Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

4. Cūḷapanthakattheragāthā

Author: နိဿယ @ IAPT

အာဝုသော၊ ငါ့ရှင်တို့။ မယှံ၊ ငါ၏။ ဂတီ၊ ဉာဏ်အလားသည်။ ဒန္ဓာ၊ လေးလတို့ဖြင့် လေးပါဒရှိသော ဂါထာကို မှတ်ယူခြင်းငှါ မစွမ်းနိုင်သော နှေးသော ပညာရှိသည်။ အသိ၊ ဖြစ်၏။ ပုရေ၊ ရှေပုထုဇဉ်ဖြစ်သောအခါ၌။ အဟံ၊ ငါ့ကို။ ပရိဘူတော၊ မေ့လျော့သော သတိအဆင်အခြင်တို့ဖြင့်နှိပ်စက်အပ်သည်။ အသိ၊ ဖြစ်၏။
ပန္ထက၊ ပန္တက။ တုဝံ၊ သင်သည်။ ဒါနိဣဒါနိ၊ ယခုအခါ၌။ ဃရံ၊ အိမ်သို့။ ဂစ္ဆ၊ သွားလေလော။ ဣတိ၊ ဤသို့။ မံ၊ ငါ့ကို။ ဘာတာ၊ အစ်ကိုယ်တော်သည်။ ပဏာမေသိ၊ နှင်ထုတ်လိုက်၏။
သောအဟံ၊ ထိုငါသည်။ ပဟိတော၊ အစ်ကိုယ်တော်သည် စေခိုင်းအပ်သည်။ သန္တောသမာနော၊ ဖြစ်လတ်သော်။ သံဃာရာမဏ၊ သံဃာ့အရံ၏။ ကောဋ္ဌကေ၊ တံခါးမုတ်အနီး၌။
ဒုမ္မနော၊ မကောင်းနှလုံးရှိသည်ဖြစ်၍။ တတ္ထတသ္မိံ သာသနသ္မိံ၊ ထိုဘုရားသာသနာတော်၌။ အပေက္ခဝါ၊ လူအဖြစ်ကို အလိုမရှိ ရဟန်းအဖြစ်ကိုသာ အလိုရှိသည်ဖြစ်၍။ အဋ္ဌာသိ၊ ရပ်၏။
ဘဂဝါ၊ ဘုန်းတော်ကြီးသောဘုရားသည်။ တတ္ထ၊ ထိုငါ့နေရာတံခါးမုတ်အနီးသို့။ အာဂစ္ဆိ၊ ကြွတော်မူလာ၏။ အာဂန္တွာ၊ ကြွတော်မူလာ၍။ မယှံ၊ ငါ၏။ သီသံ၊ ဥက္ခေါင်းကို။ ပရာမသိ၊ လက်တော်ဖြင့် သုံးသပ်တော်မူ၏။
မံမမ၊ ငါ၏။ ဗာဟာယ၊ လက်မောင်း၌။ ဂဟေတွာ၊ ကိုင်တော်မူ၍။ သံဃာရာမံ၊ သံဃာ့အရံသို့။ ပဝေသယိ၊ သွင်းတော်မူပြီ။
သတ္ထာ၊ မြတ်စွာဘုရားသည်။ မေ၊ ငါ့အား။ အနုကမ္ပာယ၊ အစဉ်သနားတော်မူသဖြင့်။ ပါဒပုဉ္ဆနိံ၊ ခြေသုတ်ကြိုးဝန်းကို။ ပါဒါသိ၊ ရဇောဟရဏံဟု နှလုံးပြုလော ဟူ၍ ပေးတော်မူ၏။
သုဒ္ဓံ၊ စင်ကြယ်သော။ ဧတံပါဒပုဉ္ဆနံ၊ ဤခြေသုတ်ကြိုးဝန်းသည်။ သွမိဋ္ဌိတံ၊ မုဇောဟရဏံဟု နှလုံးသွင်းခြင်းဖြင့် ကောင်းစွာတည်ဆောက်တည်သည်ကို ပြု၍။ ဧကမန္တံဧကမန္တေန၊ ဆိတ်ငြိမ်ရာဂန္ဓကုဋိတိုက်ဦး၌။ နိသိန္နော၊ ထိုင်နေလျက်။ အဓိဋ္ဌေဟိ၊ စိတ်ကိုတည်ကြည်စွာ ပြု၍ ပွါးစေလော။ ဣတိ၊ ဤသို့ ဆို၍။ ပါဒါသိ၊ ပေးတော်မူ၏။
အဟံ၊ ငါသည်။ တဿ၊ ထိုမြတ်စွာဘုရား၏။ ဝစနံ၊ စကားတော်ကို။ သုတွာ၊ ကြား၍။ သာသနေ၊ ဘုရားသခြင် သာသနာတော်၌။ မုတော၊ မွေ့မွေ့လျော်လျော်။ ဝိဟာသိံ၊ နေပြီ။
ဝိဟရိတွာ၊ မွေ့လျော်စွာနေပြီး၍။ ဥတ္တမဿ၊ မြတ်သော အရဟတ္တဖိုလ်ကို။ ပတ္တိယာ၊ ရခြင်းငှါ။ သမာဓိံ၊ ဝိပဿနာကို စီးဖြန်း၍ ရအပ်သောမဂ်အစင်ဖြင့် အရဟတ္တမဂ်သမာဓိကို။ ပဋိပါဒေသိံ၊ ပြီးစေပြီ။
ပုဗ္ဗေနိဝါသံ၊ ရှေး၌ဖြစ်ဘူးသော ခန္ဓာအစဉ်ကို။ ဇာနာမိ၊ သိ၏။ ဒိဗ္ဗစက္ခုံ၊ ဒိဗ္ဗစက္ခု အဘိညာဉ်ကို။ ဝိသောဓိတံ၊ သုတ်သင်အပ်ပြီ။
မယာ၊ ငါသည်။ တိဿောဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာတို့သို့။ အနုပ္ပတ္တာ၊ အစဉ်အတိုင်းရောက်အပ်ကုန်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ အဆုံးအမတော်ဖြစ်သော မဂ်ဟူသော သီတင်းကို။ ကထံကရဏီယံ၊ ပြုအပ်ပြီ။
ပန္ထကော၊ ပန္ထကမည်သော ငါသည်။ အတ္တာနံ၊ မိမိကိုယ်ကို။ သဟဿက္ခတ္တုံ၊ အကြိမ်များစွာ။ နိမ္မိနိတွာ၊ စိတ်ဖြင့် ပြီးသော ကိုယ်ကို ဖန်ဆင်း၍။ နိသီဒိ၊ ထိုင်နေ၏။
အဟံ၊ ငါသည်။ ယာဝ၊ အကြင်မျှလောက်။ ကာလပ္ပဝေဒနံ၊ ဆွမ်းစားပင့်သော ကာလကို ကြားခြင်းသည်။ အတ္ထိ၊ ရှိ၏။ တာဝ၊ ထိုမျှလောက်။ ရမ္မေ၊ နှလုံးမွေ့လျော်ဘွယ် ရှိသော ။ အမ္ဗဝနေ၊ ဇီဝက၏ သရက်ဥယျာဉ်တော်၌ ဆောက်အပ်သော ကျောင်း၌။ နိသီဒိံ၊ ထိုင်နေပြီ။
တတော၊ ထိုသို့ နေပြီးသည်နောက်မှ။ နေ၊ ငါ့အား။ သတ္ထာ၊ မြတ်စွာဘုရားသည်။ ကာလပ္ပဝေဒကံ၊ ဆွမ်းစားအံ့သော ကာလကို ကြားသိစေတတ်သော။ ဒူတံ၊ တမန်ကို။ ပါဟေသိ၊ စေလွှတ်တော်မူ၏။
ကာလမှိ၊ ဆွမ်းစားသွားအံ့။ သော၊ ကာလကို။ ပဝေဒိတမှီ၊ ကြားသိအပ်သည်ရှိသော်။ ဝေဟာသဝေဟာသေန၊ ကောင်းကင်ဖြင့်။ ဥပသင်္ကမိ၊ ဘုရားဆွမ်းဘုဉ်းပေးပင့်ရာအရပ်သို့ ကပ်၏။
အထပစ္ဆာ၊ ထိုသို့ နေပြီးသည်နောက်မှ။ သတ္ထုနော၊ မြတ်စွာဘုရား၏။ ပါဒေ၊ ခြေတော်တို့ကို။ ဝန္ဒိတွာ၊ ရှိခိုးပြီး၍။ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သော အရပ်၌။ အဟံ၊ ငါသည်။ နိသီဒိ၊ ထိုင်နေပြီ။
အထပစ္ဆာ၊ ထိုသို့ ထိုင်နေပြီးသည်နောက်မှ။ နိသိန္နံ၊ ထိုင်နေလတ်သော။ မံ၊ ငါ့ကို။ သံဝိဒိတွာန၊ သိတော်မူ၍။ သတ္ထာ၊ မြတ်စွာဘုရားသည်။ ပဋိဂ္ဂဟိ၊ အလှူရေစက်ကို ခံတော်မူ၏။
သဗ္ဗလောကဿ၊ အလုံးစုံသော လောက၏။ အာယာဂေါ၊ မြတ်သော အလှူခံထိုက်သော။ အာဟုတီနံ၊ အဝေးမှ ဆောင်၍ လှူအပ်သောအလှူကို။ ပဋိဂ္ဂဟော၊ များသော အကျိုးကို ပြုသဖြင့် ခံတော်မူထိုက်သော။
မနုဿနံ၊ လူတို့၏။ ပုညလေတ္တံပုညခေတ္တော၊ ကောင်းမှုတည်းဟူသော မျိုးစေ့တို့ကိိုစိုက်ပျိုးရာလယ်မြေကောင်းသဖွယ် ဖြစ်တော်မူသော မြတ်စွာဘုရားသည်။ ဒက္ခိဏံ၊ ဇီဝကသည်ဆောင်အပ်သော ယာဂုခဲဘွယ်စသည်အပြားရှိသော အလှူဝတ္ထုကို။ ပဋိဂ္ဂဏှိတ္ထ၊ ခံတော်မူပြီ။
ဣတိ၊ ဤသို့။ စူဠပန္ထကောထေရော၊ စူဠပန္ထကထေရ်သည်။ ဣမာဒသဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော ဆယ်ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ စူဠပန္တကထေရဂါထာ အနက်ပြီး၏။