Issues
Select Version
法护-Dhammapāla
中文
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

2. Sāriputtattheragāthā

Author: နိဿယ @ IAPT

ဘောဘိက္ခု၊ အကြင်ရဟန်းသည်။ ယထာစရီ၊ အကြင်အကြင်သို့သော အကျင့်သီလနှင့် ပြည့်စုံသည်ဖြစ်၍။ ဝိဟရတိ၊ နေ၏။ တထာစရဏသီလေ၊ ထိုသို့သော အကျင့်ကို ကျင့်တတ်သောအလေ့ရှိ၏။ ယောဘိက္ခူ၊ အကြင်ရဟန်းသည်။ ယထာသတော၊ အကြင်အခြင်းဖြင့် အဝိယာတို့သည်ရာဂစသော အဆိပ်ကင်းသော အားဖြင့်နေခြင်းကဲ့သို့ နေခြင်းရှိသည်။ ဟောတိ၊ ဖြစ်၏။ တထာ၊ ထိုအခြင်းဖြင့်။ သတိမာ၊ မြတ်သော သတိနှင့် ပြည့်စုံသည်ဖြစ်၍။ ဝိဟရတိ၊ နေ၏။ ယောဘိက္ခု၊ အကြင်ရဟန်းသ်ည။ ယထာသံကပ္ပံ၊ အခြင်းခပ်သိမ်း မိစ္ဆာသင်္ကပ္ပကို ပယ်၍ နေက္ခမသင်္ကပ္ပစသည်အစွမ်းဖြင့် စောင့်စည်းသော အကြံရှိသည်။ ဟုတွာ၊ ဖြစ်၍။ ဈာယနသီလော၊ နှစ်ပါးသော ဈာန်ကို ဝင်စားလေ့ရှိသည်။ ဟောတိ၊ ဖြစ်၏။ တထာစရိယာယ၊ ထိုကြံသော အခြင်းအရာဖြင့် ကောင်းသော အကျင့်နှင့် ပြည့်စုံသဖြင့်။ အပ္ပမတ္တော၊ အလုံးစုံသော အာရုံ၌ ကောင်းစွာတည်သော သတိပညာဖြင့် မမေ့မလျော့သည်။ ဟောတိ၊ ဖြစ်၏။
အဇ္ဈတ္တရတော၊ ဂေါစရဇ္ဈတ္တဟုဆိုအပ်သော ကမ္မဋ္ဌာန်းကို ပွါးစေခြင်း၌ ။ ရတော၊ မွေ့လျော်သည်။ ဟောတိ၊ ဖြစ်၏။ သမာဟိတတ္တော၊ ထိုကမ္မဋ္ဌာန်းကို ပွါးစေခြင်း၌ တည်ကြည်သော စိတ်ရှိ၏။ ဧကော၊ တယောက်အတည်းတည်း။ သန္တုဿိတော၊ ပစ္စည်း၌ ရောင့်ရဲခြင်းဘာဝနာ၌ မွေ့လျော်ခြင်းဖြင့် ကောင်းစွာနှစ်သက်ရောင့်ရဲခြင်းရှိ၏။ တံတာဒိသံ၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို။ ဘိက္ခု၊ သိက္ခာသုံးပါးကို ဖြည့်သဖြင့် ဖျက်ဆီူးအပ်သော ကိလေသာရှိသော ရဟန်းဟူ၍။ အာဟု၊ ပညာရှိတို့ ဆိုကုန်၏။
ယော ဘိက္ခု၊ အကြင်ရဟန်းသ်ည။ အလ္လံဝါ၊ ထောပတ်ဆီဥစသည်ဖြင့် သွန်းအပ်သော သိမ်‌မွေ့သော အစာကိုလည်းကောင်း။ သုက္ခံဝါ၊ ထောပတ်စသည်တို့ဖြင့် မသွန်အပ်သော ခြောက်သော အစာကိုလည်းကောင်း။ ဘုဉ္ဇန္တော၊ စားသည်ရှိသော်။ ဗာဠံ အတိဝိယ၊ အလွန်လျှင်။ သုဟိတော ဂေဓော၊ တဏှာဖြင့် တက်မက်မောခြင်းသည်။ နသိယာ၊ မဖြစ်ရာ။
ယတောယသ်မာကာရဏာ၊ အကြင်ကြောင့်။ ဦနုဒရော၊ မျှရုံသာစား၍ ပေါ့သော ဝမ်းရှိသည်။ မိတာဟာရော၊ နှိုင်းရှဉ်ဆင်ခင်းအပ်သော စားခြင်းရှိသည်။ သတော၊ သတိနှင့် ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။ တထာတေနပကာရေန၊ ထိုသို့သော အတိုင်း အရှည်ကို ဆင်ခြင်သော သတိရှိသဖြင့်။ သောဘိက္ခု၊ ထိုရဟန်းသည်။ ပရိဗ္ဗဇေဝိဟရေယျ၊ နေရာ၏။
စတ္တာရော ပဉ္စအာလောပေ၊ လေးလုပ်ငါးလုပ်တို့ကို ။ အဘုတွာ၊ စားမြဲတိုင်းမှ ယုတ်၍ မစားဘဲ။ ဥဒကံ၊ ရေကို။ ဝိဝေပိဝေယျ၊ သောက်ရာ၏။
အယံ၊ ဤလေးလုပ် ငါးလုပ်ယုတ်၍ ရေကိုသောက်သဖြင့် ဆွမ်းစားသော ရဟန်းသ်ည။ သလ္လဟုကဝုတ္တိ၊ အာဟာရ၌ ပေါ့သော ဖြစ်ခြင်းရှိသော ရဟန်းမည်၏။ ဧဝံ၊ ဤသို့ လေးလုပ်ငါးလုပ် ယုတ်၍ ဆွမ်းကိုသုံးဆောင်ခြင်း သည်။ ပဟိတတ္တဿ၊ ကိုယ်အသက်ကို မငဲ့မူ၍နိဗ္ဗာန်ကိုစေလွှတ်အပ်သော စိတ်ရှိသော။ ဘိက္ခုနော၊ ရဟန်းအား။ ဖာသုဝိဟာရာယ၊ ချမ်းသာစွာနေခြင်းငှါ။ အလံပရိယတ္တံ၊ စွမ်းနိုင်၏။
ယံ စီဝရံ၊ အကြင်ခေါမ စသည်တို့တွင် တပါးပါးသော သင်္ကန်းကို။ ကပ္ပိယံ၊ အပ်၏ ဟူ၍ ဘုရားခွင့်ပြတော်မူအပ်၏။ တံ၊ ထိုခေါမစသော သင်္ကန်းကိနု။ စေဆာဒေတိ၊ အကယ်၍ ဝတ်ရုံဖုံးလွှမ်းသည်ဖြစ်အံ့။ ဣဒမတ္တိကံ၊ ဤမြတ်စွာဘုရားဟောတော်မူတိုင်း အကြင်မျှလောက်အချမ်းအပူ စသည်ကို တားမြစ်ခြင်းအကျိုးရှိသည်။ ဟောတိ၊ ဖြစ်၏။
ဧဝံ၊ ဤသို အချမ်းအပူစသည်ကို တားမြစ်ခြင်းစသော အကျိုးငှါ သင်္ကန်းကို သုံးဆောင်ခြင်းသည်။ ပဟိတတ္တဿ၊ ကိုယ်အသက်ကို မငဲ့မူ၍ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိသော။ ဘိက္ခုနော၊ ရဟန်းအား။ ဖာသုဝိဟာရာယ၊ ချမ်းသာစွာနေခြင်းငှါ။ အလံပရိယတ္တံ၊ စွမ်းနိုင်၏။
ပလ္လင်္ကေန၊ ထက်ဝယ်ဖြင့်။ နိသိန္နဿ၊ ထိုင်သော ရဟန်းအား။ ဇဏ္ဏုကေ၊ ပဆင်နှစ်ဘက်တို့ကို ။ နာဘိဝဿတိ၊ မိုဃ်းရည်ဖြင့် မစွတ်။
ဧတ္တကံဝိ၊ ဤမျှသည်လည်း။ သဗ္ဗပရိယ န္တသေနာသနံ၊ အလုံးစုံအောက်ယုတ်သော ကျောင်းမည်၏။ ဧဝံ၊ ဤသို့သဘောရှိသော ကျောင်းသသည်၌ နေသည်ရှိသော်။ ပဟိတတ္တဿ၊ ကိုယ်အသက်ကို မငဲ့မူ၍ နိဗ္ဗာန်သို့ စေလွှတ် အပ်သော စိတ်ရှိသော။ ဘိက္ခုနော၊ ရဟန်းအား။ ဖာသုဝိဟာရာယ၊ ချမ်းသာစွာနေခြင်းငှါ။ အလံပရိယတ္တံ၊ စွမ်းနိုင်၏။
ယော၊ အကြင်ရဟန်းသ်ည။ သုခံ၊ သုခဝေဒနာကို။ ဒုက္ခတော၊ ဖောက်ပြန်တတ်သည်ဖြစ်၍ ဆင်းရဲ၏ ဟူ၍။ အဒ္ဒအဒ္ဒဿ၊ ဝိပဿနာ ပညာနှင့်တကွသော မဂ်ပညာဖြင့် ဟုတ်မှန်စွာ မြင်၏။ ဒုက္ခံ၊ ဝိပရိဏာမဒုက္ခကို။ သလ္လတော၊ ငြောင့်တံသင်းကဲ့သို့ ဖြစ်၍ ဟူ၍။ အဒ္ဒက္ခိ၊ ရှုနိုင်၏။
ဥဘယန္တရေန၊ သုခဒုက္ခဝေဒနာနှစ်ပါးတို့၏ အလယ်၌ဖြစ်သော ဥပေက္ခာ ဝေဒနာဖြင့်။ နဟောသိ၊ အဟုတ်အဟတ်ထိုးထွင်း၍ သိသဖြင့် ငါ၏ ကိုယ်ဟူ၍ နှလုံးသွင်းခြင်းသည် မဖြစ်။ ဧဝံ၊ ဤဝေဒနာကိုအရင်းပြုသော အားဖြင့် ဥပါဒါနက္ခန္ဓာ တရားငါးပါးတို့ကို ပိုင်းခြင်း၍ ထိုနှင့် စပ်သော ကိလေသာကွန်ယက်ကိုဖြတ်၍ တည်သော သူသည်။ ကေန၊ အဘယ်မည်သော ကိလေသာဖြင့်။ လောကသ္မိံ၊ လောက၌။ ဗန္ဓော၊ ဖွဲ့နိုင်တော့အံ့နည်း။ ကိံသိယာ၊ အဘယ်သို့နောင်အခါ ထိုကိလေသာတို့သည် ဖြစ်ရာပါတော့အံ့နည်း။ အညဒတ္ထု၊ စင်စစ်သော်ကား။ ဆိန္နဗန္ဓနောဝ၊ ကိလေသာဟူသော ကွန်ယက်ဖြင့်ဖွဲ့ခြင်း ကိုဖြတ်ပြီးသည်သာတည်း။
ယော ပါပိစ္ဆော၊ အကြင်ထင်ရှားမရှိသော ဂုဏ်ဖြင့် ခြီးမွှမ်းခြင်းကို အလိုရှိသဖြင့် ယုတ်မာသော အလိုရှိသော ။ ကုသီတော၊ ရဟန်းတရား၌ အားထုတ်ခြင်းမရှိပျင်းရိသော။ ဟီနဝီရိယော၊ ယုတ်သော လုံ့ရှီသော။ အပ္ပသုတော၊ သစ္စာပဋိစ္စသမုပ္ပါဒ်စသည်နှင့် ယှဉ်သော သင်ကြားခြင်းမရှိသဖြင့် အကြားအမြင်နည်းသော။ အနာဒရော၊ ဆုံမကဖြစ်ခြင်းတို့၌ ရိုသေခြင်းမရှိသော။ တာဒိသော၊ ထိုသို့ အလွန်ယုတ်သော ပုဂ္ဂိုလ်သည်။ မေ၊ ငါ၏ အနီး၌။ ကဒါစိ၊ တရံတခါမျှ။ မာအဟု၊ မဖြစ်စေသတည်း။ လောကသ္မိံ၊ သတ္တဝါအပေါင်း၌။ တာဒိသဿပုဂ္ဂလဿ၊ ထိုသို့ယုတ်မာသော သဘောရှိသော ပုဂ္ဂိုလ်အား။ ကေန၊ အဘယ်အဆုံအမဖြင့်။ ကိံသိယာ၊ အသို့ဖြစ်ရာပါအံ့နည်း။ နိရတ္ထကမေဝ၊ အကျိုးမရှိသည်သာလျှင်တည်း။
ယော ပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။ ဗဟုသုတောစ၊ သီလစသည်နှင့် စပ်သော သုတ္တဂေယျစသော အပြားဖြင့် များသော အကြားအမြင်ရှိ၏။ မေဓာဝီစ၊ တခဏဖြင့် မှတ်နိုင်ဆောင်နိုင်သော ပညာနှင့် ပြည့်စုံ၏။ သီလေသု၊ စတုပါရိသုဒ္ဓိသီလစသည်တို့၌။ သုသမာဟိတော၊ ကောင်း စွာတည်၏။ စေကောသမထံစေတောသမထေန၊ လောကီလောကုတ္တရာအပြားရှိသော စိတ်ကို ကောင်းစွာထားခြင်းနှင့်။ အနုယုတ္တော၊ ယှဉ်၏။ တာဒိသော၊ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်သည်။ ဗုဒ္ဓနိအပိ၊ ငါ၏ ထိပ်ထက်၌ တည်း။ တိဋ္ဌတု၊ တည်စေသတည်း။
ယောပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။ ပပဉ္စမနုယုတ္တော၊ အမှု၌ မွေ့လျော်ခြင်း စသည်ရူပါရုံ စသည်၌ ငြိတွယ်သဖြင့် တဏှာမာန ဒိဋ္ဌိတည်းဟူသော သံသရာကိုချဲ့တတ်သော ပမာဒတရားနှင့်လည်း ယှဉ်၏။ ပပဉ္စာဘိရတော၊ ထို ပပဉ္စတရား၌ အပြစ်ကို မရှုသဖြင့် တဏှာမာနဒိဋ္ဌီဟု ဆိုအပ်သော တရား၌ အလွန်မွေ့လျော်၏။ မိဂေါမဂသဒိသော၊ သမင်နှင့်တူသော။
သော ပုဂ္ဂလော၊ ထို ပုဂ္ဂိုလ်သည်။ အနုတ္တရံ၊ အတုမရှိသော။ ယောဂက္ခေမံ၊ ယောဂလေးပါး၏ ကုန်ရာဖြစ်သော ။ နိဗ္ဗာနာ၊ နိဗ္ဗာန်မှ။ ဝိရာဓယိ၊ ချွတ်ယွင်းစေ၏။
ယောစ ပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။ ပပဉ္စံ၊ သံသရာကို ချဲ့တတ်သော တဏှာ မာန ဒိဋ္ဌိကို။ ဟိတွာန၊ မဂ်ဖြင့် စွန့်ပယ်၍။ နိပ္ပပဉ္စပထေရတော၊ ပပဉ္စတရားငါးပါး၏ ကင်းရာ နိဗ္ဗာန်သို့ သွားခြင်း၏ အကြောင်းဖြစ်သော အရိယာမဂ်၌ မွေ့လျော်၏။
သောတာဒိသော၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်သည်။ အနုတ္တရံ၊ အတုမရှိသော။ ယောဂက္ခေမံ၊ ယောဂလေးပါး၏ ကုန်ရာဖြစ်သော ။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ အာရာဓယိ၊ ပြီးစေ၏။
ဂါမေပါ၊ ရွာ၌လည်းကောင်း။ ယဒိ၊ ထိုမြို့။ အရညေဝါ၊ တော၌၎င်း။ နိန္နေဝါ၊ ချိုင့်ဝှမ်းရာ အရပ်၌ လည်းကောင်း။ ယဒိ၊ ထိုမြို့။ ထလေ၊ မြင့်မောက်ရာ အရပ်၌လည်းကောင်း။
ယတ္ထ၊ အကြင်အရပ်၌။ အရဟန္တော၊ ရဟန္တာတို့သည်။ ဝိဟရန္တိ၊ နေကုန်၏။ တံဘူမိ၊ ထိုရွာတော စသော တပါးပါးသော အရပ်သည်။ ရာမဏေယျကံ၊ မွေ့လျော် ဘွယ်ရှိသည်သာလျှင်တည်း။ ရာမဏိယာနိ၊ မွေ့လျော် ဘွယ်ရှိသည် သာလျှင်တည်း။
ရာမဏိယာနိ၊ မွေ့လျော်ဘွယ်ရှိကုန်သော။ အရသာနိ၊ တောကျောင်းတို့သည်။ သန္တိ၊ ရှိကုန်၏။ ယတ္ထယေသု အရညကေသု၊ အကြင်နှလုံးမွေ့လျော်ဘွယ်ရှိသော တောကျောင်းတို့၌။ ဇနော၊ ကာမဂုဏ်ဖြင့် လိမ်ကျံသည်ဖြစ်၍ ကာမဂုဏ်ကို ရှာမှီလေ့ရှိသော သူသည်။ နရမတိ၊ မမွေ့လျော်။
ဝီတရာဂါ၊ ရာဂကင်းကုန်သော ရဟန္တာပုဂ္ဂိုလ်တို့သည်။ ရမိဿန္တိ၊ ထိုသို့သဘောရှိသော တောကျောင်းတို့၌ မွေ့လျော်ကုန်လတ္တံ့။ တေဝီတရာဂါ၊ ထိုရာဂကင်းကုန်သော ရဟန္တာတို့သည်။ ကာမဂဝေသိနော၊ ကာဂုဏ်ကို ရှာမှီးလေ့ရှိကုန်သည်။ နဟောန္တိ၊ မဖြစ်ကုန်။
နိဓီနံဝါ၊ ထိုထိုသို့သော အရပ်၌ ဆောင်၍ ထားအပ်ကုန်သော ရွှေငွေစသည်တို့ဖြင့် ပြည့်ကုန်သော အိုးတို့၏။ ပဝတ္တာရံဣဝ၊ ထိုရွှေအိုးရှိရာအရပ်ကို ပြ၍ ဤရွှေအိုးကို ယူ၍ အသက်မွေးလောဟု ဆိုသကဲ့သို့။ ဧဝံတထာ၊ ထိုအတူ။ ဝဇ္ဇဒဿိနံ၊ နှစ်ပါးသော အပြစ်ကို ရှုလေ့ရှိကုန်သော။
မေဓာဝီမေဓာ ဝိနော၊ မိုဃ်းကြိုးစက်နှင့်တူသော ပညာရှိကုန်သော သူတို့သည်။ ယံဝါဒံ၊ အကြင်မလျောက်ပတ်သော အယူချော်သော အယူရှိသော သူကို။ နိဂ္ဂယှ၊ နှိပ်၍။ ပဿေ၊ မိမိအပြစ်ကို ရှုစေရာ၏။
တာဒိသံ၊ ထိုသို့သဘောရှိသော တရားသဖြင့် ဆုံးမလေ့ရှိသော။ ပဏ္ဍိတံ၊ ပညာရှိကို။ ဘဇေဘဇေယျ၊ ဆည်းကပ်ရာ၏။ တာဒိသံ၊ ထိုသို့သဘောရှိသော ပညာရှိကို။ ပဇမာနဿ၊ ဆည်းကပ်သော သူအား။ သေယျော၊ ကောင်းမြတ်သည်။ ဟောတိ၊ ဖြစ်၏။ ပါပိယော၊ အထူးသဖြင့် ယုတ်မာသည်။ နဟောတိ၊ မဖြစ်။
ဣတိ၊ ဤသို့။ ဩဝါဒေယျ၊ ဆုံးမပေရာ၏။ အနုဿသေယျ၊ နောင်အခါ အပြစ်ရှိသော အမှုကိုလည်း မပြုလေနှင့်ဟု အဘန်တလဲလဲဆုံးမရာ၏။ အသဗ္ဘာစ၊ အကုသိုလ်တရား ၏ ဖြစ်ကြောင်းမှလည်း။ နိဝါရယေ၊ မြင်ရာ၏။
သတံဟိသတံဧဝ၊ သူတော်ကောင်းတို့သည်သာလျှင်။ သော ပုဂ္ဂလော၊ ထိုဆိုခဲ့ပြီးသော ဂုဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို။ ပိယော၊ ချစ်အပ်သည်။ ဟောတိ၊ ဖြစ်၏။ အသတံ၊ သူတော် မဟုတ်သူယုတ်တို့သည်။ သော ပုဂ္ဂလော၊ ထိုဆိုခဲ့ပြီးသော ကျေးဇူးနှင့် ပြည့်စံဒသော ပုဂ္ဂိုလ်ကို။ အပ္ပိယော၊ မချစ်အပ်သည်။ ဟောတိ၊ ဖြစ်၏။
စက္ခုမာ၊ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော။ ဘဂဝါ၊ ဘုန်းတော်ခြေခံပါးနှင့် ပြည့်စုံတော်မူသော။ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ အညဿ၊ တပါးသော ဒိဃန စသော သူအား။ ဓမ္မံ၊ တရားကို။ ဒေသေသိ၊ ဟောတော်မူ၏။
ဘဂဝတော၊ မြတ်စွာဘုရားသည်။ ဓမ္မေ၊ တရားကို။ ဒေသိယာမာနမှိ၊ ဟောတော်မူအပ်သည်ရှိသော်။ သော၊ ထိုဒီဃနခသည်။ တံဓမ္မံ၊ ထိုတရားကို။ အတ္ထိကော၊ အလိုရှိသည်။ ဟုတွာ၊ ဖြစ်၍။ သောတံ ဩဒေတိ၊ ထိုတရားကို ရိုသေစွာနာ၏။
မေမမ၊ ငါ၏။ တံဓမ္မံ သဝနံ၊ ထိုတရားတော်ကိုနာခြင်းသည်။ အမှိ၊ ဖြစ်၏။ အမောဃံ၊ အချည်းနှီးမရှိ။ တဿ ဓမ္မဿ၊ ထိုတရားကို။ သဝနတော၊ နာရသောကြောင့်။ ဝိမုတ္တော၊ ကိလေသာမှ လွတ်သည်။ အနာသဝေါ၊ လေးပါးသော အာသဝေါမှ ကင်းသည်။ အမှိ၊ ဖြစ်၏။
မေမယာ၊ ငါသည်။ ပုဗ္ဗေနိဝါသာယ၊ မိမိသူတပါးတို့၏ ရှေး၌ နေဘူးသော ခန္ဓာအစဉ်ကို သိသော ပုဗ္ဗေနိဝွသာနုဿတိ အဘိညာဉ် အကျိုးငှါ။ နေဝဝိဇ္ဇတိ၊ စိတ်၏တောင့်တခြင်းမရှိ။ ဒိဗ္ဗဿ စက္ခုနော၊ ဒိဗ္ဗစက္ခု အဘိညာဉ် အကျိုးငှါ။ နဝိနဝိဇ္ဇတိ၊ တောင့်တခြင်းမရှိ။
စုတိယ ဥပပတ္တိယာ၊ စုတိပဋိသန္ဓေ၏ ။ သမီပံ၊ အနီးကို။ ပဿန္တာယ၊ မြင်တတ်သော။ စေတောပရိယာယ ဣဒ္ဓိယာ၊ စေတောပရိယ အဘိညာဉ် အကျိုးငှါ။
ပဏိဓိ၊ တောင့်တခြင်းသည်။ နဝိဇ္ဇတိ၊ မရှိ။ သောတဓါတု ဝိသုဒ္ဓိယာ၊ ဒိဗ္ဗာသောတ အဘိညာဉ်အကျိုးငှါ။ မေ၊ ငါအား။ ပဏိဓိ၊ တောင့်တခြင်းသည်။ နဝိဇ္ဇတိ၊ မရှိ။
ရုက္ခမူလံဝ ရူက္ခမူလံဧဝ၊ သစ်ပင်ရင်းကို သာလျှင်။ နိဿာယ၊ မှီ၍။ မုဏ္ဍော၊ ဦးပြည်းသော ။ သံဃာဋိပါရုတော န၊ ကုတ်ကိုရုံသော။
ပညာယ၊ ပညာဖြင့်။ ဥတ္တမော၊ မြတ်သော။ ဥပတိဿော၊ ဥပတိဿအမည်ရှိသော။ ထေရော၊ မထေရ်သည်။ ဈာယတိ၊ ဖလသမာပတ်ကိုဝင်စား၏။
အဝိတက္ကံ၊ ဝိတက်ကင်းသော စတုတ္ထဈာန်သမာပတ်ကို။ သမာပန္နော၊ ဝင်စားသော။ သမ္မသမ္ဗဒ္ဓသာဝကော၊ ဘုရားတပည့်သားဖြစ်သော ဥပတိဿထေရ်သည်။
တာဝဒေ၊ ထိုဘီဘူးသည် ဥက္ခေါင်းကို ရိုက်သော ခဏ၌။ အရိယေန၊ ဝိတက်ကင်းသော စတုတ္ထဈာန် ဖလသမာပတ်ကို ဝင်စားသော အားဖြင့် မြတ်သော။ တုဏှိဘာနေဝ၊ ဆိတ်ဆိတ်နေသော အဖြစ်ဖြင့်။ ဥပေတော၊ ပြည့်စုံသည်။ ဟောတိ၊ ဖြစ်၏။
ယထာ၊ ဥပမာအဘယ်ကဲံသို့ နည်းဟူမူကား။ သေလော၊ ကျောက်အတိပြီးသော။ ပဗ္ဗတာ၊ တောင်သည်။ သုသဝါတေဟိ၊ ပြင်းစွာသော လေတို့ဖြင့် ။ အစလော၊ မတုန်လှုပ်သည်ဖြစ်၍။ သုပတိဋ္ဌိတောယထာ၊ ကောင်းစွာတည်သကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။ မောဟက္ခယော၊ မောဟကုန်ပြီးသော။ သောဘိက္ခု၊ ထိုရဟန်းသည်။ ပဗ္ဗတော၊ ကျောက်အတိပြီးသော တောင်သည်။ နဝေဓတိဣဝ၊ ပြင်းစွာသော လေတို့ဖြင့် မတုန်လှုပ်သကဲ့သို့။ နဝေဓတိ၊ မတုန်လှုပ်။
အနင်္ဂနဿ၊ အပါယ်သို့လားကြောင်းဖြစ်သော ရာဂစသော ကိလေသာမှ ကင်းပြီးထသော။ နိစ္စံ၊ အမြဲ။ သုစိံ၊ ကိုယ်နှုတ် ဖြင့်စင်ကြယ်သန့်ရှင်းသော တရားကို။ ဂဝေသိနော၊ ရှာမှီးလေ့ရှိသော။ ပေါသဿ၊ သူတော်ကောင်းဖြစ်သော ယောင်္ကျားအား။
ပါပဿ၊ မကောင်းမှုမှ။ ပါဠဂ္ဂမတ္တမ္ပိ၊ သားမြီးဖျားမျှသည်လည်း။ လဂ္ဂံ၊ ငြိတွယ်ခြင်းသည်။ နတ္ထိ၊ မရှိိ။ အဗ္ဘမတ္တံဝ၊ အလုံးစုံသော လောကဓာတ်ကို နှံ၍ တည်သော တိမ်တိုက်မျှသည်သာလျှင်။ ဟုတွာ၊ ဖြစ်၍။ ခါယတိ၊ ထင်၏။
ယထာကိံ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ သန္တရဗာဟိရံ၊ အတွင်းအပ နှစ်ပါး၌ ဖြစ်သော။ ဂုတ္တံ၊ လူတို့ဖြင့် စောင့်ရှောက် လုံစေအပ်သော။ ပစ္စန္တံ၊ အခြား မရှိခိုင်ခန့်စွာသော ပြအိုးကျုံးစသည်တို့ဖြင့် မြဲမြံစွာ ပြုအပ်သော။ နဂရံ၊ မြို့ကို။ ပစ္စတ္ထိကေဟိ၊ ရန်သူတို့သည်။ အပဝိဋ္ဌံဝိယ၊ မဝင်နိုင်သကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။ အတ္တာနံ၊ မိမိကိုယ်ကို။ ဂေါပေထ၊ လုံခြုံစွာစောင့်ရှောက်ကုန်ရာ၏။ ခဏော၊ ဗုဒ္ဓုပ္ပါဒနဝမခဏသည်။ မာဥပဇ္ဈမာအတိက္ကမိ၊ မလွန်စေသတည်း။ ဟိသစ္စံ၊ မှန်၏။
ခဏာတီတာ၊ ဗုဒ္ဓုပ္ပါဒနဝမ ခဏစတုစက္က သမ္ပတ္တိခဏကိုလွန်ကုန်သော သူတို့သည်။ နိရယမှိ၊ ငရဲ၌။ သမပ္ပိတာ၊ ဆင်းရဲကို ခံရကုန်သည်ဖြစ်၍။ သောစန္တိ၊ စိုးရိမ်ရကုန်၏။
ဥပသန္တော၊ ငြိမ်သက်သော ဣန္ဒြေရှိထသော။ ဥပရတော၊ ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်သဖြင့် မွေ့လျော်ခြင်း ရှိထသော။ မန္တဘာဏီ၊ သာယာသော စကားကိုဆိုတတ်ထသော။ အနုဒ္ဓတော၊ ပျံ့လွင့်ခြင်းမရှိထသော။
သောဘိက္ခု၊ ထိုရဟန်းသည်။ ဒုမပတ္တံ၊ သစ်ရွက်ကို။ မာလုတော၊ လေသည်။ ဓုနာတိဣဝ၊ ဖျက််ဆီးသကဲံသို့။ ပါပကေ၊ ယုတ်မာကုန်သော။ ဓမ္မေ၊ အကုသိုလ်တရားတို့ကို။ ဓုနာတိ၊ ဖျက်ဆီး၏။
ဥပသန္တော၊ ငြိမ်သက်သော ဣန္ဒြေရှိထသော။ ဥပရတော၊ ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်သဖြင့် မွေ့လျော်ခြင်း ရှိထသော။ အန္တဘာဏီ၊ သာယာသော စကားကို ဆိုတတ်ထသော။ အနုဒ္ဓတော၊ ပျံ့လွင့်ခြင်း မရှိထသော။
သောဘိက္ခု၊ ထိုရဟန်းသည်။ ဒုမပတ္တံ၊ သစ်ရွက်ကို။ မာလုတော၊ လေသည်။ ဓုနာတိဣဝ၊ ဖျက်ဆီးသကဲ့သို့။ ပါပကေ၊ ယုတ်မာကုန်သော။ ဓမ္မေ၊ အကိုသိုလ်တရားတို့ကို။ အပ္ပါသိပါဟာသိ၊ ပယ်ပြီ။
ဥပသန္တော၊ ငြိမ်သက်သော ဣန္ဒြေရှိထသော။ အနာယာသော၊ ကိလေသာဟူသော ဆင်းရဲမှ ကင်းထသော။ ဝိပ္ပသန္နမနာဝိလော၊ ကောင်းစွာကြည်သော စိတ်မနောက်ကျသော စိတ်လည်းရှိထသော။
ကလျာဏသီလော၊ ကောင်းသော အကျင့်သီလလည်းရှိထသော။ မေဓာဝီ၊ ပညာရှိသည်။ ဒုက္ခဿ၊ ဝဋ်ဆင်းရဲ၏။ အန္တကရော၊ အဆုံးကို ပြုသည်။ သိယာ၊ ဖြစ်၏။
ဧကတိယေသု၊ အချို့ကုန်သော မတည်တံ့သော သဘောရှိကုန်သော ပုထုဇဉ်တို့၌။ နဝိသာသေ၊ မယုံကြည်ရာ။ တုမှေ၊ သင်တို့သည်။ ဒေဝဒတ္တော၊ ဒေဝဒတ်သည်။ သမ္မပဋိပန္နော၊ ကောင်းသော အကျင့်ရှိ၏ဟု။ ဝိသာသံ၊ အကြွမ်းဝင်ခြင်းသို့။ အာပဇ္ဇိတ္ထယထာ၊ ရောက်ကုန်သကဲ့သို့။ ဧဝံတထာ၊ ထိုအတူ။ အဂါရိသု၊ အိမ်ရာထောင်သော လူတို့၌လည်းကောင်း။ ပဗ္ဗဇိတေသုစာပိ၊ ရဟန်းတို့၌လည်းကောင်း။
သာဓု၊ သူတော်ကောင်းသည်။ ဟုတွာန၊ ဖြစ်ပြီး၍။ အသာဓု၊ သူတော်မဟုတ်သူယုတ်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်သေး၏။ အသာဓု၊ သူတော်မဟုတ် သူယုတ်သည်။ ဟုတွာ၊ ဖြစ်ပြီး၍။ ပုန၊ တဘန်။ သာဓု၊ သူတော်ကောင်းတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ယေသံ၊ အကြင်သူတို့အား။ အာပစ္ဆန္ဒေါစ၊ ကာမဂုဏ်ငါးပါး၌ ပျင်းစွာ တပ်သော ရာဂသည်လည်းကောင်း။ ဗျာပါဒေါစ၊ စီးပွါးချမ်းသာကို ဖျက်ဆီးခြင်းဟူသော ဒေါသသည်လည်းကောင်း။ ထိနမိဒ္ဓဉ္စ၊ နာမက္ခန္ဓာ လေးပါး၏ မခန့်ခြင်း လက္ခဏာရှိသော ထိနမိဒ္ဓသည်လည်းကောင်း။
ဥဒ္ဓစ္စဉ္စ၊ စိတ်၏ မငြိမ်သက်ခြင်း လက္ခဏာရှိသော ဥဒ္ဓစ္စသည်လည်းကောင်း။ ဝိစိကိစ္ဆာစ၊ အာရုံကိုမဆုံးဖြတ်နိုင်ခြင်းလက္ခဏာရျိသော ဝိစိကိစ္ဆာ သည်လည်း။ သန္တိ၊ ရှိကုန်၏။ ပဉ္စ၊ ငါးပါးကုန်သော။ ဧတေဓမ္မာ၊ ထိုတရားတို့သည်။ ဘိက္ခုနော၊ ရဟန်း၏။ စိတ္တကေလိသာ၊ စိတ်ကိုညစ်ညူးစေတတ်ကုန်၏။
သက္ကရိယမာနဿ၊ အရိုအသေအလေးအမြတ်ပြုခြင်းဖြင့်လည်းကောင်း။ အသက္ကာရေန၊ အရိုအသေမပြုခြင်းဖြင့် လည်းကောင်း။ ဧတံဥဘယံ ဧတေတိဥဘယေဟိ၊ ဤပူဇော်ခြင်း မပူဇော်ခြင်း နှစ်ပါးတို့ကြောင့်။ အပ္ပမာဒဝိဟာရိနော၊ သတိပညာအဆင်အခြင်ဖြင့် မမေ့မလျော့နေလေ့ရှိသော။ ယဿဘိက္ခုနော၊ အကြင်ရဟန်းအား။ သမာဓတိ၊ သမာဓိသည်။ နဝိကမ္မတိနဝိနာသေတိ၊ မပျက်စီး
သောသမာဓိ၊ ထိုသမာဓိသည်။ သာတတိကံ၊ အမြံ။ ဈာယီနံ၊ ဈာန်ဝင်စားလေ့ရှိကုန်သော သူတို့အား။ သုခုမဒိဋ္ဌိ၊ သိမ်မွေ့သော ဈာန်၌ဖြစ်သော မိစ္ဆာအယူသည်။ ဝိပဿကံဝိပဿကဿ၊ အနိစ္စအစရှိသော အပြားဖြင့် ရှုသော သူအား ။ ဝိဂတော၊ ကင်း၏။
သော၊ ထိုမိစ္ဆာ အယူမှ ကင်းသော သူသည်။ ဥပါဒါနက္ခယေ၊ ဥပါဒါန် တရားတို့၏ ကုန်ရာဖြစ်သော အရဟတ္ထဖိုလ်နိဗ္ဗာန်၌။ အာရာမံ၊ အာရုံပြုသော အားဖြင့် မွေ့လျော်ခြင်းရှိသည်။ ဟောတိ၊ ဖြစ်၏။ ဧဝရုပေါ၊ ဤသို့ သဘောရှိသော ပုဂ္ဂိုလ်ကို။ သပ္ပုရိသောတိ၊ သူတော်ကောင်းဟူ၍။ အာဟု၊ ဘုရားအစရှိသော ပညာရှိတို့သည် ဆိုကုန်၏။
မဟာသမုဒ္ဓေါ၊ မဟာသမုဒ္ဒရာသည်။ အနိလောအစလာ၊ မတုန်လှုပ်သည်။ ဧသာတိယထာစ၊ ဖြစ်သကဲ့သို့လည်းကောင်း။ ပထဝီ၊ မြေကြီးသည်။ အနိလော အစလော၊ မတုန်လှုပ်သည်။ ဟောတိ ယထာစ၊ ဖြစ်သကဲ့သို့ လည်းကောင်း။ ပဗ္ဗတော၊ ကျောက်အတိပြီးသောတောင်သည်။ အနိလောအစလော၊ မတုန်လှု်သည်။ ဟောတိယထာာစ၊ ဖြစ်သကဲ့သို့လည်းကောင်း။
ဧဝံတထာ၊ ထိုအတူ။ သတ္ထု၊ မြတ်စွာဘုရား၏။? ဝရဝိမုတ္တိယာ၊ အရဟတ္တဖိုလ်ဟူသော ဝိမုတ္တိ၏။ တေမဟာသမုဒ္ဒါဒယော၊ ထိုမဟာသမုဒ္ဒရာ အစရှိသည်တို့သည်။ ဥပမာယ၊ ဥပမာအဖြစ်ဖြင့်။ နယုဇ္ဇန္တိ၊ တဆဲ့ခြောက်စိတ်တို့၏ တစိတ်ကိုမျှ မမှီကုန်။
စက္ကာနုဝတ္တကော၊ မြတ်စွာဘုရားသည် ဖြစ်စေလည််စေ အပ်သော တရားတည်းဟူသော စက်ရတနာသို့ အစဉ်လိုက်၍ ဖြစ်သော။ မဟာဉာဏိ၊ ကြီးမြတ်သော ပညာရှိသော။ သမာဟိတော၊ ဥပစာရ သမာဓိအပ္ပနာ သမာဓိ အနုတ္တရ သမာဓိဖြင့် တည်ကြည်ထသော။
ပတဝါပဂ္ဂိသမာနော၊ ဣဋ္ဌာရုံ အနိဋ္ဌာရုံတို့၏ ပေါင်းမိစုဝေးသော်လည်း ရွံရှာခြင်း ကင်းသဖြင့် မြေရေမီးနှင့်တူသော ဖြစ်ခြင်းရှိသော။ ထေရော၊ မထေရ်သည်။ နရဇ္ဇတိ၊ တပ်ခြင်းလည်းမရှိ။ နဒုဿတိ၊ ပြစ်များခြင်းလည်း မရှိ။
ပညာပါရမိတံ၊ သာဝက ပါရမီဉာဏ်၏ အထွတ်အထိပ်သို့။ ပတ္တော၊ ရောက်ပြီးထသော။ မဟာဗုဒ္ဓိ၊ မြတ်သော ကြီးသော ထူထဲသော ရွှင်သော လျင်သော ထက်သော ထိုးထွင်း၍ သိနိုင်သော သာဝက ဉာဏ်အဖြစ်သို့ ရောက်သဖြင့် ကြီးမြတ်သော ပညာနှင့် ပြည့်စုံထသော။ မဟာမုနိ၊ နည်းကိုယူစွမ်းနိုင်သော ကြီးသော ပညာနှင့် ပြည့်စုံထသော။
အဇဠော၊ သာဝကတို့ထက် ပညာအား ဖြင့်လွန်သောကြောင့် ပညာမနည်းသည်ဖြစ်လျက်။ ဇဠသမာနော၊ မသိသကဲ့သို့ ပြု၏ ပြသဖြင့် ပညာနည်းသော သူနှင့်တူသော ။ ထေရော၊ ဥပတိဿထေရ်သည်။ နိဗ္ဗုတော၊ ကိလေသာတို့၏ ငြိမ်းခြင်းသို့ ရောက်သည်ဖြစ်၍။ စရတိ ဝီဟရတိ၊ နေ၏။
မယာ၊ ငါသည်။ သတ္တာသတ္တေသု၊ သတ္တဝါတို့၌။ ပရိစိဏ္ဏော၊ မေတ္တာကို ပွါးစေသော အားဖြင့် အလေ့အလာ ပြုအပ်ပြီ။ (ပ)၊
အာဝုသော၊ ငါ့ရှင်တို့။ ဟန္ဒဣဒါနိ၊ ယခုအခါ၌။ သဗ္ဗဓိ၊ ခပ်သိမ်းသော ဥပဓိတို့မှ။ ဝိပ္ပမုတ္တော၊ လွတ်သည်။ အမှိ၊ ဖြစ်ပြီ။ အဟံ၊ ငါသည်။ ပရိနိဗ္ဗိဿံ၊ အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုအံ့။ တုမှေ၊ သင်တို့သည်။ အပ္ပမာဒေန၊ ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်းနှင့်။ သမ္ပာဒေထ၊ ပြည့်စုံစေကုန်လော။ ဧသာ၊ ဤသည်လျှင်။ မေ၊ ငါ၏။ အနုသာသနိ၊ အဘန်တလဲလဲ ဆုံးမသော စကားတည်း။
ဣတိ၊ ဤသို့။ သာရိပုတ္တော ထေရော၊ သာရိပုတ္တရာမထေရ်သည်။ ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော သုံးဆဲ့လေးဂါထာတို့ကို။ အဘာသိတ္ထ၊ ရွတ်ဆိုပြီ။ သာရိပုတ္တထေရသုံးဆဲ့လေးဂါထာ အနက်ပြီး၏။