Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

12. Kosiyattheragāthā

Author: နိဿယ @ IAPT

ဂရူနံ၊ ဆရာတို့၏။ ဝစနညူ၊ ဆုံးမသော အစွမ်းဖြင့် ဖြစ်သော စကားကိုသိလော။ ယောကောစိ၊ အမှတ်မရှိသော။ ဓီရော၊ မြဲမြံတည်ကြည်သော ပညာရှိသည်။ ဝသေ၊ ဤစကားသည်ကား ဇာတိအစရှိသော ဆင်းရဲကို လွန်၍ ဖြစ်စေသော စကားဟု အလိုသို့ လိုက်၍ ကျင့်ရာ၏။ တမှိ၊ ထိုအလေးပြုအပ်သော အရာ၌။ ပေမံ၊ ချစ်ခြင်းကို။ ဇနယေထ၊ ဖြစ်စေရာ၏။
သော၊ ထိုသူသည်။ ဘတ္တိမာနာမစ၊ ဆုံးမတိုင်းကျင့်သဖြင့် ထိုဆည်းကပ်ခြင်းရှိသောသူမည်သည်လည်း။ ဟောတိ၊ ဖြစ်၏။ ပဏ္ဍိတောစနာမ၊ အသက်မွေးခြင်းအကြောင်းကြောင့်လည်းထိုဆရာ၏ ဩဝါဒ ကို မလွန်သဖြင့် ပညာရှိသော သူမည်သည်လည်း။ ဟောတိ၊ ဖြစ်၏။ အဿ၊ ထိုဆရာ၏။ ဓမ္မေသု၊ အရိယသစ္စာ လေးပါးတရားကို သိခြင်း၏ အကြောင်းဖြစ်သော လောကီလောကုတ္တရာ ဓမ္မတို့၌။ ဉတွာ၊ ဝိဇ္ဇာသုံးပါး အဘိညာဉ် ခြောက်ပါးပဋိသန္တိသမ္ဘိဒါဉာဏ်လေးပါးသို့ရောက်သဖြင့် သိ၍။ ဝိသေသိ၊ အထူးရှိသည်လည်း ဖြစ်ရာ၏။
ယံ ပုဂ္ဂလံ၊ အကြင်ပုဂ္ဂိုလ်ကို။ အာပဒါ၊ အကျင့်၏ အန္တာရာယ်ကို ပြုတတ်သော အားဖြင့် အပါဒါသု ဟုရအပ်သော အမည်ရှိကုန်သော အချမ်းအပူအမွတ်သိတ်ခြင်း စသော ထင်ရှားသောဘေးရန် ရာဂစသော ဖုံးလွှမ်းသော ဘေးရန်တို့သည်။ ဥပ္ပတ္တိတာ၊ ဖြစ်ကုန်သည်ရှိသော်။ ဥဠာရာ၊ အားကြီးကုန်သည်ရှိသော်။ နက္ခမ္ဘယန္တေ၊ သည်းခံနိုင်ခဲသော ဘေးရန်ဖြင့် တုန်လှုပ်စေကုန်၏။ တံ၊ ထိုဘေးကို။ ပဋိသင်္ခါယ၊ ဆင်ခြင်သဖြင့် တားမြစ်၍။ ဟောတိ၊ ဖြစ်၏။
ယော၊ အကြင်သူသည်။ ဒဠံဗလဝထရာဟိ၊ အားကြီးစွာကုန်သော။ အပဒါဟိ၊ ဘေးရန်တို့ကြောင့်။ အက္ခမ္ဘနိယေ၊ သည်းခံနိုင်ခဲသော ဘေးရန်၌။ သုခမ္ဘနိယော၊ သည်းခံနိုင်သည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုသူသည်။ ထာမဝါနာမ၊ တည်ကြည်ခြင်းရှိသော မြဲမြံသော လုံ့လရှိသော သူမည်သည်လည်း။ ဟောတိ၊ ဖြစ်၏။ ပဏ္ဍိတောစနာမ၊ ကိလေသာအတို့ကို နှိမ်နင်းနိုင်သော ပညာအားဖြင့် ပြည့်စံဒသော ကြောင့်ပညာရှိမည်သည်လည်း။ ဟောတိ၊ ဖြစ်၏။
တထာဘူတော၊ ထိုသို့သော အခြင်းအရာဖြင့် ဖြစ်သော သူသည်လည်း။ အဿ၊ ထိုအလေးအမြတ်ပြုအပ်သော ဆရာ၏ ။ ဓမ္မေသု၊ အရိယသစ္စာလေးပါးတို့ကို သိခြင်း၏ အကြောင်းဖြစ်သော လောကီ လောကုတ္တရာ ဓမ္မတို့၌။ ဉတွာ၊ ဝိဇ္ဇာသုံးပါးအဘိညာဉ်ခြောက်ပါးပဋိသမ္ဘိဒါလေးပါးသို့ ရောက်သဖြ်င့ သိ၍။ ဝိသေသတိ၊ အထူးရှိသော သူမည်သည်ဖြစ်ရာ၏။ ယော၊ အကြင်သူသည်။ ဝေ၊ စင်စစ်။ သမုဒ္ဒေါစ၊ မြင့်မိုရ်တောင်ခြေရင်း၌ ဖြစ်သော မဟာသမုဒ္ဒရာ ကဲဲ့သို့။ ဋ္ဌိတော၊ အရပ်ရှစ်မျက်နာမှ လာသော လေတို့ဖြင့် တုန်လှုပ်ခြင်းမရှိသည်ဖြစ်၍ တည်၏။ အနေဇော၊ ရာဂစသော မြူမှလည်းကင်း၏။ ဂမ္ဘီရပညော၊ သိမ်မွေ့နက်နဲသော ပဋိစ္စသမုပ္ပါဒ် စသော အနက်ကို ထိုးထွင်း၍ သိသဖြင့် နက်နဲသော ပညာနှင့်လည်း ပြည့်စုံ၏။ နိပုဏတ္ထဒဿီ၊ သိမ်မွေ့သော အနက်ကိုလည်း မြင်နိုင်၏။
သော၊ ထိုသူသည်။ အသံဟရိယောစနာမ၊ ကိလေသာဟူသော လေဒိဋ္ဌိတို့၏ အယူတည်းဟူသော လေတို့ဖြင့် မလှုပ်မရှားနိုင်သော သူမည်သည်လည်း။ ဟောတိ၊ ဖြစ်၏။ ပဏ္ဍိတောစနာမ၊ အကြွင်းမရှိသော ကိလေသာအတို့ကို နှိပ်နင်းနိုင်သော ပညာအားနှင့် ပြည့်စုံသောကြောင့် ပညာရှိမည်သည်လည်း။ ဟောတိ၊ ဖြစ်၏။ ယော၊ အကြင်သူသည်။ အဿ၊ ထိုအလေးအမြတ် ပြုအပ်သော ဆရာ၏။ ဓမ္မေသု၊ အရိယာသစ္စာလေးပါးတရားကို သိခြင်း၏ အကြောင်းဖြစ်သော လောကီ လောကုတ္တရာ ဓမ္မတို့၌။ ဉတွာစ၊ ဝိဇ္ဇာသုံးပါး အဘိညာဉ်ခြောက်ပါးပဋိသမ္ဘိဒါ လေးပါးသို့ ရောက်သဖြင့် သိ၍လည်း။ ဝိသေသိ၊ အထူးရှိသည် ဖြစ်ရာ၏။
ဗဟုဿုတော၊ ပရိယတ္တိဓမ္မ၌များသော အကြားအမြင်ရှိသည်၏ အစွမ်းဖြင့် သုတ္တဂေယျစသော တရားတို့၌ များသော အကြားအမြင်ရှိသော အဖြစ်သည် လည်းကောင်း။ ဓမ္မဓရောစ၊ ဆိုအပ်ပြီးသော ဓမ္မကို ဆောင်ခြင်းငှါ စွမ်းနိုင်သည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။ ဓမ္မဿ၊ ကြားအပ်တိုင်းသင်အပ်တိုင်းသော တရား၏။ အနုဓမ္မစာရီစ၊ ကိုးပါးသော လောကုတ္တရာ အားလျော်သော ရှေ့အဖို့၌ ဖြစ်သော အင်္ကျီနှင့်ဟု ဆိုအပ်သော စတုပါရိသုဒ္ဓိသီလဓုတင်္ဂ အသုဘကမ္မဋ္ဌာန်း တရားကို ကျင့်တတ်သည်လည်း။ ဟောတိ၊ ဖြစ်၏။ ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ဂရူနံ၊ ဆရာတို့ကို။ နိဿာယ၊ မှီ၍။ အနုဓမ္မစာရီ၊ ထိုလောကုတ္တရာတရားအား လျော်သော အကျင့်ရှိသည်။ ဟောတိ၊ ဖြစ်၏။
သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ တာဒိသော၊ ထိုဆရာနှင့်တူသော သဘောရှိသော။ ပဏ္ဍိတောနာမ၊ ပညာရှိမည်သည်လည်း။ ဟောတိ၊ ဖြစ်၏။ အဿ၊ ထိုအလေးအမြတ် ပြုအပ်သော ဆရာ၏။ ဓမ္မေသု၊ အရိယသစ္စာလေးပါးတရားကို သိခြင်း၏ အကြောင်းဖြစ်ကုန်သော လောကီလောကုတ္တရာတရားတို့၌။ ဉတွာ၊ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် သိ၍။ ဝိသေသိ၊ အထူးရှိသော သူမည်သည်ဖြစ်ရာ၏။
ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ဘာသိတဿ၊ ဘုရားဟောတော်မူအပ်သော ပရိယတ္တိဓမ္မ၏။ အတ္ထံ၊ ဤအရာ၌ သီလကိုဟော၏ ဤအရာ၌ သမာဓိကို ဟော၏ ဤအရာ၌ ပညာကို ဟော၏ ဟူသော အနက်ကို။ ဇာနာတိ၊ သိ၍။ အတ္ထဉ္စ၊ ဆိုပြီးသော နည်းဖြင့် ပရိယတ္တိဓမ္မ၏ အနက်ကိုလည်း။ ဉတွာစ၊ ဤအရာကို သီလကို ဟော၏စသောနည်းဖြင့် သိ၍။ တထာ၊ ထိုတရားဟောတိုင်းသောအခြင်းအရာဖြင့်။ ကရောတိ၊ ကျင့်ခြင်းကို ပြု၏။
သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ အတ္ထန္ဓကာရော၊ အနက်အထူးကို သိသော။ ပဏ္ဍိတောနာမ၊ ပညာရှိမည်သည်။ ဟောတိ၊ ဖြစ်၏။ အဿ၊ ထိုအလေးအမြတ်ပြုအပ်သော ဆရာ၏။ ဓမ္မေသု၊ လောကီလောကုတ္တရာ ဓမ္မတို့၌။ ဉတွာ၊ ဝိဇ္ဇာသုံးပါးစသည်ကို ရောက်သောအားဖြင့် သိ၍။ ဝိသေသိ၊ အထူးရှိသော သူမည်သည်ဖြစ်ရာ၏။
ဣတိ၊ ဤသို့။ ကောသိယောထေရော၊ ကောသိယထေရ်သည်။ ဣမာပဉ္ဂဂါထာယော၊ ဤငါးပါးသော ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ ကောသိယထေရဂါထာ အနက်ပြီး၏။
နဿ၊ ထိုပဉ္စကနိပါတ်၏။ ဥဒါနံ၊ ဥဒါန်းသည်ကား။
ရာဇဒတ္တော၊ ရာဇဒတ္တထေရ်လည်းကောင်း။ သုဘူတောစ၊ သုဘူတထေရ်လည်းကောင်း။ ဂိရိမာနန္ဒသုမနောစ၊ ဂိရိမာနန္ဒထေရ် သုမနထေရ်လည်းကောင်း။
ဝဍ္ဎောစ၊ ဝဍ္ဎထေရ်လည်းကောင်း။ ကဿပေါထေရောစ၊ ကဿပထေရ်လည်းကောင်း။ ဂယာကဿပဝက္ကလိ၊ ဂယာကဿမထေရ် ဝက္ကလိထေရ်လည်းကောင်း။
ဝိဇိတော၊ ဝိဇိဘထေရ်လည်းကောင်း။ ယသဒတ္တောစ၊ ယသဒတ္တထေရ်လည်းကောင်း။ သောဏောစ၊ သောစကုဋိကဏ္ဏထေရ်လည်းကောင်း။ ကောသိယသဝှယော၊ ကောသိယမည်သော ထေရ်လည်းကောင်း။ ဣတိဣဒံ၊ ဤသည်လျှင်တည်း။
ဧတ္ထဧတသ္မိံ ပဉ္စကနိပါတေ၊ ဤပဉ္စကနိပါတ်၌။ ဂါထာ၊ ဂါထာတို့ကား။ သဋ္ဌိစပဉ္စဂါထာယော၊ ခြောက်ဆယ့် ငါးဂါထာတို့တည်း။ ထေရာ၊ မထေရ်တို့ကား။ ဒွါဒသ၊ တကျိပ်နှစ်ယောက်တို့တည်း။ ပဉ္စကနိပါတော၊ ပဉ္စကနိပါတ်သည်။ နိဋ္ဌိတော၊ ပြီးခြင်းသို့ ရောက်ပြီ။ ပဉ္စကနိပါတ် ပြီး၏။