အာဝုသော၊ ငါ့ရှင်တို့။
သုသိခါ၊ ဦးခေါင်း၌တည်သော ကောင်းသော ဦးစွန်းလည်း ရှိကုန်ထသော။
သုပေခုဏာ၊ အထူးထူးသော အဆင်းများသော တင့်တယ်ခြင်းတို့ ဖြင့် ပြားသော မြီးစည်းလည်းရှိကုန်ထသော။
သုနီလဂီဝါ၊ ကောင်းစွာညိုသော အဆင်းရှိသောလည်နှင့် ပြည့်စုံကုန်ထသော။
သုမုခါ၊ ကောင်းသော မျက်နှာ လည်းရှိကုန်ထသော။
သုဂဇ္ဇိနော၊ နှစ်လိုဘွယ်ရှိသော တွန်သော အသံနှင့် ပြည့်စုံကုန်ထသော။
မောရော၊ ဥဒေါင်းတို့သည်။
နဒန္တိ၊ တွန်မြူးတူးကုန်၏။
အယံ မဟာမယီ၊ ဤမြေကြီးသည်။
သုသဒ္ဒလာစာပိ၊ ကောင်းစွာစိမ်းညိုသော မြက်လည်းရှိ၏။
သုဗျာပိတမ္ဗူ၊ ကောင်းစွာနန့်စွတ်သော ရေပေါက်ရှိ၏။
နဘံ၊ ကောင်းကင်သည်။
သုဝလာဟကံ၊ ကြာလက်နှင့် တူသော တိမ်တိုက်တို့ဖြင့် ထက်ဝန်းကျင် မပြည့်၍ တည်သောကောင်းသော တိမ်လွှာ တိမ်ထွတ်လည်းရှိ၏။
သုမနဿ၊ နီဝရဏ စသည်တို့သည် မဖိစီးအပ်သောကြောင့် ကောင်းသော စိတ်ရှီသော ယောဂါဝစပုဂ္ဂိုလ်အား။
သုဟလ္လရူပေါ၊ ဥတုသပ္ပါယကို ရသဖြင့် ကောင်းစွာခန့်သော သဘောရှိ၏။
ဈာယိတံ၊ အာရမ္မဏူပနိဇ္ဈာနဈာန်၏ အစွမ်းဖြင့်ဝင်စားခြင်းရှိ၏။
သုဗုဒ္ဓသာသနေ၊ မြတ်စွာဘုရားသာသနာတော်၌။
သုနိက္ကမော၊ ကောင်းစွာထွက်မြောက်သည်ဖြစ်၍။
သာဓု၊ ကောင်းစွာလျှင်။
သုသုတ္တံ၊ အလွန်စင်ကြယ်သော သီလရှိ၏။
သုနိပုဏံ၊ ကောင်းသော သိမ်မွေ့သော ညဏ်၏ အာရုံဖြစ်သောကြောင့် ကောင်းစွာသိမ်မွေ့၏။
သုဒုဒ္ဒသံ၊ အလွန်နက်နဲသည်၏ အဖြစ်ကြောင့် အလွန်မြင်နိုင်ခဲ၏။
ဥတ္တမံ၊ ချီးမွမ်းအပ်သောကြောင့်အလွန်မြတ်၏။
အစ္စုတံ၊ မြဲသော သဘောရှိသောကြောင့် မရွေ့သော။
ယံပဒံ၊ အကြင်နိဗ္ဗာန်သည်။
အတ္ထိ၊ ရှိ၏။
တံပဒံ၊ ထိုနိဗ္ဗာန်ကို။
ဖုသာဟိ၊ ကောင်းသောအကျင့်ဖြင့် မျက်မှောက်ပြုလေလော။
ဣတိ၊ ဤသို့။
စူဠကောထေရော၊ စူဠကထေရ်သည်။
ဣမံဂါထာဒွယံ၊ ဤဂါထာနှစ်ခုအပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
စူဠကထေရဂါထာ အနက်ပြီး၏။