အာဝုသော၊ ငါ့ရှင်တို့။
အယံ၊ ငါသည်။
မိဒ္ဓေန၊ ကိုယ်၏ ပျင်းရိခြင်းဟု ဆိုအပ်သော မစွမ်းနိုင်ခြင်း ပင်ပန်းခြင်းသဘောရှိသော မိဒ္ဓသည်။
ပကတော အဘိဘူတော၊ နှိပ်စပ်အပ်သည်ဖြစ်၍။
ဝိဟာရာ၊ အိပ်ရာနေရာဖြစ်သော ကျောင်းမှ။
ဥပနိက္ခမိံ၊ စင်္ကြံသွားအံ့သော ငှါ ထွက်ပြီ။
စင်္ကမံ၊ စင်းကြံသို့။
အဘိရူဟန္တော၊ တက်သည်ရှိသော်။
တတ္ထေဝ၊ ထိုစင်းကြံ၏ စောင်းတန်း၌သာလျှင်။
ဆမာဆမာယံ၊ မြေ၌။
ပတတေ၊ ငိုက်မျည်းခြင်းဖြင့် နှိပ်စက်သည်ဖြစ်၍လည်း၏။
ဂတ္တာနိ၊ မြေ၌လည်းသော အခါ ကိုယ်၌ မြေမှုန့်အလိမ်းအလိမ်းကပ်သော ကိုယ်၏ အစိတ်တို့ကို။
ပရိပဇ္ဇိတွာ၊ သုတ်ခါ၍။
ပုနပိ၊ တဘန်လည်း။
စင်္ကမံ၊ စင်္ကြံသို့။
အာရုယှ၊ တက်၍။
စင်္ကမေ၊ ကြံ၍။
စင်္ကမံန္တော၊ ထိုမှ ဤမျ စင်္ကြံသွာေးသာ။
သောအဟံ၊ ထိုငါသည်။
အဇ္ဈတ္တံ အဇ္ဈတ္တေန၊ သမာဓိဟု ဆိုအပ်သော ကမ္မဋ္ဌာန်းအာရုံ၌။
သုသမာဟိတော၊ နီဝရဏတို့ကိုခွါသဖြင့် ကောင်းစွာ တည်ကြည်သော စိတ်ရှိသည်ဖြစ်၍။
စင်္ကမိံ၊ စင်္ကြံသွားပြီ။
တတော၊ ထိုသို့ စင်္ကြံသွားပြီးသော နောင်မှ။
မေမမ၊ ငါ့အား။
ယောနိသောမနသိကာရော၊ ဤအရိုးစုကား အကြောနှင့်စပ်၏ အသားဖြင့်လိမ်းကျံအပ်၏ ဤသို့ အစရှိသော သင့်သော နှလုံးသွင်းခြင်းရှိသည်။
ဥဒပဇ္ဇထ၊ ဖြစ်လတ်၏။
အာဒီနဝေါ၊ ဤကိုယ်၏ သဘောကို ဆောင်ခြင်းကို အရင်းပြုသဖြင့် ထိုကိုယ်၌ မှီကုန်သော စိတ်စေတသိက်တို၏ အဖြစ်အပျက်ကို နှလုံးသွင်းခြင်းထိုစေတသိက်တို့၌ ဘီလူးရက္ခိုသ်စသည်တို့ကဲ့သို့ ဘေးအားဖြင့် ထင်စွာသော အခြင်းအရာရှိသော အပြစ်သည်။
ပါတုရတိ၊ ထင်ရှားဖြစ်ပြီ။
နိဗ္ဗိဒါ၊ အပြစ်ကို ရှုသော ဘာဝနာကိစ္စဖြင့် ပြီးသော ဝဋ်ဆင်းရဲမှ ငြီးငွေ့သော ဉာဏ်သည်။
သမတိဋ္ဌထ၊ ငါ၏နှလုံး၌ ကောင်းစွာတည်ပြီ။
တတော၊ ထိုဝိပဿနာ ဉာဏ်ဖြစ်သည်မှ။
မေမမ၊ ငါ၏။
စိတ္တံ၊ စိတ်သည်။
ဝိမုတ္တိ၊ မဂ်အစဉ်အားဖြင့် အလုံးစုံသော ကိလေသာတို့မှ လွတ်ပြီ။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
ဓမ္မသုဓမ္မတံ၊ တရာတော်၏ ကောင်းမြတ်သော တရား၏ အဖြစ်ကို။
ပဿ၊ ရှုလော။
မယာ၊ ငါသည်။
တိဿောဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာတို့ကို။
အနုပ္ပတ္တာ၊ အစဉ်အတိုင်းရအပ်ကုန်ပြီ။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
သာသနံ၊ အဆုံးအမတော်ဖြစ်သော အကျင့်ကို။
ကတံကရဏီယံ၊ ပြုအပ်ပြီ။
ဣတိ၊ ဤသို့။
ဘဂုတ္ထေရော၊ ဘဂုထေရ်သည်။
ဣမံဂါထာစတုက္ကံ၊ ဤဂါထာလေးခုအပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဘဂုထေရဂါထာ အနက်ပြီး၏။