အာဝုသော၊ ငါ့ရှင်တို့။
အဟံ၊ ငါကား။
ပင်္ကာ၊ ပကတိညွန်နှင့်တူသော ရာဂဟူသော ညွန်မှ လည်းကောင်း။
ပလိပါ၊ အစောက်လည်းနက်အပြောလည်း ကျယ်စွာသော ညွန်နှင့်တူသော သားမယား စသည်၌ တင်သောကာမဆန္ဒတည်းဟူသော ညွန်မှလည်းကောင်း။
ဥတ္တိဏ္ဏာ၊ အနာဂါမိမဂ်ဖြင့် ကူးမြောက်ပြီ။
ပါတာလာ၊ အလွန်နက်သော သမုဒ္ဒရာရေအယဉ်နှင့်တူသော အလွန်ကူးခပ်နိုင်ခဲ့သော မိစ္ဆာအယူမှ။
ပရိဝဇ္ဇိတာ၊ သောတာပတ္တိမဂ်ကိုရသဖြင့် ကြဉ်ဖြတ်အပ်ပြီ။
ဩဃာစ၊ ကာမောဃစသော လေးပါးသော ဩဃမှ လည်းကောင်း။
ဂန္ထာစ၊ အဘိဇ္ဈာကာယ ဂန္ထစသော လေးပါးသော ဂန္ထတို့မှ လည်းကောင်း။
မုတ္တော၊ ထိုထိုသို့သော မဂ်ကိုရသဖြင့် လွတ်ပြီ။
သဗ္ဗေ၊ အလုံးစုံကုန်သော။
မာနာ၊ ကိုးပါးအပြားရှိသော မာန်တို့ကို။
ဝိသံဟတာ၊ အရဟတ္တမဂ်ကို ရသဖြင့် အထူးအားဖြင့် ပျက်စီးခြင်းသို့ ရောက်စေအပ်ပြီ။
ဣတိ၊ ဤသို့။
ဒေဝသတောထေရော၊ ဒေဝသတ ထေရ်သည်။
ပီတိဝေဂဝသေန၊ ပီတိအဟုန်၏ အစွမ်းဖြင့်။
ဣမံဂါထံ၊ ဤဂါထာကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဒေဝသတထေရဂါထာ အနက်ပြီး၏။