Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

6. Meḷajinattheragāthā

Author: နိဿယ @ IAPT

အာဝုသော၊ ငါ့ရှင်တို့။ ယဒါယသ္မိံ ကာလေ၊ အကြင်အခါ၌။ ဘာသမာနဿ၊ ဟောတော်မူသော။ သတ္ထုနော၊ မြတ်စွာဘုရား၏။ ဓမ္မံ၊ သစ္စာလေးပါးတရားကို။ အဟံ၊ ငါသည်။ အသောသိံ၊ သောတဒွါရကို အစဉ်မှီးသဖြင့် ဆောင်ရမှတ်ရပြီ။
အပရာဇိတေ၊ ငါးပါးသော မာရ်တို့သည်မအောင်နိုင်ထသော။ သတ္ထဝါဟေ၊ ဝေနေယျ သတ္တဝါတို့ကို ဇာတိကန္တာရစသော ခရီးခဲမှ ထုတ်ဆောင်ကယ်တင်တော်မူတတ်သောကြောင့် လှည်းမှူးသဘွယ်လည်း ဖြစ်တော်မူထသော။ မဟာဝီရေ၊ ကြီးသော လုံ့လရှိတော်မူထသော။ သဗ္ဗညုမှိ၊ ခပ်သိမ်းသော တရားကိုသိတော်မူသော မြတ်စွာဘုရား၌။ ကင်္ခံ၊ ဘုရားဟုတ်သ‌လော မဟုတ်သလောဟု ယုံမှားခြင်းကို။ နအဘိဇာနာမိ၊ မသိစဘူး။
မဂ္ဂေ၊ အရိယာမဂ်၌လည်းကောင်း။ ပဋိပဒါယံဝါ၊ ထိုမဂ်ကိုရခြင်းအကြောင်းဖြစ်သော သီလစသောအကျင့်၌လည်းကောင်း။ ကင်္ခါ၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း ဟုတ်ပါ၏လော မဟုတ်လောဟု ယုံမှားခြင်းသည်။ မယှံ၊ ငါ့အား။ နဝိဇ္ဇတိ၊ မရှိ။
ဣတိ၊ ဤသို့။ မေဠဇိနောထေရော၊ မေဠဇိနထေရသည်။ ဣမံဂါထံ၊ ဤနှစ်ဂါထာကို။ အဘာသိတ္ထ၊ ဆိုပြီ။ မေဠဇိနထေရဂါထာ အနက်ပြီး၏။