Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

2. Mahākoṭṭhikattheragāthā

Author: နိဿယ @ IAPT

အာဝုသော၊ ငါ့ရှင်တို့။ ဥပသန္တော၊ ငြိမ်သက်သော ဣန္ဒြေလည်းရှိ၏။ ဥပရတော၊ အလုံးစုံသော မကောင်းမှု အကုသိုလ်မှလည်း ကြဉ်ရှောင်၏။ မန္တဘာဏီ၊ ပညာဖြင့် ဆင်ခြင်း၍ ဆိုလေ့ရှိ၏။ အနုဒ္ဓတော၊ ဒုစရိုက်ကို ပယ်သဖြင့် စင်ကြယ်သော သီလ၌ တည်၏။
သောနရော၊ ထိုသူသည်။ မာလုတော၊ ထေသည်။ ဒုမပတ္တံ၊ သစ်ရွက်ကို။ ဓုနာတိဣဝ၊ ချွေလွှင့်ဖြတ်သကဲ့သို့ ။ ပါပကေဓမ္မေ၊ ယုတ်မောသော အကုသိုလ်တရားတို့ကို။ ဓုနာတိ၊ လွင့်နိုင်ပယ်နိုင်၏။
ဣတိ၊ ဤသို့။ ဣတ္ထံဣမံပကာရံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော အပြားရှိသော။ ဣမံဂါထံ၊ ဤဂါထာကို။ အာယသ္မာမဟာကောဋ္ဌိကတ္ထေရော၊ အရှင်မဟာကောဋ္ဌိကထေရ်သည်။ အဘာသိတ္ထ၊ ဆိုပြီ။ မဟာကောဋ္ဌိကထေရဂါထာ အနက်ပြီး၏။