Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

6. Senakattheragāthā

Author: နိဿယ @ IAPT

အာဝုသော၊ ငါ့ရှင်တို့။ ဂယာယံ၊ ဂယာအမည်ရှိသော ဆိတ်၏ အနီး၌။ ဂယဖဂ္ဂုယာ၊ ဂယဖဂ္ဂုဟု ဆိုအပ်သော ခေါ်ဝေါ်ခြင်းရှိသော တပေါင်းလ၏။ ဥတ္တရံ၊ ဖဂ္ဂုနိနက္ခတ်၌။ ဥတ္တမံ၊ မြတ်သော။ ဓမ္မံ၊ တရားကို။ ဒေသေန္တံ၊ ဟောတော်မူတတ်သော။
မဟပ္ပဘံ၊ များစွာသော ကိုယ်ရောင်ဉာဏ်ရောင်နှင့် ပြည့်စုံတော်မူထသော။ ဂဏာစရိယံ၊ ရဟန်းပရိသတ် စသော ဂိုဏ်းတို့ထက်မြတ်သော အကျင့်သိက္ခာပုဒ်ဖြင့် ဆုံးမတော်မူတတ်သောကြောင့် ဂိုဏ်းတို့၏ ဆရားလည်း ဖြစ်တော်မူထသော။ အဂ္ဂပတ္တံ၊ သီလစသော ဂုဏ်တို့ကို ရသဖြင့် မြတ်သော အဖြစ်သို့ ရောက်တော်မူထသော။ ဝိနာယကံ၊ လူနတ်စသည်တို့အားမြတ်သော ဆုံးမခြင်းဖြင့် ဆုံးမတော်မူထသော။
သဒေဝကဿ၊ နတ်နှင့်တကွသော။ လောကဿ၊ လူအပေါင်းထက်။ ဇိနံ၊ ငါးပါးသော မာန်တို့ကို အောင်တော်မူပြီးသည်ဖြစ်၍ မြတ်တော်မူထသော။ အတုလဒဿနံ၊ နတ်နှင့်တကွသော လူ၌ မနှိုင်းယှည်အပ်သော မြင့်ခြင်းရှိသည်၏ အဖြစ်ဖြင့် အတုမရှိသော မြင်ခြင်းရှိတော်မူထသော။
မဟာနာဂ၊ ရဟန္တာတို့ထက်လွန်မြတ်သော ရဟတန္တာဖြစ်တော်မူထသော။ မဟာဝီရံ၊ မာရ်တို့ကို ဖျက်ဆီးခြင်းငှါ စွမ်းနိုင်သော ကြီးစွာသော လုံ့လရှိတော်မူထသော။ မဟာဇုတိံ၊ များသော အရောင်များသော တန်ခိုးရှိတော်မူထသော။ အနာသဝံ၊ အာသဝေါတရားလေးပါးမှ ကင်းစင်တော်မူပြီးထသော။
သဗ္ဗာသဝပရိက္ခီဏံ၊ အလုံးစုံကုန်ပြီးသော အာသဝေါလည်းရှိထသော။ သတ္ထာရံ၊ ဝေနေယျ သတ္တဝါတို့အား ဆုံးမတော်မူတတ်ထသော။ အကူတောဘယံ၊ စတုဝေသာ ရဇ္ဇဉာဏ်ဖြင့် ရွံရှာခြင်း ကင်းသောကြောင့် တစုံတယောက်သော သူမှကြောက်ခြင်းရှိတော်မမူထေသော။ ဧဝရူပံ၊ ဤသို့သဘောရှိသော။ သမ္မာသမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ ယံယသ္မာကာရဏာ၊ အကြင်ကြောင့်။ အဒ္ဒသိံ၊ မြင်ပြီ။ တသ္မာ၊ ထိုကြောင့်။ မေ၊ ငါ၏။ အာဂတံ၊ လာခြင်းကား။ သွာဂတံပတ၊ ကောင်းစွာ လာခြင်းသည်သာလျှင်။ အာသိတ္ထ၊ ဖြစ်ပြီ။
စီရံ၊ မြင့်ရှည်စွာသော ကာလပတ်လုံး ။ ဒိဋ္ဌိသန္တာနဗန္ဓိတံ၊ ဒိဋ္ဌိတည်းဟူသော အစဉ်ဖြစ်သော မိစ္ဆာဒိဋ္ဌိဖြင့် ဖွဲ့အပ်သော။ သံကိလံဋ္ဌံ၊ မသိအပ်သော အစရှိသော သံသရာ ကာလပတ်လုံး ပုဆိုးနွမ်းစသည်ကဲ့သို့ ညစ်နွမ်းထသော။ ဝတဧကန္တေန၊ စင်စစ်သဖြင့်။
သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ သဗ္ဗဂန္ထေဟိ၊ ခပ်သိမ်းသော အဘိဇ္ဈာကာယဂန္ထစသည်တို့ဖြင့်။ သေနကံ၊ သွန်းတတ်သော။ မံ၊ ငါ့ကို။ မောစေသိ၊ အရိယမဂ်တည်းဟူသော ထက်ဖြင့် လွတ်စေတော်မူစွတကား။
ဣတိ၊ ဤသို့။ သေနကောထေရော၊ သေနကထေရ်သည်။ ဣမံဂါထာစတုက္ကံ၊ ဤဂါထာ လေးခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ သေနကထေရဂါထာ အနက်ပြီး၏။