သဗ္ဗောရာဂေါ၊ ကာမရာဂစသော အပြားဖြင့် များသောအလုံးစုံသော ရာဂကို။
ပဟီနော၊ အရိယမဂ်ကို ပွါးစေသဖြင့် သမုစ္ဆေဒပဟာန်၏ အစွမ်းဖြင့် ပယ်အပ်ပြီ။
သဗ္ဗောဒေါသော၊ အဃာတဝဝတ္ထုစသော အားဖြင့် များသော အပြားရှိသော ဒေါသကို။
သမူဟတော၊ မဂ်ဖြင့် နှုတ်အပ်ပြီ။
မေ၊ ငါ့အား။
သဗ္ဗော၊ အလုံးစုံသော။
မောဟော၊ ဒုက္ခေအညာဏံ အစရှိသော အားဖြင့် ရှစ်ပါးအပြားရှိသော မောဟသည်။
ဝိဂတော၊ ကင်းပြီ။
သီတိဘူတော၊ အကြွင်းမရှိသော ကိလေသာတို့၏ ပူလောင်ခြင်း၏ မရှိသော အားဖြင့် ငြိမ်းခြင်းသို့ ရောက်ပြီ။
နိဗ္ဗုတော၊ ကိလေသပရိနိဗ္ဗာန်ဖြင့် ငြိမ်းခြင်းသို့ ရောက်သည်။
အသ္မိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
ရက္ခိတောထေရော၊ ရက္ခိတထေရ်သည်။
အတ္တနော၊ မိမိ၏ ။
ပဟီနကိလေသာပစ္စဝေက္ခနေန၊ ပယ်အပ်ပြီးသော ကိလေသာကို ဆင်ခြင်သဖြင့်။
ဣမံဂါထံ၊ ဤဂါထာကို။
အဘာသိတ္ထ၊ ဆိုပြီ။
ရက္ခိတထေရဂါထာ အနက်ပြီး၏။