Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

8. Kimilattheragāthā

Author: နိဿယ @ IAPT

ကိမိလ၊ ကိမ်လ။ အဘိသတ္တောဝ၊ နတ်တို့ ဆုံးမစေခိုင်းအပ်သကဲ့သို့။ သီဃံ၊ လျှင်စွာ။ ဂစ္ဆ၊ သွားလော့။ နိပတတိ၊ ခဏတိုင်းခဏတိုင်း ကုန်ခြင်းပျက်ခြင်းသို့ရောက်၏။ ဝယော၊ အယွယ်နှင့်ပြည့်စုံသော။ ရူပံ၊ ကိုယ်သည်။ နိပတတိ၊ ခဏတိုင်းခဏတိုင်း ကုန်ခြင်း ပျက်ခြင်းသို့ရောက်၏။ ဣဒံရူပံ၊ ဤကိုယ်သည်။ ယာဒိသံ၊ အကြင်ပျက်ခြင်းသို့ ရောက်သော သဘောရှိ၏။ တထေဝ၊ ထိုအတူသာလျှင်။ တေနအာကာရေန၊ ထိုအခြင်းအရာဖြင့်။ သန္တံသံဝိဇ္ဇမာနံ၊ ထင်ရှားရှိသော ကိုယ်သည်။ အညမိဝ၊ တပါးမဟုတ်သော်လည်း တပါးကိုကဲ့သို့။ မယှံ၊ ငါ့အား။ ဥပဋ္ဌာတိ၊ ထင်၏။
တဿေဝတဿဣဝ၊ ထိုတပါးမဟုတ်သော်လည်း တပါးကိုကဲ့သို့။ သတောသမာနဿ၊ ဖြစ်ထသော။ အဝိပ္ပဝသတောနဝိပ္ပဝသန္တဿ၊ သတိမကင်းမူ၍နေလေ့ရှိထသော။ မေ၊ င့ါအား။ ဥပဋ္ဌာသိ၊ ထင်၏။ အဟံ၊ ငါသည်။ အတ္တာနံ၊ မိမိကိုယ်ကို။ အညဿေဝအညဿ သတ္တဿဝိယ၊ တပါးသတ္တဝါမဟုတ်သော်လည်း တပါးသတ္တဝါကဲ့သို့။ သရာမိသဉ္ဇာနာမိ၊ သိ၏။
ဣတိ၊ ဤသို့။ ကိမိလောထေရော၊ ကိမိလထေရ်သည်။ ဣမံဂါထံ၊ ဤဂါထာကို။ အဘာသိတ္ထ၊ ဆိုပြီ။ ကိမိလထေရဂါထာ အနက်ပြီး၏။