Issues
選擇版本
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

7. Sattakanipāto

作者: နိဿယ @ IAPT

အလင်္ကတာ၊ ဥက္ခေါင်းတန်ဆာသည်ဖြင့် တန်ဆာဆင်ထသော။ သုဝသနာ၊ တင့်တယ်သော အဝတ်လည်းရှိထသော။ မာလဓာရီ၊ ပန်းပန်ခြင်းလည်းရှိထသော။ ဝိဘူသိတာ၊ ပန်းနံ့သာနံ့သာပျောင်းတို့ဖြင့် အပြေအပြစ်ပြုအပ်သော ကိုယ်ရှိထသော။
အလတ္တကကတာပါဒါ၊ ညွတ်သော လယ်ခေါင်ရန်းမြတ်လေးပန်းအဆင်းချိပ်ရည်အဆင်းဖြင့် ဆိုးအပ်သော အခြေနှစ်ဘက်ရှိထသော။ ဝေသိကာ၊ ပြည့်တန်ဆာမသည်။ ပါဒုကံ၊ ရွှေခြေနင်းကို။ အာရုယှ၊ စွတ်၍။ ဋ္ဌိတံ၊ တည်၏။
ဋ္ဌတွာ၊ တည်ပြီး၍။ ပါဒုကာ၊ ရွှေခြေနင်းတို့ကို။ ဩရုဟိတွာန၊ ချွတ်၍။ ပုရတော၊ ငါ၏ရှေးမှ။ ပဉ္စလီကတာ၊ ချီအပ်သော လက်အုပ်ရှိသော်။
သာဝေသီ၊ ထိုပြည်တန်ဆာ မသည်။ မံ၊ ငါ့ကို။ သဏှေန၊ ပြေပြစ်သော။ မုဒုနာ၊ သာယာသော စကားဖြင့်။ မိတပုဗ္ဗံ၊ ပြုံးခြင်းရှေးရှိသော စကားကို။ အဘာသထ၊ ဆိုလတ်၏။
သာမ၊ အရှင်။ တွံ၊ အရှင်ကား။ ယုဝါ၊ ပျိုသေးလျက်။ ပဗ္ဗဇိတော၊ ရဟန်းပြုသည်။ အသိ၊ ဖြစ်၏။ မမသာသနေ၊ အကျွန်ုပ်၏ စကား၌။ တိဋ္ဌာဟိ၊ တည်စေချင်၏။
မနုဿကေ၊ လူ၌ဖြစ်သော။ ကာမေ၊ ကာမဂုဏ်တို့ကို။ ပရိဘုဉ္စ၊ ခံစားသုံးဆောင်ဦးလော။ အယံ၊ အကျွန်ုပ်သည်။ တေ၊ အရှင်အား။ စိတ္တံ၊ စိတ်အလိုရှိတိုင်း။ မနုဿကေကာမေ၊ လူ၏ ကာမဂုဏ်တို့ကို။ ဒဒါမိ၊ ပေးပါ၏။
သစ္စာမေဝ၊ အမှန်ကိုသာလျှင်။ ပဋိဇာနာမိ၊ ဝန်ခံပါ၏။ မေ၊ အကျွန်ုပ်အား။ စေနပတ္ထယာယတိ၊ အကယ်၍ အလိုမရှိသည်ဖြစ်အံ့။ တေ၊ သင်အား။ အဂ္ဂိံဝါ၊ မီးကိုမူလည်း။ အဟံ၊ အကျွန်ုပ်သည်။ ဟရာမိ၊ ဆောင်အံ့။
ဥဘော၊ နှစ်ယောက်သော ငါတို့သည်။ ယဒါ၊ အကြင်အခါ၌။ ဒဏ္ဍပရာယနာ၊ တောင်ဝှေးလျှင် လည်း လျောင်းရာ ရှိကုန်သည်ဖြစ်၍။ ဇိဏ္ဏော၊ အိုကုန်သည်။ ဘဝိဿာမ၊ ဖြစ်ကုန်အံ့။
တဒါ၊ ထိုအခါ၌။ ဥဘော၊ ငါတို့ နှစ်ယောက်တို့သည်လည်း။ ပဗ္ဗဇိဿာမ၊ ရဟန်းပြုကုန်အံ့။ ဧဝံ၊ ဤသို့ ပြုသည်ရှိသော်။ ဥဘယတ္တကဋဂ္ဂဟော၊ ပစ္စုပ္ပန်ဖြစ်သော လူစည်းစိမ်သံသရာ၌ဖြစ်သော နတ်စည်းစိမ်မှ မယုတ်သည်။ ဘဝိဿမ၊ ဖြစ်ကုန်အံ့။ ဣတိ၊ ဤသို့။ အာဟ၊ ဆို၏။
အလင်္ကတံ၊ ဥက္ခေါင်းတန်ဆာစသည်ဖြင့် တန်ဆာဆင်ထ‌သော။ သုဝသနံ၊ ကောင်းစွာတင့်တယ်သော အဝတ်လည်းရှိထသော။ ပဉ္စလီဘတံ၊ ချီအပ်သော လက်အုပ်ရှိသော။ တဉ္စဝေသိကံ၊ ထိုပြည့်တန်ဆာမကို။ ဒိသွာ၊ မြင်၍။ ပစ္စုပါသံ၊ သေမင်း ၏ ကျော့ကွင်းကို။ ဩဠိတံဣဝ၊ ထောင်သကဲ့သို့။ ဒိဿတေ၊ ထင်လတ်၏။
တတော၊ ထိုထင်ပြီးသည်နောက်မှ။ ယောနိသောမနသီကာရော၊ ဤအရိုးစုကား အကြောနှင့်စပ်၏ အသားဖြင့်လိမ်းကျံ၏ ဤသို့ အစရှိသော နှလုံးသွင်းခြင်းသည်။ ဥဒပဇ္ဇထ၊ ဖြစ်လတ်၏။ အာဒီနဝေါ၊ ဤကိုယ်၏ သဘောကို ဆောင်ခြင်းကို အရင်းပြုသဖြင့် ကိုယ်၌ မှီကုန်သော စိတ်စေတသိက်တို့၏ အဖြစ်အပျက်ကို နှလုံးသွင်းခြင်း ထိုစိတ်စေတသိက်တို့၌ ဘီလူးရက္ခိုသ် စသည်တို့ကဲ့သို့ ဘေးအားဖြင့် ထင်သော များစွာသော အခြင်းအရာရှိသော အပြစ်သည်။ ပါတုရဟု၊ ထင်ရှားဖြစ်၏။ နိဗ္ဗိဒါ၊ အပြစ်ကိုရှုသော ဘာဝနာကိစ္စဖြင့် ပြီးသော ဝဋ်ဆင်းရဲမှ ငြီးငွေ့သော ဉာဏ်သည်။ သမ္မဋ္ဌိတာ၊ ငါ၏ နှလုံး၌ ကောင်းစွာတည်ပြီ။
တတော၊ ထိုဝိပဿနာ ဉာဏ်ဖြင့် ရှုသည်မှ။ မေမမ၊ ငါ၏။ စိတ္တံ၊ စိတ်သည်။ ဝိမုစ္စိ၊ မဂ်၏ အစွမ်းအားဖြင့် အလုံးစုံသော ကိလောတို့မှလွဝ်ပြီ။ (လ) ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ အဆုံးအမတော်ဖြစ်သော မဂ်ဟူသော အကျင့်ကို။ ကတိဝုသီတံ၊ သုံးအပ်ပြီ။
ဣဝိ၊ ဤသို့။ သုန္ဒရသရဒ္ဓေါ ထေရော၊ သုန္ဒရသမုဒ္ဒထေရ်သည်။ ဣမာသတ္တဂါထာယော၊ ဤခုနစ်ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ သုန္ဒရသမုဒ္ဒထေရဂါထာ အနက်ပြီး၏။
ပရေသေဋ္ဌေ၊ မြတ်သော။ အမ္ဗိတကာရာမေ၊ အမ္ဗိတက အမည်ရှိသော အရံ၌။ ဝနသဏ္ဍမိ၊ ဝှေးပင်တို့ဖြင့် မှတ်အပ်သော တောအုပ်၌။ ဘဒ္ဒိယော၊ ဘဒ္ဒိယ အမည်ရှိသော မထေရ်သည်။
တဏှံတဏှာယ၊ တဏှာ၏။ သမူလံ၊ အရင်းနှင့်တကွဖြစ်သော အဝိဇ္ဇာကို။ အဗ္ဗုယှ၊ အရဟတ္တမဂ်ဖြင် ခွါနှုတ်၍။ ဘဒ္ဒေါသုန္ဒရော၊ လောကုတ္တရာ သီလအစရှိသည်ဖြင့်ကောင်းသော မထေရ်သည်။ တတ္ထ၊ ထိုတောအုပ်၌။ ဈာယီ၊ အရဟတ္ထဖိုလ်ဈာန်ချမ်းသာဖြင့် ဝင်စား၏။
မုဒိင်္ဂေဟိစ၊ မုရိုးစည်တို့ဖြင့် လည်းကောင်း။ ဝီဏာဟိစ၊ စောင်းတို့ဖြင့်လည်းကောင်း။ ပဏဝေဟိစ၊ ထက်စည်တို့ဖြင့်လည်းကောင်း။ ဧကေ၊ အချို့ကုန်သော ကာမဂုဏ်ချမ်းသာကို ခံစားကုန်သော သူတို့သည်။ ရမန္တိ၊ မွေ့လျော်ကုန်၏။
အဟဉ္စ၊ ငါဘဒ္ဒိယမူကား။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနေ၊ သာသနာတော်၌။ ရုက္ခမူလသ္မိံ၊ သစ်ပင်ရင်း၌။ ရတော၊ ယောက်အတည်းလည်းမွေ့လျော်၏။
မေ၊ ငါ့အား။ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ ဝရံ၊ တောင့်တတိုင်းသော ဆုကို။ စေအဇ္ဇာ၊ အကယ်၍ပေးရာ၏။ သောစဝရော၊ ထိုဆုကိုလည်း။ မေမ၊ ငါ၏။ အဓိပ္ပါယံ၊ အလိုကို။ လဗ္ဘေထ၊ ပြည့်စုံအောင် ရပေ၏။
အဟံ၊ ငါသည်။ သဗ္ဗလောကဿ၊ ခပ်သမ်းသော လူကို။ နိစ္စံ၊ အမြဲ။ ကာယဂတံသတိံ၊ ဆံအစရှိသော သုံးဆဲ့နှစ်ပါးသော အစု၌ ဖြစ်သော ခန္ဓာကို။ ဘာဝေတဗ္ဗာ၊ ပွါးစေအပ်သည်ကို ပြု၍။ ဝရံ၊ ဆုကို။ ဂဏှေဂဏှာမိ၊ ငါယူ၏။
ယေဇနာ၊ အကြင်သူတို့သည်။ ရူပေန၊ ကြည်ညိုဘွယ်မရှိသော ယုတ်သော အဆင်းဖြင့် ။ ပါပိံ သုအဝိန္ဒ သုမညိံသု၊ ယုတ််သော ပိုင်းခြားခြင်း၏ အစွမ်းဖြင့် ကဲ့ရဲ့အောက်မေ့ကုန်၏။ ယေစဇနာ၊ အကြင်သူတို့သည်လည်း။ ဃောသေန၊ သာယာစွာသော အသံကို ကြားသည်၏ အစွမ်းအားဖြင့် ။ အနွဂူ၊ အဘန်တလဲလဲ ကပ်ကုန်၏။
တေဇနာ၊ ထိုသူတို့သည်။ ဆန္ဒရာဂဝသူပေတာ၊ ပြင်းစွာတတ်သော ရာဂ၏ အလိုသို့ လိုက်ကုန်သည်ဖြစ်၍။ မံ၊ ငါ့ကို။ နဇာနန္တိ၊ မသိကုန်။
အဇ္ဈတ္တိဉ္စ၊ မိမိသန္တာန်၌ ဖြစ်သော ခန္ဓာအာယတန တရားတို့ကိုလည်း။ ယော၊ အကြင်သူသည်။ နဇာနာတိ၊ မသိ။ ဗဟိဒ္ဓါစ၊ သူတပါးသန္တာန်၌ ဖြစ်သော ခန္ဓာ အာယတန တရားတို့ကိုလည်း။ နပဿတိ၊ အထူးသဖြင့် မမြင်။
သမန္တာဝရဏော၊ ထိုဆိုခဲ့ပြီးသော အဇ္ဈတ္တဗဟိဒ္ဓ တရားကို မသိသဖြင့် ထက်ဝန်းကျင် ပိတ်ပင်ခြင်းနှင့်ယှဉ်သော ဉာဏ်အလားရှိသော။ သောဗာလော၊ ထိုသူမိုက်သည်။ ဝေဧကန္တေန၊ စင်စစ်သဖြင့်။ ဃောသေန၊ သူတပါးတို့ ဆိုအသော စကားသဖြင့် ။ ဝုယှတိ၊ ဝင်၏။
အဇ္ဈတ္တဉ္စ၊ မိမိ၏ သန္တာန်၌ ဖြစ်သော ခန္ဓာအာယတနတရားကိုလည်း။ နဇာနာတိ၊ မသိ။ ဗဟိဒ္ဓါစ၊ သူတပါးသန္တာန်၌ဖြစ်သောခန္ဓာ အာယတန တရားကိုလည်း။ ဝိပဿတိ၊ သူတပါးမှ ကြားအပ်သော စကားသံကို အစဉ်မှီသဖြင့် အသွင်အပြင် ပြည့်စုံခြင်း အစရှိသည်ကို မှတ်သော အားဖြင့် မြင်၏။
ယောပိ၊ အကြင်သူသည်လည်း။ ဗဟိဒ္ဓါ၊ သူတပါး သန္တာန်၌။ ဗသဒဿာဝီ၊ နည်းကိုယူသဖြင့် အကျိုးမျှကို မြင်လေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။ သောပိ၊ ထိုသူသည်လည်း။ ဃောသေန၊ သူတပါးတို့ ဆိုအသော စကားသံဖြင့်။ ဝုယှတိ၊ ငင်၏။
အဇ္ဈတ္တဉ္စ၊ ငါ၏ အတွင်းသန္တာန်၌ ဖြစ်သော သီလစသော ကျေးဇူးတရားကိုလည်း။ ပဇာနာတိ၊ အပြားအားဖြင့် သိ၏။ ဗဟိဒ္ဓါစ၊ ငါ၏ အပသန္တာန်၌ ဖြစ်သော အမူအရာ ၏ ပြည့်စုံခြင်းစသည်နှင့် ယှဉ်သော ရူပဓမ္မ၏ ဖြစ်ခြင်းကိုလည်း။ ဝိပဿတိ၊ အပသန္တာန်၌ ဖြစ်သော ထိုသူ၏ အဖြစ်ကို မှတ်သဖြင့် အထူးအားဖြင့်ဂုဏ်အထူးနှင့် ယှဉ်ခြင်းကို မြင်၏။
အနာဝရဏဒဿာဝီ၊ တစုံတယောက်သောသူသည် မပိတ်ပင်အပ်သည် ဖြစ်၍ အရိယာတို့၏ ဂုဏ်၌ မြင်ခြင်းငှါ စွမ်းနိုင်၏။ သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ဃောသေန၊ သူတပါးတို့ဆိုသော စကားသံဖြင့်။ နဝုယှတိနအာကဍ္ဎိ၊ ယုတ်စွာဆိုသော အားဖြင့် မငင်။
ဣတိ၊ ဤသို့။ လကုဏ္ဍကောထေရော၊ လကုဏ္ဍကထေရ်သည်။ ဣမာသတ္တဂါထာယော၊ ဤခုနစ်ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ လကုဏ္ဍကထေရဂါထာ အနက်ပြီး၏။
ဗဟူဟိ၊ များစွာကုန်သော။ ဝတစရိယာတိ၊ နို့ရည် ကိုသာ သောက်၍ အစာမစားခြင်း စသော အကျင့်တို့ဖြင့်လည်းကောင်း။ အာယာစနာဟတိ၊ နတ်တို့ကို တောင်းပန်ခြင်းဘုရားမြတ်စွာကိုတောင်းပန်ခြင်းတို့ဖြင့်လည်းကောင်း။ လဒ္ဓေါ၊ ရအပ်သော။ ဧကပုတ္တော၊ တယောက်တည်းသောသားသည်။ အဟံ၊ ငါသည်။ အသိံ၊ ဖြစ်၏။ မာတု၊ အမိသည်။ ပိယော၊ ချစ်အပ်၏။ ပိတု၊ အဘသည်။ ပိယော၊ ချစ်အပ်၏။
တေစ၊ ထိုအမိအဘတို့သည်လည်း။ မံ၊ ငါ့ကို။ အနုကမ္ပာယ၊ အစဉ်သနားဖြင့်။ အတ္တကာမာ၊ အကျိုးကို အလိုရှိကုန် သည်ဖြစ်၍။ ဟိတေသိနော၊ အစီးအပွါးကို ရှာမှီးလေ့ရှိကုန်သည်ဖြစ်၍။ မာတာစ၊ အမိသည်လည်းကောငး်။ ပီတာစ၊ အဘသည်လည်းကောင်း။ ဥဘော၊ နှစ်ယောက်သော သူတို့သည်။ ဗုဒ္ဓဿ၊ ဘုရားရှင်အား။ ဥပနာမယုံဥပနာမေသုံ၊ ကပ်စေကုန်၏။
ကိစ္ဆာလဒ္ဓေါ၊ ငြိုငြင်စွာ နတ်ကိုတောင်းပန်ခြင်းဘုရားကို တောင်းပန်ခြင်း ဖြင့် နို့ရည်ကို သာသောက်၍ အစာမစားဘဲအကျင့်ကို ကျင့်မှ ရအပ်သော။ အယံပုတ္တော၊ ဤအကျွန်ုပ်တို့၏သားငယ်သည်။ သုခုမာလော၊ နူးညံ့သိမ်မွေ့၏။ သုလေဓိတော၊ ချမ်းသာသဖြင့် ကြီးပွါး၏။
နာထ၊ လူသုံးပါးတို့၏ ကိုးကွယ်ရာ ဖြစ်သော။ ဇိနဿ၊ မာရ်ပွဲသခင်အရှင်ဘုရား။ တေ၊ အရှင်ဘုရားအား။ ပရိစာရိကံ၊ အဘယ်မှုကို ပြုရအံ့နည်းဟု မေးလျှောက်၍ လုပ်ကျွေးစိမ့်သည်ကို။ ကတွာ၊ ပြု၍။ ဣမံပုတ္တလံ၊ ဤသားငယ်ကို။ ဒဒါမ၊ အကျွန်ုပ်တို့ပေးပါကုန်၏။
သတ္ထာစ၊ မြတ်စွာဘုရားသည်လည်း။ မံ၊ ငါ့ကို။ ပဋိဂ္ဂယှ၊ ခံတော်မူ၍။ အာနန္ဒံ၊ အာနန္ဒာကို။ ဧတံဝစနံ၊ ဤသို့သောစကားကို။ အဗြဝိ၊ ဆိုတော်မူ၏။
အာနန္ဒ၊ ချစ်သား အာနန္ဒာ။ ဣမံဒါရကံ၊ ဤသို့ သားငယ်ကို ။ ခိပ္ပံ၊ သျှင်စွာ။ ပဗ္ဗာဇေဟိ၊ ရဟန်းပြုလော။ အယံဒါရကော၊ ဤသူငယ်သည်။ မမသာသနေ၊ ငါဘုရား၏ သာသနာတော်၌။ အဇာနိယော၊ ယောင်္ကျားအာဇာနည်ဖြစ်သော ရဟန္တာသည်။ ဟေဿတိ၊ ဖြစ်လတ္တံ့။
ဇိနော၊ မာန်ငါးပါးကို အောင်တော်မူပြီးသော။ သတ္ထာ၊ မြတ်စွာဘုရားသည်။ မံ၊ ငါ့ကို။ ပဗ္ဗဇိတွာန၊ ရဟန်းပြုပြီး၍။ ဝိဟာရံ၊ ဂန္ဓကုဋိတိုက်တော်သို့။ ပါဝိသိ၊ ဝင်ပြီ။
သုရိယသ္မိံ၊ နေမင်းသည်။ အနောဂ္ဂတသ္မိံ၊ မဝင်မီသာလျှင်။ တတော၊ ထိုဝိပဿနာကို အားထုတ်သည်မှ။ ပရံ၊ နောက်၏။ မေ၊ ငါ၏။ စိတ္တံ၊ စိတ်သည်။ ဝိမုစ္စိ၊ မကြာမြင့်မှီ ခဏခြင်းဖြင့် အလုံးစုံသော အာသဝေါတို့မှ လွတ်၏။
တတော၊ ထိုအာသဝေါတရားတို့၏ ကုန်ခြင်းသို့ ရောက်သည်မှ။ သတ္ထာ၊ မြတ်စွာဘုရားသည်။ နိရံကတွာ၊ မိမိဝင်စားမြဲသော ဖလသမာပတ်ကိုဝင်စားတော်မူ၍။ တတော၊ ထိုဖလသမာပတ်မှ။ ပဋိသလ္လာနာ၊ ကိုယ်တော်လည်း ကိန်းတော်မူရာမှ။ ဝုဋ္ဌိတော၊ ထပြီးသည်ရှိသော်။
ဘဒ္ဒ၊ ဘဒ္ဒ။ ဧဟိ၊ လာသည့်။ ဣတိ၊ ဤသို့။ မံ၊ ငါ့ကို။ အာဟ၊ မိန့်တော်မူ၏။ မေ၊ ငါ့အား။ သာဥပသမ္ပဒါ၊ ထိုဧဟိဘိက္ခုရဟန်း၏ အဖြစ်သည်။ အာသိ၊ ဖြစ်ပြီ။
မေမယာ၊ ငါသည်။ ဇာတိယော၊ ပဋိသန္ဓေအားဖြင့်။ သတ္တဝဿေန၊ ခုနစ်နှစ်သာရှိသေးလျက်။ ဥပသမ္ပဒါ၊ အဖြစ်ကို။ လဒ္ဓါ၊ ရအပ်၏။
မေမယာ၊ ငါသည်။ တိဿောဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာတို့ကို။ အနုပ္ပတ္တာ၊ အစဉ်အတိုင်းရောက်ကုန်ပြီ။ ဓမ္မဿ၊ တရားတော်၏။ ဓမ္မသုဓမ္မတံ၊ တရားတော် ၏ ကောင်းသော တရား၏ အဖြစ်သည်။ အဟောအစ္ဆရိယံ၊ ဪအံ့ဘွယ် ရှိစွတကား။
ဣတိ၊ ဤသို့။ ဘဒ္ဒေါထေရော၊ ဘဒ္ဒထေရ်သည်။ ဣမာသတ္တဝါဂါထာယော၊ ဤခုနစ်ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဘဒ္ဒထေရဂါထာ အနက်ပြီး၏။
ပါသာဒဆာယာယံ၊ ဂန္ဓကုဋိတိုက်တော်၏အရိပ်၌။ နရုတ္တမံ၊ လူသုံးပါးထက် မြတ်တော်မူသော။ စင်္ကမံ၊ စင်္ကြံသွားတော်မူသော။ တံသမ္မာသမ္ဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။ ဒိသွာ၊ မြင်၍။
တတ္ထ၊ ထိုဂန္ဓကုဋိ၏ အရိပ်သို့။ ဥပသင်္ကမ္မ၊ ကပ်၍။ ပုရိသုတ္တမံ၊ ယောင်္ကျားတကာတို့ထက် မြတ်တော်မူသော။ နံဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားသို့။ ဥပသင်္ကမ္မ၊ ကပ်၍။ ဧကသံဧကသ္မိံ အံသေ၊ ပခုံးတဖက်၌။ စီဝရံ၊ သင်္ကန်းကို။ ကတွာ၊ စမ္ပယ် တင်သည်ကိုပြု၍။ ပါဏိယော၊ လက်နှစ်ဘက်တို့ကို။ သင်္ဃရိတာန၊ ကြာမုံ အသွင်ဖြင့်ပေါင်းရုံး၍။ ဝန္ဒိဿံ၊ ရှိခိုးပြီ။
ဝန္ဒန္တော၊ ရှိခိုးလျက်။ ဝိရဇံ၊ ကိလေသာဟူသော မြူမှ ကင်းပြီးထသော။ သဗ္ဗသတ္တာနံ၊ ခပ်သိမ်းသော သတ္တဝါတို့ထက်။ ဥတ္တမံ၊ မြတ်တော်မူသော ဘုရားသခင်ကို။ အနုစင်္ကမိဿံ၊ အတုလိုက်၍ စင်္ကြံသွား၏။
တတော၊ ထိုသို့ အတူစင်္ကြံလိုက်၍ သွားပြီးသည်နောက်မျ. ပဉှာနံ၊ ခပ်သိမ်းသော ပြဿနာတို့၌။ ကောဝိဒေါ၊ လိမ္မာတော်မူသော။ ဝိဒူ၊ သိအပ်သော တရားအပေါင်းကို သိပြီးသော မြတ်စွာဘုရားသည်။ မံ၊ ငါကို။ ပဉှေ၊ ကုမာရကပြဿနာတို့ကို။ အပုစ္ဆိ၊ မေးတော်မူ၏။
အဟံ၊ ငါသည်။ အဆမ္ပိ၊ တုန်လှုပ်ခြင်းမရှိသည်ဖြစ်၍။ အဘီတော၊ ကြောက်ရွံခြင်းကင်းသည်ဖြစ်၍။ သတ္ထုနော၊ မြတ်စွာဘုရား၏။ ပဉှေ၊ ကုမာရ ပြဿနာတို့ကို။ ဗျာကာသိံ၊ ဖြေပြီ။
ပဉှေသု၊ ကုမာရကပြဿနာတို့ကို။ ဝိဿဇ္ဇိတေသု၊ ဖြေအပ်ကုန်သည်ရှိသော်။ တထာဂတော၊ ဝိပဿီစသော ရှေးဘုရားတို့ကဲ့သို့ လားခြင်းကောင်းတော်မူသော မြတ်စွာဘုရားသည်။ အနုမောဒိ၊ သာဓု သာဓု သောပါကပဉှာဝိဿဇ္ဇိတော စသည်ကို မိန့်တော်မူလျက် ဝမ်းမြောက်တော်မူ၏။
တတော၊ ထိုနောက်မှ။ ဘိက္ခုသံဃံ၊ ရဟန်းအပေါင်းကို။ ဝိလောကေတွာ၊ တစောင်းကြည့်တော်မူ၍။ ဣမမတ္ထံ၊ ဤဆိုလတ္တံ့သော အနက်ကို။ အဘာသထ၊ မိန့်တော်မူ၏။
ယေသံ၊ အကြင်အင်္ဂတိုင်းမဂဓတိုင်းသားတို့၏။ စီဝရဉ္စ၊ သင်္ကန်းကိုလည်းကောင်း။ ပိဏ္ဍပါတဉ္စ၊ ဆွမ်းကိုလည်းကောင်း။ ပစ္စယဉ္စ၊ သူနာ၏ ပစ္စည်းဖြစ်သော ဆေးကိုလည်းကောင်း။ သယနာသနဉ္စ၊ ကျောင်းအိပ်ရော နေရာကိုလည်းကောင်း။ ပရိဘုဉ္ဇတိ၊ သုံးဆောင်၏။ အယံပရိဘောဂေါ၊ ဤသို့ သုံးဆောင်ခြင်းသည်။ အင်္ဂါနံ မဂဓာနံ၊ အင်္ဂတိုင်း မဂဓတိုင်းသားတို့အား။ လာဘာ၊ ရတော်လေစွတကား။
ပစ္စုဋ္ဌာနဉ္စ၊ ခရီးဦးကြိုဆိုခြင်းကိုလည်းကောင်း။ သာမိစိဉ္စ၊ အရိုအသေပြုခြင်းကို၎င်း။ တေသံ၊ ထိုအင်္ဂတိုင်မဂဓတိုင်းသားတို့အား။ လာဘာ၊ ရတော်လေစွတကား။ ဣတိစ၊ ဤသို့လည်း။ အဗြဝိ၊ မိန့်တော်မူပြီ။
သောပါက၊ သောပါက။ အဇ္ဇတဂ္ဂေ၊ ယနေ့ကို အစပြု၍ ။ မံမမ၊ ငါဘုရားအား။ ဒဿနာယ၊ ဖူးမြင်းခြင်းငှါ။ ဥပသင်္ကမ၊ ကပ်လတ်လော။
သောပါက၊ သောပါက။ တေတယာ၊ သင်သည်။ မမ၊ ငါ၏။ သဗ္ဗညုတညာဏေန၊ သဗ္ဗညုတဉာဏ်နှင့် ။ သဒ္ဓိံ၊ တကွ။ သံသန္ဒိတွာ၊ နှီးနှော၍။ ယာပဉှဝိဿဇ္ဇနာ၊ အကြင် ပြဿနာကို ဖြေခြင်းကို။ ကတာ၊ ပြုအပ်၏။ ဧသာစေဝဧသာစဧဝ၊ ဤသို့ ဝိဿဇ္ဇာနာကို ဖြေခြင်းသည်ပင်လျှင်။ တဝ၊ သင်အား။ ဥပသမ္ပဒါ၊ ပဉ္စင်းအဖြစ်သည်။ ဘဝတု၊ ဖြစ်လေလော။ ဣတိစဣဒံဝစနံ၊ ဤသို့ သော စကားကိုလည်း။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အဗြဝိ၊ မိန့်တော်မူပြီ။
အဟံ၊ ငါသည်။ ဇာတိယာ၊ ပဋိသန္ဓေအားဖြင့် ။ သတ္တဝဿော၊ ခုနစ်နှစ်သာရှိသေးလျက်။ ဥပသမ္ပဒံ၊ ပဉ္စင်းအဖြစ်ကို။ လဒ္ဓါနလဘိတွာန၊ ရပြီး၍။
အန္တိမံဒေဟံ၊ အဆုံးဖြစ်သော ကိုယ်ကို။ ဓာရေမိ၊ ဆောင်၏။ ဓမ္မဿ၊ တရားတော်၏။ ဓမ္မသုဓမ္မတာ၊ တရားတော်၏ ကောင်းသော တရား၏အဖြစ်သည်။ အဟောအစ္ဆရိယာ၊ ဪအံ့ဘွယ်ရှိစွတကား။
ဣတိ၊ ဤသို့။ သောပါကောထေရော၊ သောပါကထေရ်သည်။ ဣမာသတ္တဂါထာယော၊ ဤခုနစ်ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ သောပါကထေရဂါထာ အနက်ပြီး၏။
သရေ၊ အိုင်၌ဖြစ်သော မြက်တို့ကို။ ပတ္ထေဟိ၊ မိမိလက်တို့ဖြင့်။ ဘဉ္ဇိတွာ၊ ချိုး၍။ ကုဋိံ၊ မြက်ကုဋိကို။ ကတွာ၊ ပြု၍။ သစ္ဆိဿံ၊ ရှေးရသေ့ဖြစ်စဉ် ကာလ၌ နေဘူးအိိပ်ဘူး၏။
တေန၊ ထိုသို့ ကုဋိကို ပြုခြင်းငှါ မြက်တိုကို ချိုးတတ်သောကြောင့်။ မေမမ၊ ငါ့ကို။ သမ္မုတိယာ၊ လူတို့အမည်ကို သမုတ်ခြင်းဖြင့်။ သရဘင်္ဂေါတိနာမံ၊ သရဘင်္ဂဟူသောအမည်သည်။ အဟုအဟောသိ၊ ဖြစ်ပြီ။
အဇ္ဇဣဒါနိ၊ ယခုအခါ၌။ သရေတိဏာနိ၊ မြက်တို့ကို။ ဟတ္ထေဟိ၊ လက်တို့ဖြင့်။ ဘဉ္စိတုံ၊ ချိုးခြင်းငှါ။ မယှံ၊ ငါ့အား။ နကပ္ပတေနဝဋ္ဋတိ၊ မအပ်။ ကသ္မာ၊ အဘယ်ကြောင့် မအပ်သနည်း။ ဣတိစေ၊ ဤသို့ ဆိုငြားအံ့။
ယသဿိနာ၊ များသော အခြံအရံ ရှိတော်မူသော။ ဂေါတမေန၊ ဂေါတမအမည်ရှိတော်မူသော မြတ်စွာဘုရားသည်။ နော၊ ငါ့တို့အား။ သိက္ခာပဒါ၊ သိက္ခာပုဒ်တို့ကို။ ပညတ္တာ၊ ပညတ်တော်မူအပ်ကုန်ပြီ။ တသ္မာ၊ ထိုကြောင့်။ ဘဉ္ဇိတုံ၊ ချိုးခြင်းငှါ။ နဝဋ္ဋတိ၊ မအပ်။
သရဘင်္ဂေါ၊ သရဘင်္ဂအမည်ရှိသော ငါရသေ့သည်။ ပုဗ္ဗေ၊ ရှေးအခါ၌။ သကလံ၊ အလုံးစုံသော။ သမတ္တံသံပုဏ္ဏံ၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့် ပြည့်သော။ ရောဂံ၊ ဒုက္ခဒုက္ခတာ စသည်၏ အစွမ်းအားဖြင့်ထိုးကျင့်နှိပ်စက်တတ်သော အနာနှင့်တူသော ဥပါဒါနက္ခန္ဓာ တရားငါးပါးအပေါင်းကို။ နာဒဿံ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့်မြင့်။
ဒါနိဣဒါနိ၊ ယခုအခါ၌။ သောအယံရောဂေါ၊ ထိုဥပါဒန က္ခန္ဓာ ဟု ဆိုအပ်သော အနာကို။ ဒိဋ္ဌောဝ၊ မြင်အပ်သလျှင်ကတည်း။ အတိဒေဝဿ၊ အလုံးစုံသော နတ်တကာတို့ထက် သီလသမာဓိစသော ဂုဏ်တို့ဖြင့် လွန်၍တည်သော ကြောင့်လွန်သော နတ်မြတ်ဖြစ်တော်မူသော မြတ်စွာဘုရား၏။ ဝစနကရေန၊ အဆုံးအမကို ပြုသဖြင့် သော။ အယံရောဂေါ၊ ထိုဥပါဒါန က္ခန္ဓာ ဟု ဆိုအပ်သော အနာကို။ ဒိဋ္ဌော၊ ဝိပဿနာပညာနှင့်တကွ ဖြစ်သောမဂ်ပညာဖြင့် မြင်အပ်ပြီ။
ယေနေဝမဂ္ဂေန၊ အကြင်အရှေးအတို့၌ ဖြစ်သော အဋ္ဌင်္ဂိကမဂ်ဟူသော ခရီးဖြင့်။ ဝိပဿီ၊ ဝိပဿီမြတ်စွာဘုရားသည်။ ဂတော၊ နိဗ္ဗာန်သို့ ရောက်တော်မူ၏။ ယေနေဝ မဂ္ဂေန၊ အကြင်အရှေးအတို့၌ ဖြစ်သော အဋ္ဌင်္ဂိကမဂ်ဟူသော ခရီးဖြင့်။ သိခီစ၊ သိခီ ဘုရားရှင်သည်လည်းကောင်း။ ဝေဿဘူစ၊ ဝေဿဘူဘုရားရှင်သည်လည်းကောင်း။
ကကုသန္ဓကောဏာ ဂမနောစ၊ ကကုသန်ဘုရားရှင် ကောဏာဂုံဘုရားရှင် သည်လည်းကောင်း။ ကဿပေါစ၊ ကဿပ ဘုရားရှင်သည်လည်းကောင်း။ ဂတော၊ နိဗ္ဗာန်သို့ ကြွတော်မူ၏။ တေနအဉ္ဇသေန၊ ထိုအရှေး အတို့၌ ဖြစ်သော အဋ္ဌင်္ဂိကမဂ်းဟူသော ခရီးဖြင့်။ အမှာကံ၊ ငါတို့၏။ ဂေါတမော၊ ဂေါတမဘုရားရှင်သည်။ အဂမာသိ၊ နိဗ္ဗာန်သို့ ကြွတော်မူ၏။
ဝီတတဏှာ၊ ကင်းပြီးသော တဏှာရှိကုန်ထသော။ အနာဒါနာ၊ ထဘန်ပဋိသန္ဓေမယူခြင်းရှိကုန်ထသော။ ခယောဂဓာ၊ နိဗ္ဗာန်၌တည်ကုန်ပြီးထသော။ သတ္တ၊ ခုနစ်ဆူကုန်သော။ ယေသမ္မာသမ္ဗုဒ္ဓါ၊ အကြင်ဘရားရှင်တို့သည်။ သန္တိ၊ ရှိကုန်၏။
ဓမ္မဘူတေဟိ၊ ဓမ္မကာယတို့ဖြင့် ကိုးပါးသော လောကုတ္တရာ တရားဖြစ်၍ ဖြစ်ကုန်သော။ တာဒိဘိ၊ ဣဋ္ဌာရုံ အနိဋ္ဌာရုံ အစရှိသည်တို့၌ သည်းခံခြင်းကျေးဇူးနှင့် ပြည့်စုံကုန်ထသော။ ယေသံယေဟိ၊ အကြင်ဝိပဿီ စသောခုနစ်ဆူသောဘုရားရှင်တို့သည်။ အယဓမ္မော၊ ဤဆယ်ပါးသော တရားတော်မြတ်ကို။ ဒေသိတော၊ ဟောတော်မူအပ်ပြီ။
တေသမ္မာသမ္ဗုဒ္ဓါ၊ ထိုခုနစ်ဆူသော ဘုရားရှင်တို့သည်။ ပါဏီနံ၊ သတ္တဝါတို့အး။ အနုကမ္ပာယ၊ သနားတော်မူသဖြင့်။
ဒုက္ခံ၊ ဒုက္ခသစ္စာကိုလည်းကောင်း။ သမုဒယော၊ ဒုက္ခ၏ အကြောင်းဖြစ်သော သမုဒယ သစ္စာကို လည်းကောင်း။ မဂ္ဂေါ၊ မဂ္ဂသစ္စာကို လည်းကောင်း။ ဒုက္ခသင်္ခယော၊ ဒုက္ခ၏ ကုန်ရာဖြစ်သော။ နိရောဓော၊ နိရောဓ သစ္စာကိုလည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရိ၊ လေးပါးကုန်သော ။ အရိယ သစ္စာနိ၊ အရိယ သစ္စာတို့ကို။ ဒေသိတာနိ၊ ဟောတော်မူအပ်ကုန်ပြီ။
ယသ္မာ၊ အကြင်ကြောင့်။ စတုသစ္စပဝေဒိတော၊ သစ္စာလေးပါးတရားကိုသိခြင်းသည်။ နနိဗ္ဗတ္တိတေ၊ မဖြစ်သည်ရှိသော်။ အနန္တံ၊ အဆုံးမရှိသော။ သံသာရသ္မိံ၊ သံသရာ၌။ ဒုက္ခံ၊ ဇာတိ အစရှိသော ဆင်းရဲသည်။ နဥပစ္ဆိန္ဒတိ၊ မပြတ်နိင်။
ဣမဿကာယဿ၊ ဤခန္ဓာကိုယ်၏။ ဘေဒါ၊ ပျက်သည်မှ။ ဇီဝိတဿစ၊ အသက်၏ လည်း။ သင်္ခါယာ၊ ကုန်ခြင်းကြောင့်။
အညော၊ တပါးသော။ ပုနဗ္ဘဝေါ၊ တဖန်ဘဝသစ်၌ ဖြစ်ခြင်းသည်။ နတ္ထိ၊ မရှိပြီ။ ယသ္မာ၊ အကြင်ကြောင့်။ သဗ္ဗဓိ၊ ခပ်သိမ်းသော ကိလေသာခပ်သိမ်းသော ဘဝတို့မှ။ သုဝိမုတ္တော၊ ကောင်းစွာလွတ်ပြီးသည်။ အမှိ၊ ဖြစ်၏။
သရဘင်္ဂေါထေရော၊ သရဘင်္ဂထေရ်သည်။ ဣမာသတ္တဂါထာယော၊ ဤခုနစ်ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ သရဘင်္ဂထေရဂါထာ အနက်ပြီး၏။
တတြတသ္မိံ သတ္တကနိပါတေ၊ ထိုသတ္တကနိပါတ်၌။ ဥဒါနံ၊ ဥဒါန်းသည်ကား။
သုန္ဒရသမုဒ္ဒေါထေရော၊ သုန္ဒရဿမုဒ္ဒထေရ်လည်းကောင်း။ လကုဏ္ဍကဘဒ္ဒိယော၊ လကုဏ္ဍက ဘဒ္ဒိယမည်သော။ ထေရောစ၊ ထေရ်လည်းကောင်း။ သောပါကော၊ သောပါကအမည်ရှိသော။
ထေရောစ၊ ထေရ်လည်းကောင်း။ မဟာဣသိ၊ မြတ်သော ရဟန်းဖြစ်သော။ ဘရဘင်္ဂေါ၊ သရဘင်္ဂအမည်ရှိသော။ ထေရောစ၊ ထေရ်လည်းကောင်း။
ဣတိ၊ ဤသို့။ သုတ္တတော၊ ပါဠိ၌ လာသော အားဖြင့်။ ပဉ္စကထေရာ၊ ငါးယောက်သောမထေရ်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဂါထာယော၊ ဂါထာတို့သည်။ ပဉ္စတိံသ၊ သုံးဆဲ့ငါးဂါထာတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတိဣဒံ၊ ဤသည်လျှင်တည်း။ သတ္တကနိပါတော၊ သတ္တကနိပါတ်သည်။ နိဋ္ဌိတောနိဋ္ဌိဣတော ဂတောပတ္တော၊ ပြီးခြင်းသို့ ရောက်ပြီ။ သတ္တကနိပါတ်ပြီး၏။