အာဝုသော၊ ငါ့ရှင်တို့။
အဟံ၊ ငါသည်။
အတ္တနော၊ မိမိ၏။
ကာယေ၊ ကိုယ်၌။
ဓမ္မာဒါသံ၊ အကျိုးမရှိသည်ကို မြင်တတ်သော ဝိပဿနာ ဟု ဆိုအပ်သော တရားကြေးမုံကို။
ဉာဏဒဿနံဉာဏဒဿနေန၊ ဉာဏ်တည်းဟူသော မျက်စိဖြင့်။
ဂဟေတွာန၊ ကြည့်သောအားဖြင့် ယူ၍။
ယောဂက္ခေဿေ၊ ယောဂ၏ ကုန်ရာ ဖြစ်သော နိဗ္ဗာန်သို့။
ပတ္တိယာ၊ ရောက်ခြင်းငှါ။
ပဉ္စနီဝရဏေ၊ ကာမစ္ဆန္ဒစသော ငါးပါးသော နီဝရဏတို့ကို။
ဟိတွာ၊ ဈာန်ကိုရသဖြင့် ဖျက်ဆီး၍။
သဗ္ဗံ၊ အလုံးစုံသော။
သန္တရဗာဟိရံ၊ အဇ္ဈတ္တိကာယတနဗာဟီရာယတနနှင့်တကွဖြစ်သော။
ဣမံကာယံ၊ ဤအတ္တဘောကို။
ပစ္စဝေက္ခိံ၊ တရားဟူသော ကြေးမုံကိုယူ၍ အနိစ္စဒုက္ခအနတ္တဟူ၍ ဉာဏ်မျက်စိဖြင့် ရှု၏။
ဧဝံ၊ ဤသို့ ရှုသည်ရှိသော်။
အဇ္ဈတ္တဉ္စ၊ မိမိသန္တာန်၌လည်းကောင်း။
ဗဟိဒ္ဓါစ၊ အပသန္တာ၌လည်းကောင်း။
ကာယော၊ ဤကိုယ်သည်။
တုစ္ဆော၊ နိစ္စာသာရစသည်မှဆိတ်၏။
ဣတိ၊ ဤသို့။
အဒိဿထ၊ မဂ်ပညာဖြင့် မြင်၏။
ဣတိ၊ ဤသို့။
ပုဏ္ဏမာသောထေရော၊ ပုဏ္ဏမာသထေရ်သည်။
ဣမံဂထာဒွယံ၊ ဤဂါထာ နှစ်ခုပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
ပုဏ္ဏမာသထေရဂါထာ အနက်ပြီး၏။