ပါရာပရိယဿ၊ အဆက်ဆက်လာသော အနွယ်ရှိထသော။
ဘိက္ခုနာ၊ သံသရာဘေး ကို ရှုလေ့ရှိထသော။
ဧကကဿ၊ တယောက် အတည်းလည်း။
နိသိန္နဿ၊ ထိုင်နေထသော။
ပဝိဝိတ္တဿ၊ ဆိတ်ငြိမ်ခြင်း၏ အကြောင်းဖြစ်သော ကိလေသာတို့ကို ခွါသဖြင့် ဝိဝေကကို အားထုတ်လေ့ရှိထသော။
ဈာယိနော၊ ဈာန်ဝင်စားလေ့ရှိထသော။
သမဏဿ၊ ရဟန်းအား။
စိန္တာ၊ တရာကို ကြံစည်ခြင်းသည်။
အာဟု၊ ဖြစ်ပြီ။
ကိမာနုပုဗ္ဗံ ကေန အနုတ္တမေန၊ အဘယ်သို့သော အစဉ်ဖြင့်။
ဘေ၊ ထိုတရားတို့ကို။
ပဋိပဇ္ဇိတဗ္ဗာ၊ ကျင့်အပ်ကုန်သနည်း။
ပုရိသော၊ မိမိအကျိုးကို အလိုရှိသော ယောင်္ကျားသည်။
ကိံဝတံ၊ အဘယ်သို့ သဘောရှိသော သီလကို။
ကိံ၊ အသို့။
သမာစာရံ သမာစာရန္တော၊ ကျင့်သည်ရှိသော်။
အတ္တနော၊ မိမိဟုဆိုအပ်သော ရဟန်း၏။
ကိစ္စကာရီ၊ သီလသမာဓိပညာဟု ဆိုအပ်သော ရဟန်းကိစ္စကို ပြုလေ့ရှိသည်။
အဿ၊ ဖြစ်ရာသနည်း။
ဣတိ၊ ဤသို့။
ဓမ္မစိန္တာ၊ တရားကို ကြံဆင်ခြင်ခြင်းသည်။
အာဟု၊ ဖြစ်၏။
ဧဝံစိန္တိထေ၊ ဤသို့ အကြံရှိသည် ဖြစ်သည်ရှိသော်။
သမဏဿ၊ ရဟန်းအား။
ကိဉ္စိ၊ တစုံတခုသော သတ္တဝါကို။
နစဝီဟေဋ္ဌယေ၊ မညှဉ်းဆဲမနှိပ်စက်ရာ။
ဣန္ဒြိယာနိ၊ စက္ခု အစရှိသော ခြောက်ပါးသော ဣန္ဒြေတို့သည်။
မနုဿာနံ၊ လူတို့အား။
ဟိတာယစ၊ အစီးအပွါးအလို့ငှါလည်းကောင်း။
အဟိတာယစ၊ စီးပွါးမရှိခြင်းငှါလည်းကောင်း။
ဟောန္တိ၊ ဖြစ်ကုန်၏။
အရက္ခိတာနိ၊ မစောင့်အပ်ကုန်သော စက္ခုစသော ဣန္ဒြေတို့သည်။
အဟိတာယ၊ ရူပါရုံ စသည်တို့၌ အဘိဇ္ဈာဒေါမနဿ စသော အကုသိုလ်တရားတို့၏ ဖြစ်သဖြင့် အကျိုးမဲ့ဖြစ်ခြင်းငှါ။
သံဝတ္တန္တိ၊ ဖြစ်ကုန်၏။
ရက္ခိတာနိ၊ စောင့်အပ်ကုန်သော စက္ခုစသော ဣန္ဒြေတို့သည်။
ဟိတာယစ၊ သီလ သမာဓိ ပညာ၏ ပြည့်စုံခြင်းကြောင့် စီးပွါးခြင်းငှါလည်း။
သံတတ္တန္တိ၊ ဖြစ်ကုန်၏။
ဣန္ဒြိယာနေဝ၊ စက္ခုစသော ခြေခံပါးသော ဣန္ဒြေတို့ကိုသာလျှင်။
သာရက္ခံသာရက္ခန္တော၊ စောင့်သော။
ဣန္ဒြိယာနိ၊ စက္ခုစသော ဣန္ဒြေတို့ကို။
ဝေါပယံဂေါပယန္တော၊ လုံခြုံသော။
သမဏော၊ ရဟန်းသည်။
အတ္တနော၊ မိမိ၏။
ကိစ္စကာရီ၊ သီလသမာဓိပညာဟုဆိုအပ်သော ရဟန်းကိစ္စကို ပြုလေ့ရှိသည်။
အဿ၊ ဖြစ်ရာ၏။
ကိဉ္စိ၊ တစုံတခုသော သတ္တဝါကို။
နစဝိဟေဋ္ဌယေ၊ မနှိပ်စက်မညှည်းဆဲရာ။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။
ရူပေသု၊ ဣဋ္ဌအနိဋ္ဌဖြစ်သော ရူပါရုံတို့၌။
စက္ခုန္ဒြိယံ၊ စက္ခုန္ဒြေသည်။
ဂစ္ဆန္တံ၊ အလိုရှိတိုင်းဖြစ်လတ်သည်ကို။
အနိဝါရယံ အနိဝါရယန္တော၊ မတားမြစ်မူ၍။
အနာဒီနဝဒဿာဝီ၊ ထိုသို့အလိုရှိတိုင်းဖြစ်လတ်သည်၌ အပြစ်ကို ရှုလေ့မရှိသည်။
ဟောတိ၊ ဖြစ်၏။
သောဘိက္ခု၊ ထိုရဟန်းသည်။
ဒုက္ခာ၊ ဆင်းရဲမှ။
နဟိနဧဝမုစ္စတိ၊ မလွတ်သည်သာလျှင်တည်း။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။
သဒ္ဒေသု၊ ဣဋ္ဌအနိဋ္ဌဖြစ်သော သဒ္ဒါရုံတို့၌။
သောတိန္ဒြိယံ၊ သောတိန္ဒြေကို။
ဂစ္ဆန္တံ၊ အလိုရှိတိုင်းဖြစ်လတ်သည်ကို။
အနိဝါရယံအနိဝါရယန္တော၊ မတားမြစ်မူ၍။
အနာဒီနဝဒဿာဝီ၊ အလိုရှိတိုင်းဖြစ်လတ်သည်၌ အပြစ်ကို ရှုလေ့မရှိသည်။
ဟောတိ၊ ဖြစ်၏။
သောသမဏော၊ ထိုရဟန်းသည်။
ဒုက္ခာ၊ ဝဋ်ဆင်းရဲမှ။
နဟိနဧဝမုစ္စတိ၊ မလွတ်သည်သာလျှင်တည်း။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။
အနိဿရဏဒဿာဝီ၊ မြင်သည်ရှိသော် မြင်ကာမျှ ဖြစ်လတ္တံ့ဟု ဆိုအပ်သော အစီအရင်ဖြင့် မြင်ကာမျှသော အာရုံမရမူ၍ သတိပညာကင်းသော အားဖြင့် ဂန္ဓာရုံ၌ ဖြစ်သော ရှုခြင်းရှိသည်ဖြစ်၍။
ဂန္ဓေ၊ ဂန္ဓာရုံတို့ကို။
စေပဋိသေဝတိ၊ အကယ်၍မှီဝဲအံ့။
ဂန္ဓေသု၊ ဣဋ္ဌအနိဋ္ဌဖြစ်သော ဂန္ဓာရုံတို့၌။
အဓိမုစ္စိတော၊ တဏှာဖြင့်ကပ်ငြိသည်ဖြစ်၍ နှလုံးသွင်းခြင်းသို့ရောက်သော။
သောဘိက္ခု၊ ထိုရဟန်းသည်။
ဒုက္ခာ၊ ဆင်းရဲအပေါင်းမှ။
နမုစ္စတိ၊ မလွတ်။
အမ္ဗိလံ၊ ချဉ်သော အဘို့ရှိသော အရသာကိုလည်းကောငး်။
မဓုရဂ္ဂံ၊ ချိုသော အဘို့ရှိသော အရသာကိုလည်းကောင်း။
တိတ္တကဂ္ဂံ၊ ခါးစပ်သော အဘို့ရှိသော အရသာကိုလည်းကောင်း။
အနုဿရံ အနုဿရန္တော၊ သာယာသည်၏ အစွမ်းဖြင့် ထိုထိုသို့သော အရသာကို အဘန်တလဲလဲ အောက်မေ့ကြံစည်လျက်။
ရသတဏှာယ၊ ထိုအရသာ၌တပ်သော တဏှာဖြင့်။
ဂဓိတာ၊ တပ်မက်မောခြင်းသို့ ရောက်သော။
သောဘိက္ခု၊ ထိုရဟန်းသည်။
ဟဒယံ၊ ဆင်းရဲအဆုံးကို ပြုအံ့ဟု ရဟန်းပြုခြင်းစသောခဏ၌ ဖြစ်သော စိတ်ကို။
နာဝဗုဇ္ဈတိ၊ မသိနိုင်။
သုဘာနိ၊ တင့်တယ်ကောင်းမြတ်ကုန်သော။
အပ္ပဋိကုလာနိ၊ နှလုံးမွေ့လျော်ဘွယ်ရှိကုန်သော။
ဖေါဋ္ဌဗ္ဗာနိ၊ ဥပါဒိန္နအနုပါဒိန္နအားဖြင့် ပြားသော အလိုရှိအပ်သော ဖောဋ္ဌဗ္ဗာရုံတို့ကို။
အနုဿရံ အနုဿရန္တော၊ သာယာသည်၏ အစွမ်းဖြင့် ထိုထိုသို့သော ဖောဋ္ဌဗ္ဗာရုပ်ကို ကြံဆင်သော။
သောဘိက္ခု၊ ထိုရဟန်းသည်။
ရတ္တော၊ ရာဂဖြင့် တပ်သည်ဖြစ်၍။
ရာဂါဓိကရဏံ၊ ရာဂလျှင် အကြောင်းရှိသော။
ဝိဝိဓံ၊ ရာဂပူလောင်ခြင်း စသည်၏ အစွမ်းဖြင့် မျက်မှောက်၌ ဖြစ်သော ဆင်းရဲခြင်း ငရဲမီးပူခြင်းစသည်၏ အစွမ်းဖြင့် သံသရာ၌ဖြစ်သော အထူးထူးအပြားပြားရှိသော။
ဒုက္ခံ၊ ဆင်ရဲကို။
ပိန္ဒတေ၊ ရ၏။
မနံ၊ စိတ်သည်။
တေဟိဓမ္မေဟိ၊ ထိုရူပါရုံ အစဓမ္မာရုံ အဆုံးရှိသော တရားတို့မှ။
ယော ပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။
ရက္ခိတုံ၊ ထိုရူပါရုံ စသည်၌ ဖြစ်သောမကောင်းမှုကံကို တားမြစ်စောင့်ရှောက်ခြင်းငှါ။
စေနသက္ကောတိ၊ အကယ်မစွမ်းနိုင်အံ့။
တတော၊ ထိုရူပါရုံ စသည်မှ အဘိဇ္ဈာစသော ပါပကမ္မကို မစောင့်နိုင်သောကြောင့်။
နံ ပုဂ္ဂလံ၊ ထို ပုဂ္ဂိုလ်ကို။
ပဉ္စဟိ၊ ငါးပါးကုန်သော။
တေဟိ သဗ္ဗေဟိ၊ ထိုရူပါရုံ အစရှိသော ခြောက်ပါးသော အာရုံတိ့နှင့် တကွ အာရမ္မဏ ပစ္စည်းတတ်ကုန်သော တရားတို့ဖြင့်။
ဒုက္ခံ၊ ပစ္စုပ္ပန်၌ဖြစ်သော ဆင်းရဲ သံသရာ၌ ဖြစ်သော ဆင်းရဲသည်။
အနွေတိအနုဂစ္ဆတိ၊ အဘန်တလဲလဲ လိုက်၏။
ဧတံသရီရံနာမ၊ ဤကိုယ်မည်သည်ကား။
ပုဗ္ဗလောဟိတ သမ္ပုဏ္ဏံ၊ ပြည်သွေးတို့ဖြင့် ပြည့်၏။
ဗဟုဿကုဏဝဿစ၊ ထိုမှ တပါး သလိတ်သည်းခြေ စသည်နှင့်တကွများသော ပိုးလောက်စသည်တို့ဖြင့်လည်း။
ပုဏ္ဏံ၊ ပြည့်၏။
တံသရိရံ၊ ထိုကိုယ်ကို ။
နရဝီရကတံ၊ လိမ္မာသော ဆရာသည် ပြုအပ်သော။
ဝဂ္ဂုံ၊ ပြေပြစ်သော။
စိတ္တိတံ၊ ချိပ်ရေဖြင့် အပြေအပြစ်ပြုခြင်းစသည်ဖြင့် ဆန်းကြယ်သော။
သမုဂ္ဂံဣဝ၊ အတွင်း၌ မစင်ဖြင့် ပြည့်သော ပန်းကောင်းကဲ့သို့။
ဆဝိမုတ္တမနောဟရံ၊ အရေမျှ၌ နှလုံးမွေ့လျော်ဘွယ်ရှိသော။
ဗာလဇနသမ္မောဟံ၊ သူမိုက်တို့၏ တွေဝေခြင်းကို ဖြစ်စေတတ်သော။
ကဋုကံ၊ သဘောအားဖြင့် ငရဲစသော ဆင်းရဲဖြင့် ပူပန်တတ်သောကြောင့် စပ်ခါးသော။
မဓုရဿဒံ၊ ကြံဆသော အဖြစ်ဖြင့် အကြောင်းမရှိသည်ဖြစ်၍ သာယာခြင်းမျှဖြင့် ကောင်းမြတ်သာယာအပ်သည်ဟု ဆိုအပ်သော။
ပိယနိဗန္ဓနံ၊ ချစ်အပ်သော အဖြစ်နှင့်စပ်သော။
ဒုက္ခံ၊ ဆင်းရဲခြင်းသည်။
ဤဒိသေသရိရေ၊ ဤသို့ သဘောရှိသော ကိုယ်၌။
မဓုနာ၊ ပျားဖြင့်။
လိတ္တံ၊ လိမ်းကျံအပ်သော။
ဥလ္လိတ္တံ၊ အထက်၌ ထပ်၍ လိမ်းကျံအပ်သော။
ခူရံ၊ ထက်စွာသော သင်ဓုန်းသွားကို။
လေဟကပုရိသောဝိယ၊ လျက်သော ယောင်္ကျားကဲ့သို့။
မဟာဒုက္ခံ၊ ဤကိုယ်၌ သာယာသော လောဘကြောင့် ကြီးစွာသော ဆင်းရဲကို။
ပစ္စနုဘုယျမာနံ၊ နှိပ်စက်သဖြင့် ခံစားရလတ္တံ့သည်ကို။
နာဝဗုဇ္ဈတိ၊ လူအပေါင်းတို့ မသိကြ။
ဣတ္ထိရူပေ၊ မိန်းမ၏ အဆင်း၌လည်းကောင်း။
ဣတ္ထိရသေ၊ မိန်းမ၏ သီခြင်းပြုခြင်းရယ်ရွင်ခြင်းစသော အသံဟူသော အရသာ၌လည်းကောင်း။
ဣတ္ထိဂန္ဓေသုစ၊ မိန်းမတို့၏ နံ့သာအလုံးစုံတို့၌လည်းကောင်း။
ဣတ္ထိယာ၊ မိန်း၏။
ဖောဋ္ဌေဗ္ဗေစ၊ အဝတ်အာရုံနှင့် တကွသော ကိုယ်အတွေ့၌လည်းကောင်း။
သာရတ္တော၊ ပြင်းစွာတပ်သော သူသည်။
ဝိဝိဓံ၊ အထူးထူးအပြားပြားသော ပစ္စုပ္ပန်၌သတ်ခြင်းနှောင်ဖွဲ့ခြင်း (စာကျန်) ငါးပါးအပြားရှိသော နှောင်ဖွဲ့ခြင်း စသည်၏ အစွမ်းဖြင့် ဖြစ်သော။
ဒုက္ခံ၊ ဆင်းရဲကို။
ဝိန္ဒတေ၊ ရ၏။
ဣတ္ထိယာ၊ မိန်းမ၌။
သဗ္ဗာနိ၊ ရူပါရုံစသော အကြွင်းမရှိသော အာရုံရှိကုန်သော တဏှာဟု ဆိုအပ်သော အလျဉ်တို့သည်။
ပဉ္စပဉ္စသု၊ ယောင်္ကျား၏ ငါးပါး ငါးပါးကုန်သော ဒွါရတို့၌။
သန္ဒန္တိ၊ မပြတ်စီးယိုကုန်၏။
ဝီရိယဝါ၊ အကုသိုလ်တို့ကို ပယ်ခြင်းငှါ ကုသိုလ်တရားတို့၏ ပြည့်စုံခြင်း ငှါအားထုတ်ခြင်းရှိသော။
ယောသပ္ပုရိသော၊ အကြင် သူတော်ကောင်းသည်။
တေသံ၊ ထိုစက္ခုစသော ငါးပါးသော ဒွါရတို့၌ ဖြစ်သော ရူပါရုံ စသော ငါးပါးသော အာရုံဖြစ်သော တဏှာတည်းဟူသော အလျဉ်တို့ကို။
အာဝရဏံ၊ သတိပညာကို ဖြစ်စေ၍ ပိတ်ဆီးစောင့်ရှောက်ခြင်းကို။
ကာတုံ၊ ပြုခြင်းငှါ။
သက္ကောတိ၊ စွမ်းနိုင်၏။
သော ပုဂ္ဂလော၊ ထို ပုဂ္ဂိုလ်ကို။
ဣမသ္မိံလောကေ၊ ဤလောက၌။
အတ္ထဝါ၊ ပညာရှိသော ။
ဓမ္မဋ္ဌော၊ တရား၌တည်သော။
သောဒက္ခော၊ ထိုတရား၌ ကောင်းစွာလိမ္မာသော။
သောဝိစက္ခဏော၊ ထိုပစ္စုပ္ပန်အကျိုး၌ လိမ္မာသော သူသည်။
ကရေယျ၊ ဤသို့သော အရာတို့၌ ကုသိုလ်မည်သည်ကို ပြုရာ၏။
ရမမာနောပိ၊ အိပ်ခြင်း၌ မွေ့လျော်ငြားသော်လည်း။
ဓမ္မတ္ထသဟိတံ၊ အကြောင်းအကျိုးနှင့် မကင်းသည်သာလျှင် ဖြစ်သော။
ကိစ္စံ၊ ပြုအပ်သော ကိစ္စသည်။
ကရေယျ၊ မဖြစ်သေးသော စည်းစိမ်ကို ဖြစ်စေခြင်း ဖြစ်ပြီးသော စည်းစိမ်ကို စောင့်ရှောက်ခံစားခြင်းကို ပြုရာ၏။
ဣဓ၊ ဤလောက၌။
သညူတ္တံ၊ သိမ်မွေ့သော ပစ္စုပ္ပန် အကျိုးသံသရာအကျိုးနှစ်ပါးကို ရည်၍ တည်သော။
ကိစ္စံ၊ ကိစ္စသည်။
အဝေါဒီဒတိ၊ အကဘ်၍ နစ်သည်ဖြစ်အံ့။
ဧဝံ၊ ဤသို့ ဆိုအပ်ပြီးသော နည်းဖြင့်။
နီရတ္ထကံ၊ ပစ္စုပ္ပန် အကျိုးသံသရာအကျိုးနှစ်ပါးမရှိသော။
ကိစ္စံ၊ ကိစ္စသည်။
သစေဟောတိ၊ အကယ်၍ ဖြစ်အံ့။
ဝဇ္ဇေ၊ ဤသို့ အကျိုးမရှိသောအမှုကို ကြဉ်ရာ၏။
တံ၊ ထိုအကျိုးမရှိသော ကိစ္စကို။
အပ္ပမတ္တော၊ သတိနှင့် မကင်းသော နေခြင်းဖြင့် မမေ့မလျော့ထသော။
ဝိစက္ခဏော၊ ပညာအဆင်အခြင်နှင့် ပြည့်စုံသော ပညာရှိသည်။
နကတန္တိ၊ မပြုအပ်သော ကိစ္စဟူ၍။
မညိတွာ၊ အောက်မေ့၍။
ဝဇ္ဇေယျ၊ ကြဉ်ရာ၏။
အတ္ထေန၊ ပစ္စုပ္ပန်သံသရာအကျိုးနှင့် ။
သညုတ္တံ၊ စပ်ထသော။
ယဉ္စကိစ္စံ၊ အကြင်ကိစ္စကိုလည်းကောင်း။
ဓမ္မဂတာ၊ အလွန်သော ကုသိုလ်ဓမ္မ၌တည်သော သမထဝိပဿနာနှင့်တကွဖြစ်သော။
ယာစရတိ၊ အကြင်မွေ့လျော်ခြင်းသည်လည်းကောင်း။
အတ္ထိ၊ ရှိ၏။
တံ၊ ထိုအကျိုးရှိသော ကိစ္စတရား၌ မွေ့လျော်ခြင်းကို။
သမာဒါယ၊ ကောင်းစွာဆောက်တည်၍။
ဝတ္တေထ၊ ကျင့်ကုန်ရာ၏။
သာ၊ ထိုတရား၌ မွေ့လျော်ခြင်းသည်။
ဥတ္တမာရတိ၊ မြတ်သော အကျိုးသို့ရောက်စေတတ်သောကြောင့် မြတ်သော အကျိုးကို ဆောင်သည်မည်သည်။
စေဟောတိ၊ အကယ်၍ ဖြစ်အံ့။
တံ၊ ထိုမြတ်သော အကျိုးကို ဆောင်တတ်သော တရားကို။
သမာဒါယ၊ ဆောက်တည်၍။
ဝတ္တေထ၊ ကျင့်ကုန်ရာ၏။
ဥစ္စာဝစေဟိ၊ အကြီးအငယ်ဖြစ်ကုန်သော။
ဥပါယေဟိ၊ နည်းတို့ဖြင့်။
ပရေသံ၊ သူတပါးတို့၏။
သန္တကံ၊ ဥစ္စာကို။
ဟန္တွာ၊ ကာမဟူသော အကြောင်းကြောင့် သူတပါးကို သတ်၍လည်းကောင်း။
ဝဓိတွာ၊ ကာမဟူသော အကြောင်းကြောင့် သူတပါးကို ပုတ်ခတ်ညှဉ်းဆဲ၍လည်းကောင်း။
အထော၊ ထိုမှ တပါး။
သောစယိတွာ၊ ထိုဥစ္စာရှင်တို့ကို စိုးရိမ်စေ၍ လည်းကောင်း။
ပရေသံ၊ သူတပါးတို့အား။
အာလောပတိသာဟသာယော၊ တိုက်စစ်ဖေါက်ခြင်း အိမ်သို့တက်၍ နှိပ်စက်ခြင်း ပုတ်ခတ်ခြင်း အစရှိသော အထူးထူးအပြားပြားသောအကြောင်းတို့ဖြင့် အနိုင်ထက်နှိပ်စက်၍ ယူခြင်းကို။
ကရောတိ၊ ပြု၏။
သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။
အဘိဇိဝိသတိ၊ သူတပါးတို့ဥစ္စာကိုယူအံ့သော ငှါအလိုရှိ၏။
ယထာ၊ အဘယ်ကဲ့သို့နည်းဟူမူကား။
ဗလဝါ၊ ကိုယ်အားဉာဏ်အားနှစ်ပါးနှင့် ပြည့်စုံသော သစ်ရွေသမားသည်။
အာဏိယာ၊ အားကြီးစွာသော တံသင်းဖြင့်။
အာဏိံ၊ သစ်ပင်၌ တည်သော တံသင်းကို။
တစ္ဆန္တောကောဋ္ဋေန္တော၊ နှုတ်လျက်။
နိဟန္တံယထာ၊ ထိုသစ်ပင်၌ ရှိသော သစ်သားအကျည်ကို ထုတ်သကဲ့သို့။
တထာ၊ ထိုအတူ။
ကုသလော၊ လိမ္မာသော ရဟန်းသည်။
ဣန္ဒြိယာနိ၊ စက္ခု အစရှိသော ဣန္ဒြေတို့ကို။
နိဟန္တုကာမော၊ ထုတ်လိုသည်ရှိသော်။
ဣန္ဒြိယေဟေဝ၊ ဝိပဿနာ တည်းဟူသော အားနှင့် ပြည့်စုံသော ဣန္ဒြေတို့ဖြင့် သာလျှင်။
နိဟန္ထိ၊ ထုတ်ကုန်ရာ၏။
သဒ္ဓံ၊ အကြီးအမှူး လက္ခဏာရှိသော သဒ္ဓါတရားသည်လည်းကောင်း။
ဝီရိယံ၊ ချီးမြှောက် ထောက်ပံ့ခြင်း လက္ခဏာရှိသောဝီရိယသည်လည်းကောင်း။
သမာဓိဉ္စ၊ မပျံ့လွင့်ခြင်းလက္ခဏာ ရှိသော သမာဓိသည်လည်းကောင်း။
သတိ၊ အာရုံ၌ထင်ခြင်း လက္ခဏာရှိသော သတိသည်လည်းကောင်း။
ပညဉ္စ၊ အပြားအားဖြင့် သိမြင်နိုင်ခြင်းလက္ခဏာရှိသော ပညာသည်လည်းကောင်း။
ဣမာနိပိပဉ္စိန္ဒြိယာနိ၊ ဤဝိမုတ္တိကို ရင့်စေတတ်သော ငါးပါးသော ဣန္ဒြေတို့ကိုလည်း။
ဘာဝယံဘာပယန္တော၊ ပွါးစေလျက်။
ပဉ္စပဉ္စဟိ၊ ငါးပါးသော အာရုံငါးပါးသော ဒွါရ၌ ဖြစ်ကုန်သော ချစ်ခြင်းမုန်းခြင်းစသော ကိလေသာတို့ကို။
ဟန္တွာန၊ မဂ်ဖြင့် သတ်၍။
ဗြဟ္မဏော၊ မကောင်းမှုကို အပပြုပြီးသော ရဟန္တာသည်။
အနီဃော၊ ဆင်းရဲကင်းရာ အနုပါဒိသေသနိဗ္ဗာန်ဓာတ်သို့။
ယာတိ၊ ရောက်၏။
သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။
အတ္ထဝါ၊ ဤလောက၌ ပညာလည်းရှိ၏။
သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။
ဓမ္မဋ္ဌော၊ ကုသိုလ်တရား၌တည်၏။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
သဗ္ဗေနသဗ္ဗံ၊ အလုံးစုံအားဖြင့် အကြွင်းမရှိသော။
ဝါကျ၊ စကားတော်ဖြငစ်၍ ဖြစ်သော။
အနုသာသနိံ၊ အဆုံးအမကို။
ကတွာ၊ ပြု၍။
ဋ္ဌိတော၊ ဆုံးမတော်မူတိုင်း ဆောင်လျက်တည်၏။
သောနရော၊ ထိုမြတ်စွာဘုရားတည်းဟူသော ယောင်္ကျားသည်။
သုခံ၊ နိဗ္ဗာန်ချမ်းသာကို။
ဧဓတိ၊ ပွါးစေ၏။
ဣတိ၊ ဤသို့။
ပါရာပရိယောထေရော၊ ပါရာပရိယထေရ်သည်။
ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော တဆဲ့ကိုးဂါထာ တို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုပြီ။
ပါရာပရိယထေရဂါထာ အနက်ပြီး၏။