Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

1. Mahākassapattheragāthā

Author: နိဿယ @ IAPT

ဂဏေန၊ ရဟန်းအပေါင်းဖြင့်။ ပုရက္ခတော၊ ခြံရံအပ်သည်ဖြစ်၍။ နစရေန ဝိဟရေယျ၊ မနေရာ။ ကသ္မာ၊ အဘယ်ကြော့် နည်းဟူမူကား။ ဝိမနော၊ အပေါင်းအဘော်ကြောင့် နှောင့်ယှက်သော စိတ်ရှိသော သူသည်။ သမာဓိ၊ တည်ကြဉ်ခြင်းကို။ ဒုလ္လဘော၊ ရခဲသည်။ ဟောတိ၊ ဖြစ်၏။
ဣတိ တသ္မာ၊ ထိုကြောင့်လည်း။ နာနာဇန သင်္ဂဟော၊ အထူးထူးသော အဇ္ဈာသယ၏ အထူးထူးသော နှစ်သက်ခြင်းရှိသော လူအပေါင်းကို သင်္ဂြိုလ်ထောင်ပံ့ရခြင်းသည်။ ဒုက္ခေါ၊ ဆင်းရဲငြိုငြင်ပင်ပန်းသည်။ ဟောတိ၊ ဖြစ်၏။ ဣတိ ဧဝံဂဏ သင်္ဂဟေ၊ ဤသို့ လူအပေါင်းကို သင်္ဂြိုလ် ထောက်ပံ့ရာ၌။ အာဒိနဝံ၊ များစွာသော အပြစ်ကို။ ဒိသွာ၊ ဉာဏ်မျက်စိဖြင့် ကြည့်၍။ ဂဏံဂဏသံဝါသံ၊ အပေါင်းအဘော်နှင့် တကွနေခြင်းကို။ နရောစယေ၊ အလိုမရှိရာ။
မုနိ၊ ဤသာသနာတော်၌ ရဟန်းဖြစ်သော သူသည်။ ကုလာနိ၊ မင်းစသော အမျိုးတို့ကို။ နဥပဗ္ဗဇေ၊ ဆရာပြု၍ မဆည်းကပ်ရာ။ ကိံ ကာရဏာ၊ အဘယ်ကြောင်နည်းဟူမူကား။ သော၊ ထိုမင်းမျိုးစသည်သို့ ကပ်ခြင်း အားထုတ်ခြင်းသို့ ရောက်သော သူသည်။ ဝိမနော၊ ထိုမင်းမျိုးတို့၌ နှောင့်ယှက်သော စိတ်ရှိသည်ဖြစ်၍။ သမာဓိ၊ သမထဝိပဿနာ သမာဓိကို။ ဒုလ္လတော၊ ရခဲ့သည်။ ဟောတိ၊ ဖြစ်၏။
ဣတိ တသ္မာ၊ ထိုကြောင့်တည်း။ ရသာနုဂိဒ္ဓေါ၊ ကောင်းမြတ်သော အရသာ၌ တပ်မက်မောသည်ဖြစ်၍။ ဥဿုက္ကော၊ လုံ့လပြုသော။ သော ပုဂ္ဂလော၊ ထို ပုဂ္ဂိုလ်သည်။ သမာဓိ၊ သမာဓိကို။ ဒုလ္ဘဘော၊ ရခဲံသည်။ ဟောတိ၊ ဖြစ်၏။ ယော ပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။ သုခါဝဟော၊ မိမိ ၏ မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာကို ဆောင်တတ်၏။ သော ပုဂ္ဂလော၊ ထိုမိမိ၏ မဂ်ဖိုလ်နိဗ္ဗာန်ကိုဆောင်တတ်သော ပုဂ္ဂိုလ်သည်။ ရသာဂိဒ္ဓတာ၊ အရသာ၌ တပ်မဂ်မောသောကြောင့်။ တံအတ္ထံ၊ ထိုသီလစင်ကြယ်ခြင်း မဂ်ဖိုလ် နိဗ္ဗာန်ဟူသော အကျိုးကို။ ရိဉ္ဇတိ၊ အားမထုတ်ဘဲ စွန့်တတ်၏။
ဣတိ တသ္မာ၊ ထိုကြောင့်တည်း။ ယာယံ ဝန္ဒနပူဇနာ၊ အကြင်ရှိခိုခြင်း ပစ္စည်းဖြင့် ပူဇော်ခြင်းကို။ ပင်္ကောတိ၊ ညွန်နှင့်တူ၏ ဟူ၍။ ဟီနံ၊ ယုတ်၏ ဟူ၍။ အဝေဒယုံ၊ ပညာရှိတို့ဆိုကုန်၏။ ကုလေသု၊ ဒါယကာတို့မှ။
သုခုမံ၊ သိမ်မွေ့သော။ သလ္လံ၊ ပူဇော်ခြင်းခြီးမြှောက်ခြင်း၌ တပ်သော တဏှာတည်းဟူသော ငြောင့်ကို။ ဒုဇ္ဇဟံ၊ နှုတ်နိုင်ခဲ၏ ဟူ၍။ အဝေဒယုံ၊ ကြားကုန်၏။ သက္ကာရော၊ ဒါယကာတို့သည် အရိုအသေပြုခြင်း၌ တပ်သော တဏှာကို။ ကာပုရိသေန၊ ယုတ်မာသော ယောင်္ကျားသည်။ ဒုဇ္ဇဟောတိ၊ စွမ်းနိုင်ခဲ၏ ဟူ၍။ အဝေဒယုံ၊ ကြားကုန်၏။
သေနာသနမှာ၊ တောင်၌ ဖြစ်သော ကျောင်းမှ။ ဩရုယှ၊ သက်၍။ နဂရံ၊ မြို့သို့။ ပိဏ္ဍာယ၊ ဆွမ်း အလို့ငှါ။ ပါဝိသိံ၊ ဝင်၏။
ပဝိသိတွာ၊ ဝင်၍။ ဘုဉ္ဇန္တံ၊ ဆွမ်းစားသော ငါ့ကို။ တံသော ပုရိသ ကုဋ္ဌိ၊ ထိုနူနာစွဲသော ယောင်္ကျားသည်။ သက္ကစ္စံ၊ အရိုအသေ ။ ဥဋ္ဌဟိံ၊ ကပ်၍ ရပ်၏။
သော၊ ထိုငနူသည်။ ပက္ကေန၊ အရိုး၌တည်သော နူနာရှိသော။ ဟတ္ထေန၊ လက်ဖြင့် ။ တံအာလောပံ၊ ထိုဆွမ်းလုပ်ကို။ ဥပနာမယိ၊ ငါသို့ ကပ်၏။
အာလောပံ၊ ဆွမ်းလုပ်ကို။ ပက္ခိပန္တဿ၊ ထည့်သော လူနူ၏။ ဧတ္ထပထ္ထေ၊ ဤသပိတ်၌။ အင်္ဂုလိပိ၊ လက်ချောင်းသည်လည်း။ ဆိဇ္ဇထ၊ အာဟာရနှင့်တကွ ပြက်၍ ကျ၏။
ကုဋ္ဋမူလံ၊ တိုက်နံရံရင်းကို။ နိဿာယ၊ မှီ၍။ တံအာလောပံ၊ ထိုဆွမ်းလုပ်ကို။ အဘုဉ္ဇိသံ၊ စားပြီ။
ဘုဉ္ဇမာနေဝါ၊ ဆွမ်းစားဆဲ၌လည်းကောင်း။ ဘုတ္တေဝါ၊ စားပြီး၍လည်းကောင်း။ မေ၊ ငါ့အား။ ဇေဂုစ္ဆံ၊ ထိုလူနူလက်သပိတ်ထည်းသို့ ပြတ်၍ကျသော အကြောင်းကြောင့် စက်ဆုပ် ခြင်းသည်။ နဝိဇ္ဇတိ၊ မရှိ။
ဥတ္တိဋ္ဌိပိဏ္ဏော၊ တပါးသော သူတို့၏ အိမ်တံခါး၌ ရပ်၍ ခံအပ်သော ဆွမ်းသည်ပင်လျှင်။ အာဟာရော၊ ငါ၏ သုံးဆောင်သော အာဟာရသည်။ အဟောသိ၊ ဖြစ်၏။ ပူတိရတ္တံ၊ နွားကျင်ပုပ်ဖြင့် စိန်အပ်သော ရှစ်ရှားသဖန်းခါးသည်။ ဩသဓံ၊ ငါသုံးဆောင်သော ဆေးသည်။ ဟောတိ၊ ဖြစ်၏။
ရုက္ခမူလံ၊ သစ်ပင်ရင်းသည်။ သေနာသနံ၊ ငါနေသော ကျောင်းသည်။ ဟောတိ၊ ဖြစ်၏။ ပံသုကုလံ၊ တမြက်ချေးစုစသည်၌ တည်သောမြေမှုန့် အလိမ်းလိမ်းကပ်သော ပုဆိုးသည်။ တိစီဝရံ၊ ငါသုံးဆောင်သော သင်္ကန်းသုံးထည်သည်။ ဟောတိ၊ ဖြစ်၏။
ယဿယေနဘိက္ခုနာ၊ အကြင်ရဟန်းသည်။ ဧတေ၊ ထိုသူတူပါးအိမ်တခါး၌ ခံအပ်သော ဆွမ်းအစရှိသော ပစ္စည်းလေးပါးတို့ကို။ အဘိသမ္ဘုတွာ၊ အယုတ်အားဖြင့် မွေ့လျော်၍။ ပရိဘုဉ္စတိ၊ သုံးဆောင်၏။ သောနရော၊ ထို ပုဂ္ဂိုလ်သည်။ ဝေ၊ စင်စစ်။ စာတုဒ္ဒိသော၊ အရှေ့မျက်နှာစသည်တို့တွင် တပါးပါးသော အရပ်မျက်နှာ၌ အပိတ်အပင်မရှိသောအားဖြင့် နေခြင်းငှါ တတ်နိုင်သော သူမည်၏။
ယတ္ထ၊ အကြင် ပစ္ဆိမအရွယ်၌။ ဋ္ဌိတာ၊ တည်ကုန်သော။ ဧကေ၊ အချို့ကုန်သော လူတို့သည် ။ သိလုစ္စယံ၊ တောင်ကို။ အာရုဟန္တာ၊ တတ်ကုန်သည်ရှိသော်။ ဝိဟညန္တိ၊ ကိုယ်၏ ပင်ပန်းခြင်းစိတ်၏ နှောင့်ယှက်ခြင်းဖြင့် ပျက်စီးခြင်းသို့ ရောက်ကုန်၏။
တတ္ထ၊ ထိုအိုခြင်းသို့ ရောက်သော ကာလ၌။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ဒါယာဒေါ၊ အမွေခံဖြစ်သော။ သမ္ပဇာနော၊ ပညာအဆင်အခြင်နှင့် ပြည့်စုံသော ။ ပဋိဿတော၊ ထင်သော သတိရှိသော။
ကဿပေါ၊ ငါကဿပမူကား။ ဣဒ္ဓိဗလေန၊ တန်ခိုးအစွမ်းအားဖြင့် ။ ပတ္ထဒ္ဓေါ၊ ထောက်ပံ့ခိုင်စေအပ်သည်ဖြစ်၍။ အဘိရုဟတိ၊ ကျောက်တောင်သို့ တက်၏။
ပိဏ္ဍပါတပဋိက္ကန္တော၊ ဆွမ်းခံရွာမှ ဖဲခဲ့သော။ ကဿပေါ၊ ကဿပသည်။ သေလံ၊ တောင်ထက်သို့။ အာရုယှ၊ တက်၍။
အနုပါဒါနော၊ လေးပါးသော ဥပါဒါန်မှ ကင်းပြီးသည်ဖြစ်၍။ ပဟီနဘယဘေရဝါ၊ ဘေးကြောင့်ဖြစ်ကုန်သော ကိလေသာတို့ကို ဖြတ်ပြီးသော ကြောင့် ပယ်အပ်သော ဘေးကြောက်မက်ဖွယ်ရှိသည်ဖြစ်၍။ ဈာယတိ၊ အရဟတ္တဖိုလ်ဈာန်ကို ဝင်စားလျက်နေ၏။
ပိဏ္ဍပါတပဋိက္ကန္တော၊ ဆွမ်းခံရွာမှဖဲပြီးသော။ အနုပါဒါနော၊ လေးပါးသော ဥပါဒါန်မှ ကင်းပြီးသော။ ဍယှမာနေသု၊ သတ္တဝါတို့ကို လောင်တတ်ကုန်သော တဆဲ့ တပါးသော မီးကိုမှ။ နိဗ္ဗုတော၊ ကိလေသာတည်းဟူသော ပူလောင်ခြင်းမရှိသော အားဖြင့် ငြိမ်းပြိးသော။ ပဿပေါ၊ ကဿပသည်။ ဈာယတိ၊ အရဟတ္တဖိုလ်ဈာန်ကို ဝင်စား၏။
ပိဏ္ဍပါတပဋိက္ကန္တော၊ ဆွမ်းခံရာမှ ဖဲပြီးသော။ အနုပါဒါနော၊ လေးပါးသော ဥပါဒါန်မှ ကင်းပြီးသော။ ကတိကိစ္စော၊ ပြုအပ်ပြီးသော တဆဲ့ခြောက်ပါးသော မဂ်ကိစ္စရှိသော။ အနာသဝေါ၊ ကင်းပြီးသော အာသဝေါရှိသော။ ကဿပေါ၊ ကဿပသည်။ သေလံ၊ တောင်ထက်သို့။ အရုယှ၊ တက်၍။ ဈာယတိ၊ အရဟတ္တဖိုလ်ဈာန်ကို ဝင်စား၏။
ကရေရိမာလာဝိတတာ၊ ရေခတက်ပင် အစဉ်တို့ဖြင့် ကောင်းစွာရောက်ကုန်သော။ မနောရမာ၊ နှလုံးမေါ့လျော်ဘွယ်ရှိကုန်သော။ ဘူမိဘာဂါ၊ မြေအဖို့ရှိကုန်သော။
ကုဉ္ဇရာဘိရုဒါရမ္မာ၊ သွားလာကုန်သော ဆင်တို့၏ ဟည်းသံအော်သံတို့ဖြင့် မွေ့လျော်ဘွယ်ရှိကုန်ထသော။ တေသေလာ၊ ထိုတောင်ရံတို့သည်။ မ၊ ငါကို။ ရမယန္တိ၊ မွေ့လျော်စေကုန်၏။
နီလဗ္ဘဝဏ္ဏာ၊ တိမ်ညိုအဆင်းနှင့် တူကုန်ထသော။ ရုစိရာ၊ နှစ်လိုဘွယ်လည်းရှိကုန်ထသော။ ဝါရိသီတာ၊ ချမ်းမြေ့သော ရေလည်းရှိကုန်ထသော။ သုစိန္ဓရာ၊ စင်ကြယ်သော မြေအဖို့လည်း ရှိကုန်ထသော။
ဣန္ဒေဂေါပကသဉ္ဆန္နာ၊ ပိုးဖရံအဆင်းနှင့်တူသော နီသော အညွန့်အပွင့် ရှိသော သစ်ပင်တို့ဖြင့်ဖုံးလွှမ်းကုန်ထသော။ တေသေလော၊ ထိုတောင်တို့သည်။ မံ၊ ငါ့ကို။ ရမယန္တိ၊ မွေ့လျော်စေကုန်၏။
နီလဗ္ဘကူဋ္ဋသဒိသာ၊ တိမ်ညို၏ အထွတ်နှင့်တူသောအထွတ်လည်းရှိကုန်ထသော။ ကူဋာဝါရဝရူပမာ၊ မြတ်သော တိမ်အထွတ်နှင့် တူကုန်ထသော။
ဝါရဏာဘိရုဒါရမ္မာ၊ ဆင်တို့၏အော်သံဟည်းသံတို့ဖြင့်မွေ့လျော်ဘွယ်ရှိကုန်ထသော။ တေသေလာ၊ ထိုတောင်တို့သည်။ မံ၊ ငါ့ကို။ ရမယန္တိ၊ မွေ့လျော်စေကုန်၏။
အဘိဝုဋ္ဌာ၊ မိုဃ်းရွာသော အခါတက်သော တိမ်ထွတ်နှင့် လည်းတူကုန်ထသော။ ရမ္မတလာ၊ မြူကြမ်းမြူသေးစသည်တို့၏ ကင်းသဖြင့် မွေ့လျော်ဘွယ်သော အမြင်လည်းရှိကုန်ထသော။ ဣသီဘိ၊ ရသေ့ရဟန်းတို့သည်။ သေဝိတာ၊ မှီဝဲအပ်ကုန်ထသော။
သိခိဟိ၊ တောင်ထွတ်တို့ဖြင့်။ အဗ္ဘုန္နဒိသာ၊ သာယာသော အသံဖြင့် ပဲတင်ထပ်ခြင်းရှိကုန်ထသော။ နဂါ၊ တပါးသော အရပ်သို့ မရွေ့ကုန်သောကြောင့်နာဟု ရအပ်သော အမည်ရှိကုန်ထသော။ တေသေလာ၊ ထိုတောင်တို့သည်။ မံ၊ ငါ့ကို။ ရမယန္တိ၊ မွေ့လျော်စေကုန်၏။
ဈာယိတုကာမဿ၊ အရဟတ္တဖိုလ်ဈာန်ကို ဝင်စားခြင်း၌ အလိုရှိထသော။ ပဟိတတ္တဿ၊ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသည်။ သတောသန္တဿ၊ ဖြစ်သော။ မေ၊ ငါ့အား။ တေသေလာ၊ ထိုဘောင်တို့သည်။ အလံ၊ ချမ်းသာစွာနေခြင်းငှါ စွမ်းနိုင်၏။
အတ္ထကာမဿ၊ ကိုယ်၏ အကျိုးကို အလိုရှိထသော။ ပဟိတတ္တဿ၊ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိထသော။ ဘိက္ခုနော၊ ဖျက်ဆီးအပ်သော ကိလေသာရှိသော။ မေ၊ ငါ့အား။ တေသေလာ၊ ထိုတောင်တို့သည်။ အလံ၊ ချမ်းသာစွာနေခြင်းငှါ သင့်တင့် လျောက်ပတ်၏။
ဖာသုကာမဿ၊ ချမ်းသာခြင်းကို အလိုရှိထသော။ ပဟိတတ္တဿ၊ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိထသော။ ဘိက္ခုနော၊ ဖျက်ဆီးအပ်သော ကိလေသာရှိသော။ မေ၊ ငါ့အား။ တေသေလာ၊ ထိုတောင်တို့သည်။ အလံ၊ ချမ်းသာစွာ နေခြင်းငှါ သင့်တင့်လျောက်ပတ်၏။
ယောဂကာမဿ၊ ကမ္မဋ္ဌာန်းကို ပွါးစေခြင်း၌ အားထုတ်ခြင်းကို အလိုရှိထသော။ ပဟိတတ္တဿ၊ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိထသော။ တာဒိနော၊ ဣဋ္ဌာရုံအနိဋ္ဌာရုံ စသည်တို့၌ တုန်လှုပ်ခြင်း မရှိသော ကျေးဇူးနှင့် ပြည့်စုံထသော။ မေမမ၊ ငါအား။ တေသေလာ၊ ထိုတောင်တို့သည်။ အလံ၊ နေခြင်းငှါ သင့်တင့်လျောက်ပတ်၏။
ဥမ္မာပုပ္ဖေန၊ ညိုသော အရောင်ရှိသော အောင်းမဲညိုပွင့်နှင့် ။ သမာနာ၊ တူကုန်ထသော။ ဂဂနာဝဗ္ဘဆာဒိတာ၊ တန်ဆောင်မုန်းလအခါ၌ ကောင်းကင်သို့ တိမ်ညိုအဆင်းနှင့်တူသော မိုဃ်းတိမ်တို့ဖြင့် ကောင်းစွာ ဖုံးလွှမ်းအပ်သော ညိုသော အဆင်းရှိကုန်ထသော။
နာနာဒိဇဂဏာကိဏ္ဏော၊ အထူးထူးအပြားပြားသော ငှက်မျိုးတို့ ဖြင့် ပြွမ်းကုန်ထသော။ တေသေလာ၊ ထိုတောင်တို့သည်။ မံ၊ ငါ့ကို။ ရမယန္တိ၊ မွေ့လျော်စေကုန်၏။
ဂဟဋ္ဌေဟိ၊ လူတို့နှင့်။ အနာကိဏ္ဏော၊ မပြွမ်းကုန်မကျဉ်းမြောင်းကုန်ထသော။ မိဂသံဃနိသေဝိတာ၊ သမင်စိုက်ဆင်စသော သားအပေါင်းတို့၏ မှီဝဲရာလည်းဖြစ်ကုန်ထသော။
နာနာဒိဇဂဏာကိဏ္ဏဦ၊ အထူးထူးသော ငှက်အပေါင်းဖြင့် ပြွမ်းကုန်ထသော။ တေသေလာ၊ ထိုတောင်တို့သည်။ မံ၊ ငါ့ကို။ ရမယန္တိ၊ မွေ့လျော်စေကုန်၏။
အစ္ဆောဒိကာ၊ ကြဉ်သော ရေလည်းရှိကုန်ထသော။ ပုထုသီဃာ၊ ကြီးသော ကျောဖြာလည်းရှိကုန်ထသော။ ဂေါနင်္ဂုလမိဂါယုတာ၊ တောနွားအစိုင်အစရှိသော သားတို့ဖြင့် ပြည့်ကုန်ထသော။
အမ္ဗုလေဝါ လသဉ္ဆန္နာ၊ မှော်တို့ဖြင့် ဖုံးလွှမ်းအ်သော ရေအိုင်လည်း ရှိကုန်ထသော။ တေသေလာ၊ ထိုတောင်တို့သည်။ မံ၊ ငါ့ကို။ ရမယန္တိ၊ မွေ့လျော်စေကုန်၏။
ပဉ္စင်္ဂီကေန၊ တဘက်ပိတ်စည်စသော ငါးပါးသော အင်္ဂါနှင့် ရှဉ်ကုန်ထသော ။ တုရိယေန၊ တူရိယာမျိုးနှင့်။ ပရိဝါရိယမာနဿ၊ ခြံရံအပ်သည်ဖြစ်၍။ တာဒိသံ၊ ထိုသို့ မွေ့လျော်ဘွယ် ရှိသည်လည်း။ နဟောတိ၊ မဖြစ်။
ဧကဂ္ဂစိတ္တဿ၊ တည်ကြည်သော စိတ်ရှိသည်ဖြစ်၍။ သမ္မာ၊ ကောင်းစွာ။ ဓမ္မံ၊ ရုပ်နံ့တရားကို။ ဝိပဿတော၊ အနိစ္စအစရှိသော အားဖြင့် ရှုလော။ မေမမ၊ ငါ့အား။ ယာဒိသီ၊ အကြင်သို့သော သဘောရှိသော။ ရတိ၊ ဈာန်ဖြင့်မွေ့လျော်ခြင်းသည်။ ယထာ၊ အကြင်အခြင်းအရာဖြင့်။ ဟောတိ၊ ဖြစ်၏။ တာဒိသီပိ၊ ထိုသို့သဘောရှိသော မွေ့လျော်ခြင်းသည်လည်း။ ပဉ္စင်္ဂီကေနတူရိယေန၊ ငါးပါးသော အင်္ဂါနှင့် ပြည့်သော တူရိယာ မျိုးဖြင့်။ ပရိဝါရိယမာနဿ၊ ခြံရံအပ်သော သူကဲ့သို့ ။ နဟောတိ၊ မဖြစ်။
ဗဟုကမ္မံ၊ များစွာ အမှုကြီးငယ်ကို။ နကာရယေ၊ အမှု၌ မွေ့လျော်သည်ဖြစ်၍ မပြုရာ။ ဇနံ၊ မကောင်းသော အဆွေခင်ပွန်းဖြစ်၍ ဖြစ်သော သူကို။ ပရိဝဇ္ဇယေ၊ ဝေးစွာ ကြည်ရာ၏။ နဥယျမေ၊ ပစ္စည်းကို ဖြစ်ခြင်းငှါ အပေါင်းအဘော်အဆွေခင်ပွန်းဖွဲ့သည် အစွမ်းအားဖြင့် လုံ့လကို မပြုရာ။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။ သုခါဝါဟော၊ ချမ်းသာရခြင်းကို ဆောင်တတ်၏။ ရသာနုဂိဒ္ဓေါ၊ ကောင်းသော အရသာ၌ မက်မောခြင်းရှိသော။ ဥဿုတ္တော၊ ကောင်းသော အရသာကို ရစေခြင်းငှါ လုံ့လပြုသော။ သောဘိက္ခု၊ ထိုရဟန်းသည်။ အတ္ထံ၊ မဂ်ဖိုလ်ဟူသော အကျိုးကို။ ရိဉ္စတိ၊ ကုန်ခြင်းသို့ ရောက်စေ၏။
ဗဟုကံ ကမ္မံ၊ များစွာသော အမှုကြီးငယ်ကို။ နကရယေ၊ အမှု၌ မွေ့လျော်သည်ဖြစ်၍ မပြုရာ။ ဧတံ၊ ဤအမှုသစ်ကို ဆောင်တည်ခြင်းစသည်သည်။ အနတ္တနေယျံ၊ မိမိအကျိုးကို ဆောင်တတ်သည် မဟုတ်။ ဣတိကတွာ၊ ဤသို့ နှလုံးသွင်း၍။ ပရိဝဇ္ဇေယျ၊ ထိုအမှုသစ်ကို များစွာဆောင်ရွက်ခြင်းမှ ကြဉ်ရာ၏။
တဟံတဟံ၊ ထိုထိုသို့သော အရပ်သို့။ ဝိစရဏတော၊ သွားလော။ တဿ ပုဂ္ဂလဿ၊ ထိုအမှုသစ်ကို များစွာလေ့ကျက်သော ပုဂ္ဂိုလ်၏။ ကာယော၊ ကိုယ်သည်။ ကာသာသိအလာဘေန၊ ကိုယ်စိတ်စသည်၏ ချမ်းသာခြင်းကို မရသောကြော့်။ ကိစ္ဆတိ၊ ငြိုငြင်ဆင်းရဲခြင်းသို့ ရောက်တတ်၏။ ကိလမတိ၊ ပင်ပန်းခြင်းသို့ ရောက်တတ်၏။ ဒုက္ခိတော၊ ကိုယ်စိတ်၏ ငြိုငြင်ပင်ပန်းခြင်းသို့ ရောက်သဖြင့် ဆင်းရဲခြင်းရှိသော။ သော ပုဂ္ဂလော၊ ထို ပုဂ္ဂိုလ်သည်။ သမတံ၊ စိတ်၏ တည်ကြည်ခြင်းကို။ နဝိန္ဒတိ၊ မရ။
ဩဋ္ဌပဟတမတ္တေန၊ နှုတ်ခမ်းကို လှုပ်ခြင်းမျှဖြင့်လည်း။ အတ္တာနမ္ပိ၊ မိမိကိုယ်ကိုလည်း။ နပဿတိ၊ အကျိုးကို မရှိသည်၏ အဖြစ်ကို မသိ။
ပတ္ထဒ္ဓဘာဂီဝေါ၊ ငါ့ထက်အကြားအမြင် သတိပညာရှိသော ငါနှင့်တူသော တပါးသော သူမရှိဟူ၍ ခက်ထန်သော မာန်ရှိသဖြင့် သံချောင်းကို မျိုး၍ တည်သကဲ့သို့ ခိုင်သောလည်ရှိသည်ဖြစ်၍။ စရတိ၊ ထိုမှ ဤမှ သွားလာ၏။ အဟံသေယျောတိ၊ ငါသာလျှင်မြတ်၏ဟု။ မညတိ၊ အောက်မေ့၏။
ဗာလော၊ သူမိုက်သည်။ အဟံ၊ ငါအား။ အသေယျော၊ မမြတ်။ ဟီနောသမာနော၊ ယုတ်သည်ဖြစ်၍ ဟု။ ဇာနန္တော၊ သိလျက်။ သေယျာသနာနံ၊ မိမိထက်မြတ်သော သူနှင့်တူသည်ကို ပြု၍။ အတ္တာနံ၊ မိမိကိုယ်ကို။ မညတိ၊ အောက်မေ့တတ်၏။
ပထ္ထဒ္ဓမာနသံ၊ ခက်ထန်သော မာန်ရှိထသော။ တံနရံ၊ ထိုလူမိုက်ကို။ ဝိညူ၊ ပညာရှိတို့သည်။ နပသံသန္တိ၊ မခြီးမွမ်းကုန်။
ယော၊ အကြင်ပညာရှိသော သူသည်။ အဟံ၊ ငါသည်။ သေယျော၊ မြတ်သည်။ အသ္မိ၊ ဖြစ်၏။
ဧဝံ၊ ဤသို့။ ဟီနသဒိသမာနဝသေန၊ ယုတ်သော မာန်ဟူသော အစွမ်းအားဖြင့်။ အဟံ၊ ငါသည်။ နသေယျော၊ မမြတ်။ ဣတိ ဝါ၊ ဤသို့လည်းကောင်း။ အဟံ၊ ငါသည်။ ဟီနော၊ ယုတ်၏။ အဟံ၊ ငါသည်။ သဒိသော၊ မြတ်သော သူနှင့်တူ၏။ ဣတိဝါ၊ ဤသို့၎င်း။ မာနံ၊ မာန်ကို။ အဇပ္ပေန္တော၊ မဖြစ်စေမူ၍။ ဝိဓာသု၊ မာန်မူခြင်းကိုးပါးအစုတို့တွင်။ ယဿကဿစိပိဝသေန၊ တစုံတခုသော မာန်မူခင်း၏ အစွမ်းဖြင့်လည်း။ နဝီကမ္ပတိ၊ မတုန်လှုပ်။
တထာ၊ ထိုမှ တပါး။ ပညဝန္တံ၊ အရဟတ္တဖိုလ်ပညာဖြင့် ပညာရှိထသော။ တာဒိံ၊ ဣဋ္ဌာရုံ စသည်တို့၌ သည်းခံခြင်း စသော အဖြစ်သို့ ရောက်ထသော။ သီလေသု၊ အသေက္ခဖလသီလတို့၌။ သုသမာဟိတံ၊ ကောင်းစွာတည်ကြည်ထသော။
စေတောသမထသံယုတ္တံ၊ အရဟတ္တဖိုလ်သမာပတ်ကို ဝင်စားခြင်းစသော သမထနှင့် ယှဉ်ထသော။ တံ ပုဂ္ဂလံ၊ ထိုသို့သဘောရှိသော အလုံးစုံပယ်အပ်ပြိးသော မာန်ရှိသော ပုဂ္ဂိုလ်ကို။ ဝိညူ၊ ဘုရားအစရှိသော ပညာရှိတို့သည်။ ပသံသရေ၊ ခြိးမွမ်းကုန်၏။
ယဿ၊ အကြင် ပုဂ္ဂိုလ်အား။ သဗြဟ္မစာရီသု၊ သီတင်းသုံးတော်တို့၌။ ဂါရဝေါ၊ ရိုသေခြင်းကို။ နုပလဗ္ဘတိ၊ မရအပ်။
သော ပုဂ္ဂလော၊ ထို ပုဂ္ဂိုလ်သည်။ ပထဝီ၊ မြေမှ။ နဘာ၊ ကောင်းကင်သည်။ အာရကာ ယထာ၊ ဝေးသကဲ့သို့။ သဒ္ဓမ္မာ၊ သူတော်ကောင်းတရားမှ။ အာရကာ၊ ဝေး၏။
ယေသဉ္စ၊ အကြင် ပညာရှိသော သူတို့အားလည်း။ သဒါ၊ အခါခပ်သိမ်း။ ဟိရိဩတ္တပ္ပံ၊ မကောင်းမှု၌ အရှက်အကြောက်သည်. သမ္မာ၊ ကောင်းစွာ။ ဥပဋ္ဌိတံ၊ တည်၏။
တေသံ၊ ထိုရဟန်းတို့အား။ ဗြဟ္မစရိယာ၊ မဂ်ဟူသော မြတ်သော သီတင်းသုံးခြင်းသည်။ ဝိရုဠာ၊ စည်ပင်ပြန့်ပွါးခြင်းသို့ ရောက်၏။ ပုနဗ္ဘဝါ၊ နောင်အခါ တဖန်ဖြစ်ခြင်းသည်။ ခီဏာ၊ ကုန်ပြီ။
ယောဘိက္ခု၊ အကြင်ရဟန်းသည်။ ဥဒ္ဓဘော၊ ပျံ့လွင့်သော စိတ်လည်းရှိ၏။ စပလော၊ လျှပ်ပေါ်ခြင်းလည်းရှိ၏။ ပံသုကူလေန၊ ပံ့သကူသင်္ကန်းဖြင့်။ ပါရုတော၊ ဝတ်ရုံ၏။
သော ပုဂ္ဂလော၊ ထို ပုဂ္ဂိုလ်သည်။ သီဟဓမ္မေန၊ ခြင်္သေ့ရေဖြင့်။ ပါရုတော၊ ရုံသော။ ကပိဣဝ၊ မျောက်ကဲ့သို့။ တေန၊ ထိုပံ့သကူသင်္ကန်းကို ဝတ်ရုံခြင်းဖြင့်။ နဥပသောဘတိ၊ မတင့်တယ်။
သော ပုဂ္ဂလော၊ ထို ပုဂ္ဂိုလ်သည်။ အနုဒ္ဓတော၊ ပျံ့လွင့်ခြင်း ကင်းသော စိတ်လည်းရှိ၏။ အစပလော၊ လျှပ်ပေါ်ခြင်းလည်းမရှိ။ နိပကော၊ ပါဋိဟာရိယပညာဖြင့် ပညာလည်းရှိ၏။ သံဝုတိန္ဒြိယော၊ ကောင်းစွာစောင့်ရှောက်အပ်သော ဣန္ဒြေလည်းရှိ၏။
သော ပုဂ္ဂလော၊ ထို ပုဂ္ဂိုလ်သည်။ သီဟော၊ ကောသရာဇာ ခြင်္သေ့မင်းသည်။ ဂိရိဂဗ္ဘရေ၊ တောင်၌ဖြစ်သော ရွှေဂူပတ္တမြားဂူ စသည်၌။ ဝသန္တော၊ နေသည်ရှိသော်။ သောဘတိဣဝ၊ တင့်တယ်သကဲ့သို့။ ပသုကူလေန၊ ပံ့သကူသင်္ကန်းဖြင့်။ သောဘတိ၊ တင့်တယ်၏။
ဣဒ္ဓိမန္တော၊ တန်ခိုးလည်းရှိကုန်ထသော။ ယသဿိနော၊ အခြံအရံလည်း များကုန်ထသော။ ဒသဒေဝဿဟဿာနိ၊ တသောင်းသော နတ်အရေအတွက် ရှိကုန်သော။ သမ္ဗဟုလာ၊ များစွာကုန်သော။ ဧတေဒေဝါ၊ ထိုနတ်တို့သည်။ သန္တိ၊ ရှိကုန်၏။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တေဒေဝါ၊ ထိုနတ်တို့သည်။ ဗြဟ္မကာယိကာ၊ ဗြဟ္မာအပေါင်းတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
တေဒေဝါ၊ ထိုဗြဟ္မာအပေါင်းတို့သည်။ ဝီရံ၊ ကိလေသာမာန်စသည်တို့ကို နှိပ်နင်းနိုင်သော လုံ့လရှိထသော။ မဟာဈာယိံ၊ ဒိဗ္ဗဝိဟာရ အစရှိသည်တို့ လွန်မြတ်သော အဖြစ်သို့ ရောက်သဖြင့် မြတ်သော ဈာန်ဈင်စားခြင်း ရှိထသော။ သမာဟိတံ၊ ပျံ့လွင့်ခြင်းကို ဖျက်ဆီးသည် အစွမ်းဖြင့် ကောင်းစွာတည်ကြည်ထသော။
ဓမ္မသေနာပတိံ၊ တရားစစ်သူကြီးသဖွယ်ဖြစ်သော။ သာရိပုတ္တံ၊ သာရိပုတ္တရာမထေရ်ကို။ အဉ္ဇလိကတာ၊ လက်အုပ်ချီခြင်းကို ပြု၍။ နမဿန္တာ၊ ရှိခိုးကုန်လျက်။ တိဋ္ဌန္တိ၊ ရပ်ကုန်၏။
ပုရိသာဇည၊ ယောင်္ကျား အာဇာနည်ဖြစ်တော်မူသော အရှင်ဘုရား။ တေ၊ အရှင်ဘုရားအား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ ပုရိသုတ္တမ၊ ယောင်္ကျားမြတ်ဖြစ်တော် မူသော အရှင်ဘုရား။ တေ၊ အရှင်ဘုရားအား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထ၊ ဖြစ်စေသတည်း။
အယံ၊ အကြင်အာရုံကို။ နိဿာယ၊ အာရုံပြု၍။ ယဿတေ၊ အကြင်အရှင်ဘုရားအား။ ဈာယတိ၊ ဈာန်ဝင်စား၏။ တံ၊ ထိုအာရုံပြု၍ ဝင်စားသော ဈာန်ကို။ မယံ၊ အကျွန်ုပ်ဗြဟ္မာနတ်တို့သည်။ နာဘိဇာနာမ၊ မသိကုန်။
ဗုဒ္ဓါနံ၊ သစ္စာလေးပါးတရားကို သိကုန်သော ဘုရားရှင်တို့၏။ ဂေါစရော၊ အာရုုံပြုရာ ဖြစ်သော။ သကော၊ ပုထုဇဉ် တို့နှင့်မဆက်ဆန်သော မိမိ၏ ဥစ္စာဖြစ်သော။ ဂမ္ဘီရော၊ နက်နဲသော။ ဓမ္မော၊ တရားတော်သည်။ အစ္ဆေရံဝတ၊ အံ့ဘွယ်ရှိစွတကား။
ယေမယံ၊ အကြင်ငါတို့သည်။ ဝါလဝေဓိသမာ၊ သားမြီးဖျားကို မှန်အောင် ပစ်သော လေးသမားနှင့်တူကုန်သော။ အတိသုခုမံပိ၊ အလွန်သိမ်မွေ့သည်လည်းဖြစ်သော။ ဝိသယံ၊ အာရုံကို။ ပဋိဝိဇ္ဈိတုံ၊ ထိုးထွင်း၍ သိခြင်းငှါ။ သမတ္ထာ၊ စွမ်းနိုင်ကုန်သည်ဖြစ်၍။ အာဂတာ၊ ဖြစ်ကုန်သော အရှင်တို့ကို။ ဥပပရိက္ခန္တာ၊ ဆင်ခြင်းကုန်သည်ရှိသော်။ နာဘိဇာနာမ၊ မသိနိုင်ကုန်။
သဒေဝကာယေဟိ၊ နတ်နှင့်တကွသော လူအပေါင်းသည်။ ပူဇိတံ၊ ပူဇော်အပ်ထသော။ ပူဇနာရဟံ၊ ပူဇော်ခြင်းကို ခံတော်မူထိုက်ထသော။
တံတထာရူပံ၊ ထိုသို့သဘောရှိသော။ သာရိပုတ္တံ၊ အရှင်သာရိပုတ္တရာကို။ တဒါ၊ ထိုအခါ၌။ တထာ၊ ထိုသို့သော သဘောရှိသောအခြင်းအရာဖြင့်ပူဇော်သည်ကို။ ဒိသွာ၊ မြင်၍။ မဟာကပ္ပိနဿ၊ အသက်တော်ရှည်သော မဟာကပ္ပိန အား။ သိတံ၊ ပြုံးခြင်းသည်။ အဟု၊ ဖြစ်ပြီ။
ယာဝတာ ယတ္တကာ၊ အကြင်မျှလောက်သော ။ ဗုဒ္ဓခေတ္တမှိ၊ ဘုရားအရာ၌။ မဟာမုနိံ၊ သဗ္ဗညု ဘုရားကို။ ဌပယိတွာ၊ ထား၍။
ဓုတေဂုဏေ၊ ဓုတင်ကျေးဇူး၌။ ဝိသိဋ္ဌော၊ ထူးမြတ်သော ။ အဟံသဒိသော၊ ငါနှင့်တူသော ဓုတင်ကို ဆောင်သော သူသည်။ နဝိဇ္ဇတိ၊ မရှိ။ ဣတိ၊ ဤသို့။ မေ၊ ငါ၏။ စိန္တော၊ ကြံခြင်းသည်။ ဥပ္ပဇ္ဇိ၊ ဖြစ်၏။
မဟာ၊ ငါသည်‌။ သတ္တာ၊ သတ္တဝါတို့ကို။ မေတ္တာဒိဘာဝနာ ဝသေန၊ မေတ္တာစသည်ကို ပွါးစေသည်အစွမ်းအားဖြင့်။ ပရိစိဏ္ဏော၊ အလေ့အလာ ပြုအပ်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံကတံ၊ အဆုံးအမဖြစ်သော မဂ်ဟူသော အကျင့်ကို ပြုကျင့်အပ်ပြီ။
ဂရုကောဘာရော၊ ခန္ဓာ ဟူသော လေးစွာသော ဝန်ကို။ ဩဟိတော၊ ချအပ်ပြီ။ ဒါနိဣဒါနိ၊ ယခုအခါ၌။ ပုနဗ္ဘဝေါ၊ တဖန်ဘဝသစ်၌ဖြစ်ခြင်းသည်။ အာယတိံ၊ နောင်အခါ၌။ နတ္ထိ၊ မရှိပြီ။
စီဝရေနစ၊ သင်္ကန်းဖြင့်လည်းကောင်း။ အနုပလိတ္တေ၊ တဏှာဟူသော လိမ်းကျံခြင်း မရှိသည်၌။
အနပ္ပမေယျော၊ မနှိုင်းယှဉ်အပ်သော။ ဂေါတမော၊ ဂေါတမဘုရားရှင်သည်။ ဝိမလံ၊ အညစ်အကြေးကင်းသော။ မုဠာလိပုပ္ဖံ၊ ကြာပွင့်သည်။
အမ္ဗုနာ၊ ရေနှင့်။ အလိမ္ပန္တော၊ မလိမ်းကျံဘဲ။ နိက္ခနိန္နောဧဝ၊ ထွက်ခြင်းသို့ ညွတ်သကဲ့သို့။ တိဘဂါဘိနိဿဋော၊ ဘဝသုံးပါးမှ တဏှာဟူသော လိမ်းကျံခြင်း ကင်းသဖြင့် ထွက်တော်မူ၏။ ဧဝံတထာ၊ ထိုအတူ။ လောဘာဒိနာ၊ လောဘအစရှိသည်နှင့် ။ နလိမ္ပတိ၊ လိမ်းကျံတော်မမူ။ သော၊ ထိုဂေါတမ ဘုရားရှင်သည်။ နိက္ခမနိန္နော၊ မြတ်သော တောထွက်ခြင်းသို့ ညွတ်တော်မူသည်ဖြစ်၍။ တိဘဝါဘိနိိဿဋော၊ တဏှာဟူသော လိမ်းကျံခြင်းကင်းလျက် ဘဝ သုံးပါးမှ ထွက်မြောက်တော်မူ၏။
သောမဟာမုနိ၊ ထိုမုနိငါးပါးတို့ထက်မြတ်တော်မူသော ဘုရားသည်။ သတိပဋ္ဌာနဂီဝေါ၊ ဘုန်းအပေါင်းတို့၏ စုရာဖြစ်သော မြတ်သော အင်္ဂါအဖြစ်ဖြင့် သတိပဋ္ဌန်ာဟူသော လည်းရှိတော်မူသော။ သဒ္ဓါဟတ္ထော၊ အပြစ်မရှိသော တရားတို့ကို ပေးခြင်း၌ သဒ္ဓါတည်းဟူသော လက်ရှိတော်မူ၏
ပညာသီသော၊ ဂုဏ်ဖြင်သော ကိုယ်တော်၏ မြတ်သော အင်္ဂါဖြစ်သောကြောင့် ပညာဟူသော ဥက္ခေါင်းလည်းရှိတော်မူ၏။ မဟာဉာဏီ၊ မြတ်သော သဗ္ဗညုတဉာဏ်လည်းရှိတော်မူ၏။ သဒါ၊ ခပ်သိမ်းသော ကာလ၌။ နိဗ္ဗုတော၊ ငြိမ်းခြင်းသို့ ရောက်သည်ဖြစ်၍။ စရတိဝိဟရတိ၊ နေတော်မူ၏။
ဣတိ၊ ဤသို့။ ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သောလေးဆဲ့နှစ်ဂါထာတို့ကို။ မဟာကဿပေါထေရော၊ မဟာကဿပထေရ်သည်။ အဘာသိတ္ထ၊ ရွတ်ဆိုပြီ။ မဟာသကဿပထေရဂါထာ အနက်ပြီး၏။
စတ္တာလီသနိပါတမှိ၊ စတ္တာမှိသနိပါတ်၌။ မဟာကဿပဝှယော၊ မဟာကဿပ အမည်ရှိသော။
ဧကောဝထေရော၊ မထေရ်တပါးသာတည်း။ ဂါထာယော၊ ဂါထာတို့ကား။ စတ္တာလီသဉ္စ၊ လေးဆယ်တို့လည်းကောင်း။ ဒုဝေစ၊ နှစ်ဂါထာတို့သည်လည်းကောင်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတိဣဒံ၊ ဤသည်ကား။ ဥဒါနံ၊ ဥဒါန်းတည်း။ စတ္တာလီသနိပါတော၊ စတ္တာလီသနိပါတ်သည်။ သမတ္တော၊ ပြီးပြီ။ စတ္တာလီသနိပါတ်ပြီး၏။