အာဝုသော၊ ငါ့ရှင်တို့။
ယဿ၊ အကြင်ဘူအား။
သဒ္ဒံ၊ တပ်မက်မောဘွယ်သော သဒ္ဒါရုံကို။
သုတွာ၊ သောတဒွါရဖြင့် ကြားသော ကြောင့်။
သတိ၊ အသုဘအစရှိသည်ကို အသုဘစသည်ဖြင့် ရှုခြင်းနှင့်ယှဉ်သော သတိသည်။
မုဋ္ဌာနဋ္ဌာ၊ ကင်းပျေက်ခဲ့၏။
ပိယံနိမိတ္တံ၊ ထင်တိုင်းသော သဒ္ဒါရုံကို သုဘသုခစသည်ဖြင့် ချစ်ခြင်း အကြောင်းရှိသည်ဖြစ်၍။
အယောနိသောမနသီကရောတော၊ မသင့်သော အားဖြင့် နူးညံ့သွင်းသော သူအားလည်း ။
သတိ၊ အသုဘသဘောရှိသော ကိုယ်၌ အသုဘဟု ဖြစ်သော သတိသည်။
မုဋ္ဌာနဋ္ဌာ၊ ပျောက်ခဲ့၏။
တထာဘူတော၊ ထိုသို့သော အခြင်းအရာဖြင့် ဖြစ်သော။
သောပုဂ္ဂလော၊ ထို ပုဂ္ဂိုလ်သည်။
သာရတ္တစိတ္တော၊ ထိုသဒ္ဒါရုံ၌တပ်သော စိတ်ရှီသည်ဖြစ်၍။
ဝေဒေတိ၊ ထိုသဒ္ဒါရုံကို ခံစားနှစ်သက်၏။
အဘိနန္ဒောပန၊ အလွန်နှစ်သက်သော သူသည်ကား။
အဇ္ဈေသအဇ္ဈောသာယ၊ ထိုအာရုံကို မျိုသဖြင့် ပြီးစေ၍။
တိဋ္ဌတိ၊ တည်၏။
ဧဝံဘူတဿ၊ ဤသို့သော အခြင်းအရာဖြင့် ဖြစ်သော။
သံသာရံဥပဂါမိနော၊ သံသရာအကြောင်းရှိသည်ဖြစ်၍ ကပ်သော သူအား။
အာသဝါ၊ လေပါးသော အာသဝေါ တရားတို့သည်။
ဝဍ္ဎန္တိ၊ ပွါးကုန်၏။
ဣတိ၊ ဤသို့။
ဥတ္တိယောထေရော၊ ဥတ္တိယထေရ်သည်။
ဣမံဂါထံ၊ ဤဂါထာကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဥတ္တိယထေရဂါထာ အနက်ပြီး၏။