၊ ထိုသို့နှိမ့်ချသော ဖြစ်ခြင်းစသော အကြောင်းကြောင့်။
ဂတံဂမနံ၊ ရှေးသို့တက်ခြင်းနောက်သို့ ဆုတ်ခြင်းစသော သွားခြင်းသည်လည်းကောင်း။
ဘုတ္တံ၊ ပစ္စလေးပါးကို သုံးဆောင်ခြင်းသည်လည်းကောင်း။
နိသေဝိတံ၊ ဆွမ်းခံ သောအားဖြင့် မှီဝဲခြင်းသည်လည်းကောင်း။
ပါသာဒိကံ၊ ကြည်ညိုဘွယ်ကို ဆောင်တတ်သည်။
အာသိ၊ ဖြစ်၏။
ကိံဝိယ၊ အဘယ်ကဲ့သို့ နည်းဟူမူကား။
တေလဓာရာ၊ ဆီအရည်သည်။
သိနိဒ္ဓါ၊ ပြေပြစ်ရှုဘွယ် ကြည်ညိုဘွယ်ကို ဆောင်တတ်သည်။
ဟောတိယထာ၊ ဖြစ်သကဲ့သို့။
ဧတံတထာ၊ ထိုအတူ။
တေသံထေရာနံ၊ ထိုမထေရ်တို့၏။
ဣရိယာပထော၊ သွားခြင်းရပ်ခြင်းတူရူကြည့်ခြင်းတစောင့်ကြည်ခြင်းစသော ဣရိယာ ပုလ်သည်။
ပါသာဒိကော၊ ကြည်ညိုဘွယ်ကို ဆောင်တတ်သည်။
အဟောသိ၊ ဖြစ်၏။
သဗ္ဗာသဝပရိက္ခီဏာ၊ အလုံးစုံကုန်ပြီးသော အာသဝေါတရား ရှိကုန်သော။
မဟာဈာယီ၊ များစွာ ဈာန်ဝင်စားလေ့ မြတ်သော နိဗ္ဗာန်ကို ရှုလေ့ရှိကုန်သော။
မဟာဟိတာ၊ များမြတ်သော အကျိုးနှင့် ပြည့်စုံကုန်ထသော။
တေထေရာ၊ ထိုဆိုအပ်ခဲ့ပြီးသော အကျင့်လျှင်တည်း လျောင်းရာ ရှိသော မထေရ်တို့သည်။
ဒါနိဣဒါနိ၊ ယခုအခါ၌။
နိဗ္ဗုနာ၊ ပရိနိဗ္ဗာန်ပြုတော်မူကုန်ပြီ။
ဒါနိဣဒါနိ၊ ယခုနောင်ကာလ၌ကား။
တာဒိသာ၊ ထိုရှေးမထေရ်တို့နှင့် တူသော သဘောရှိကုန်သော။
ထေရာ၊ မထေရ်တို့သည်။
ပရိတ္တာ၊ အနည်းငယ်မျှသားဖြစ်ကုန်၏။
ကုသလာနံ၊ ကုသိုလ်ဖြစ်ကုန်သော။
ဓမ္မာနံ၊ ဝဋ်မှ ထွက်မြောက်ခြင်း၏ အဆောက်အဦဖြစ်ကုန်သော အပြစ်မရှိသော တရားတို့၏လည်းကောင်း။
ပညာယစ၊ ထိုသို့ဝဋ်မှ ထွက်မြောက်ကြောင်း ဖြစ်သော ပညာ၏ လည်းကောင်း။
ပရိက္ခယာ၊ ကုန်ခြင်းကြောင့်။
သဗ္ဗာကာရဝရူပေတံ၊ အလုံးစုံသော အခြင်းအရာအထူးတို့နှင့် ပြည့်စုံသော ။
ဇိနသာသနံ၊ မြတ်စွာဘုရား၏သာသနာတော်ကို။
လုဇ္ဇတေ ဝိနာသတိ၊ ဖျက်ဆီး၏။
ပါပကာနဉ္စ ဓမ္မာနံ၊ ကာယဒုစရိုက် အစရှိကုန်သော ယုတ်မာသော တရားတို့၏လည်းကောင်း။
ကိလေသာနဉ္စ၊ လောဘ အစရှိသော ကိလေသာတို့နှင့်လည်းကောင်း။
ယောဥတုယောကာလော၊ ဖြစ်သော ကာလသည်။
အတ္ထိ၊ ရှိ၏။
သောအယံကာလော၊ ထိုကာလသည်။
ဝတ္တတိ၊ ဖြစ်၏။
ယေစ၊ အကြင်သူတို့မူကား။
ဧဝရူပေကာလေ၊ ဤသို့သဘောရှိသော ကာလ၌။
ဝိဝေကာယ၊ ဥပမိဝိဝေက အကျိုးငှါ။
ဥပဋ္ဌိတာ အာရဒ္ဓဝီရိယာ၊ အားထုတ်အပ်သော လုံ့လရှိကုန်၏။
တေထေရာ၊ ထိုမထေရ်တို့ကား။
သဒ္ဓမ္မသေသကာ၊ ကြွင်းသော အကျင့်ဟု ဆိုအပ်သော သူတော် ကောင်းတရားရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ယေ၊ အကြင်ရဟန်းတို့သည်။
ဘဂဝတော၊ မြတ်စွာဘုရား၏။
ဩရသံပုတ္တေဟိ၊ ရင်တော်နှစ်ဖြစ်သော သားတော်၏ အဖြစ်တို့မှ။
ပရိက္ခယံ၊ ပျက်စီးခြင်းသို့။
ဂမိတာ၊ ရောက်ကုန်၏။
တေ၊ ထိုရဟန်းတို့သည်။
ကိလေသာ၊ ယခုအခါ၌ အခွင့်ရကုန်သည်ဖြစ်၍ ကိလေသာတို့သည်။
ပဝဍ္ဎန္တာ၊ ပွားခြင်း ပြန့်ပြောခြင်းသို့ ရောက်ကုန်သည်ဖြစ်၍။
ဗဟုဇနံ ဗဟုဇနာနံ၊ များစွာသော ပုထုဇဉ်မိုက်တို့၏။
အဝိသန္တိ၊ သန္တာန်သို့ ဝင်ကုန်၏။
ဧဝံဘူတာစ၊ ဤသို့ ဖြစ်ကုန်သည်ရှိသော်လည်း။
ဥမ္မတ္တေဟိ၊ ရူးကုန်သော။
ဗာလေဟိ၊ သူမိုက်တို့နှင့်။
သဒ္ဓိံ၊ တကွ။
ရက္ခသာ၊ ရက္ခိုက်ဘီလူးတို့သည်။
ကီဠန္တိဣဝ၊ ကစားမြူးတူးကုန်သကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
တေကိလေသာ၊ ထိုကိလေသာတို့သည်။
ဘိက္ခူ၊ ဘုရားစသော ဆေးသမားမှ ကင်းသော ရဟန်းမိုက်တို့ကို။
အာဝိသိတွာ၊ အတွင်းသို့ဝင်၍။
ကီဠန္တိမညေ၊ ထိုကိလေသာတို့နှင့်တကွ မြူးတူးကုန်ယောင်တကား။
ယေနရာ၊ အကြင်သူတို့ကို။
ကိလေသေဟိ၊ ကိလေသာတို့သည်။
အသိဘူတာ၊ နှိပ်စက်အပ်ကုန်၏။
ထေနရာ၊ ထိုသူတို့သည်။
တေန တေန၊ ထိုထိုသို့သော အစုံတခုသော ဘဝဟု ဆိုအပ်သောအရပ်မျက်နှာ အတို့ဖြင့်။
ဝိဓာဝိတာ၊ ဘောက်ပြန်သော အားဖြင့် ပြေးသွားရကုန်၏။
ယေနရာ၊ အကြင်သူတို့သည်။
ကိလေသဝတ္ထူသု၊ ရှေးကိလေသာသည် နောက်ကိလေသာ၏ အကြောင်းဖြစ်သောကြောင့် ကိလေသာ၏ အကြောင်းတို့သည်။
သမုဒိတေသု၊ ပေါင်းမိကုန် သည်ရှိသော်။
သသင်္ဂါမေ၊ ရွှေငွေပတ္တမြားပုလဲ စသော ဥစ္စာကို ထိုထို သို့သော သူ၏ ဥစ္စာဖြစ်စေသတည်းဟူ၍ ထိုကာမဂုဏ်ဟု ဆိုအပ်သော စစ်ထိုးခြင်းကို။
ဃောသိတေဝိယ၊ ကြွေးကြော်သကဲ့သို့။
တေဟိတေဟိ၊ ထိုထိုကိလေသာတို့ဖြင့်။
အသိဘူတာ၊ နှိပ်စက်အပ်ကုန်သော။
တေဗာလပုထုဇ္ဇနာ၊ ထိုမိုက်စွာသော ပုထုဇဉ်တို့သည်။
တေနတေန အာရမ္မဏဘာဂေန၊ ထိုထိုသို့သော အာရုံအတို့ဖြင့်။
ဝိဓာဝိတာ၊ ပြေးရကုန်၏။
သဒ္ဓမ္မံ၊ ပဋိပတ္တိဟု ဆိုအပ်သော သူတော်ကောင်းတရားကို။
ပရိစ္စဇိတွာ၊ စွန့်၍။
အညမညေဟိ၊ အာမိသဟူသော ကြောင့်ကြခြင်းရှိသော အချင်းချင်းတို့သည်။
ဘဏ္ဍရေ၊ ငြင်းခုံခြင်းကို ပြုကုန်၏။
ဒိဋ္ဌိဂတာနိ၊ မိစ္ဆာအယူတို့သို့။
အနွန္တာအနုဂစ္ဆန္တာ၊ အစဉ်လိုက်သော သူတို့သည်။
ဣဒံ၊ ဤသတ္တဇိဝစသော တရားသည်။
သေယျော၊ ပရမတ္ထတရားပင်တည်း။
ဣတိ၊ ဤသို့။
မညရေမညန္တိ၊ အောက်မေ့ကုန်၏။
ဣတိ၊ ဤသို့။
မညိတွာ၊ အောက်မေ့ကုန်၍။
ဓနဉ္စ၊ ဥစ္စာကိုလည်းကောင်း။
ပုတ္တဉ္စ၊ သားကိုလည်းကောင်း။
ဘရိယဉ္စ၊ မယားကိုလည်းကောင်း။
ဆဋ္ဋယိတွာန၊ စွန့်၍။
နိဂ္ဂတာ၊ အိမ်မှ ထွက်ကုန်၏။
ကဋစ္ဆုဘိက္ခဟေတူပိ၊ တယောက်မမျှသော ဆွမ်းဟူသော အကြောင်းကြောင့်လည်း။
အကိစ္စာနိ၊ ရဟန်းတို့ခံခြင်းကို မပြုအပ်သော အမှုတို့ဟူ၍။
နိသေဝရေ၊ မမှီဝဲခြင်းတို့ကို။
ကရောန္တိ၊ ပြုကုန်၏။
ဥဒရာဝဒေဟကံ၊ ဝမ်းပြည့်ရုံမျှ။
ဘုတွာ၊ စား၍။
ဥတ္တာနသေယျကာ၊ ပက်လက်အိပ်ခြင်းတို့ကို။
သယန္တိ၊ အိပ်ကုန်၏။
ယာကထာ၊ အကြင် ရာဂကထာအစရှိသော စကားကို။
သတ္ထု၊ မြတ်စွာဘုရားသည်။
ဂရဟိတာ၊ ကဲ့ရဲ့အပ်၏။
ပဋိဗုဒ္ဓါ၊ အိပ်၍ နိုးကုန်သည်ရှိသော်။
သာကထာ၊ ထိုဘုရားစက်ဆုပ်အပ်သော ရာဇကထာစသော စကားကို။
ဝဒ္ဓေန္တိ၊ ပွါးစေကုန်၏။
သဗ္ဗကာရုဏသိပ္ပါနိ၊ အလုံးစုံသော ကုန်သည်တို့သည် ပြုအပ်ကုန်သော ထီးထန်းရွက်အစရှိသော အတက်ဆင်ဆေး အတတ်မြင်းဆေး အတတ်အစရှီသည်တို့ကို။
စိတ္တိံ ကတွာန၊ အရိုအသေပြုကုန်၍။
သိက္ခရေ၊ သင်ကုန်၏။
အဇ္ဈတ္တံ၊ အတွင်းသန္တာန်၌ ဖြစ်သော စိတ်ကို။
အဝူပသန္တာ၊ ကိလေသာမှ မငြိမ်းစေနိုင်သည်ဖြစ်၍။
သာမညတ္ထာတိ၊ ရဟန်းတရားပင်တည်းဟူ၍။
အစ္ဆတိ၊ နေ၏။
မတ္တိကဉ္စ၊ ပကတိအဆင်း ငါးပါးသော အဆင်းရှိသော မြေသပိတ်ကိုလည်းကောင်း။
တေလံ စုဏ္ဏဉ္စ၊ ပကတိသော ဆီနံ့သာမှုန့် စသည်ဖြင့် ပြုပြင်အပ်သော ဆီလသယ်မှုန့်တို့ကိုလည်းကောင်း။
ဥဒကာသနဘောဇနဉ္စ၊ ရေနေရာဘောဇဉ်ကို လည်းကောင်း။
ဗဟုတ္တရံ၊ များစွာ အလွန်အလွန်သော ဆွမ်းစသည်ကို။
အာကင်္ခန္တာ၊ အလိုရှိကုန်သည်ရှိသော်။
ဂိဟီနံ၊ လူတို့သည်။
ဥပနာမေန္တိ၊ ကပ်ပေကုန်၏။
ဒန္တပေါဏဉ္စ၊ တံပူကိုလည်းကောင်း။
ကပိဋ္ဌဉ္စ၊ သီးသီးကိုလည်းကောင်း။
ပုပ္ဖံ၊ မြတ်လေးပွင့် စကားပွင့်စသော ပန်းကို လည်းကောင်း။
ခါဒနီယာနိစ၊ တဆဲ့ရှစ်ပါးအပြားရှိသောခဲဘွယ်အထူးတို့ကိုလည်းကောင်း။
ပိဏ္ဍပါတေစ ကမ္ပန္နေ၊ အဆင်းစသည်၏ ပြည့်စုံခြင်းနှင့် ယှဉ်သော ဆွမ်းအထူးတို့ကိုလည်းကောင်း။
အမ္ဗေအမ္ဗာနိစ၊ သရက်သီးတို့ကိုလည်းကောင်း။
အာမလကာနိစ၊ ရှစ်ရှားသီးတို့ကို လည်းကောင်း။
သဗ္ဗတ္ထ၊ အလုံးစုံ၌။
ဗဟုတ္တရံ၊ များစွာသော ဆွမ်းစသော အလွန်အလွန်ကို။
ဂိဟီနံ၊ လူတို့သည်။
ဥပနာမေန္တိ၊ ကပ်စေကုန်၏။
ဘေသဇ္ဇေသု၊ လူတို့အားဆေးနှင့်ယှဉ်သည်တို့၌။
ဝေဇ္ဇာ၊ ဆေးသမားတို့သည်။
ပဋိပဇ္ဇန္တိယထာ၊ ကျင့်ကုန်သကဲ့သို့။
တထာ၊ ထိုအတူ။
ဘိက္ခူ၊ ရဟန်းတို့သည်။
ပဋိပဇ္ဇန္တိ၊ ကျင့်ကုန်၏။
ကိစ္စာကိစ္စေ၊ လူတို့အမှုငယ် အမှုကြီးကို ပြောဆိုအပ်သည်ရှိသော်။
ဂိဟီ၊ လူတို့သည်။
ပဋိပဇ္ဇန္တိယထာ၊ ကျင့်ကုန်သကဲ့သို့ လည်းကောင်း။
ဂဏိကာ၊ ပြည့်တန်ဆာမတို့သည်။
တိဘူသာယံ ဝိယ၊ မိမိကိုယ်ကို တန်ဆာဆင်ကုန်သကဲ့သို့လည်းကောင်း။
ဣဿရေ၊ အစိုးရခြင်း၌ ဖြစ်သော။
ခတ္တိယာခတ္တိယော၊ မင်းသည်။
ဝသံ၊ မိမိနိုင်ငံသို့။
ဝတ္တေကိယထာ၊ လိုက်စေသကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
ကုလဝတီ၊ ဒါယကာရှိသည်။
ဟုတွာ၊ ဖြစ်၍။
ဝတ္တန္တိ၊ လိုက်ကုန်၏။
နေကတိကာ၊ စင်းလဲခြင်း၌ ယှဉ်ကုန်သော ရွှေမဟုတ်သည်ကို ရွှေကဲ့သို့ အတုပြု၍ လှည့်စားတတ်ကုန်သော။
ဝဉ္စနိကာ၊ ချိန်စဉ်းလဲ တင်းစဉ်းလဲ စသည်တို့ဖြင့် သူတပါးတို့၏ ရောင်းဝယ်ခြင်းကို ပြုတတ်ကုန်သော။
ကူဋသက္ခီ၊ မမှန်သော သက်သေရှိကုန်သော။
အပါဋုကာ၊ မစောင့်စည်းခြင်း အသက်မွေးခြင်းရှိကုန်သော သူတို့သည်။
ဗဟူဟိ ပရိကပ္ပေဟိ၊ ဆိုအပ်ခဲ့ပြီးသော မိစ္ဆာဇီဝအပြားတို့ဖြင့်။
အာမိသံ၊ ဆွမ်းပစ္စည်းစသော အာမိသကို။
ပရိဘုဉ္ဇရေ၊ သုံးဆောင်ကုန်၏။
လေသကပ္ပေ၊ အပ်၏ ဟူသော အမြွက်ဖြင့်။
ပရိယာယေ၊ ပစ္စည်းတို့၌ ပရိယာယ စကားနှင့် ယှဉ်သော။
ပရိကပ္ပေ၊ ပွါးစီးခြင်းစသော အကြံ၌။
အနုဓာဝိတာ၊ အလိုကြီးခြင်း စသော ပါပဓမ္မတို့ဖြင့် ပြေးဝင်ရောနှောကုန်သည်ဖြစ်၍။
ဇီဝိကတ္တာ၊ အသက်မွေးခြင်းဟူသော အကြောင်းကြောင့်။
ဥပါယေန၊ ပရိယာယ် စကားစသော အကြောင်းရှိသော ပစ္စည်းကို ဖြစ်သောနည်းဖြင့်။
ဗဟုဓနံ၊ များစွာသော ဥစ္စာကို။
သင်္ကဍ္ဎန္တိ၊ ငင်ဆောင်ကုန်၏။
ပရိသံပရိသာယ၊ ပရိသတ်၌။
ကမ္မတော ကမ္မဟေတု၊ မိမိသည် ပြုအပ်သော အမှုကြီးငယ်ဟူသော အကြောင်းကြောင့် ။
ဥပဋ္ဌပေန္တိ၊ မိမိကို လုပ်ကြွေးစေကုန်၏။
ဓမ္မတော၊ ဓမ္မဟူသော အကြောင်းကြောင့်။
နောစဥပဋ္ဌပေန္တိ၊ မလုပ်ကြွေးစေကုန်။
လာဘတော၊ လာဘ်ဟူသော အကြောင်းကြောင့်။
ပရေသံ၊ သူတပါးတို့အား။
ဓမ္မံ၊ တရားကို။
ဒေသေန္တိ၊ ဟောကုန်၏။
အတ္ထတော၊ ပစ္စုပ္ပန်သံသရာအကျိုးအစရှိသည် ပြားရှိသော အစီးအပွါးဟူသော အကြောင်းကြောင့်။
နောစဒေသေန္တိ၊ မဟောကုန်။
သံဃလာဘဿ၊ သံဃာမှ ဖြစ်သော လာဘ်ဟူသော အကြောင်းကြောင့်။
ဘဏ္ဍန္တိ၊ ငါအားရောက်၏ သင့်အား မရောက်စသည်ဖြင့် ငြင်းခုံးခြင်းကို ပြုကုန်၏။
သံဃတော၊ အရိယာ သံဃာမှ။
ပရိဗာဟိရာ၊ အပဖြစ်၍ ဖြစ်ကုန်၏။
ပရလာဘော၊ သီလစသော ဂုဏ်နှင့် ပြည့်စုံသော သေက္ခ ပုဂ္ဂိုလ်တို့ကို ရည်၍ ဖြစ်သော တပါးသော လာဘ်ကို။
ဥပဇီဝန္တာ၊ မှီ၍ အသက်မွေးကုန်၏။
အဟိရိကာစ၊ ငါတို့ကား တပါးသော သူတို့နှင့် စပ်၍ အသက်မွေးခြင်းရှိကုန်၏ ဟူ၍။
နလဇ္ဇရေ၊ မရှက်ကုန်။
ဧကေ၊ အချို့ကုန်သော ငြင်းခုံခြင်း အစရှိသည်တို့ကို ပြုတတ်ကုန်သော သူတို့သည်။
နာနုယုတ္တာ၊ ရဟန်းဖြစ်ခြင်းကို ပြုတတ်ကုန်သော တရားတို့နှင့် မယှဉ်ကုန်သည်ဖြစ်၍။
ဇီဝန္တိယထာ၊ အသက်မွေးကုန်သကဲ့သို့။
ဧကေဧကစ္ဏေ၊ အချို့ကုန်သော။
မုဏ္ဍာ၊ ဦးပြီးကုန်သော ရဟန်းတို့သည်။
သံဃာဋိပါရုတာ၊ သင်္ကန်းဖြင့် ရုံအပ်သော ကိုယ်ရှိကုန်သည်ဖြစ်၍။
လာဘသက္ကာရမုစ္ဆိတာ၊ လာဘ်ပူဇော်သကာတောင့်တကုန်သည်ဖြစ်၍။
သမ္ဘာဝနံယေစ၊ ချီးမွမ်းမြှောက်စားခြင်းကို သာလျှင်။
ဣစ္ဆန္တိ၊ အလိုရှိကုန်၏။
နာနပ္ပယာထမှိ၊ အထူးထူးအပြားပြားသော အခြင်းအရာဖြင့် ကိလေသာတို့ကို ဖြစ်စိမ့်သော ငှါအားထုတ်သည် ရှိသော်။
ဒါနိဣဒါနိ၊ ယခုရခဲ့သော အဆွေခင်ပွန်းကောင်းရခဲ့သော သပ္ပါယတရားနာခြင်းကာလ၌။
နသုကရံယထာ၊ စောင့်ခြင်းကို ကောင်းစွာ မပြုသကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
သမ္ပာဒေတုံ၊ ပြည့်စုံစေခြင်းငှါ။
နသက္ကာ၊ မတတ်ကောင်း။
အဖုသိတံဝါ၊ မြတ်စွာဘုရားထင်ရှား ရှိသော ကာလ၌ မရအပ်သော ဈာန်ဝိပဿနာ တရားကို။
ဖုသိတုံ အဓိဂန္တုံ၊ ရခြင်းငှါ။
နသုကရံ၊ မပြုလွယ်။
ဖုသိတံ ဝါ၊ ရအပ်သော ဈာန်ဝိပဿနာတရားတို့ကိုလည်း။
အနုရက္ခိတုံ၊ ကောင်းစွာ စောင့်ရှောက်အံ့သော ငှါ။
နသုကရံ၊ မပြုလွယ်။
ပုရိသော၊ ယောင်္ကျားသည်။
ကေနစိဒေဝပယောဇနေန၊ တစုံတခုသော ဆေးဝါးမန္တရားမန္တာန်ဖြင့်။
ကဏ္ဍကဋ္ဌာနမှိ၊ ဆူးတို့ဖြင့် ပြည့်စုံသော အရပ်၌။
အနုပါဟနော၊ ဘိနပ် မစီးဘဲ။
စရေယျ ယထာ၊ သွားနိုင်သကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
ဂါမေ၊ ကိလေသာတည်းဟူသော ဆူးတို့ဖြင့် ပြည့်သော ဆွမ်းခံရွာ၌။
မုနီ၊ ရဟန်းသည်။
သတိံ၊ သတိပညာအဆင်အခြင်ကို။
ဥပဋ္ဌပေတွာန၊ ဖြစ်စေ၍။
စရေစရေယျ၊ သွားရာ၏။
ပုဗ္ဗကေ၊ ရှေး၌ဖြစ်ကုန်သော။
ယောဂီ၊ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းနှင့်ယှဉ်ကုန်သော ယောဂီ ပုဂ္ဂိုလ်တို့ကို။
သရိတွာ၊ အားထုတ်အပ်သော ဝိပဿနာရှိသည်တို့ကို အောက်မေ့၍။
တေသံ၊ ထိုရှေး၌ ဖြစ်ကုန်သော ကမ္မဋ္ဌာန်းစီးဖြန်းခြင်းနှင့်ယှဉ်သော ပုဂ္ဂိုလ်တို့၏။
ဝတ္တံ၊ အကျင့်ဝတ်ကို ပွါးစေသော အစီအရင်ကို။
အနုဿရံအနုဿရန္တော၊ အောက်မေ့လျက်။
ပစ္ဆိမကောကာလော၊ လွန်ပြီးသော ဘုရားရှိသော အဆုံးကာလသည်။
ကိဉ္စာပိဟောတိ၊ အကယ်တားဖြစ်၏ရှင့်။
တထာပိ၊ ထိုသို့ ဖြစ်သော်လည်း ။
ယထာဓမ္မမေဝ၊ အကြင်ဘုရားဟောတော်မူတိုင်းသော တရားတော်အားလျှော်စွာသာလျှင်။
ပဋိပဇ္ဇန္တော၊ ကျင့်လျက်။
ဝိပဿနံ၊ အနိစ္စအစရှိသော ဝိပဿနာကို။
ဥဿုကာပေန္တော၊ လုံ့လပြုလျက်။
အမတံပဒီ၊ သေခြင်းကင်းရာနိဗ္ဗာန်ကို။
ဖုသေယျ အဓိဂစ္ဆေယျ၊ ရရာ၏။
ဣဒံဝစနံ၊ ဤပြအပ်ခဲ့တိုင်းသော ကိလေသာတို့၏ ဖြူစင်ခြင်းတို့၌ အကျင့်အစီအရင်ကို။
ဝတွာ၊ ဆို၍။
သာလဝနေ၊ အင်ကြင်းတော၌။
ဘာဝိတိန္ဒြိယော၊ ပွါးစေအပ်ပြီးသော သဒ္ဓါစသောငါးပါးသော ဣန္ဒြေရှိသော။
ဗြာဟ္မဏော၊ မကောင်းမှုကို အပပြုပြီးသော။
ခီဏပုနဗ္ဘဝေါ၊ ကုန်ပြီးသော တဘန်ဘဝသစ်၌ ဖြစ်ခြင်းရှိသော။
ဣသိ၊ သီလက္ခန္ဓစသော တရားအပေါင်းကို ရှာမှီးပြီးသော။
သာမဏော၊ ငြိမ်းစေအပ်ပြီးသော မကောင်းမှုရှိသော ပါရံပရိယမည်သော ရဟန္တာသည်။
ပရိနိဗ္ဗာယိ၊ အနုပါဒိသေသပရိနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြု၏။
ဣတိ၊ ဤသို့။
ပါရံပရိယော ထေရော၊ ပါရံပရိယထေရ်သည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော နှစ်ဆဲ့ခြောက်ဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
ပါရံပရိယထေရဂါထာ အနက်ပြီး၏။
ဝီသမှိ၊ ဝီသတိနိပါတ်၌။
ဥဒါနံ၊ ဥဒါန်းသည်ကား။
ဧတေထေရာ၊ ထိုမထေရ်တို့ကို။
အဓိမုတ္တော၊ အဓိမုတ္တထေရ်သည်လည်းကောင်း။
ပါရပရိယော၊ ပါရပရိယထေရ်သည်လည်းကောင်း။
မဟာမုနိ၊ မြတ်သော မုနိဖြစ်သော ။
တေလကာနိ၊ တေလကာနိထေရ်လည်းကောင်း။
ရဋ္ဌပါလော၊ ရဋ္ဌပါလထေရ်လည်းကောင်း။
မာလုကျပုတ္တော၊ မာလုကျ ပုတ္တထေရ်လည်းကောင်း။
သေလောစ၊ သေလထေရ် လည်းကောင်း။
ဘဒ္ဒိယော၊ ဘဒ္ဒိယထေရ်လည်းကောင်း။
အင်္ဂုလိ၊ အင်္ဂုလိမာလထေရ်လည်းကောင်း။
ဒိဗ္ဗစက္ခုကော၊ ဒိဗ္ဗစက္ခု အဘိညာဉ်နှင့် ပြည့်စုံသော အနုရုဒ္ဓါ ထေရ်လည်းကောင်း။
ပါရံ ပရိယော၊ ပါရံ ပါရံ ပါရိယ ထေရ်လည်းကောင်း။
ဣတိ၊ ဤသို့။
ဒသ၊ တကျိပ်အရေအတွက် ရှိကုန်၏ ဟူ၍။
သုပရိကိတ္တိတာ၊ ကောင်းစွာ ဆိုအပ်ကုန်၏။
ဂါထာယော၊ ဘွဲ့ဆိုသီကုံးအပ်သော ဂါထာတို့သည်။
ပဉ္စတာလီသဥတ္တရိ၊ လေးဆဲ့ ငါးအလွန်နှင့်တကွ။
ဒွေသတာစ၊ နှစ်ရာတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဝီသတိနိပါတော၊ ဝီသတိနိပါတ်သည်။
နိဋ္ဌိတော၊ ပြီးခြင်းသို့ ရောက်ပြီ။
ဝီသတိ နိပါတ်ပြီး၏။