Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

3. Brahmālittheragāthā

Author: နိဿယ @ IAPT

အာဝုသော၊ ငါ့ရှင်တို့။ ဣမသ္မိံ အရညာယတနေ၊ ဤတောအရပ်၌။ ပသန္တေသု၊ နေကုန်သော။ ဘိက္ခုသု၊ ရဟန်းတို့တွင်။ ကဿ၊ အဘယ်ရဟန်း၏။ သာရထိနာ၊ လိမ္မာစွာသော ရထားထိန်းသည်။ သုဒန္တာ၊ ကောင်းစွာဆုံးမအပ်ကုန်သော။ အဿာယထာ၊ မြင်းတို့ကဲ့သို့။ ဣန္ဒြိယာနိ၊ မနိန္ဒြေလျှင်ခြောက်ခုမြောက်ဖြစ်သော ဣန္ဒြေတို့သည်။ သမထင်္ဂတာနိ၊ ယဉ်ကျေးသော အဖြစ်ငြိမ်သက်သော အဖြစ်သို့ ရောက်ကုန်သနည်း။
ပဟီနမာနဿ၊ ပယ်အပ်သော မာနရှိထသော။ အနာသဝဿ၊ ကင်းပြီးသော အာသဝေါရှိထသော။ တာဒိနော၊ ဣဋ္ဌာရုံ အနိဋ္ဌာရုံတို့၌ သည်းခံခြင်း ကျေးဇူးနှင့် ပြည့်စုံထသော။ တဿ၊ ထိုရဟန္တာ ပုဂ္ဂိုလ်အား။ ဒေဝါပိ၊ နတ်တို့သည်လည်း။ ပိဟယန္တိ၊ ကောင်းသော အကျင့်ကို မြင်သောကြောင့်ရိုသေသဖြင့် တောင့်တကုန်၏။
မယှံ၊ ငါ့အား။ သာရထိနာ၊ လိမ္မာစွာသော ရထားထိန်းသည်။ သုဒန္တာ၊ ကောင်းစွာဆုံးမအပ်ကုန်သော။ အဿာယထာ၊ မြင်းတို့ကဲ့သို့။ ဣန္ဒြိယာနိ၊ မနိန္ဒြေလျှင်ခြောက်ခုမြောက်ဖြစ်ကုန်သော ဣန္ဒြေတို့သည်။ သမထင်္ဂတာနိ၊ ယဉ်ကျေးသော အဖြစ်အဆိတ်အတောက်မရှီသော အဖြစ်သို့ ရောက်ကုန်၏။
မဟီနမာနဿ၊ ပယ်အပ်ပြီးသော မာနရှိထသော။ အနာသဝဿ၊ ကင်းပြီးသော အာသဝေါရှိထသော။ တာဒိနော၊ ဣဋ္ဌာရုံ အနိဋ္ဌာရုံ စသည်တို့၌ သည်းခံ ခြင်းကျေးဇူးရှိထသော။ တဿမယှံ၊ ထိုင့ါအား။ ဒေဝါပိ၊ နတ်တို့သည်လည်း။ ပိဟယန္တိ၊ ကောင်းသော အကျင့်ကိုမြင်သောကြောင့် ရိုသေသဖြင့် တောင့်တကုန်၏။ မယှံ၊ ငါ့အား။ သာရထိနာ၊ လိမ္မာစွာသော ရထားထိန်းသည်။ သုဒန္တာ၊ ကောင်းစွာဆုံးမအပ်ကုန်သော။ အဿာယထာ၊ မြင်းတို့ကဲ့သို့။ ဣန္ဒြိယာနိ၊ မနိန္ဒြေလျှင်ခြောက်ခုမြောက်ဖြစ်ကုန်သော ဣန္ဒြေတို့သည်။ သမထင်္ဂတာနိ၊ ယဉ်ကျေးသော အဖြစ်အဆိတ်အတောက်မရှိသော အဖြစ်သို့ ရောက်ကုန်၏။ ပဟီနမာနဿ၊ ပယ်အပ်ပြီးသော မာနရှိထသော။ အနာသဝဿ၊ ကင်းပြီးသော အာသဝေါရှိထသော။ တာဒိနော၊ ဣဋ္ဌာရုံ အနိဋ္ဌာရုံ စသည်တို့၌ သည်းခံ ခြင်းကျေးဇူးရှိထသော။ တဿမယှံ၊ ထိုငါ့အား။ ဒေဝါပိ၊ နတ်တို့သည်လည်း။ ဝိဟယန္တိ၊ ကောင်းသော အကျင့်ကို မြင်သောကြောင့် ရိုသေသဖြင့် တောင့်တကုန်၏။
ဣတိ၊ ဤသို့။ ဗြဟ္မာလိတ္ထေရော၊ ဗြဟ္မာလိထေရ်သည်။ ဣမံဂါထာဒွယံ၊ ဂါထာနှစ်ခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဗြဟ္မာလိကထေရဂါထာ အနက်ပြီး၏။