အယံကာယော၊ ဤကိုယ်သည်။
နာနာကုလမလသမ္ပုဏ္ဏော၊ ဆံအမွေးအစရှိသော အထူးအထူးအပြားပြားမစင်ကြယ်သော အစုခြင့်ပြည့်၏။
မဟာဥတ္တရသမ္ဘဝေါ၊ ကြီးစွာသော မစင်စုနှင့် တူသော အမိဝမ်းတိုက်ဟု ဆိုအပ်သော ဖြစ်ရာလည်းရှိ၏။
စန္ဒနိကံဝစန္ဒနိကံဣဝ၊ လုပ်ဆေးရေကိုယ်ဝန်အညစ်အကြေစသည်တို့၏ စွန့်ရာဋ္ဌာနဖြစ်၍ မစင်ကြယ်သော အစုတို့ဖြင့်ပြည့်သကဲ့သို့။
ပရိပက္ကံ၊ ရင့်ခြင်းဟောင်းခြင်းသို့ ရောက်၏။
မဟာဂဏ္ဍေ၊ ကြီးစွသော အိုင်းအနာနှင့်လည်းတူ၏။
မဟာဝဏော၊ ကြီးစွာသော အမာဝနှင့်လည်းတူ၏။
ပုဗ္ဗရုဟိရသမ္ပုဏ္ဏော၊ ပြည်သွေးတို့ဖြင့်ပြည့်၏။
ဂူဟကုပေ၊ မစင်တွင်း၌။
နိဂါဠိကော၊ မြုပ်နစ်၏။
အာပေါဓာတုယာ၊ အပေါဓာတ်ဟုဆိုအပ်သော အရဉ်ဖြင့်။
သဒါ၊ အခါခပ်သိမ်း ။
ပဂ္ဃုရဏိကာယော၊ ယိုစီးသော ကိုယ်ရှိ၏။
ပူတိကံ၊ သလိတ်သည်းခြေချွေးကျင်ငယ်စသော အပုပ်ဖြင့်ပြည့်သည်ဖြစ်၍။
သန္ဒတိ၊ စီး၏။
သဋ္ဌိကဏ္ဍရသမ္ပန္နော၊ ခြောက်ဆယ်သော အကြောမတို့ဖြင့် ဖွဲ့အပ်၏။
မံသလေပနလောပိတော၊ အသားတည်းဟူသော လိမ်းကျံခြင်းဖြင့် လိမ်းကျံအပ်၏။
စမ္မကဉ္စုကသန္နဒ္ဓေါ၊ အရေဟူသော သင်ဒိုင်းဖြင့် ခပ်သိမ်းသော အပိုင်းအခြား၌ ဖွဲ့အပ်၏။
အယံ ပူတိကာယော၊ ခပ်သိမ်းသော အခြင်းအရာဖြင့် ပုပ်သော အနံ့ရှိသော ဤကိုယ်သည်။
နိရတ္ထကော၊ အကျိုးမရှိ။
အဋ္ဌိသံဃာဋဃဋ္ဋေိတာ၊ အရိုးစုအပေါင်းနှင့် စပ်၏။
နှာရုသုတ္တနိဗန္ဓနော၊ ချည်နှင့်တူကုန်သော ကိုးရာသော အကြောတို့ဖြင့် အမြဲဖွဲ့အပ်၏။
အနေကေသံ၊ များစွာသော လေးပါးသော မဟာသုတ်ဇီဝိတိန္ဒြေထွက်သက်ဝင်သက် ဝိညာဉ်အစရှိသည်တို့၏။
သံဂတိတဘာဝါ၊ ညီညွတ်ခြင်းသဘောဖြင့်။
ဣရိယာပထံ၊ ယန္တရားစက်ကဲ့သို့ ရပ်ခြင်းထိုင်ခြင်းစသော ဣရိယာ ပုလ်ကို။
ကပ္ပေတိ၊ ပြုပြင်တတ်၏။
မရဏာယ၊ သေခြင်း၏ အကျိုးငှါ။
ဓုဝပ္ပယာတော၊ တခုသော ဖြစ်ခြင်းရှိ၏။
မစ္စုရာဇဿ၊ သေမင်း၏။
သန္တိကေ၊ အနီး၌။
ဋ္ဌိတော၊ တည်၏။
ဣဓေဝ၊ ဤပစ္စုပ္ပန်လောက၌သာလျှင် ။
ဆဍ္ဍယိတွာန၊ ကိုယ်ကို စွန့်၍။
နရော၊ သတ္တဝါသည်။
ယေနကာမံဂမော၊ အလိုရှိတိုင်းသော အရပ်သို့ သွားတတ်၏။
အယံကာယော၊ ဤကိုယ်သည်။
အဝိဇ္ဇာယ၊ အဝိဇ္ဇာနီဝရဏသည်။
နိဝုတော၊ ဖုံးလွှမ်းအပ်၏။
စတုဂန္ထေန၊ အဝိဇ္ဇာကာယဂန္ထစသောလေးပါးသော ဂန္ထဖြင့်။
ဂန္ထိတော၊ မြေရှက်အပ်၏။
အယံကာယော၊ ဤကိုယ်သည်။
ဩဃသံသီဒနော၊ ကာမောဃစသော လေးပါးသော ဩဃတို့၌ နစ်တတ်၏။
အနုသယဇာလမောတ္ထတော၊ မပယ်အပ်သေးသည်၏ အဖြစ်ဖြင့် သန္တာန်၌ အဘန်တလဲလဲ ကျိန်းတတ်သော ကာမရာဂါနုသယစသော ကွန်ယက်ဖြင့်နှပ်စက်အပ်၏။
ပဉ္စနီဝရဏေ၊ ငါးပါးသော နိဝရဏ၌။
ယုတ္တော၊ ယှဉ်၏။
ဝိဘက္ကေန၊ ဝိတက်ဖြင့်။
သမပ္ပိတော၊ နှိပ်စက်အပ်၏။
တဏှာမူလေန၊ တဏှာမူလသည်။
အနုဂတော၊ အစဉ်လိုက်အပ်၏။
မောဟစ္ဆာဒနဆာဒိတော၊ မောဟတည်းဟူသောအမိုက်ဖြင့် ဖုံးလွှမ်းအပ်၏။
ဧဝံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော ဆံအမွေးအစရှိသော အထူးအထူးအပြားပြားသော မစင်အစုတို့ဖြင့် ပြည့်သော။
အယံကာယော၊ ဤကိုယ်သည်။
ဝတ္တတိ၊ ဖြစ်၏။
ဝတ္တန္တောစ၊ ဖြစ်သော်လည်း။
ကမ္မယန္တေန၊ ကောင်းမှုကံမကောင်းမှုကံဟူသော ယန္တရာဖြင့်။
ယန္တိတော၊ သုဂတိဒုဂတိ ဘဝတို့၌ လည်သောအားဖြင့်။
ဝတ္တတိပရိဘမတိ၊ ရတ်ဟတ်ခြားကဲ့သို့လည်၏။
ဧတ္ထ၊ ဤသို့လည်၍ ဖြစ်ရာ၌။
သမ္ပတ္တိစ၊ စည်းစိမ်ချမ်းသာတို့သည်လည်း။
ဝိပတျန္တာ၊ ပျက်စီးခြင်း အဆုံးရှိကုန်၏။
နာနာဘာဝေါ၊ ပျက်စီးခြင်း ချစ်နှစ်လိုသော သူတို့နှင်ကွေကွင်းခြင်းသည်။
ဝိပဇ္ဇတိ၊ ရံခါ ကွေကွင်းအပ်သည်၏ အစွမ်းဖြင့် ပျက်စီးခြင်းသို့ ရောက်လတ္တံ့။
ယေအန္ဓာဗာလပုထုဇ္ဇနာ၊ အကြင်ပုထုဇာန်မိုက်တို့သည်။
ဣမံကာယံ၊ မတင့်တယ်သော အမြဲမရှိသော ဆင်းရဲသော အနှစ်မရှိသော ဤကိုယ်ကို။
ဣဒံ၊ ဤကိုယ်သည်။
မမ၊ ငါ့ကိုယ်တည်း ငါ၏ ဥစ္စာတည်းဟု။
မမာယန္တိ၊ ပြင်းစွာတပ်ခြင်းကို ဖြစ်စေကုန်၏။
တေအန္ဓဗာလာပုထုဇ္ဇာ၊ ထိုမိုက်စွာသော ပုထုဇာန်တို့သည်။
ဃောရံဘယာနကံ၊ ဇာတိအစရှိသည် ငရဲ အစရှိသည်တို့ဖြင့်ကြောက်မက်ဘွယ်သော။
ကဋသိံ၊ ပညာမဲ့သော သူတို့၏ မွေ့လျော်ရာဖြစ်သော သံသရာကို။
ဝဍ္ဎန္တိ၊ အဘန်တလဲလဲ ဇရာမရဏ အစရှိသည်တို့ဖြင့် ပွါးစေကုန်၏။
ပုနဗ္ဘဝံ၊ တဘန် အသစ်အသစ်သောဘဝကို။
အာဒိယန္တိ၊ ယူကုန်၏။
ယေပဏ္ဍိတာ၊ အကြင်ပညာရှိတို့သည်။
ဣမံကာယံ၊ ဤမတင့်တယ်ခြင်းအမြဲမရှိခြင်းစသည်နှင့် ပြည့်စုံသော ကိုယ်ကို။
ဂူထလိတ္တံဣဝ၊ မစင်စုကဲ့သို့ လည်းကောင်း။
ပန္နဂံဣဝ၊ အဆိပ်ရှိသော မြွေကဲ့သို့လည်းကောင်း။
ဝိဝဇ္ဇေန္တိ၊ ဤကိုယ်ကား အနိစ္စအစရှိသော ဘေးရန်နှင်တကွဖြစ်၏ဟု ကြဉ်ကုန်၏။
တေပဏ္ဍိတာ၊ ထိုပညာရှိတို့သည်။
ဘဝမူလံ၊ ဘဝ၏ အကြောင်းဖြစ်သော အဝိဇ္ဇာဝဘတဏှာကို။
ဝိဓမိတွာန၊ စွန့်ပယ်၍။
အနာသဝေါ၊ အာသဝေါမှ ကင်းကန်သည်ဖြစ်၍။
ပရိနိဗ္ဗိဿန္တိ၊ သဥပါဒိသေသနိဗ္ဗာနဓာတ်အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ပြုရကုန်လတ္တံ့။
ဣတိ၊ ဤသို့။
ကပ္ပေါထေရော၊ ကပ္ပထေရ်သည်။
ဣမာဒသဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော ဆယ်ဂါထာတို့ကို။
အဘာသိတ္ထ၊ ဆိုပြီ။
ကပ္ပထေရဂါထာ အနက်ပြီး၏။