Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

5. Mālukyaputtattheragāthā

Author: နိဿယ @ IAPT

ရူပံ၊ စက္ခုဝိညာဉ်ဖြင့်သိအပ်သော ရူပါရုံကို။ ဒိသွာ၊ စက္ခုဒွါရဖြင့်မြင်ရ၍။ ပိယံနိမိတ္တံ၊ ထိုရူပါရုံကို တင့်တယ်ကောင်းမြတ်၏ဟု ချစ်ခြင်းမြတ်နိုင်းခြင်းလျှင်အကြောင်းရှိသည်ဖြစ်၍။ မနသိကရောတော၊ တင့်တယ်၏ဟုမသင့်သော နှလုံးသွင်းခြင်း ရှိသောသူအား။ သတိရဋ္ဌာ၊ သတိ၏လွတ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။
သတိရဋ္ဌာသာ၊ လွတ်သော သတိရှိသော သူအား။ သာရတ္တစိတ္တော၊ ထိုရူပါရုံ၌ တပ်သော စိတ်ရှိသည့်ဖြစ်၍။ ဝေဒေတိ၊ ခံစားနှစ်သက်၏။ တထာဘူတဿစ၊ ထိုသို့သော အခြင်းအရာဖြင့် ဖြစ်သော သူအားလည်း။ တဉ္စ၊ ထိုရူပါရုံကိုလည်း။ အဇ္ဈောသ၊ သုခဟူ၍ နှလုံးသွင်းခြင်းကိုမျိုလျက်။ တိဋ္ဌတိ၊ တည်၏။
တဿ၊ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်အား။ ရူပသမ္ဘဝါ၊ ရူပါရုံလျှင်ဖြစ်ကြောင်းရှိကုန်သော။ အနေကာ၊ များစွာ ကုန်သော။ ဝေဒနာ၊ သုခစသော အားဖြင့်ပြားသော ဝေဒနာတို့သည်။ ဝဍ္ဎန္တိ၊ ကိလေသာ၏ ဖြစ်ကြောင်း ဖြစ်၍ ပွါးကုန်၏။
အဘိဇ္ဈာစ၊ ချစ်အပ်သော ရူပါရုံ၌တပ်သည်၏ အစွမ်းဖြင့် ဖြစ်သော အလိုကြီးခြင်းသည်လည်းကောင်း။ ဝိဟေသာစ၊ မချစ်အပ်သော ရူပါရုံ၌ အမျက်ထွက်သည်၏ အစွမ်းအားဖြင့် ညှည်းဆဲခြင်းသည်လည်းကောင်း။ အဿပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်၏။ စိတ္တံ၊ စိတ်ကို။ ဥပဟညတိ၊ ညှဉ်းဆဲနှိပ်စက်၏။
ဧဝံ၊ ဤသို့သော အခြင်းအရာဖြင့်။ အာစိနတော၊ သာယာသည်၏ အစွမ်းဖြင့် ဘဝါဘိသင်္ခါရကို ပွါးစေသော သူအား။ ဒုက္ခံ၊ ဆင်းရဲသည်။ ပဝတ္တတိ၊ ဖြစ်၏။ တဿ၊ ထိုပုဂ္ဂိုလ်အား။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ အာရကာ၊ ဝေးစွာသော အရပ်၌ ဖြစ်၏ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
သဒ္ဒံ၊ သောတဝိညာဉ်ဖြင့် သိအပ်သော သဒ္ဒါရုံကို။ သုတွာ၊ သောတဝိညာဉ်ဖြင့် ကြားရ၍။ ပိယံနိမိတ္တံ၊ ဤအသံကားချစ်ဘွယ်သော အသံရှိ၏ နှလုံးသွင်းခြင်းအကြောင်းရှိသော သဒ္ဒါရုံကို။ မနသိကရောတော၊ သာယာကောင်းမြတ်၏ ဟု မသင့်သော နှလုံးသွင်းခြင်းရှိသောသူအား။ သတိရဋ္ဌာ၊ သတိ၏လွတ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။
တထာစသတိ၊ ထိုသိုသတိ၏ လွတ်ခြင်းသည်ဖြစ်သည်ရှိသော်။ သာရတ္ထစိတ္တော၊ ထိုသဒ္ဒါရုံကို တပ်သော စိတ်ရှိသော သူသည်။ ဝေဒေတိ၊ သာယာနှစ်သက်သော အားဖြင့် ခံစား၏။ တဉ္စ၊ ထိုသဒ္ဒါရုံကိုလည်း။ အဇ္ဈောသ၊ ကောင်းမြတ်၏ ဟု နှလုံးသွင်းခြင်းမျိုခြင်းဖြင့်ပြီးစေ၍။ တိဋ္ဌတိ၊ တည်၏။
တဿ၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား။ သဒ္ဒသမ္ဘဝါ၊ သဒ္ဒါရုံလျှင် ဖြစ်ကြောင်း ရှိကုန်သော။ အနေကာ၊ များစွာကုန်သော။ ဝေဒနာ၊ သုခစသော ဝေဒနာတို့သည်။ ဝဍ္ဎန္တိ၊ ကိလေသာဖြစ်ခြင်း၏ အကြောင်းဖြင့် ဖြစ်၍ ပွါးကုန်၏။
အဘိဇ္ဈာစ၊ ချစ်အပ်သော သဒ္ဒါရုံ၌ တပ်သည်၏ အစွမ်းဖြင့်ဖြစ်သော အလိုကြီးခြင်း လောဘြသည် လည်းကောင်း။ ဝိဟေသာစ၊ မချစ်အပ်သော သဒ္ဒါရုံ၌ အမျက်ထွက်သည်၏ အစွမ်းအားဖြင့် ဖြစ်သော ဒေါသသည်လည်းကောင်း။ အဿ ပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်၏။ စိတ္တံ၊ စိတ်ကို။ ဥပဟညတိ၊ နှိပ်စက်၏။
ဧဝံ အာစိနတော၊ ဤသို့ သာယာသည်၏ အစွမ်းအားဖြင့် ဘဝါဘိသင်္ခါရကို ပွါးစေသော သူအား။ ဒုက္ခံ၊ ဝဋ်ဆင်းရဲသည်။ ပဝတ္တတိ၊ ဖြစ်၏။ တဿ၊ ထိုပုဂ္ဂိုလ်အား။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ အာရကာ၊ ဝေးစွာသော အရပ်၌ ဖြစ်၏ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ဂန္ဓံ၊ ဃာနဝိညာဉ် ဖြင့် သိအပ်သော ဂန္ဓာရုံကို။ ဃာယိတွာ၊ နမ်း၍။ ပိယံနိမိတ္တံ၊ ဤအနံကား အလွန်မွှေးကြိုင်၏ ဟု ချစ်ခြင်းအကြောင်းဖြစ်သော ဂန္ဓာရုံကို။ မနသိကရောထော၊ ဤဂန္ဓာရုံကားမွှေးကြိုင်၏ အစရှိသော မသင့်သော အားဖြင့် နှလုံးသွားခြင်းရှိသော သူအား။ သတိရဋ္ဌာ၊ သတိ၏ လွတ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။
တထာစသတိ၊ ထိုသို့ သတိ၏ လွတ်ခြင်းသည် ဖြစ်သည်ရှိသော်။ သာရတ္တစိတ္တော၊ ထိုဂန္ဓာရုံ၌ တပ်သော စိတ်ရှိသည်။ ဝေဒေတိ၊ သာယာနှစ်သက်သဖြင့် ခံစား၏။ အဿ ပုဂ္ဂလဿ၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား။ တဉ္စ၊ ထိုဂန္ဓာရုံကိုလည်း။ အဇ္ဈောသ၊ သက်မျို၍။ တိဋ္ဌတိ၊ တည်၏။
တဿ၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား။ ဂန္ဓသမ္ဘဝါ၊ ဂန္ဓာရုံလျှင် ဖြစ်ကြောင်းရှိကုန်သော။ အနေကာ၊ များစွာကုန်သော ။ ဝေဒနာ၊ သုခစသော ဝေဒနာတို့သည်။ ဝဍ္ဎန္တိ၊ ကိလေသာ၏ဖြစ်ကြောင်း ဖြစ်၍ ပါးကုန်၏။
အဘိဇ္ဈာစ၊ ချစ်နှစ်လိုအပ်သော ဂန္ဓာရုံ၌ တပ်သော အားဖြင့် ဖြစ်သောလောဘသည်လည်းကောင်း။ ဝိဟေသာစ၊ မချစ်မနှစ်လိုအပ်သော ဂန္ဓာရုံ၌ ဖြစ်သော အမျက်ထွက်ခြင်း ဒေါသသည်လည်းကောင်း။ အဿ ပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်၏။ စိတ္တံ၊ စိတ်ကို။ ဥပဟညတိ၊ ညှဉ်းဆဲနှိပ်စက်၏။
ဧဝံ၊ ဤသို့ ဆိုခဲ့တိုင်းသောအခြင်းအရာဖြင့်။ အာစိနတော၊ သာယာသည်၏ အစွမ်းအားဖြင့် ဘဝါဘိသင်္ခါရ ကို ပွါးစေသော သူအား။ ဒုက္ခံ၊ ပဋိဆင်းရဲသည်. ပဝတ္တတိ၊ ဖြစ်၏။ ဧဝံဘူတဿ၊ ဤသို့သော သဘောအားဖြင့် ဖြစ်သော ပုဂ္ဂိုလ်အား ။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ အာရကာ၊ ဝေးစွာသော အရပ်၌ ဖြစ်၏ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ရသံ၊ ဇိဝှါဝိညာဉ်ဖြင့်သိအပ်သော ရသာရုံကို ။ ဘောတွာ၊ လျက်၍။ ပိယံနိမိတ္တံ၊ ချစ်ခြင်းလျှင် အကြောင်းရှိသော ရသာရုံကို။ မနသိကရောတော၊ ဤအရသာကားကောင်းမြတ်သော အရသာဟု တဏှာနှင့်ယှဉ်၍ မသင်သော နှလုံးသွင်းခြင်းရှိသော သူအား။ သတိမုဋ္ဌာ၊ သတိ၏ လွတ်ခြင်းတည်း။
တထာစသတိ၊ ထိုသို့ သတိ၏ လွတ်ခြင်းသည်ဖြစ်ရှိသော်။ သာရတ္တစိတ္တော၊ ထိုရသာရုံ၌ တပ်သော စိတ်ရှိသည်ဖြစ်၍။ ဝေဒေတိ၊ သာယာနှစ်သက်သော အားဖြင့် ခံစား၏။ တဉ္စ၊ ထိုရသာရုံကိုလည်း။ အဇ္ဈောသ၊ ချမ်းသာ၏ ဟု မသင့်သော နှလုံးသွင်းခြင်းဖြင့်မျို၍ ဆုံးဖြတ်၍။ တိဋ္ဌတိ၊ တည်၏။
တဿ ပုဂ္ဂလဿ၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား။ ရသသမ္ဘဝါ၊ ထိုရသာရုံ၌ သာယာသော တဏှာလျှင် ဖြစ်ကြောင်းရှိကုန်သော။ အနေကာ၊ များစွာကုန်သော။ ဝေဒနာ၊ သုဘသုခဝေဒနာအားဖြင့် များသော ဝေဒနာ တို့သည်။ ဝဍ္ဎန္တိ၊ ကိလေသာ၏ ဖြစ်ခြင်း၏ အကြောင်းဖြစ်၍ ပွါးကုန်၏။
အဘိဇ္ဈာစ၊ ချစ်အပ်သော ရသာရုံ၌ တပ်သည်၏ အစွမ်းအားဖြင့် ဖြစ်သော လောဘသည်လည်းကောင်း။ ဝိဟေသာစ၊ မချစ်အပ်သော ရသာရုံ၌ အမျက်ထွက်သည်၏ အစွမ်းအားဖြင့် ဖြစ်သောဒေါသသည်လည်းကောင်း။ အဿပုဂ္ဂလဿ၊ ထို ပုဂ္ဂိုလ်၏။ စိတ္တံ၊ စိတ်ကို။ ဥပဟညတိ၊ ညှဉ်းဆဲနှိပ်စက်၏။
ဧဝံအာစိနတော၊ ဤသို့သာယာသည်၏ အစွမ်းအားဖြင့် ဘဝါဘိသင်္ခါရကို ပွါးစေသော သူအား။ ဒုက္ခံ၊ ဝဋ်ဆင်းရဲသည်။ ပဝတ္တတိ၊ ဖြစ်၏။ တဿ၊ ထိုပုဂ္ဂိုလ်အား။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ အာရာ၊ ဝေးစွာသော အရပ်၌ ဖြစ်၏ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ဖဿံ၊ ကာယဝိညာဉ်ဖြင့်သိအပ်သော ဖောဋ္ဌဗ္ဗာရုံကို။ ဖုသံ၊ ကာယဝိညာဉ်ဖြင့် တွေ့၍။ ပိယံနိမိတ္တံ၊ ထိုအတွေ့သည် သာယာကောင်းမြတ်၏ ဟု တဏှာနှင့် ယှဉ်သော ချစ်ခြင်းလျှင်အကြောင်းရှိသော ဖောဋ္ဌဗ္ဗာရုံကို။ မနသိကရောတော၊ သူဘသုခစသော မသင့်သော နှလုံးသွင်းခြင်းကို ပြုသော အူအား။ သတိမုဋ္ဌာ၊ သတိ၏ လွတ်ခြင်းသည်။ တထာစသတိ၊ ထိုသို့သတိ၏ လွတ်ခြင်းသည်ဖြစ်သည်ရှိသော်။
သာရတ္တစိတ္တော၊ ထိုဖောဋ္ဌဗ္ဗာရုံ၌တပ်သော စိတ်ရှိသည်ဖြစ်၍။ ဝေဒေတိ၊ ထိုဖောဋ္ဌဗ္ဗာရုံ၌ သာယာနှစ်သက်သော အားဖြင့် ခံစား၏။ တဉ္စ၊ ထိုဖောဋ္ဌဗ္ဗာရုံကိုလည်း။ အဇ္ဈောသ၊ ချမ်းသာ၏ ဟု မှားသော နှလုံးသွင်းခြင်းရှိသည်ဖြစ်၍ သက်မျိုလျက်။ တိဋ္ဌတိ၊ တည်၏။
တဿ၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား။ ဖဿသမ္ဘဝါ၊ သာယာသောအားဖြင့်အတွေ့လျှင် ဖြစ်ကြောင်းရှိသော။ အနေကာ၊ များစွာကုန်သော။ ဝေဒနာ၊ သုခစသော အားဖြင့်ပြားကုန်သော ဝေဒနာတို့သည်။ ဝဍ္ဎန္တိ၊ ကိလေသာ၏ ဖြစ်ကြောင်း၍ ပွါးကုန်၏။
အဘိဇ္ဈာစ၊ ချစ်နှစ်လိုအပ်သော ဖောဋ္ဌဗ္ဗာရုံ၌ဖြစ်သော အလိုကြီးခြင်းလောဘသည်လည်းကောင်း။ ဝိဟေသာစ၊ မချစ်မနှစ်လိုအပ်သော ဖောဋ္ဌဗ္ဗာရုံ၌ဖြစ်သော နှိပ်စက်ညှဉ်းဆဲကြောင်း ဖြစ်သော ဒေါသသည်လည်းကောင်း။ အဿပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်၏ ။ စိတ္တံ၊ စိတ်ကို။ ဥပဟညတိ၊ နှိပ်စက်၏။
ဧဝံ၊ ဤသို့ဆိုခဲ့တိုင်းသော အခြင်းအရာဖြင့်။ အာစိနတော၊ ထိုထိုသို့သော ဝေဒနာကို သာယာသည်၏ အစွမ်းအားဖြင့် ဘဝါဘိသင်္ခါရကို ပွါးစေသော သူအား။ ဒုက္ခံ၊ ဝဋ်ဆင်းရဲသည်။ ပဝတ္တတိ၊ ဖြစ်၏။ တဿ ပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်အား။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ အာရာ၊ ဝေးစွာသော အရပ်၌ ဖြစ်၏ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ဓမ္မံ၊ မနောဝိညာဉ်ဖြင့်သိအပ်သော ဓမ္မာရုံကို။ ဉတွာ၊ သိ၍။ ပိယံနိမိတ္တံ၊ ဤအာရုံကားကောင်းမြတ်သော သဘောရှိ၏ ဟု တဏှာနှင့်ယှဉ်၍ ဖြစ်ခြင်းလျှင် အကြောင်းရှိသော ဓမ္မာရုံကို။ မနသိကရောတော၊ ဤဓမ္မာရုံကား သုဘသုခတည်းဟုမသင့်သော နှလုံးသွင်းခြင်းရှိသော သူအား။ သတိမုဋ္ဌာ၊ သတိ၏ လွတ်ခြင်းသည်။ တထာစသတိ၊ ထိုသိုသတိ၏ လွတ်ခြင်းသည်ဖြစ်သည်ရှိသော်။
သာရတ္ထစိတ္တော၊ ထိုဓမ္မာရုံ၌တပ်မက်မောသော စိတ်ရှိသည်ဖြစ်၍။ ‌ဝေဒေတိ၊ ထိုဓမ္မာရုံကို သာယာနှစ်သက်သော အားဖြင့် ခံစား၏။ တဉ္စ၊ ထိုဓမ္မာရုံကိုလည်း။ အဇ္ဈောသ၊ သုဘသုခဟုမှားသော နှလုံးသွင်းခြင်းရှိသည်ဖြစ်၍။ တိဋ္ဌတိ၊ မျိုလျက်ပြီးစေလျက်တည်၏။
တဿ၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်အား။ ဓမ္မသမ္ဘဝါ၊ ဓမ္မာရုံ၌ နှစ်သက်သာယာတတ်သော တဏှာလျှင်ဖြစ်ကြောင်းရှိကုန်သော။ အနေကာ၊ များစွာကုန်သော။ ဝေဒနာ၊ သုခစသော အားဖြင့်ပြားကုန်သော ဝေဒနာတို့သည်။ တဍ္ဎန္တိ၊ ကိလေသာ၏ ဖြစ်ကြောင်းဖြစ်၍ ပွါးကုန်၏။
အဘိဇ္ဈာစ၊ ချစ်နှစ်လိုအပ်သော ဓမ္မာရုံ၌ ဖြစ်သော အလိုကြီးခြင်းလောဘသည်လည်းကောင်း။ ဝိဟေသာစ၊ မချစ်မနှစ်လိုအပ်သော ဓမ္မာရုံ၌ ဖျက်ဆီးညှဉ်းဆဲတတ်သော ဒေါသသည်လည်းကောင်း။ အဿ ပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်၏။ စိတ္တံ၊ စိတ်ကို။ ဥပဟညတိ၊ နှိပ်စက်ညှဉ်းဆဲ၏။
ဧဝံ၊ ဤသို့ယောအခြင်းအရာဖြင့်။ အာစိနတော၊ ထိုထိုသို့သော ဝေဒနာတို့ကို သာယာသည်၏ အဖြစ်ဖြင့် ဘဝါဘိသင်္ခါရ ကို ပွါးစေသော ပုဂ္ဂိုလ်အား။ ဒုက္ခံ၊ ဝဋ်ဆင်းရဲသည်။ ပဝတ္တတိ၊ ဖြစ်၏။ ဧဝံဘူတဿ၊ ဤသို့ အခြင်းအရာဖြင့် ဖြစ်သော ပုဂ္ဂိုလ်အား။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ အာရာ၊ ဝေးသော အရပ်၌ ဖြစ်၏ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ယော ပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။ ရူပံ၊ စက္ခုဝိညာဉ်ဖြင့် သိအပ်သော ရူပါရုံကို။ ဒိသွာ၊ စက္ခုဒွါရ၌ ဖြစ်သော ဝိညာဉ်အစဉ်ဖြင့်ရှု၍။ ပဋိဿတော၊ လေးပါးသော သမ္ပဇညအစွမ်းဖြင့် ဆင်ခြင်ခြင်းကို ပြုသဖြင့် ထင်သော သတိရှိသည်။ ဟောတိ၊ ဖြစ်၏။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ရူပေသု၊ ရူပါရုံတို့၌။ နမုဇ္ဇတိ၊ ရာဂကို မဖြစ်စေ။
တထာစသတိ၊ ထိုသို့ထင်သော သတိရှိသည်ရှိသော်။ ဝိရတ္တစိတ္တော၊ ထိုရူပါရုံ၌ တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍။ နဝေဒေတိ၊ သာယာနှစ်သက်သော အားဖြင့် အာရုံကို မခံစား။ တဉ္စ၊ ထိုရူပါရုံကိုလည်း။ အနဇ္ဈောသ၊ တဏှာမာနာနဒိဋ္ဌိအစွမ်းဖြင့် မသက်မမျိုမူ၍။ တိဋ္ဌတိ၊ တည်၏။
ရူပံ၊ စက္ခုဝိညာဉ်ဖြင့် သိအပ်သော ရူပါရုံကို။ ပဿတောပဿန္တဿ၊ အနိစ္စအစရှိသော အခြင်းအရာဖြင့်ရှုလော။ အဿယောဂိနော၊ ထိုယောဂီ ပုဂ္ဂိုလ်အား။ အဘိဇ္ဈာဒယော၊ ထိုရူပါရုံကို အာရုံပြု၍ ဖြစ်သော အလိုကြီးခြင်း လောဘစသော တရားတို့သည်။ နပဝတ္တန္တိယထာ၊ မဖြစ်ကုန်သကဲ့သို့ ။ ဧဝံတထာ၊ ထိုအတူ။ ဝေဒနံ၊ ထိုရူပါရုံကို အာရုံပြု၍ ဖြစ်သော ဝေဒနာထိုဝေဒနာနှင့် သမ္ပယုတ်ဖြစ် သော တရားကို။ သေဝတောစာပိ၊ အာရုံပြု၍ မှီဝဲသော သူအားလည်း။ ခိယျတိ၊ အလုံးစုံသော ကိလေသာဝဋ်၏ ကုန်ခြင်းသို့ ရောက်၏။
နောပစိယတိ၊ ပွါးခြင်းသို့ မရောက်။ ဧဝံ၊ ဤသို့ကိလေသာကို ဖျက်ဆီးသော အကျင့်ဖြင့်။ သော ပုဂ္ဂလော၊ ထိုယောဂီ ပုဂ္ဂိုလ်သည်။ သတော၊ သတိပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍။ စရတိဝိဟရတိ၊ နေ၏။
ဧဝံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော အခြင်းအရာဖြင့်။ အပစိနတော၊ ဝဋ်ဆင်းရဲကို မဂ်ပညာဖြင့် ဖျက်ဆီးခြင်းရှိသော ပုဂ္ဂိုလ်အား။ ဒုက္ခံ၊ အလုံးစုံသော ဝဋ်ဆင်းရဲသည်။ ခိယျတိ၊ ကုန်၏။ ဧဝံဘူတဿ၊ ဤသို့သော အခြင်းအရာဖြင့် ဖြစ်သော ပုဂ္ဂိုလ်အား။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ သန္တိကေ၊ အနီး၌ ရှိ၏ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ယော ပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။ သဒ္ဒံ၊ သောတပသာဒအားဖြင့် ထပ်ခြင်းသို့ ရောက်သော သဒ္ဒါရုံကို။ သုတွာ၊ သောတဒွါရိကဝိညာဉ်၏ အစဉ်ဖြင့် ကြား၍။ ပဋိဿတော၊ အဆင်အခြင်ပညာဖြင့် ပြုလေ့ရှိသည်ဖြစ်၍ ထင်သည်။ ဟောတိ၊ ဖြစ်၏ သော ပုဂ္ဂလော၊ ထို ပုဂ္ဂိုလ်သည်။ သ‌ဒ္ဒေသု၊ ချစ်နှစ်လိုအပ်သော သဒ္ဒါရုံစသည်တို့၌။ နရဇ္ဇတိ၊ တပ်ခြင်းကို မဖြစ်စေ။
တထာသတိ၊ ထိုသို့ တပ်ခြင်းကို မဖြစ်စေသော သတိရှိသည်ရှိသော်။ ဝိရတ္တစိတ္တော၊ ထိုသဒ္ဒါရုံ၌ တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်င။ ဝေဒေတိ၊ ထိုသဒ္ဒါရုံကို မသာယာမနှစ်သက်သော အားဖြင့် ခံစား၏။ တဉ္စ၊ ထိုသဒ္ဒါရုံကိုလည်း။ နဇ္ဈောသ၊ ငါ၏ ကိုယ်ငါ၏ ဥစ္စာဟု တဏှာမာနဒိဋ္ဌိအစွမ်းဖြင့် မသက်မဝင်မူ၍။ တိဋ္ဌတိ၊ တည်၏။
အဿ ယောဂီနော၊ ထိုကမ္မဋ္ဌာန်းစီးဖြန်းသော ပုဂ္ဂိုလ်အား။ တတ္ထ၊ ထိုသဒ္ဒါရုံ၌။ အဘိဇ္ဈာဒယော၊ အဘိဇ္ဈာအစရှိသည်တို့သည်။ နပဝတ္တန္တိယထာ၊ မဖြစ်ကုန်သကဲ့သို့။ ဧဝံတထာ၊ ထိုအတူ။ သဒ္ဒံ၊ နှစ်လိုဘွယ်သော သဒ္ဒါရုံကို။ သုဏတော သုဏန္တဿပိ၊ ကြားသော ပုဂ္ဂိုလ်အားလည်း။ အဘိဇ္ဈာဒယော၊ အဘိဇ္ဈာစသော တရားတို့သည်။ နပဝတ္တန္တိ၊ မဖြစ်ကုန်။ ဝေဒနံ၊ ထိုသဒ္ဒါရုံကို အာရုံပြု၍ ဖြစ်သော ဝေဒနာကို ။ သေဝတောစာပိ၊ မှီဝဲသော ပုဂ္ဂိုလ်အားလည်း။
ခိယျတိ၊ အလုံးစုံသော ကိလေသာဝဋ်သည်ကုန်ခြင်းသို့ ရောက်၏။ နောပစိယျ တိ၊ ပွါးခြင်းသို့ မရောက်။ ဧဝံ၊ ဤသို့ ကိလေသာကို ပယ်တတ်သော အကျင့်ဖြင့်။ သော ပုဂ္ဂ‌လော၊ ထို ပုဂ္ဂိုလ်သည်။ သတော၊ သတိပညာနှင့် ပြည့်စုံသည်ဖြစ်၍။ စရတိ ဝိဟရတိ၊ နေ၏။
ဧဝံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော အခြင်းအရာဖြင့်။ အပစိနတော၊ မဂ်ပညာဖြင့် ဝဋ်ဆင်းရဲကို ဖျက်ဆီးခြင်းရှိသော သူအား။ ဒုက္ခံ၊ အလုံးစုံသော ဝဋ်ဆင်းရဲသည်။ နောပစိယျတိ၊ မပွါး။ ဧဝံဘူတဿ၊ ဤသို့သောအခြင်းအရာဖြင့် ဖြစ်သော ပုဂ္ဂိုလ်အား။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ သန္တိကေ၊ အနီး၌ဖြစ်၏ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ယော ပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။ ဂန္ဓံ၊ ဃာနပသာဒအားထင်ခြင်းသို့ ရောက်သော ဂန္ဓာရုံကို။ ဃာယိတွာ၊ ဃာနဒွါရိကဝိညာဉ်၏ အစဉ်ဖြင့်နမ်းရှု၍။ ပဋိဿတော၊ ‌‌လေးပါးသော သမ္ပဇညအစွမ်းဖြင့် ဆင်ခြင်း၍ ပြုလေ့ရှိသဖြင့် ထင်သော သတိရှိသည်။ ဟောတိ၊ ဖြစ်၏။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ဂန္ဓေသု၊ ဂန္ဓာရုံတို့၌။ နရဇ္ဇတိ၊ တပ်ခြင်းကို မဖြစ်စေ။
တထာစသတိ၊ ထိုသို့ထင်သော သတိရှိသော ပုဂ္ဂိုလ်သည်။ ဝိရတ္တစိတ္တော၊ ထိုဂန္ဓာရုံ၌တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍။ ဝေဒေတိ၊ သာယာခြင်းနှစ်သက်ခြင်း ကင်းသော အားဖြင့် ဂန္ဓာရုံကိုခံစား၏။ တဉ္စ၊ ထိုဂန္ဓာရုံကိုလည်း။ နောဇ္ဈောသ၊ ထိုဂန္ဓာရုံသည်ငါ၏ ဥစ္စာငါ၏ ကိုယ်ဟူ၍ တဏှာမာနဒိဋ္ဌိအစွမ်းဖြင့် မသက်မဝင်မူ၍။ တိဋ္ဌတိ၊ တည်၏။
အဿ၊ ထိုယောဂီ ပုဂ္ဂိုလ်အား။ ယထာ၊ အကြင်အခြင်းအရာဖြင့် ရှုသည်ရှိသော်။ တတ္ထ၊ ထိုဂန္ဓာရုံ၌။ နပဝတ္တန္တိ၊ အဘိဇ္ဈာစသော တရားတို့သည် မဖြစ်ကုန်။ ဧဝံတထာ၊ ထိုအနိစ္စ စသော အခြင်းအရာဖြင့်။ ဂန္ဓံ၊ ဂန္ဓာရုံသို့။ ဃာယတော ဃာယန္တဿ၊ နမ်းသော ပုဂ္ဂိုလ်အား။ အဘိဇ္ဇာဒယော၊ အလိုကြီးခြင်းလောဘစသော တရားတို့သည်။ နပဝတ္တန္တိ၊ မဖြစ်ကုန်။ ဝေဒနံ၊ ထိုဂန္ဓာရုံကို အာရုံပြု၍ ဖြစ်သော ဝေဒနာကို။ သေဝတောစာပိ၊ မှီဝဲသော ပုဂ္ဂိုလ်အားလည်း။
ခိယျတိ၊ အလုံးစုံသော ကိလေသာဝဋ်သည်ကုန်ခင်းသို့ ရောက်၏။ နောပစိယျတိ၊ ပွါးခြင်းတည်းဘူးခြင်းကို မရောက်။ ဧဝံ၊ ဤသို့ ကိလေသာကို ပယ်ခြင်း၏ အစွမ်းဖြင့်။ သော ပုဂ္ဂလော၊ ထို ပုဂ္ဂိုလ်သည်။ သကော၊ သတိပညာအဆင်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍။ စရတိဝိဟရတိ၊ နေ၏။
ဧဝံ၊ ဤသို့ သော အခြင်းအရာဖြင့်။ အပစိနတော၊ မဂ်ပညာဖြင့် အလုံးစုံ‌သော ဝဋ်တရားကို ဖျက်ဆီးခြင်းရှိသော ပုဂ္ဂိုလ်အား။ ဒုက္ခံ၊ ဝဋ်ဆင်းရဲသည်။ နောပစိယတိ၊ မပွါး။ ဧဝံဘူတဿ၊ ဤသို့သောအခြင်းအရာဖြင့် ဖြစ်သော ပုဂ္ဂိုလ်အား။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ သန္တိကေ၊ အနီး၌ဖြစ်၏ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ရသံ၊ ဇိဝှါပသာဒအားထင်ခြင်းသို့ ရောက်သော ရသာရုံကို။ ဘောတွာ၊ ဇိဝှါဒွါရိကဝိညာဉ်၏ အစဉ်ဖြင့်လျက်၍။ ပဋိဿတော၊ လေးပါးသော သမ္ပဇညအစွမ်းဖြင့် ဆင်ခြင်ခြင်းကို ပြုသဖြင့် ထင်သော သတိရှိသည်ဖြစ်၍။ သော၊ ထိုပုဂ္ဂိုလ်သည်။ နရဇ္ဇတိ၊ တပ်ခြင်းကို မဖြစ်စေ။
တထာသတိ၊ ထိုသို့‌သော သတိနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သည်။ ဝိရတ္တစိတ္တော၊ ထိုရသာရုံ၌ တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍။ ဝေ‌ဒေတိ၊ သာယာခြင်းကင်းသော အားဖြင့် ခံစား၏။ တဉ္စ၊ ထိုရသာရုံကိုလည်း။ နဇ္ဈောသ၊ ရသာရုံသည် ငါ၏ ဥစ္စာငါ၏ ကိုယ်ဟု တဏှာမာနဒိဋ္ဌိအစွမ်းဖြင့် မသက်မဝင်မူ၍။ တိဋ္ဌတိ၊ တည်၏။
အဿ၊ ထိုယောဂီ ပုဂ္ဂိုလ်အား။ ယထာ၊ အကြင်အနိစ္စအစရှိသော အခြင်းအရာဖြင့် ရသာရုံကို ရှုသည်ရှိသော်။ အဘိဇ္ဈာဒယော၊ အလိုကြီးခြင်းစသည်တို့သည်။ နပဝတ္တန္တိ၊ မဖြစ်ကုန်။ ဧဝံတထာ၊ ထိုအနိစ္စစသော အခြင်းအရာဖြင့်။ ရသံ၊ ရသာရုံကို။ သာယ‌တော၊ လျက်သော ပုဂ္ဂိုလ်အား။ အဘိဇ္ဈာဒယော၊ အဘိဇ္ဈာစသော တရားတို့သည်။ နပဝတ္တန္တိ၊ မဖြစ်ကုန်။ ဝေဒနံ၊ ထိုရသာရုံကို အာရုံပြု၍ ဖြစ်သော ဝေဒနာကို။ သေဝတောစာပိ၊ မှီဝဲသုံးဆောင်သော ပုဂ္ဂိုလ်အားလည်း။
ခိယျတိ၊ အလုံးစုံသော ကိလေသာဝဋ်ကုန်ခြင်းသို့ ရောက်၏။ နောပစိယျတိ၊ ကိလေသာတို့သည် ပွါးခြင်းသို့ မရောက်။ ဧဝံ၊ ဤသို့ ကိလေသာကို ပယ်သော အကျင့်ဖြင့်။ သတော၊ သတိပညာ အဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ စရတိဝိဟရတိ၊ နေ၏။
ဧဝံ၊ ဤသို့ ဆိုခဲ့တိုင်းသော အခြင်းအရာဖြင့်။ အပစိနတော၊ မဂ်ပညာဖြင့် အလုံးစုံသော ဝဋ်ဆင်းရဲကို ဖျက်ဆီးခြင်းရှိသော ပုဂ္ဂိုလ်အား။ ဒုက္ခံ၊ ဝဋ်ဆင်းရဲသည်။ နောပစိယတိ၊ မပွါး။ ဧဝံဘူတဿ၊ ဤသို့ ဖြစ်သော ပုဂ္ဂိုလ်အား။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ သန္တိကေ၊ အနီး၌ ဖြစ်၏ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ဖဿ၊ ကာယပသာဒကာယဝိညာဉ်အားထင်ခြင်းသို့ ရောက်သော ဖောဋ္ဌဗ္ဗာရုံကို။ ဖုသီ၊ ကာယဒွါရိကဝိညာဉ်အစဉ်ဖြင့် တွေ့၍။ ပဋိဿတော၊ လေးပါးသော သမ္ပဇညအစွမ်းဖြင့် ဆင်ခြင်ခြင်းကို ပြုလေ့ရှိသဖြင့် ထင်သော သတိရှိသည်။ ဟောတိ၊ ဖြစ်၏။ သော ပုဂ္ဂလော၊ ထို ပုဂ္ဂိုလ်သည်။ ဖဿေသု၊ ဖောဋ္ဌဗ္ဗာရုံတိ့၌။ နရဇ္ဇတိ၊ တပ်ခြင်းကို မဖြစ်စေ။
တထာသတိ၊ ထိုဖောဋ္ဌဗ္ဗာရုံရုံတို့၌ ထင်သော သတိရှိသော ပုဂ္ဂိုလ်သည်။ ဝိရတ္တစိတ္တော၊ ဖောဋ္ဌဗ္ဗာရုံ၌ တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍။ ဝေဒေတိ၊ ဖောဋ္ဌဗ္ဗာရုံကို မသာယာမနှစ်သက်သော အားဖြင့်ခံစား၏။ တဉ္စ၊ ထိုဖောဋ္ဌဗ္ဗာရုံကိုလည်း။ နဇ္ဈောယ၊ ဤဖောဋ္ဌဗ္ဗာရုံသည် ငါ၏ ကိုယ် ငါ၏ဥစ္စာတည်းဟု တဏှာမာနဒိဋ္ဌိအစွမ်းဖြင့် မသက်မဝင်မူ၍။ တိဋ္ဌတိ၊ တည်၏။
အဿ၊ ထိုယောဂီ ပုဂ္ဂိုလ်အား။ ယထာ၊ အကြင်အခြင်းအရာဖြင့် ဖောဋ္ဌဗ္ဗာရုံကို ရှုသည်ရှိသော်။ နပဝတ္တန္တိ၊ အဘိဇ္ဈာအစရှိသော တရားတို့သည် မဖြစ်ကုန်။ ဧဝံတထာ၊ ထိုအနိစ္စအစရှိသော အခြင်းအရာဖြင့် ။ ဖဿံ၊ တွေ့အပ်သော ဖောဋ္ဌဗ္ဗာရုံကို။ ဖုသတော ဖုသန္တဿ၊ တွေ့သော ပုဂ္ဂိုလ်အား။ အဘိဇ္ဈာဒယော၊ အဘိဇ္ဈာအစရှိသော တရားတို့သည်။ နပဝတ္တန္တိ၊ မဖြစ်ကုန်။ ဝေဒနံ၊ ထိုဖောဋ္ဌဗ္ဗာရုံကို အာရုံပြု၍ ဖြစ်သော ဝေဒနာကို။ သေဝတောစာပိ၊ အနိစ္စအစရှိသည်ကို နှလုံးသွင်း၍ မှီဝဲသုံးဆောင်သော ပုဂ္ဂိုလ်အားလည်း။
ခိယျတိ၊ အလုံးစုံသော ဝဋ်သည်ကုန်ခြင်းသို့ ရောက်၏။ နောပစိယတိ၊ ဝဋ်ဆင်းရဲတို့သည် ပွါးခြင်းသို့ မရောက်။ ဧဝံ၊ ဤသို့ ကိလေသာတို့၏ ပယ်ခြင်းကို ကျင့်သဖြင့်။ သော ပုဂ္ဂလော၊ ထို ပုဂ္ဂိုလ်သည်။ သတော၊ သတိပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍။ စရတိဝိဟရတိ၊ နေ၏။
ဧဝံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့် ။ အပစိနတော၊ မဂ်ပညာဖြင့် ဝဋ်ဆင်းရဲ အစဉ်ကို ဖျက်ဆီးခြင်းရှိသော ပုဂ္ဂိုလ်အား။ ဒုက္ခံ၊ ဝဋ်ဆင်းရဲသည်။ နောပစိယတိ၊ မပွါးမဖြစ်။ ဧဝံဘူတဿ၊ ဤသို့ သောအခြင်းအရာဖြင့် ဖြစ်သော ပုဂ္ဂိုလ်အား။ နိဗ္ဗာနံ၊ သဥပါဒိသေသ အနူပါဒိသေသနိဗ္ဗာန်ကို။ သန္တိကေ၊ အနီး၌ ဖြစ်၏ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ဓမ္မံ၊ မနောဝိညာဉ်ဖြင့် သိအပ်သော ဓမ္မာရုံကို။ ဉတွာ၊ မနောဒွါရိကဝိညာဉ်အစဉ်ဖြင့် သိ၍။ ပဋိဿ‌တော၊ လေးပါးသော သမ္ပဇညအစွမ်းဖြင့် ဆင်ခြင်ခြင်းကို ပြုလေ့ရှိသည် အစွမ်းဖြင့်ထင်သော သတိရှိသည်။ ဟောတိ၊ ဖြစ်၏။ သော ပုဂ္ဂလော၊ ထို ပုဂ္ဂိုလ်သည်။ ဓ‌မ္မေသု၊ ဓမ္မာရုံတို့၌။ နရဇ္ဇတိ၊ တပ်ခြင်းကို မဖြစ်စေ။
တထာစသတိ၊ ထိုဓမ္မာရုံ၌ မတပ်သည်အစွမ်းဖြင့် ထင်သော သတိရှိသော ပုဂ္ဂိုလ်သည်။ ဝိရတ္တစိတ္တော၊ ဓမ္မာရုံ၌ တပ်ခြင်းကင်းသော စိတ်ရှိသည်ဖြစ်၍။ ဝေဒေတိ၊ ဓမ္မာရုံကို မသာယာမနှစ်သက်သော အားဖြင့် ခံစား၏။ တဉ္စ၊ ထိုဓမ္မာရုံကိုလည်း။ နဇ္ဈောသ၊ ဤဓမ္မာရုံသည် ငါ၏ ကိုယ် ငါ၏ ဥစ္စာငါသည်ဖြစ်၏ ဟု တဏှာမာနဒိဋ္ဌိအစွမ်းဖြင့် မသက်မဝင်မူ၍။ တိဋ္ဌတိ၊ တည်၏။
အဿ၊ ထိုယောဂီ ပုဂ္ဂိုလ်အား။ ယထာ၊ အကြင်အနိစ္စအစရှိသော အခြင်းအရာဖြင့် ဓမ္မာရုံကို ရှုသည်ရှိသော်။ နပဝတ္တန္တိ၊ အဘိဇ္ဈာစသော တရားတို့သည် မဖြစ်ကုန်။ ဧဝံတထာ၊ ထိုအနိစ္စအစရှိသော အခြင်းအရာဖြင့်။ ဓမ္မံ၊ ဓမ္မာရုံကို။ ဝိဇာနတော၊ မနောဝိညာဉ်ဖြင့် သိသော ပုဂ္ဂိုလ်အား။ အဘိဇ္ဈာဒယော၊ အဘိဇ္ဈာအစရှိသော တရာတို့သည်။ နပဝတ္တန္တိ၊ မဖြစ်ကုန်။ ဝေဒနံ၊ ထိုဓမ္မာရုံကို အာရုံပြု၍ဖြစ်သော ဝေဒနာကို။ အသေဝတောစာပိ၊ တဏှာ၏ အစွမ်းဖြင့် မမှီဝဲသော ပုဂ္ဂိုလ်အားလည်း။
ခိယျတိ၊ အလုံးစုံသော ကိလေသာဝဋ်သည်ကုန်ခြင်းသို့ ရောက်၏။ နောပစိ ယတိ၊ ဝဋ်ဆင်းရဲတို့သည် ပွါးစေခြင်းသို့ မရောက်။ ဧဝံ၊ ဤသို့ ကိလေသာတို့ကိ ဖျက်ဆီးခြင်းအကျင့်ဖြင့်။ သတော၊ အဆင်အခြင်းသတိပညာနှင့် ပြည့်စုံသည်ဖြစ်၍။ သော ပုဂ္ဂလော၊ ထို ပုဂ္ဂိုလ်သည်။ စရတိဝိဟရတိ၊ နေ၏။
ဧဝံ၊ ဤသို့ ဆိုခဲ့တိုင်းသော အခြင်းအရာဖြင့်။ အပစိနတော၊ မဂ်ပညာဖြင့် ဖျက်ဆီးအပ်သော ဝဋ်တရားရှိသော ပုဂ္ဂိုလ်အား။ ဒုက္ခံ၊ ဝဋ််ဆင်းရဲသည်။ ခိယျတိ၊ ကုန်၏။ ဧဝံဘူတဿ၊ ဤသို့ ဝဋ်ဆင်းရဲကုန်ခြင်းကို ကျင့်သော ပုဂ္ဂိုလ်အား။ နိဗ္ဗာနံ၊ သဥပါဒိသေသအနူပါဒိသေသနိဗ္ဗာန်ကို။ သန္တိကေ၊ အနီး၌ဖြစ်၏ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ဣတိ၊ ဤသို့။ မာလုကျပုတ္တောထေရော၊ မာလုကျ ပုတ္တထေရ်သည်။ ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော နှစ်ဆဲ့လေးဂါထာတို့ကို။ အဘာသိတ္ထ၊ ရွတ်ဆိုပြီ။ မာလုကျ ပုတ္တထေရဂါထာအနက်ပြီး၏။