Issues
Select Version
နိဿယ
မြန်မာဘာသာ
莊春江讀經站
繁体中文
元亨寺·CBETA
中文
Theragāthāpāḷi
Theragāthāpāḷi

6. Chakkanipāto

Author: နိဿယ @ IAPT

အာဝုသော၊ ငါ့ရှင်တို့။ အဟံ၊ ငါသည်။ ယသဿိနော၊ ဣတိပိသောဘဂဝါ အရဟံ အစရှိသည်ဖြင့် နတ်နှင့်တကွသော လူ၌ဟုတ်မှတ်သော အတိုင်းပြန့်နှံသော ကျော်စောခြင်းရှိတော်မူထသော။ ဂေါတမဿ၊ ဂါတမနွယ်ဖြစ်တော်မူသောဘုရားမြတ်စွာ၏။ ပါဋိဟိရာနိ၊ နဂါမင်းကို ဆုံးမခြင်းစသော သုံးထောင်ငါးရာသော တန်ခိုးပြာဋိဟာတို့ကို။ ဒိသွာန၊ မြင်ရသောကြော်င့။ ယာဝ၊ ကြင်မျှလောက်။ အရဟတ္တသမ္မာပန္နော၊ အရဟတ္တဖိုလ်သို့ရောက်သည်။ နဟောတိ၊ မဖြစ်သေး။
နတဇ္ဇေသိ၊ မခြိမ်းခြောက်သေး။ တာဝ၊ ထိုမျှလောက်။ အဟံ၊ ငါသည်။ ဣဿာ၊ ဤရဟန်းကြီး၏ တပြည့်အဖြစ်သို့ ရောက်ချေသော်ငါ့အား လတ်နည်းလတ္တံ့ရဟန်းကြီးလတ်များလတ်တံ့ဟု ငြူစူသောအားဖြင့်။ မာနေနစ၊ အမှူးအကြီးဟု လူတို့သမုတ်အပ်၏ ဤသို့ အစရှိသည်ဖြင့် ထောင်လွှားခြင်း လက္ခဏာရှိသော မာန်သည်။ ဝဉ္စိတော၊ လှည့်ပတ်အပ်သည်ဖြစ်၍။ ပဏိပါတံ၊ အရိုးအသေကိုးကွယ်ခြင်းကို။ နအကာသိ၊ မပြု။
မမ၊ ငါ၏။ သင်္ကပ္ပံ၊ မှားသော အကြံကို။ အညာယ၊ သိတော်မူ၍။ နရသာရသိ၊ လူနတ်တို့ကို ယဉ်ကျေးအောင်ဆုံးမတော်မူတတ်သော မြတ်သော ရထားထိန်းသဘွယ် ဖြစ်တော်မူသော မြတ်စွာဘုရားသည်။ စောဒေတိ၊ သင်ကား ရဟန္တာ မဟုတ်ဘဲလျက် ရဟန္တာဟု မိမိကိုယ်ကို အောက်မေ့၏ စသည်ဖြင့် ငါအားနှိပ်တော်မူ၏။
မမ၊ ငါ၏။ သက်ပ္ပံ၊ မှားသော အကြံကို။ အညာယ၊ သိတော်မူ၍။ နရသာရသိ၊ လူနတ်တို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော မြတ်သော ရထားထိန်းသဘွယ် ဖြစ်တော်မူသော မြတ်စွာဘုရားသည်။ စောဒေသိ၊ သင်ကား ရဟန္တာ မဟုတ်ဘဲလျက် ရဟန္တာဟု မိမိကိုယ်ကို အောက်မေ့၏ စသည်ဖြင့် ငါ့အားနှိပ်တော်မူ၏။ တတော၊ ထိုနောင်မှ။ မေ၊ ငါ့အား။ သံဝေဂါ၊ မဖြစ်ဖူးမြဲသော ထိန်လန့်ခြင်းသည်လည်းကောင်း။ အဗ္ဘုတော၊ မဖြစ်ဖူးမြဲသော။ လောမဟံသနော၊ ကြက်သီးမွှေးညှင်းထခြင်းသည်လည်းကောင်း။ အာသိ၊ ဖြစ်လတ်၏။
ပုဗ္ဗေ၊ ရှေးအခါ၌။ ဇဋိလဘူတဿ၊ ရသေ့ဖြစ်သော။ မေမမ၊ ငါ့အား။ သိန္ဓိ၊ လာဘ်ပူဇော်သကာ၏ ပြည့်စုံခြင်းသည်။ ပရိတ္တိကာ၊ ပြီးစေအပ်၏။
တံ၊ ထိုလာဘ်ပူဇော်သကာပြီးခြင်းကို။ အဟံ၊ ငါသည်။ တဒါ၊ ထိုဘုရားမြတ်စွာအပြစ်တင်တော်မူသော အားဖြင့် ထိတ်လန့်ခြင်းဖြစ်သော ကာလ၌။ နိရံကတွာ၊ ပယ်စွန့်၍။ ဇိနသာသနေ၊ မြတ်စွာဘုရားသာသနာ၌။ ပဗ္ဗဇိံ၊ ရဟန်းပြုပြီ။
ပုဗ္ဗေ၊ ရှေးရသေ့ဖြစ်သောအခါ၌။ ကာမဓာတုံပုရက္ခတော၊ ကာမသုဂတိခုနစ် ဘုံကို အကြောင်းပြု၍ ဖြစ်သော တဏှဖြင့် ယစ်ပူဇော်သောလူအပေါင်းသည် ကာမလောကကို ပြည့်စေလျက်တည်သည်ဖြစ်၍။ ယညေန၊ ယစ်ပူဇော်သောကြောင့် နတ်ပြည်ချမ်းသာကို ခံစားရလတ္တံ့ဟူသော အကျိုးသည်ဖြစ်ပြီးငှါ စွမ်းနိုင်စွဟု ဖြစ်သော ယစ်၏ ပူဇော်ခြင်းဖြင့်။ သန္တုဋ္ဌော၊ ပြီးသော ကိစ္စရှိ၏ ဟုမှာတ်သော အားဖြင့် နှစ်သက်ခြင်းသည်။ အဟောသိ၊ ဖြစ်၏။
ပစ္ဆာ၊ ရသေ့ရဟန်း ပြုသည်မှ နောက်ဘုရား အဆုံးအမဖြင့်ရသေ့တို့၏ အယူကို ပယ်၍ စတုသစ္စာကမ္မဋ္ဌာန်းကို အားထုတ်သော ကာလ၌။ ရာဂဉ္စ၊ ရာဂကိုလည်းကောင်း။ ဒေါသဉ္စ၊ ဒေါသကိုလည်းကောင်း။ မောဟဉ္စာပိ၊ မောဟကိုလည်းကောင်း။ သမူဟနိ၊ မဂ်ဖြင့် အကြွင်းမဲ့ဖြတ်ပြီ။
ပုဗ္ဗေနိဝါသံ၊ ရှေး၌ နေဘူးသော ခန္ဓာအစဉ်ကို။ ဇာနာမိ၊ သိ၏။ ဒိဗ္ဗစက္ခုံ၊ ဒိဗ္ဗစက္ခု အဘိညာဉ်ကို။ ဝိသောဓိတံ၊ သုတ်သင်အပ်ပြီ။
ဣဒ္ဓိမာ၊ ဣဒ္ဓိဝိဓ အဘိညာဉ်နှင့်ပြည့်စုံသည်။ ပရစိတ္တညူ၊ သူတပါးစိတ်ကို ပိုင်းခြား၍ သိနိုင်စွမ်းသော စတောပရိယ အဘိညာဉ်နှင့် ပြည့်စုံသည်။ အသိ၊ ဖြစ်ပြီ။ ဒိဗ္ဗသောတဉ္စ၊ ဒိဗ္ဗသောတ အဘိညာဉ် သို့လည်း။ ပါပုဏိံ၊ ရောက်ပြီ။
ယဿ၊ အကြင်အရဟတ္တဖိုလ်၏။ အတ္ထာယ၊ အကျိုးငှါ။ အဂါရသ္မာ၊ အိမ်ရာထောင်သော လူ၏ဘောင်မှ။ အနဂါရိယံ၊ အိမ်ရာမထောင်သော ရဟန်း၏ဘောင်၌။ ပဗ္ဗဇိတော၊ ရဟန်းပြုသည်။ အမှိ၊ ဖြစ်၏။
မေမယာ၊ ငါသည်။ သောအတ္ထော၊ ထိုအရဟတ္တဖိုလ်နိဗ္ဗာန်ဟူသော အကျိုးကို။ အနုပ္ပတ္တော၊ ရပြီ။ သဗ္ဗသံယောဇနက္ခယော၊ အလုံးစုံသော သံယောဇည်တို့၏ ကုန်ခြင်းကိုလည်း။ အနုပ္ပတ္တော၊ ရောက်ပြီ။
ဣတိ၊ ဤသို့။ ဥရုဝေလကဿပေါထေရော၊ ဥရုဝေလကဿပထေရ်သည်။ ဣမာဆဂါထာ၊ ဤခြောက်ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဥရုဝေလကဿပထေရဂါထာ အနက်ပြီး၏။
ဘောပဗ္ဗဇိတ၊ အိုရဟန်း။ ခလာခလာတော၊ တလင်းမှ။ အတိဟိတာဝီဟိ၊ ကျီးသို့ဆောင်၍ ထားအပ်၏။ ခလဂတာ၊ တလင်းပြုရာ အရပ်၌ တည်သော။ သာလိ၊ သလေးသည်။ ဋ္ဌိတာ၊ ကျီ၌တည်၏။
ဧဝံ၊ ဤသို့။ သုလဘဓညေ၊ ရလွယ်သော စပါးရှိသော။ သုဘိက္ခာကာလေ၊ ဝပြောသော အခါ၌။ အဟံ၊ ငါသည်။ ပိဏ္ဍိ၊ ဆွမ်းမျှကို။ နာလဘေနလဘာမိ၊ မရ။ ဣဒါနိ၊ ယခုအခါ၌။ အဟံ၊ ငါသည်။ ကထံ၊ အသို့။ ကဿံ၊ အသက်ရှည်ခြင်းကို ပြုရပါအံ့နည်း။
ဣတိ၊ ဤသို့။ မာရော၊ မာရ်မင်းသည်။ ပရိဟသကေဠိံ၊ ပျက်ရည်မှု စကားကို။ အာဟ၊ ဆို၏။ တံဝစနံ၊ ထိုမာရ်မင်းက ပျက်ရယမှု ပြုသော စကားကို။ သုတွာ၊ ကြား၍။ ထေရော၊ တေကိစ္ဆကာရိထေရ်သည်။ အဟံ၊ ငါကား။ အပ္ပမေယျံ၊ မနှိုင်းယှဉ်အပ်သော အရဟံ အစရှိသော ကျေးဇူးနှင့် ပြည့်စုံတော်မူသော။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ ပသန္နော၊ သက်ဝင်ကြည်ညိုခြင်း လက္ခဏာ ရှိသော သဒ္ဓါဖြင့် ကြည်ညိုသော စိတ်ရှိသည်။ ဟုတွာ၊ ဖြစ်၍။ အနုဿရံ အနုဿရန္တော၊ ဣတိပိသော ဘဂဝါအရဟံ အစရှိသည်ဖြင့် အဘန်တလဲလဲ အောက်မေ့သည်ဖြစ်၍။
ပီတိယာစ၊ အဘန်တလဲလဲ ဘုရားလျှင် အာရုံရှိသော နှစ်သက်ခြင်းဖြင့်။ ဖုဋသရိရော၊ နှံ့သော ကိုယ်ရှိသည်။ အဟောသိ၊ ဖြစ်၏။ သတတံ၊ အခါခပ်သိမ်း။ ဥဒဂ္ဂေါ၊ ကိုယ်ကို အထက်သို့ ထက်သည်ကို ပြု၍ ကောင်းကင်သို့ ပျံခြင်းငှါ စွမ်းနိုင်သည်။ အဟောသိံ၊ ဖြစ်၏။
အပ္ပမေယျံ၊ မနှိုင်းယှဉ်အပ်သော ကျေးဇူးနှင့် ပြည့်စုံသော။ ဓမ္မံ၊ တရားတော်ကို။ ပသန္နော၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်ဇ၍။ အနုဿရံအနုဿရန္တော၊ သွာက္ခာတတာ စသည်ဖြင့် အဘန်တလဲလဲ အောက်မေ့လျက်။
ပီတိယာစ၊ အဘန်တလဲလဲ ဖြစ်သောတရားလျှင် အာရုံရှိသောနှစ်သက်ခြင်းဖြင့်လည်း။ ဖုဋ္ဌသရိရော၊ နှုံသော ကိုယ်ရှိသည်။ အဟောတိ၊ ဖြစ်၏။ သတတံ၊ အခါခပ်သိမ်း။ ဥဒဂ္ဂေါ၊ ကိုယ်၏တက်ခြင်းကို ပြု၍ကောင်းကင်သို့ ပျံခြင်းငှါ စွမ်းနိုင်သည်လည်း။ အဟောသိံ၊ ဖြစ်၏။
အပ္ပမေယျံ၊ သုပ္ပဋိပန္နတာ စသည်ဖြင့် မနှိုင်းယှဉ်အပ်သော ကျေးဇူးရှိသော။ သံဃံ၊ သံဃာတော်ကို။ ပသန္နော၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။ အနုဿရံအနုဿရန္တော၊ သုပ္ပဋိပန္နော စသည်ဖြင့် အဘန်တလဲလဲအောက်မေ့လျက် ။
ပီတိယာစ၊ အဘန်တလဲလဲ ဖြစ်သော သင်္ဃာလျှင် အာရုံရှိသော နှစ်သက်ခြင်းဖြင့်လည်း။ ဖုဋသရိရော၊ နှုံ့သော ကိုယ်ရှိသော။ အဟောသိံ၊ ဖြစ်၏။ သတတံ၊ အခါခပ်သိမ်း။ ဥဒဂ္ဂေါ၊ ကိုယ်၏ တက်ခြင်းကို ပြု၍ ကောင်းကင်သို့ ပျံခြင်းငှါ စွမ်းနိုင်သည်လည်း။ အဟောသိံ၊ ဖြစ်၏။
ဘိက္ခု၊ ရဟန်း။ တွံ၊ သင်သည်။ အဗ္ဘောကာသေ၊ အမိုးမရှိဟင်းလင်းသော အပြင်၌။ ဝိဟရသိ၊ နေဘိ၏။ ဟေမန္တိကာ၊ ဆီးနှင်းကျသော အခါ ဖြစ်ကုန်သော။ ဣမာသိတာ၊ ဤနေရာ၌ အကျွမ်းဝင်သော အချမ်းဖြင့် အလွန်ချမ်းခြင်းရှိကုန်သော။ ရတ္တိယော၊ ညဉ့်တို့သည်။ ယသ္မာ၊ အကြင်ကြောင့်။ ဝတ္တန္တိ၊ ဖြစ်ကုန်၏။
သီတေန၊ အချမ်းဖြင့်။ ပရေတော၊ နှိပ်စက်သည်ဖြစ်၍။ မာဝိဟညိတ္ထော မာကိလမိ၊ ပင်ပန်းခြင်းသို့ မရောက်စေလင့်။ ဖုသိတဂ္ဂဠံ၊ ပိတ်အပ်သော တံခါးရွက်လည်းရှိသော။ ဝိဟာရံ၊ ကျောင်းကို။ တွံ၊ သင်သည်။ ပဝိသ၊ ဝင်၍နေသော။ ဧဝံ၊ ဤသို့ နေသည်ရှိသော် ။ တေ၊ သင်ရဟန်းအား။ သုခဝိဟာရော၊ ချမ်းသာစွာနေရခြင်းသည်။ ဘဝိဿတိ၊ ဖြစ်ရလတ္တံ့။ ဣတိ၊ ဤသို့။ မာရော၊ မာရ်သည်။ အာဟ၊ ဆို၏။
မာရ၊ မာရ်မင်း။ အဟံ၊ ငါသည်။ စတဿောအပ္ပမညာယော၊ အတိုင်းမသိသော သတ္တဝါလျှင်အာရုံရှိသောကြောင့် အပ္ပမညာဟု ရအပ်သော အမည်ရှိသော လေးပါးသော ဗြဟ္မဝိဟာရတို့ကို။ ဖုသိဿံ၊ ရံခါရံခါ ဝင်စားအံ့။ တာဟိစ၊ ထိုဗြဟ္မဝိဟာရတရားလေးပါးတို့ဖြင့်လည်း။ သုခိတော၊ ကိုယ်၌ နှံ့စေသောအားဖြင့် ချမ်းသာခြင်းရှိသည်။ ဟုတွာ၊ ဖြစ်၍။ ဝိဟရိဿံ၊ နေအံ့။
အဟံ၊ ငါသည်။ သီတေန၊ အန္တရဋ္ဌကဟုဆိုအပ်သော ဆီးနှင်းကျသော အခါ၌ဖြစ်သော အအေးဖြင့်။ နဝိတညိဿံ၊ အဘယ်မှာ ပင်ပန်းစွာ နေပါအံ့နည်း။ တသ္မာ၊ ထိုကြောင့်။ အနိဉ္ဇိတော၊ စိတ်၏ တုန်လှုပ်ခြင်းကို ပြုတတ်သော ဗျာပါဒ အစရှိသော တရားတို့ကို ပယ်သောအားဖြင့် တုန်လှုပ်ခြင်းကင်းသည်ဖြစ်၍။ ဝိဟရန္တော၊ သမာပတ်ချမ်းသာဖြင့်နေသော ငါသည်။ ကေန၊ အဘယ်ကြောင့်။ နဝိဟညိဿံ၊ ပင်ပန်းခြင်းသို့ရောက်ပါတော့အံ့နည်း။
ဣတိ၊ ဤသို့။ တေကိစ္ဆကာရိထေရော၊ တေကိစ္ဆကာရီထေရ်သည်။ အဘာသိတ္ထ၊ ဆိုပြီ။ တေကိစ္ဆကာရိထေရ ဂါထာ အနက်ပြီး၏။
ယဿဘိက္ခုနော၊ အကြင်ရဟန်းအား။ သဗြဟ္မစာရီသု၊ တူသော သီလရှိသော တရားကို ကျင့်ကုန်သော သီတင်းသုံးတော်တို့၌။ ဂါရဝေါ၊ သီလစသော ဂုဏ်ကြောင့် အလေးအမြတ် ပြုခြင်းသည်။ နုပလဗ္ဘတိနဝိဇ္ဇတိ၊ မရှိ။
တဿ၊ ထိုရဟန်းအား။ အပ္ပေါဒကေ၊ ရေမှကင်းသော အရပ်၌။ မစ္ဆော၊ ငါးသည်။ ပရိဟာယတိယထာ၊ ယုတ်သကဲ့သို့။ တထာ၊ ထိုအတူ။ သဒ္ဓမ္မာ၊ သူတော်ကောင်တရားမှ။ ပရိဟာယတိ၊ ယုတ်၏။
ယဿ၊ အကြင်ရဟန်းအား။ သဗြဟ္မစာရီသု၊ တူသော သီလစသော တရားကို ကျင့်ကုန်သော သီတင်းသုံးတော်တို့၌။ ဂါရဝေါ၊ သီလစသော ဂုဏ်ကြောင့် အလေးအမြတ်ပြုခြင်းသည်။ နုလဗ္ဘတိန ဝိဇ္ဇတိ၊ မရှိ။
အဿ၊ ထိုရဟန်းအား။ ခေတ္တေ၊ လယ်၌။ ဗီဇံ၊ ကြဲအပ်သော မျိုးစေ့သည်။ ပူတိကံ၊ ပုပ်ခြင်းသို့ ရောက်သည်ရှိသော်။ နဝိရူဟတိယထာ၊ အပင်အရွက်အသီး စသည်တို့၏ စည်းပင်ခြင်းသို့မရောက်သကဲ့သို့။ တထာ၊ ထိုအတူ။ သဒ္ဓမ္မေ၊ သူတော်ကောင်းတရားဟုဆိုအပ်သော ပရိယတ္တိပဋိယတ္တိတရား၌။ နဝိရူယတိ၊ သမထဝိပဿနာ မဂ်ဖိုလ်နိဗ္ဗာန်ဟု ဆိုအပ်သော အပင်အရွက်အသီးတို့၏ စည်ပင်ခြင်းသို့ မရောက်နိုင်။
ယဿ၊ အကြင်ရဟန်းအား။ သဗြဟ္မစာရီသု၊ တူသော သီလစသောတရားကို ကျင့်ကုန်သော သီတင်းသုံးတော်တို့၌။ ဂါရဝေါ၊ သီလစသော ဂုဏ်ကြောင့်အလေးအမြတ် ပြုခြင်းသည်။ နုပလဗ္ဘတိနဝိဇ္ဇတိ၊ မရှိ။
တဿ၊ ထိုရဟန်းအား။ ဓမ္မရာဇဿ၊ တရားမင်းဘုရား၏။ သာသနေ၊ သာသနာတော်၌။ နိဗ္ဗာနာ၊ နိဗ္ဗာန်တရားမှ။ အာရကာ၊ ဝေးသည်။ ဟောတိ၊ ဖြစ်၏။
ယဿ၊ အကြင်ရဟန်းအား။ သဗြဟ္မစာရီသု၊ တူသော သီလရှိသော တရားကို ကျင့်ကုန်သော သီတင်းသုံးတော်တို့၌။ ဂါရဝေါ၊ သီလစသော အကြောင်းကြောင့် အရိုအသေ ပြုခြင်းသည်။ ဥပလဗ္ဘတိဝိဇ္ဇတိ၊ ရှိ၏။
တဿ၊ ထိုရဟန်းအား။ မဟောဒေကေ၊ များသော ရေရှိသော အရပ်၌။ မစ္ဆော၊ ငါးသည်။ နဝိဟာယတိယထာ၊ အသက်ရှည်ခြင်းစသည်မှ မယုတ်သကဲ့သို့။ သဒ္ဓမ္မာ၊ သူတော်ကောင်းတရားဟု ဆိုအပ်သော ပရိယတ္တိ ပဋိပတ္တိ ပဋိဝေဒသဒ္ဓမ္မ၌။ နဝိဟာယတိ၊ မယုတ်။
ယဿ၊ အကြင်ရဟန်းအား။ သဗြဟ္မစာရီသု၊ တူသော သီလစသော တရားကိုကျင့်ကုန်သော သီတင်းသုံးတော်တို့၌။ ဂါရဝေါ၊ သီလစသောအကြောင်းကြောင့် ရိုသေခြင်းသည်။ ဥပလဗ္ဘတိဝိဇ္ဇတိ၊ ရှိ၏။
တဿ၊ ထိုရဟန်းအား။ ခေတ္တေ၊ လယ်၌။ ဘဒ္ဒကံ၊ ကောင်းစွာလှမ်း၍ ကောင်းစွာ သွေ့သဖြင့် ကောင်းသော။ ဗီဇံ၊ မျိုးစေ့သည်။ ဝိရူဟတိယထ၊ ကောင်းစွာလာသဖြင့် အပင်အရွက် အသီးတို့၏ စည်ပင်ခြင်းသို့ ရောက်သကဲ့သို့။ တထာ၊ ထိုအတူ။ သဒ္ဓမ္မေ၊ ပရိယတ္တိပဋိပတ္တိဟု ဆိုအပ်သော သူတော်ကောင်းတရား၌။ ဝိရူဟတိ၊ သမထဝိပဿနာ မဂ်ဖိုလ်နိဗ္ဗာန်ဟူသော အရွက်အပွင်းအသီးတို့၏ စည်ပင်ခြင်းသို့ ရောက်၏။
ယဿ၊ အကြင်ရဟန်းအား။ သဗြဟ္မစာရီသု၊ တူသော သီလစသော တရားကို ကျင့်ကုန်သော သီတင်းသုံးတော်တို့၌။ ဂါရဝေါ၊ သီလစသော အကြောင်းကြောင့် ရိုသေခြင်းသည်။ ဥပလဗ္ဘတိဝိဇ္ဇတိ၊ ရှိ၏။
တဿ၊ ထိုရဟန်းအား။ ဓမ္မရာဇဿ၊ တရားမင်းဘုရား၏။ သာသနေ၊ အဆုံးအမဖြစ်သော သာသနာတော်၌။ နိဗ္ဗာနံ နိဗ္ဗာနဿ၊ နိဗ္ဗာန်၏။ သန္တိကေ၊ အနီးဖြစ်သော မဂ်ဖိုလ်ဟူသော တရား၌။ ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။ မဟာဂါနော ထေရော၊ မဟာနာဂ ထေရ်သည်။ ဣမာဆဂါထာ၊ ဤခြောက်ပါးသော ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ မဟာနာဂထေရဂါထာ အနက်ပြီး၏။
ကုလ္လော၊ ကုလ္လရဟန်း။ သီတထိကံ၊ သင်္ချိုင်းကို။ ဂန္တွာ၊ သွား၍။ ဥဇ္ဈိတံ၊ စွန့်အပ်သော။ ဣတ္ထိံ၊ ပြည့်တန်ဆာ မိန်းမ အသေကောင်ကို။ အဒ္ဒသံ၊ မြင်ရ၏။
သုသာနသ္မိံ၊ သုသာန်၌။ အပဝိဋ္ဌံ၊ စွန့်အပ်သော။ ခိတ္တံ၊ ငဲ့ကွက်ခြင်းမရှိပစ်ချ အပ်သော။ ကိမီဟိ၊ ပိုးလောက်တို့ဖြင့်။ ဖုဋံပူရိထံ၊ ပြည့်သည်။ ဟုတွာ၊ ဖြစ်၍။ ခဇ္ဇန္တိံ၊ ခဲသော။ ဣတ္ထိံ၊ မိန်းမအသေကောင်ကို။ အဒ္ဒသံ၊ ငါမြင်ရပြီ။
ကုလ္လ၊ ကုလ္လရဟန်း။ အာတုရံ၊ အထူးထူးအပြားပြား ဆင်းရဲခြင်းတို့ဖြင့် မပြတ်နှိပ်ုစက်အပ်သော။ အသုစိံ၊ စင်ကြယ်ခြင်းမှ ကင်းသော။ ပူတိံ၊ မကောင်းသော အနံ့ရှိသော။
ဥဂ္ဃရန္တံ၊ အမာဝတို့မှ မစင်ဖြင့်ယိုစီးခြင်းရှိသော။ ပဂ္ဃရန္တံ၊ အောက်အမာဝ၌ ထက်ဝန်းကျင်မှ မစင်ဖြင့် ယိုစီးသော။ ဗာလနံ၊ မိုက်စွာကုန်သော ပုထုဇဉ်တို့သည်။ အဘိနန္ဒိတံ၊ တဏှာဒိဋ္ဌိတို့ဖြင့် ငါ၏ ကိုယ်ဟု ဝင်၍ အလွန်နှစ်သက်ခြင်းရှိသော။ ဣမံဿမုဿယံ၊ ဤကိုယ်ကို။ ပဿ၊ ရှုလော။
ဓမ္မာဒါသံ၊ တရားတည်းဟူသော ကြေးမုံကို။ ဂဟေတွာန၊ ယူ၍။ ဉာဏဒဿနပတ္တိယာ၊ ဝိပဿနာ ဉာဏ်အမြင် မဂ်ဉာဏ်အမြင်ကို ရခြင်းငှါ။
တုစ္ဆံ၊ နိစ္စသာရ အစရှိသည်မှ ကင်း၍ အချည်းနှီးသော။ သန္တရဗာဟိရံ၊ မိမိသန္တာန် သူတပါးသန္တာန်နှင့် တကွဖြစ်သော။ ဣမံကာယံ၊ ဤအကောင်းပုပ်ကို။ ပစ္စဝေက္ခိံ ပစ္စဝေက္ခထ၊ ဉာဏ်မျက်စိဖြင့် အဘန်တလဲလဲကြည့်ရှုလော။
ဣမံယထာ၊ ဤငါ၏ အကောင်းဟု ဆိုအပ်သော မတင့်တယ်သော ဇီဝိတိန္ဒြေဝိညာဉ်တို့၏ ကပ်ရာဖြစ်သော အထူးထူး အပြားပြားသော မျက်လှည့်သည် တံလျှပ်ဥပမာရှိသော ကိုယ်ကဲ့သို့။ တထာ၊ ထိုအတူ။ ဧတံ၊ ဤသေသော အကောင်သည်။ အနုပဂမနံ၊ ရှေး၌ ထိုဆိုခဲ့ပြီးသော အသက်ဝိညာဏ်တို့၏ မကပ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဧတရဟိ၊ ယခုအခါ၌။ ဧတံသရိရံ၊ ထိုကိုယ်သည်။ တေသံဓမ္မာနံ၊ ထိုအသက်ဝိညာဉ် စသည်တို့၏။ အပဂမနတံ၊ ဖဲအပ်သော စိတ်ရှိသည်။ ဟောတိယထာ၊ ဖြစ်သကဲ့သို့။ တထာ၊ ထိုအတူ။ ဣဒံသရိရံ၊ ဤငါ၏ ကိုယ်သည်လည်း။ အပဂမနတံ၊ ထိုအသက်ဝိညာဉ်စသော တရားတို့၏ ဖဲ့အပ်သည့် အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။
အဓော၊ ချက်မအောက်၌။ အယံကာယော၊ ဤကိုယ်သည်။ အသုစိ၊ မစင်ကြယ်သည်။ ဒုဂ္ဂန္တော၊ မကောင်းသော အနံ့ရှိသည်။ ဇေဂုစ္ဆာဒိကော၊ စက်ဆုပ်ရွံရှာဘွယ် အမြဲမရှိဆင်းရဲခြင်း အစိုးမရခြင်းသဘောရှိသည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ ဥဒ္ဓံ၊ ချက်မှ အထက်၌ ဖြစ်သော ကိုယ်သည်။ အသုစိအာဒိသဘာဝေါ၊ မစင်ကြယ်ခြင်းစသော သဘောရှိသည်။ ဟောတိ၊ ဖြစ်၏။ ဥဒ္ဓံ၊ ချက်မှ အထက်၌ ဖြစ်သော ကိုယ်သည်။ အသုစိအာဒိသဘာဝေါ၊ မစင်ကြယ်ခြင်းစသော သဘောရှိသည်။ ဟေတိယထာ၊ ဖြစ်သကဲ့သို့။ တထာ၊ ထို့အတူ။ အဓော၊ ချက်မှ အောက်ဖြစ်သော ကိုယ်သည်။ အသုစိအာဒိသဘာဝေါ၊ မစင်ကြယ်ခြင်းစသော သဘောရှိသည်။ ဟောတိ၊ ဖြစ်၏။
ဒိဝါ၊ နေ့အခါ၌။ အယံကာယော၊ ဤကိုယ်သည်။ အသုစိပဂ္ဃရတိယထာ၊ မျက်စိမှ မစင်ကြယ်သော မျက်ချေးယိုသကဲ့သို့ ။ တထာ၊ ထိုအတူ။ ရတ္တိံ၊ ညဉ့်အခါ၌။ အသုစိပဂ္ဃရတိ၊ မျက်စိမှ မစင်ကြယ် မျက်ချေးသည်ယို၏။ ရတ္တိံ၊ ညဉ့်အခါ၌။ အယံကာယော၊ ဤကိုယ်သည်။ အသုစိပဂ္ဃရတိယထာ၊ မျက်စိမှ မစင်ကြယ်သော မျက်ချေးသည် ယိုသကဲ့သို့။ တထာ၊ ထိုအတူ။ ဒိဝါ၊ နေ့အခါ၌။ အသုစိပဂ္ဃရတိ၊ မျက်စိမှ မစင်ကြယ်သော မျက်ချေးယို၏။
ပုရေ၊ ရှေးပျိုးနုစဉ်ကာလ၌။ အယံကာယော၊ ဤကိုယ်သည်။ အသုစိအာဒိသတာဝေါ၊ မစင်ကြယ်ခြင်း စသော သဘောရှိသည်။ ဟောတိယထာ၊ ဖြစ်သကဲ့သို့။ တထာ၊ ထိုအတူ။ ပစ္ဆာ၊ နောက်အိုမင်းသောကာလ၌။ အသုစိအာဒိသဘာဝေါ၊ မစင်ကြယ်ခြင်းစသော သဘောရှိသည်။ ဟောတိ၊ ဖြစ်၏။ ပစ္ဆာ၊ နောက်အိုမင်းသော ကာလ၌။ အသုစိအာဒိ သဘောဝေါ၊ မစင်ကြယ်ခြင်းစသော သဘောရှိသည်။ ဟောတိယထာ၊ ဖြစ်သကဲ့သို့။ တထာ၊ ထိုအတူ။ ပု‌ရေ၊ ရှေးပျိုးနုစဉ်ကာလ၌။ အသုစိအာဒိ သ‌ဘာဝေါ၊ မစင်ကြယ်ခြင်း စသော သဘောရှိသည်။ ဟောတိ၊ ဖြစ်၏။
သမ္မာ၊ ကောင်းြစွာ။ ဓမ္မံ၊ တေဘုမ္မကအင်္ခါရတရားကို။ ဝိပဿတော၊ သမထဝိပဿနာအစုံကို ပြု၍ ဣန္ဒြေတို့၏ တူသောသဘောရှိသော ဝိပဿနာဖြင့် အဖြစ်အပျက်ကို ရှုသော ယောဂါဝစရပုဂ္ဂိုလ်အား။ ဧကဂ္ဂစိတ္တဿ၊ တည်ကြည်သော စိတ်ရှိသော။ ယာဒိသာ၊ အကြင်သို့ သဘောရှိသော။ ရတိ၊ မွေ့လျော်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ တာဒိသီ၊ ထိုသို့ သဘောရှိသော သူသည်။ ရတိယာ၊ တရား၌ မွေ့လျော်ခြင်း၏။ ကလံ၊ တဆဲ့ခြောက်စိတ်စိတ်၌ တစိတ်မျှကိုလည်း။ နဥပေတိယထာ၊ မမှီမကပ်သကဲ့သို့။ တထာ၊ ထိုအတူ။ ပဉ္စင်္ဂီကေနတူရိယေန၊ အင်္ဂါငါးပါးနှင့် ပြည့်စုံသော တူရိယာ မျိုးဖြင့် ။ ပရိစာရိယမာနဿ၊ မွေ့လျော်စမွယ်သော။ ကာမသုခါဒါနော၊ ကာမဂုဏ်ချမ်းသာနှင့် ပြည့်စုံခံစားသော ။ ဣဿရိယဇနဿ၊ စည်းစိတ်ရှိသော သူ၏။ တာဒိသံ၊ ထိုရူပါရုံ၌ မွေ့လျော်သော ချမ်းသာသည်။ နဟောတိ၊ ထိုတရား၌ မွေ့လျော်ခင်းကဲ့သို့ ကောင်းသော မွေ့လျော်ခြင်းမည်သည်မဖြစ်။
ဣတိ၊ ဤသို့။ ကုလ္လောထေရော၊ ကုလ္လထေရ်သည်။ ဣမာဆဂါထာ၊ ဤခြောက်ဂါထာ တို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ ကုလ္လထေရဂါထာ အနက်ပြီး၏။
ပမတ္တစာရိနော၊ သတိလွတ်ခြင်း လက္ခဏာရှိသော မေ့လျော့ခြင်းဖြင့် မေ့လျော့သော အကျင့်ရှိသော။ မနုဇဿ၊ သတ္တဝါအား။ မာလုဝါဝိယ၊ မာလုမည်သော နွယ်သည် ပွါးသည်ရှိသော ထိုနွယ်မှီရာ သစ်ပင်၏ ပျက်စီးခြင်းကဲ့သို့။ ဧတံတထာ၊ ထိုအတူ။ တဏှာ၊ ခြောက်ပါးသော ဒွါရကို မှီ၍ ရူပါရုံ စသည်တို့၌ အဘန်တလဲလဲ ဖြစ်သော တဏှာသည်။ ပဝဍ္ဎတိ၊ ပွါးစေ၏။
သော၊ ထိုတဏှာနိုင်ငံသို့ လိုက်သော ပုဂ္ဂိုလ်သည်။ ပလဝတိဓာဝတိ၊ အဘန်တလဲလဲဘဝငယ်ဘဝကြီးသို့ ပြေးရ၏။ ယထာကိံ၊ အဘယ်သို့နည်းဟူမူကား။ ပဝနသ္မိံ၊ တောအုပ်၌။ ဖလံ၊ သစ်သီးကို။ ဣစ္ဆံ ဣစ္ဆန္တော၊ အလိုရှိသော။ ပါနရော၊ မျောက်သည်။ ရုက္ခဿ၊ သစ်ပင်၏။ ဧကာဟုရာ၊ တခုသော သစ်ခက်မှ။ ဂစ္ဆန္တော၊ သွားသည်ရှိသော်။ တံ၊ ထိုသစ်ခက်ကို။ မုဉ္စိတွာ၊ လွှတ်၍။ ဟုရံ၊ တပါးသော သစ်ခက်ကို။ ဂဏှာတိ၊ ယူ၍။ တံ၊ ထိုသစ်ခက်ကို။ မုဉ္စိတွာ၊ လွှတ်ပြန်၍။ အညံသာခံ၊ တပါးသော သစ်ခက်ကို ။ အလဘိတွာ၊ မရသောကြောင့်။ နိသိန္နောတိ၊ ထိုင်နေ၏ ဟူ၍။ ဝတ္တဗ္ဗတံ၊ ဆိုအပ်သော အဖြစ်သို့။ နပဇ္ဇတိယယာ၊ မရောက်သကဲ့သို့။ ဧဝံတထာ၊ ထိုအတူ။ တဏှာဝသိကောပုဂ္ဂလော၊ တဏှာနိုင်ငံသို့ လိုက်သော ပုဂ္ဂိုလ်သည်။ ဟုရာဟုရံ၊ ဤအာရုံမှ သည် ထိုအာရုံသို့ အာရုံမှသည် တပါးသော အာရုံသို့။ ဓာဝန္တော၊ ပြေးသည်ရှိသော်။ အာရမ္မဏံ၊ အာရုံကို။ အလဘိတွာ၊ မရသောကြောင့်။ တဏှာယ၊ တဏှာ၏။ အပဝတ္တံ၊ မဖြစ်ခြင်းသို့။ ပတ္တောတိ၊ ရောက်၏ ဟူ၍။ ဝတ္တဗ္ဗတ္တံ၊ ဆိုအပ်သော အဖြစ်သို့။ နအာပဇ္ဇသိ၊ မရောက်။
ယံပုဂ္ဂလံ၊ အကြင်ပုဂ္ဂိုလ်ကို။ ဧသာဇမ္မိံ၊ ထိုတဏှာဟု ဆိုအပ်သော သူယုတ်သည်။ သဟတိအဘိဘဝတိ၊ နှိပ်စက်၏။ လောကေ၊ လောက၌။ တဏှာ၊ တဏှာသည်။ ဝိသတ္တိကာ၊ အဆိပ်ပွင့်အဆိပ်သီးကို သုံးဆောင်သဖြင့် သေခြင်းသို့ ရောက်သကဲ့သို့ ရူပါရုံ အစရှိသည်တို့၌ တပ်တတ်ငြိတတ်သောကြောင့် ဝိသတ္တိဟု ဆိုအပ်သောခြောက်ဒွါရဖြင့် ဖြစ်သော တဏှာသည်။ သဟဟိ အဘိဘဝတိ၊ နှိပ်စက်၏ ။
တဿ ပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်အား။ သောကာ၊ စိုးရိမ်ခြင်းတို့သည်။ ပဝဍ္ဎန္တိ၊ ပွါးခြင်းသို့ ရောက်ကုန်၏။ ယထာကိံ၊ အဘယ်ကဲ့သို့နည်း ဟူမူကား။ ဝနေ၊ တော်၌။ ပုနပ္ပုနံ၊ အဘန်တလဲလဲ။ ဒေဝေ၊ မိုဃ်းသည်။ ဝဿန္တေ၊ ရွာသည်ရှိသော်။ ဗီရဏံ၊ ပြိတ်မြက်သည်။ အဘိဝဍ္ဎံန္တောဣဝ၊ ပွါးသကဲ့သို့။ ဧဝံတထာ၊ ထိုအတူ။ ဝဋ္ဋမူလကာ၊ ဝဋ်လျှင်အရင်းရှိကုန်သော။ လောကာ၊ လောကတို့သည်။ အဘိဝဍ္ဎန္တိ၊ ပွါးကုန်၏။
ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ဧတံ၊ ဤဆိုအပ်ခဲ့ပြီးသော အပြားရှိသော။ ဇမ္မိံ၊ ယုတ်မာသော။ ဒုရဇ္ဇယံ၊ လွန်နိုင်စွန့်နိုင်ခြင်းငှါ ခဲယဉ်းသော။ တဏှံ၊ တဏှာကို။ လောကေ၊ လောက၌။ သဟတိအဘိဘဝတိ၊ နှိပ်စက်နိုင်၏။
တမှာ ပုဂ္ဂလာ၊ ထိုပုဂ္ဂိုလ်မှ။ ဝဋ္ဋမူလကာ၊ ဝဋ်လျှင် အရင်းရှိသော။ သောကော၊ စိုးရိမ်ခြင်းတို့သည်။ ပဝတန္တိ၊ ကျကုန်၏။ ယထာနာမ၊ ဥပမာမည်သည်ကား။ ပေါက္ခရာ၊ ကြာဖက်ပေါ်မှ။ ပတိတာ၊ ကျသော။ ဥဒဗိန္ဒု၊ ရေပေါသည်။ နတိဋ္ဌတိယထာ၊ မတည်သကဲ့သို့။ နပတိဋ္ဌာတိ၊ ထိုတဏှာကို နှိပ်စက်နိုင်သော သူသည် ဝဋ်လျှင် အရင်းရှိသော စိုးရိမ်ခြင်း၌ မတည်။
တံတေနကာရဏေန၊ ထိုသို့သော အကြောင်းကြောင့်။ အဟံ၊ ငါသည်။ ဝေါတုမှေ၊ အရှင်ဘုရားတို့ကို။ ဝဒါမိ၊ ဆို၏။ ပေါတုမှာကံ၊ အရှင်ဘုရားတို့အား။ ဘဒ္ဒံ၊ တဏှာသို့ အစဉ်လိုက်သော ပုဂ္ဂိုလ်ကဲ့သို့ အကျိုးမဲ့သို့ မရောက်သော အားဖြင့် ကောင်းခြင်းသည်။ ဟောတိ၊ ဖြစ်စေသတည်း။ ဧတ္ထဧတသ္မိံ ဋ္ဌာနေ၊ ဤအရပ်၌။ ယာဝယတ္တကာ၊ အကြင်မျှလောက်ကုန်သော သူတို့သည်။ သမာဂတာ၊ အညီအညွတ် စည်းဝေးကုန်၏။
တတ္တာကာ၊ ထိုမျှလောက်ကုန်သော သူတို့သည်။ ကိံဝဒထ၊ အသို့ ဆိုကုန်မည်နည်း။ ဣတိစေ၊ ဤသို့ ဆိုငြားအံ့။ တဏှာယ၊ တဏှာ၏။ မူလံ၊ အကြောင်းရင်းဖြစ်သော အဝိဇဇာ စသော ကိလေသာ အပေါင်းကို။ ခဏထ၊ အရဟတ္တမဂ်ဉာဏ်တည်းဟူသော ပေါက်တူးဖြင့် တူးဖြတ်ကုန်လော။ ကိံဝိယ၊ အဘယ်ကဲ့သို့ နည်းမူကား။ ဥသိရတ္ထော၊ ပန်းရင်းကို အလိုရှိသော ယောင်္ကျားသည်။ ဗိရဏံဝနံနာမ၊ ပြိတ်တောမည်သော။ ရသိရ ထမ္ဘံ၊ ပန်းရင်း၏ မှီရာကို။ ခဏတိဣဝ၊ ကြီးစွာသော ပေါက်တူးဖြင့် တူးယူသကဲ့သို့။ ဧဝံတထာ၊ ထိူအတူ။ အဿာ၊ ထို တဏှာ၏။ မူလံ၊ အရင်းဖြစ်သော အဝိဇ္ဇာ အစရှိသော ကိလေသာအပေါင်းကို။ ခဏထ၊ အရဟတ္တမဂ်ညာဏ်တည်းဟူသော ပေါက်တူးဖြင့် တူးနှုတ်ပစ်ကုန်လော။
ဝေါတုမှေ၊ အရှင်ဘုရားတို့သည်။ နဠံ၊ မြစ်ကမ်းနား၌ ပေါက်သော ကျူကို။ သောတော၊ ကြီးစွာသော အဟုန်ဖြင့် လာသော မြစ်ရေအယဉ်သည်။ ဘဉ္ဇတိဣဝ၊ ဖျက်ဆီးသကဲ့သို့။ မာရော၊ ကိလေသာမာရ်မစ္စုမာရ်ဒေဝပုတ္တမာရ်ကို။ ပုနပ္ပုနံ၊ အဘန်တလဲလဲ။ ဘဉ္ဇိ၊ ဖျက်ဆီးသော။ မာဘဉ္ဇတု၊ အရှင်ဘုရားတို့အား မဖျက်ဆီးစေလင့်။
ဗုဒ္ဓဝစနံ၊ ဘုရားမြတ်စွာ၏ စကားတော်ကို။ ကရောထသမ္ပာဒေထ၊ ဆုံးမတော်မူတိုင်းကျင့်ခြင်းနှင့် ပြည့်စုံစေကုန်လော။ ဝေ၊ စင်စစ်။ ခဏော၊ ဗုဒ္ဓုပ္ပါဒနဝမခဏသည်။ မာဥပ္ပဇ္ဈဂါမာတိက္ကမိ၊ မလွန်စေလင့်။ ဟိသစ္စံ၊ မှန်၏။
ခဏာတီတာ၊ ဗုဒ္ဓုပ္ပါဒနဝမခဏကို လွန်ကုန်သော ပုဂ္ဂိုလ်တို့သည်။ နိရယမှိ၊ ငရဲ၌။ သမပ္ပိဘာနိပ္ပတ္တိတာ၊ ဖြစ်ကုန်၍။ သောစန္တိ၊ ရှည်မြင့်စွာသော ကာလပတ်လုံး စိုးရိမ်ရကုန်၏။
ပမာဒေါ၊ ရူပါရုံ စသော အာရုံတို့၌ သတိလွတ်ခြင်းလက္ခဏာရှိသော မေ့လျော့ခြင်းသည်လည်းကောင်း။ ရဇော၊ ညစ်နွမ်းခင်းသဘောရှိသော ရာဂစသော မြူသည် လည်းကောင်း။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ပမာဒါနုပတိတော၊ ရာဂစသော အလုံးစုံသော မေ့လျော့ခြင်းသို့ ကျသော။ ရဇော၊ ရာဂစသော မြူသည်။ ရပ္ပဇ္ဇတိ၊ ဖြစ်၏။
အပ္ပမာဒေန၊ မမေ့မလျော့ခြင်းအကျင့်ဖြစ်သော။ ဝိဇ္ဇာယ၊ အရဟတ္တမဂ်ဟူသော ဝိဇ္ဇာဖြင့်။ အတ္တနော၊ မိမိ၏။ သလ္လံ၊ နှလုံးခွံကို မှီ၍ ဖြစ်သော ရာဂတည်းဟူသော ငြောင့် ကို။ အဗ္ဗုဟေဥဒ္ဓရေယျ၊ နှုတ်ရာ၏။
ဣတိ၊ ဤသို့။ မာလုကျပုတ္တောထေရော၊ မာလုကျ ပုတ္တထေရ်သည်။ ဣမာဆဂါထယော၊ ဤခြောက်ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ မာလုကျပုတ္တထေရဂါထာ အနက်ပြီး၏။
ယတော၊ အကြင်အခါမှ။ အဟံ၊ ငါသည်။ ပဗ္ဗဇိတော၊ ရဟန်းပြုသည်။ အမှိ၊ ဖြစ်၏။
တတော၊ ထိုရဟန်းပြုသော အခါမှ။ ပဏ္ဏဝီသတိဝဿနိ၊ နှစ်ဆဲ့ငါးဝါတို့ပတ်လုံး။ အစ္ဆရာသင်္ဃမတ္တမ္ပိ၊ လက်ဖျစ်တတွက်မျှကာလပတ်လုံးလည်း။ စေတောသန္တိံ၊ စိတ်၏ တည်ကြည်ခြင်းကို။ အနဇ္ဈနဂံလဘိံ၊ မရစဘူး။
စိတ္တဿေကဂ္ဂံ၊ စိတ်၏ တည်ကြည်ခြင်းကို။ အလဒ္ဓါ၊ မရသောကြောင့်။ ကာမရာဂေန၊ ကာမရာဂ သည်။ အဋ္ဋိတော၊ နှိပ်စက်အပ်သည်ဖြစ်၍။
ဗာဟာ၊ လက်နှစ်ဘက်တို့ကို။ ပဂ္ဂယှ၊ ချီ၍။ ကန္ဒတော၊ ငိုကြွေးလျက်။ ဝိဟာရာ၊ ကျောင်းမှ။ ဥပနိက္ခမိ၊ အပသို့ ထွက်၏။
နိက္ခမန္တောစ၊ ထွက်သော်လည်း။ သတ္ထံ၊ ကိုယ်ကို သတ်အံ့သော လက်နက်ကို။ အဟရိဿာမိ၊ ဆောင်အံ့။ မေ၊ ငါ့အား။ ဇီဝိတေန၊ အသက်ရှည်ခြင်းဖြင့်။ ကောအတ္ထော၊ အဘယ်အကျိုးရှိအံ့နည်း။
မာဒိသော၊ ငါကဲ့သို့သော ရဟန်းသည်။ သိက္ခံ၊ သိက္ခာကို။ ပစ္စက္ခံ ပစ္စက္ခန္တော၊ စွန်လျက်။ ကထံဟိနာမ၊ အဘယ်ကြောင့် လျှင်။ ကာလံ၊ သေခြင်းကို။ ကုဗ္ဗေထ၊ ပြုပါအံ့နည်း။ ယဒါ၊ အကြင်အခါ၌။ ကိလေသာဘိဘဝေ၊ ကိလေသာနှိပ်စက်သည်ရှိသော။ သမဏဓမ္မံ၊ ရဟန်းတရားကို။ ကာတုံ၊ ပြုခြင်းငှါ။ အသမတ္ထတာယ၊ မစွမ်းနိုင်သည်၏ အဖြစ်ကြောင့်။ ဇီဝိတန္တေန၊ အသက်ရှည်ခြင်းဖြင့်။ နိဗ္ဗိန္ဒတိ၊ ငြီးငွေ့၏။
တဒါ၊ ထိုအခါ၌။ အဟံ၊ ငါသည်။ ခူရံ၊ သင်ဓုန်းသွားနှင့်တူသော ထက်စွာတသော လက်နက်ကို။ အာဒါယ၊ ယူ၍။ မဉ္စကမှိ၊ ညောင်စောင်းငယ်၌။ ဥပါဝိသိံ၊ သူတပါးတို့ မြစ်အပ်သည်မှ စိုးသောကြောင့် ဝင်၍ နေ၏။
အတ္တနော၊ ိမိ၏။ ဓမနိံ၊ လည်ကြောကို။ ဆေတ္တုံ၊ ဖြတ်အံ့သော ငှါ။ ခူရော၊ သင်ဓုန်းသွားနှင့်တူသော လက်နက်ကို။ ပရိနီတော၊ လည်ထက်၌ ထားအပ်သည်။ အာသိ၊ ဖြစ်၏။
တတော၊ ထိုသေအံ့ဟုလည်ကြောကို ဖြတ်အံ့သော ငှါ သင်ဓုန်းသွားကိုဆောင်သည်မှ။ ပရံ၊ နောက်၌။ မေ၊ ငါအား။ ယောနိသောမနသိကာရော၊ သီလ၏ စင်ကြယ်ခြင်း စသော အားဖြင့်တည်ခြင်းသမာဓိကို စွဲ၍ ဝိပဿနာ၏ အစွမ်းဖြင့် နှလုံးသွင်းခြင်းသည်။ ဥဒပဇ္ဇထ၊ ဖြစ်လတ်၏။
အာဒီနဝေါ၊ ကာမဂုဏ်တို့ကား လှံသွားမြွေဥက္ခေါင်းဥပမာရှိကုန်၏ အစရှိသော အပြစ်သည်။ ပါတုရဟု၊ ထင်ရှားဖြစ်ပြီ။ တတော၊ ထိုအပြစ်ကို ရှုသော ဉာဏ်ဖြစ်သည်မှ။ နိဗ္ဗိဒါ၊ ဝဋ်တရား၌ ငြီးငွေ့သော ဝိပဿနာဉာဏ်သည်။ သမ္ပဝိဋ္ဌထ၊ ကောင်းစွာဖြစ်လတ်၏။
တတော၊ ထိုနိဗ္ဗိန္ဒဉာဏ်ဖြစ်သည်မှ။ ပရံ၊ နောက်၌။ မေ၊ ငါ၏။ စိတ္တံ၊ စိတ်သည်။ ဝိမုစ္စိံ၊ သမထဝိပဿနာမဂ်ဖိုလ်ဉာဏ်၏ အစွမ်းဖြင့် ကိလေသာတို့မှ လွတ်ပြီ။
ဗုဒ္ဓဿ၊ သဗ္ဗညုဘုရားရှင်၏။ ဓမ္မသုဓမ္မတံ၊ တရားတော်၏ ကောင်းသော တရား၏ အဖြစ်ကို။ ပဿ၊ ရှုလော။ မယာ၊ ငါသည်။ တိဿောဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာတို့ကို။ အနုပ္ပတ္တာ၊ အစဉ်အတိုင်းရကုန်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ အဆုံးအမတော်ဖြစ်သော မဂ်ဟူသော သီတင်းသုံးခြင်းကို။ ကတံဝုသိတံ၊ သုံးအပ်ပြီ။
ဣတိ၊ ဤသို့။ သဗ္ဗဒါသတ္ထေရော၊ သဗ္ဗဒါသထေရ်သည်။ ဣမာဆဂါထာ၊ ဤခြောက်ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ သဗ္ဗဒါသထေရဂါထာ အနက်ပြီး၏။
ဘောကာတိယာန၊ အိုကာတိယာနရဟန်း။ ဥဋ္ဌေဟိ၊ အိပ်ခြင်းမှထလော။ နိသီဒ၊ ထိုင်သော။ နိဒ္ဒါဗဟုလော၊ အိပ်ခြင်းများသည်။ မာအဟု၊ မဖြစ်လင့်လော။ ဇာဂရဿု၊ နိုးကြားခြင်းကို ဖြစ်စေလော။
အလသံ၊ ပျင်းရိသော။ တံ၊ သင့်ကို။ ပမတ္တဗန္ဓု၊ မာရ်မင်း၏ အဆွေဖြစ်သော။ မစ္စုရာဇာ၊ သေမင်းသည်။ ကုဋေန၊ အိုခြင်းနာခြင်း အစရှိသော အထွဋ်ဖြင့်။ မာဇိနာတုမာအတိဘာတု၊ မနှိပ်စက်စေလင့်။
သေယျထာပိ၊ ဥပမာမည်သည်ကား။ မဟာသမုဒ္ဒဝေဂေါ၊ မဟာသမုဒ္ဒရာ ၏ လှိုင်းတံပိုးအဟုန်သည်။ ပုရိသံ၊ ကူးသောယောင်္ကျားကို။ အဘိဘဝတိယထာ၊ အထက်အထက်၌ ထားသည်ဖြစ်၍ ထိုတံပိုးကို မလွန်နိုင်သော ယောင်္ကျားကို နှိပ်စက်သကဲ့သို့။ ဧဝံတထာ၊ ထိုအတူ။ ဇာတိဇရာ၊ ပဋိသန္ဓေနေခြင်း အိုခြင်း တို့သည်။ တံ၊ သင့်ကို။ အတိဝတ္တတေ၊ အထက်အထက်၌ လွှမ်းနိုးဘိစိး၏။
ကာတိယာန၊ သော။ တွံ၊ ထိုသင်သည်။ အတ္တနော၊ မိမိအား။ ပုရိသံ၊ ရဟန္တာဟု ဆိုအပ်သော ယောင်္ကျားမည်သည်ကို။ ကရောတိ၊ ပြုလော။ ဟိယသ္မာ၊ အကြင့်ကြောင့်။ တတော၊ ထိုအရဟတ္တဖိုလ်ထ်။ အညံ၊ တပါးသော ။ တာဏံ၊ ကိုးကွယ်ရာ မည်သည်။ တဝ၊ သင်အား။ နိဝိဇ္ဇတေဝ၊ မရှိသလျှင် ကတည်း။ တသ္မာ၊ ထိုကြောင့်။ ပုရိသံ၊ ရဟန္တာဟုဆိုအပ်သောယောင်္ကျားမည်သည်ကို။ ကရောဟိ၊ ပြုလော။
ဟိယသ္မာ၊ အကြင်ကြောင့်။ ဇာတိဇာရာဘယာ၊ ပဋိသန္ဓေနေခြင်းဘေးအိုခြင်းဟု ဆိုအပ်သော။ သင်္ဂါ၊ ငါးပါးအပြားရှိသော ကပ်ငြိခြင်းမှ။ အတီတံ၊ လွန်မြောက်သော။ ဧတံမဂ္ဂံ၊ ထိုအရိယမဂ်ကို။ သတ္ထာ၊ သင်၏ ဆရာဘုရားသည်။ ဝိဇေတိ၊ ပြီးစေတော်မူ၏။
တသ္မာ၊ ထိုကြောင့်။ တဿ၊ ထိုအရဟတ္တဖိုလ်ကို။ အဓိဂမာယ၊ ရစေခြင်းငှါ။ ပုဗ္ဗာကရရတ္တံ့၊ ပထမ ပစ္ဆိမယံ ပတ်လုံး။ အပ္ပမတ္တော၊ ကမ္မဋ္ဌာန်းစီးဖြန်းခြင်း၌ မမေ့မလျော့ဘဲ။ အနုယုဉ္ဇဿု၊ သတိပညာနှင့်တကွအားထုတ်သော။ ယောဂံ၊ လုံ့လကို။ ဒဠံ၊ မြဲမြံစွာ။ ကရောဟိ၊ ပြလေလော။
ပုရိမာနိ၊ ရှေးလူဖြစ်စဉ်အခါက ဖြစ်ကုန်သော။ ဗန္ဓနာနိ၊ ကာမဂုဏ်ငါးပါးတည်းဟူသော နှောင့်ဖွဲ့ ခြင်းတို့ကို။ ပမုဉ္စ၊ ထိုကာမဂုဏ်ငါးပါး၌ ငဲ့ကွက်ခြင်းမရှိသော အားဖြင့် လွှတ်သော။ ယသ္မာ၊ အကြင်ကြောင့်။ တွံ၊ သင်သည်။ သံဃာဋိခုရမုဏ္ဍ တိက္ခဘောဇီ၊ ဒုကုဋ်ကိုရုံသော သင်ဓုန်းဖြင့် ရိတ်အပ်သည် ဖြစ်၍ ဦပြည်းသော ရဟန်း၏ ဆွမ်းခံခြင်းဖြင့် အသက်မွေးခြင်းရှိသည်။ အသိ၊ ဖြစ်လလော။
ခိဋ္ဋာရတိံစ၊ ကာမဂုဏ်ချမ်းသာ၌ ရှေးကကဲ့သို့ မြူးထူးမွေ့လျော်ခြင်းရှိသည်။ မာအသိ၊ မဖြစ်လင့်။ ကာတိယာန၊ ကာတိယာန ။ နိဒ္ဒံ၊ အိပ်မွေ့ခြင်းသည်။ မာအဟု၊ မဖြစ်စေလင့်။ မာအနုယုဉ္ဇိတ္ထ၊ ရှေးလူဖြစ်စဉ်အခါ၌ ဖြစ်သော ကာမဂုဏ်ငါးပါးတည်းဟူသောနှောင်ဖွဲ့ခြင်းမြူးထူး မွေ့လျော်ခြင်း ကို မယှဉ်စေကုန်လင့်။ ဈာယဈာယဿု၊ အာရမ္မဏူပနိဇ္ဈာနဈာန်ကို ဝင်စားလော။
ကာတိယာန၊ ကာတိယာနရဟန်း။ ဟိယသ္မာ၊ အကြင်ကြောင့်။ ဈာယာတိ၊ ဈာန်ကို ဝင်စားလော။ ဇိနာဟိ၊ ကိလေသာတို့ကို အောင်စေလော။ ယောပက္ခေမပထေသု၊ လေးပါးသော ယောဂတို့၏ ကုန်ရာ နိဗ္ဗာန်၏ အကြောင်းဖြစ်၍ ဖြစ်ကုန်သော ဗောဓိပက္ခိယတရားတို့၌။ ကောဝိဒါ၊ လိမ္မာသည်။ အသိ၊ ဖြစ်လော။
တသ္မာ၊ ထိုကြောင့်။ ဘာဝနံ၊ ဘာဝနာကို။ ဥဿုက္ကာပေန္တော၊ လုံ့လပြုလျက်။ အနုတ္တရံ၊ အတုမရှိသော။ ဝိသုဒ္ဓိံ၊ ကိလေသာအပေါင်းတို့၏ စင်ရာဖြစ်သော နိဗ္ဗာန်အရဟတ္တဖိုလ်သို့။ အဗ္ဗုယုပါဝုဏေယျာတိ၊ ရောက်လေလော။ သိတဝါရိနာ၊ ကြီးစွာသော ရေပေါက်ရှိသော မိုဃ်းရည်၏ ကျခြင်းဖြင့်။ ဇောတီ၊ မီးသည်။ ပရိနိဗ္ဗုတိဣဝ၊ ငြိမ်းသကဲ့သို့။ ပရိနိဗ္ဗာတိ၊ ပရိနိဗ္ဗာန်ပြုလေလော။
ပရိတ္တရံသော၊ နည်းသော အရောင်ရှိသော။ ပဇ္ဇောတကရော၊ ဆီမီးသည်။ ဝါတေန၊ လေဖြင့်။ ဝိနပ္ပတေဣဝစ၊ ပျက်စီးသကဲ့သို့လည်းကောငး်။ လတာ၊ နွယ်သည်။ ပစ္စယဝေကလ္လေန၊ ဥတုညီညွတ်ခြင်းမိုဃ်းစသော အကြောင်းမှကင်းသဖြင့်။ ဝိနပ္ပကေဣဝစ၊ ပျက်စီးသကဲ့သို့လည်းကောင်း။
ဧဝံတထာ၊ ထိုအတူ။ ဣန္ဒသဂေါတ္တဣန္ဒ သမာနဂေါတ္တော၊ အစိုးရသော သူနှင့်တူသော အနွယ်ရှိသော။ တုဝမ္ပိ၊ သင်သည်လည်း။ မာရံ၊ ကိလေသမာရ် စသော မာရ်ကို။ အနာဒိယာနော၊ ထိုမာရ်၏ အလိုသို့ မလိုက်မူ၍။ နဒ္ဓုနာတိ၊ ဖျက်ဆီးသော။ ဧဝံ၊ ဤသို့ ဖျက်ဆီးသည်ရှိသော်။
သောတွံ၊ ထိုသင်သည်။ ဒေဝယိတာနု၊ အလုံးစုံခံစားအပ်သော ဝေဒနာတို့၌။ ဝီတရာဂေါ၊ ကင်းသော ရာဂရှိသည်ဖြစ်၍။ ဣဓေဝ၊ ဤပစ္စုပ္ပန်အတ္တဘော၌သာလျှင်။ သီတိဘူတော၊ ခပ်သိမ်းသော ကိလေသာတည်းဟူသော ပူလောင်ခြင်း၏ မရှိသဖြင့် ငြိမ်းပြီးသည်ဖြစ်၍။ ကာလံ၊ မိမိပရိနိဗ္ဗာန်ပြအံ့သော ကာလကို။ ကင်္ခမာဂမေဟိ၊ မငံ့လင့်လော။
ဣတိ၊ ဤသို့။ ကာတိယာနောထေရဿ၊ ကာတိယာနထေရ်အား။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အနုပါဒိသေသနိဗ္ဗာနံ၊ အနုပါဒိသေသနိဗ္ဗာန်သို့။ ပါပေတွာ၊ ရောက်စေ၍။ ဣမာဟိ ဆဟိ ဂါထာဟိ၊ ဤခြောက်ဂါထာတို့ဖြင့်။ ဩဝါဒိ၊ ဆုံးမတော်မူ၏။ ကာတိယာနထေရဂါထာ အနက်ပြီး၏။
စက္ခုမတာ၊ မံသစက္ခု ဒိဗ္ဗစက္ခုစသော ငါးပါးသော စက္ခုနှင့် ပြည့်စုံတော်မူသော ။ အာဒိစ္စဗန္ဓုနာ၊ နေမင်း၏ အဆွေဖြစ်တော်မူသော။ ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်။ သုဒေသိတော၊ ဝေနေယျ တို့ အလိုနှင့်လျော်စွာ ပစ္စုပ္ပန်အကျိုးသံသရာ အကျိုးနိဗ္ဗာန်ဟု ဆိုအပ်သော မြတ်သော အကျိုးတို့ကို မဖောက်မပြန် ကောင်းစွာ ပြု၍ ဟောတော်မူအပ်သော။
ဓမ္မော၊ သွာက္ခာတတစသော ကျေးဇူးနှင့် ပြည့်စုံသော တရားတော်သည်။ သဗ္ဗသံယောဇနာတီတော၊ ကာမရာဂသံယောဇဉ်စသော ခပ်သိမ်းသော သံယောဇဉ်တို့ကို လွန်စေနိုင်၏။ သဗ္ဗဝဋ္ဋဝိနာသနော၊ အလုံးစုံသော ကိလေသာဝဋ် ကမ္မဝဋ် ဝိပါကဝဋ်တို့ကို ဖျက်ဆီးတတ်၏။
နိယျာနိကော၊ သံသရာ၌ ကျဉ်လည်ခြင်းမှ ထွက်မြောက်စေတတ်၏။ ဥတ္တရဏော၊ သံသရာဟူသော ဩဃမှ ထုတ်တတ်၏။ တဏှာမူလဝိသောသနော၊ ကာမစသော တဏှာတို့၏ အကြောင်းအရင်းဖြစ်သော သဝိဇ္ဇာကို ခြောက်စေတတ်၏။
ဝိသမူလအာဃာတနံ၊ သုံးပါးသောဝေဒနာတို့၌ တောင့်တခြင်း ခံစားခြင်းကို ဖျက်ဆီးတတ်သော ကြောင့်အဆိပ်ဟု ဆိုအပ်သော မူလစိတ်၏ ပျက်စီးခြင်းအရာဖြစ်သော ကြောင့် သူသတ်အိမ်နှင့်တူသော ကံကိလေသာကို။ ဆေတွာ၊ ဖြတ်၍။ နိဗ္ဗုတိံ၊ နိဗ္ဗာန်သို့။ ပါပေဟိ၊ ရောက်စေတတ်၏။
အညာဏမူလ ဘေဒါယ၊ မသင့်သော နှလုံးသွင်းခြင်း သစ္စာလေးပါးတရားတို့ကို မသိခြင်း၏ အကြောင်းဖြစ်သော အဝိဇ္ဇာကို ဝရဇိန်လက်နက်နှင့်တူသော ဉာဏ်ဖြင့် ဖျက်ဆီးခြင်းမှ။။ ကမ္မယန္တဝိဃာတနော၊ ကံတည်းဟူသော တံခါးကျဉ်ရှိသော အတ္တဘောဟူသော ယန္တရားကို ဖျက်ဆီးတတ်၏။
ဝိညာဏာနံ၊ ထိုထိုသို့သော ဘဝ၌ ပဋိသန္ဓေ ယူသဖြင့် ထိုထိုသို့သော ဘဝ၌ မှီသော ဝိညာဏ်တို့ကို။ ပရိပ္ပဟေဂဟိတာနိ၊ ယူအပ်ကုန်သော။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဉာဏဝဇီခုနိပါတနော၊ ဉာဏ်တည်းဟူသော ဝရဇိန်ကို ကျစေ၍ ထိုကိလေသာတို့ကိုခွဲ၍ လောကုတ္တရာ တရားကို ဖြစ်စေတတ်၏။
ဝေဒနာနံ၊ သုခအစရှိသော သုံးပါးသော ဝေဒနာတို့ကို။ ဝိညာပနော၊ မတောက်မပြန်သိစေတတ်၏။ ဥပါဒါနပ္ပမောစနော၊ ကာမဥပါဒါန်စသော လေးပါးသော ဥပါဒါန်တို့မှ စိတ်သန္တာန်ကို လွတ်စေတတ်၏။
ဘဝံ၊ ကိုးပါးသော ဘဝကို။ အင်္ဂါရကာသုံဝ၊ ရဲရဲတောက်သော မီးကျီစုကဲ့သို့။ ဉာဏေန၊ မဂ်ဉာဏ်ဖြင့် ။ အနုပဿနော၊ ကပ်၍ ရှုသော အားဖြင့် ကျတတ်၏။
မဟာရသော၊ ငြိမ်သက်မြတ်သည်၏ အဖြစ်ကြောင့် မရောင့်ရဲခြင်းကို ပြုတတ်သော သဘောဖြင့် မြတ်သော အရသာနှင့်တူ၏။ သုဂမ္ဘီရော၊ မဆည်းဘူးအပ်သော ကုသိုလ်သမ္ဘာရရှိသော သူတို့သည်ဉာဏ်ဖြင့် ထောက်ရာတည်ရာကို ရနိုင်ခဲသောကြောင့် အလွန်နက်နဲ၏။ ဇရာမစ္စုနိဝါရဏော၊ အိုခြင်းသေခြင်းကို လည်း တားမြစ်တတ်၏။
အရိယော၊ မြတ်သော။ အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော။ မဂ္ဂေါ၊ သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပစသော မဂ္ဂင်ရှစ်ပါးသည်။ ဒုက္ခုပသမနော၊ ဝဋ်ဆင်းရဲကို ငြိမ်းစေတတ်၏။ သိဝေါသီတလော၊ ဘေးမရှိသော အားဖြင့် ချမ်းမြေ့၏။
ကမ္မံ၊ ကုသိုလ် အကုသိုလ်ကံကို။ ကမ္မန္တိ၊ အကျိုးအပြစ်ကို ပေးတတ်သော ကုသိုလ်ကံ အကုသိုလ်ကံဟူ၍။ ဉတွာန၊ ဝိပါက်၏ ရှေ့အတို့၌ ဖြစ်သော ဉာဏ်ဖြင့် သိ၍။ ဝိပါကဉ္စ၊ အကျိုးဟုတ်သည်ကိုလည်း။ ဝိပါကတော၊ အကျိုးဟုတ်သော အားဖြင့်။ ဉတွာ၊ သိပြီး၍။
ပဋိစ္စုပ္ပန္နဓမ္မာနံ၊ အဝိဇ္ဇာ အစရှိသော အကြောင်းကို စွဲ၍ ဖြစ်ကုန်သော သင်္ခါရအစရှိသော အကျိုးတရားတို့ကို။ ယာထာဝါလောကဒဿနော၊ မဘောက်မပြန်သော လောကသုံးပါးကို မြင်စေတတ်၏။
မဟာခေမင်္ဂမော၊ ဘေးကင်းရာ မြတ်သော နိဗ္ဗာန်သို့ ရောက်စေတတ်၏။ သန္တော၊ အလုံးစံဒသော ကိလေသာတည်းဟူသော ပူလောင်ခြင်းတို့ကိုလည်း ငြိမ်းစေတတ်၏။ ပရိယောသာနဘဒ္ဒကော၊ အရဟတ္တဖိုလ်တည်းဟူသော ဝိမုတ္တိအနုပါဒိသေသနိဗ္ဗာန်ဓာတ်သို့ ရောက်စေသဖြင့် အဆုံး၏ ကောင်းခြင်းနှင့် ပြည့်စုံ၏။
ဣတိ၊ ဤသို့။ မိဂဇာလောထေရော၊ မိဂဇာလထေရ်သည်။ ဣမာဆဂါထာယော၊ ဤခြောက်ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ မိဂဇာလထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။ အဟံ၊ ငါသည်။ ဇာတိမဒေန၊ ဥဒိစ္စပုဏ္ဏားမျို့၌ ဖြစ်သော မိဘနှစ်ပါးစုံမှ ကောင်းစွာဖွါးသော ငါနှင့်တူသော တပါးသော သူမရှိဟု ကုလမာန်ဖြင့်။ မတ္တော၊ ခက်ထန်သော မာန်ဖြင့် ယစ်သည်ဖြစ်၍။ အာစရိံ၊ ကျင့်ပြီ။ ဘောဂဣဿရိယေနစ၊ စည်းစိမ်ချမ်းသာကို အစိုးရခြင်းဟူသေ ာအကြောင်းကြောင့်လည်း။ မတ္တော၊ ထောင်လွှားသော မာန်ရှိသည်ဖြစ်၍။ အစရိယ၊ သွားပြီ။
သဏ္ဌာနဝဏ္ဏရူပေန၊ အလုံးအရပ်၏ ပြည့်စုံခြင်းဖြူသော ရွှေသော အဆင်းစသောအရေ၏ ပြည့်စုံခြင်း အင်္ဂါကြီးငယ်၏ ပြည့်စုံခြင်းဖြင့်လည်း။ မာဒိသော၊ ငါနှင့်တူသော သူသည်။ နအတ္ထိ၊ မရှိ။ ဣတိ၊ ဤသို့။ ဒဒမတ္တော၊ အဆင်းကို စွဲ၍ မာန်ယစ်ခြင်းရှိသည်ဖြစ်၍။ ဝိစရိတံ အစရိံ၊ သွားပြီ။
အတ္တနော အတ္တနာ၊ မိမိနှင့်။ သမကံ၊ တူသော။ ကိဉ္စိ၊ တစုံတယောက်သော သူသည်။ နအတ္ထိ၊ မရှိ။ အတိရေကဉ္စ၊ ငါထက်လွန်သော တစုံတယောက်သော သူသည်လည်း။ နမညိဿနမညိ၊ ရှိမည်မထင်။
ဣတိ၊ ဤသို့။ ဗာလော၊ မိုက်သည်ဖြစ်၍။ အတိမာနတတော၊ လွန်သော မာန်ဖြင့်တူးဖြိုဖျက်ဆီးအပ်သည်။ ပတ္ထဒ္ဓေါ၊ အလေးပြုထိုက်သော သူတို့အားမပြုသောကြောင့် အလွန်ခက်ထန်သည်။ ဥဿိတဓဇော၊ ထောင်အပ်သော မာန်တည်းဟူသော တံခွန်ရှိသည်။ ဟုတွာ၊ ဖြစ်၍။
မာတရံ၊ အမိကိုလည်းကောင်း။ ပီတရဉ္စာပိ၊ အဘကိုလည်းကောင်း။ ဂရုသမ္မတေ၊ အလေးအမြတ် ပြုရာသော သူဟု သမုတ်အပ်ကုန်သော။ အညေပိ၊ တပါးလည်းဖြစ်ကုန်သော။
ကိဉ္စိ၊ တစုံတယောက်သော သူတို့ကိုမျှ။ မာနတ္တဒ္ဓေါ၊ ခက်ထန်သော မာန်ရှိသည်ဖြစ်၍။ အနာဒရော၊ ရိုသေခြင်းမရှိသည်ဖြစ်၍။ နအဘိဝါဒေသိံ၊ ရှိမခိုး။
ဧဝံ၊ ဤသို့။ မာနတ္ထဒ္ဓေါ၊ မာန်ခက်ထန်သည်။ ဟုတွာ၊ ဖြစ်၍။ ဝိစရန္တော၊ သွားသည်ရှိသော်။ ဝိနာယကံ၊ ဝေနေယျ သတ္တဝါတို့ကို ဆုံးမတော်မူတတ်ထသော။ အဂ္ဂံ၊ သီလသမာဓိစသော ဂုဏ်တို့ဖြင့် မြတ်ထသော။ သာရထိနံ ငရုတ္တံ၊ ဆုံးမထိုက်သော သူတို့ကို စင်စစ်ဆုံမတတ်သော သူတို့တက် အလွန်အားဖြင့်မြတ်သော ရထားထိန်းဖြစ်တော်မူထသော။
အာဒိစ္စံဝအာဒိစ္စံဣဝ၊ နေမင်းကဲ့သို့။ ဇာပန္တံ၊ တလံမျှလောက်သော ရောင်ခြည်တော်ဝန်းစသည်ဖြင့် ထွန်းပတော်မူထသော။ ဘိက္ခုသံဃ ပုရက္ခတံ၊ ရဟန်းအပေါင်းတို့၏ ရှေးရှုသော အရပ်၌ နေတော်မူသော။
သတ္ထာရံ၊ တရားကိုဟောတော်မူသော မြတ်စွာဘုရားကို။ ဒိသွာ၊ မြင်ရသောကြောင့်။ မာနံမဒဉ္စ၊ မာန်ယစ်ခြင်းကိုလည်းကောင်း။ ဆဋ္ဋေတွာ၊ စွန့်၍။ ဝိပ္ပသန္နေန၊ အထူးသဖြင့် ကြည်ညိုစွာသော။ စေတသာ၊ စိတ်ဖြင့်။
သဗ္ဗသတ္တာနံ၊ ခပ်သိမ်းသော သတ္တဝါတို့ထက်။ ဥတ္တမံ၊ မြတ်တော်မူသော မြတ်စွာဘုရားကို။ သိရသာ၊ ဦးဖြင့်။ အဘိဝါဒေသိံ၊ ရှိခိုးပြီ။
အတိမာနောစ၊ လွန်သော မာန်ကိုလည်းကောင်း။ ဩမာနောစ၊ ယုတ်သော မာန်ကို လည်းကောင်း။ ပဟီနာ၊ အယ်အပ်ကုန်ပြီ။ သုမသူဟတာ၊ ကောင်းစွာ မဂ်ဖြင့် ဖြတ်အပ်ကုန်ပြီ။
အသ္မိမာနော၊ ငါဟူသော မာန်ကို။ သမုစ္ဆိန္နော၊ အကြွင်းမဲ့ဖြတ်အပ်ပြီ။ သဗ္ဗေ၊ အလုံးစုံကုန်သော။ မာနဝိဓာ၊ အတိမာန ဩရမာနသဒိသမာနတို့ကို။ တတာ၊ သတ်အပ်ကုန်ပြီ။
ဣတိ၊ ဤသို့။ ပုရောဟိတပုတ္တော၊ ပုရောဟိတ်ပုဏ္ဏား၏ သားဖြစ်သော။ ဇေန္တောထေရော၊ ဇေန္တထေရ်သည်။ ဣမာဆဂါထာယော၊ ဤခြောက်ဂါထာ တို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဇေန္တထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။ ယဒါ၊ အကြင်အခါ၌။ ဇာတိယာ၊ ပဋိသန္ဓေအားဖြင့်။ သတ္တဝဿိကော၊ ခုနစ်နှစ်သာ ရှိသေးသော။ ပဗ္ဗဇိတော၊ ရဟန်းပြုသော။ နဝေါဒဟရော၊ အငယ်သာဖြစ်သော သာမဏေသည်။
မဟိဒ္ဓိကံ၊ ကြီးသော တန်ခိုးရှိသော။ ဘိန္ဓုဘိန္နံ၊ နဂါးမင်းကို။ ဣဒ္ဓိယာ၊ တန်ခိုးဖြင့်။ အသိဘဝိတွာ၊ နှိပ်စက်၍။
အနောဒတ္တာ၊ အနောဒတ္တအမည်ရှိသော။ မဟာသရာ၊ အိုင်ကြီးမှ။ ဥပဇ္ဈာယဿ၊ ဥပဇ္ဈာယ်ဖြစ်သော အနုရုဒ္ဓါအား။ တဒါ၊ ထိုအခါ၌။ ဥဒကံ၊ ရေကို။ အာဟရာမိ၊ ဆောင်၏။
တတော၊ ထိုနောင်မှ။ မံ၊ ငါ့ကို။ ဒိသွာ၊ မြင်တော်မူ၍။ သတ္ထာ၊ မြတ်စွာဘုရားသည်။ ဧတံဝစနံ၊ ဤသို့ သော စကားကို။ အဗြဝိ၊ မိန့်တော်မူ၏။
သာရိပုတ္တ၊ သာရိပုတ္တရာ။ ဥဒကကုမ္ဘံ၊ ရေအိုးကို။ အာဒါယ၊ ယူ၍။ အာဂစ္ဆန္တံ၊ လာလတ်သော်။
အဇ္ဈတ္တံသုသမာဟိတံ၊ ဝိသယဇ္ဈတ္တဖြစ်၍ ဖြစ်သော အရဟတ္တဖိုလ်သမာဓိဖြင့် ကောင်းစွာတည်ကြည်သော။ ဣမံကုမာရကံ၊ ဤသာမဏေငယ်ကို။ ပဿ၊ ရှုလော။
ပါသာဒိကေနဝတ္တေန၊ မြင်ကုန်သော သူတို့အား ကြည်ညိုဘွယ်ကို ဆောင်တတ်သော အကျင့်ဝတ်နှင့် ပြည့်စုံသည်ဖြစ်၍။ ကလျာဏဣရိယာပထော၊ ပြည့်စုံသော ဣရိယ ပုလ်ရှိသော။
သာမဏေရော၊ သာမဏေသည်။ ဣဒ္ဓိယာစ၊ တန်ခိုးဖြင့်လည်း။ ဝိသာရဒ္ဓေါ၊ စွမ်းနိုင်သော။
အာဇာနိယေန၊ ယောင်္ကျားအာဇာနည်အဖြစ်ဖြင့်။ အာဇညော၊ သူတပါးတို့ စိတ်ကို သိနိုင်သော ပညာရှိသော။ သာဓုနာ၊ မိမိအကျိုးစီးပွါးသူတပါး အကျိုးစီးပွါးကို ပြီးစေတတ်သောကြောင့် သူတော်ကောင်း၏ အဖြစ်ဖြင့်။ သာဓုကာရိတော၊ နှစ်ပါးသော အစီးအပွါးကို ပြီးစေတတ်သော ကောင်းသော အာဇာနည်အဖြစ်ကို ပြု၍ ဆုံးမအပ်သော။
ဝိနီတော၊ အရဟတ္တမဂ်တည်းဟူသော ဝိဇ္ဇာဖြင့် ဆုံးမအပ်သော ရဟန္တာအဖြစ်သို့ ရောက်ပြီးသော။ ယောသာမဏေရော၊ အကြင်သုမနသာမဏေသည်။ အနုရုဒ္ဓဿ၊ အနုရုဒ္ဓါထေရ်အား။ ဥဒကံ၊ ရေကို။ အာဒါယ၊ ယူ၍။ အဒါသိ၊ ပေး၏။ ကတကိစ္စေန၊ ပြုအပ်သော ကိစ္စရှိသော။ အနုရုဒ္ဓေန၊ အနုရုဒ္ဓါသည်။ သိက္ခိတော၊ သင်စေအပ်ပြီးသော။
သောသာမဏေရော၊ ထိုသာမဏေသည်။ ပရမံသန္တိံ၊ မြတ်သော နိဗ္ဗာန်ကို။ သစ္ဆိကတွာ၊ မျက်မှောက်ပြု၍။ အကုပ္ပတံ၊ အရဟတ္တဖိုလ်သို့။ ပတ္တော၊ ရောက်ပြီ။ မံ၊ ငါ့ကို။ သုမနော၊ သုမနအမည်ရှိသော။ သာမဏေရော၊ သာမဏေဟူ၍ လည်းကောင်း။ ခီဏာသဝေါတိဝါ၊ ရဟန်းဟူ၍လည်းကောင်း။ ဆဠာဘိညောတိဝါ၊ အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စံဒသော သူဟူ၍လည်းကောင်း။ ကောစိပိ၊ တစုံတယောက်သော သူသည်မျှလည်း။ မာဇညာတိ မာဇာနေယာတိ၊ မသိစေသတည်း ဟူ၍။ ဣစ္ဆတိအဘိကင်္ခတိ၊ အလိုရှိ၏။
ဣတိ၊ ဤသို့။ သုမနောထေရော၊ သုမနထေရ်သည်။ ဣမာဆဂါထာယော၊ ဤခြောက်ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ သုမနထေရဂါထာ အနက်ပြီး၏။
ဘိက္ခု၊ အိုရဟန်း။ တွံ၊ သင်သည်။ ဝါတရောဂါတိနီတော၊ လေအနာဖြင့် နှိပ်စက်အပ်သည်ဖြစ်လျက်။ ဂေါစရေလူခေ၊ ဆွမ်းခံခြင်းငှါ မလွယ်သော။ ဝိဟာရကာနနေဝနေ၊ တောကျောင်း၌။ ပဝိဋ္ဌေ၊ ဝင်နေသည်ရှိသော်။ ကထံ၊ အသို့လေနာကို ဖျောက်ခြင်းကို ပြု၍ ချမ်းသာသည်ကို။ ကရိဿာတိ၊ ပြုလတ္တံ့နည်း။
ဣတိဣမံဂါထံ၊ ဤဂါထာကို။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ အာဟ၊ မိန့်ပြီ။ အထပစ္ဆာ၊ ထိုနောက်မှ။ ထေရော၊ နှတကမုနိမထေရ်သည်။ ဘဂဝါ၊ ဘုန်းတော်ကြီသော ဘုရား။ အဟံ၊ အကျွန်ုပ်သည်။ ဝိပုလေန၊ ပြန့်ပြောသော။ ပီတိသုခေန၊ ဈာနပီတိ သုခဖလပီတိသုခဖြင့်။ ဣမံသရဿယံ၊ ဤကိုယ်ကို။ ဖရိတွာန၊ နှံ့စေ၍။
လူခမ္ပိ၊ ကြမ်းတမ်းသော ဘောဇဉ်ကိုလည်း။ အဘိသမ္ဘောန္တော၊ သုံးဆောင်လျက်။ ကာနနေ၊ တောကျောင်း၌။ ဝိဟရိဿာမိ၊ နေပါအံ့။
သတ္တဗောဇ္ဈင်္ဂေ၊ ခုနစ်ပါးသော ဗောဇ္ဈင်တို့ကိုလည်းကောင်း။ ဣန္ဒြိယာနိစ၊ သဒ္ဓါစသော ငါးပါးသော ဣန္ဒြေတို့ကိုလည်းကောင်း။ ဗလာနိစ၊ သဒ္ဓါဖိုလ်စသော ငါးပါးသော ဖိုလ်တို့ကိုလည်းကောင်း။ ဘာဝေန္တော၊ ပွါးစေလျက်။
ဈာနသုခုမသမ္ပန္နော၊ အရူပဈာန်ဟု ဆိုအပ်သော သိမ်မွေ့သော ဈာန်နှင့် ပြည့်စုံသည်ဖြစ်၍။ အနာသဝေါ၊ ကင်းပြီးသော အာသဝေါရှိသည်ဖြစ်၍။ ဝိဟရိဿံ၊ နေပါအံ့။
ကိလေသေဟိ၊ ကိလေသာတို့မှ။ ဝိပ္ပမုတ္တံ၊ အထူးသဖြင့် လွတ်ထားသော။ သုဒ္ဓစိတ္တံ၊ အလုံးစုံသော ကိလေသာတို့မှ စင်ကြယ်သော စိတ်ရှိထသော။ အနာဝိလံ၊ ကိလေသာတို့ဖြင့် နောက်ကျခြင်း မရှိသော အရဟတ္တဖိုလ်ကို။
အဘိဏှံ၊ မပြတ်။ ပစ္စဝေက္ခန္တော၊ ဆင်ခြင်လျက်။ အနာသပေါ၊ အာသဝေါကင်းပြီးသည်ဖြစ်၍။ ဝိဟာရိဿံ၊ နေပါအံ့။
မေ၊ ငါ၏။ အဇ္ဈတ္တဉ္စ၊ အတွင်းသန္တာန်၌ လည်းကောင်း။ ဗဟိဒ္ဓါ၊ အပသန္တာန်၌လည်းကောင်း။ ယေအာသဝါ၊ အကြင်အာသဝေါတရားတို့သည်။ ဝိဇ္ဇိံသု၊ ထင်ရှားရှိကုန်၏။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော အာသဝေါတရားတို့ကို။ အသေသာ၊ အကြွင်းမရှိ။ ဥစ္ဆိန္နာ၊ အရဟတ္တမဂ်ဖြင့် ဖြတ်အပ်ကုန်ပြီ။ ပုန၊ တဘန်။ တေအာသဝါ၊ ထိုအာသဝေါတရားတို့သည်။ နစဥပ္ပဇ္ဇရေ၊ မဖြစ်ကုန်ပြီ။
ပဉ္စက္ခန္ဓာ၊ ငါးပါးသော ခန္ဓာတို့ကို။ မယာ၊ ငါသည်။ ပရိညာတာ၊ ပိုင်းခြား၍ သိအပ်ကုန်ပြီ။ ဆိန္နမူလကာ၊ အရဟတ္တမဂ်ဖြင့် ဖြတ်အပ်သော ဝဋ်မြစ်ရှိကုန်သည်ဖြစ်၍။ တိဋ္ဌန္တိ၊ တပါးသော ဘဝ၌ မဖြစ်မူ၍ တည်ကုန်ပြီ။
ဒုက္ခက္ခယော၊ ဆင်းရဲ ၏ ကုန်ရာဖြစ်သော နိဗ္ဗာန်သို့။ အနုပ္ပတ္တော၊ ရောက်ပြီ။ ဒါနိဣဒါနိ၊ ယခုအခါ၌။ ပုနဗ္ဘဝေါ၊ တဖန်ဘဝ၌ ဖြစ်ခြင်းသည်။ နတ္ထိ၊ မရှိပြီ။
ဣတိ၊ ဤသို့။ နှာတကမုနိထေရော၊ နှာတကမုနိထေရ်သည်။ ဣမာဆဂါထာယော၊ ဤခြောက်ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ နှာတကမုနိထေရဂါထာ အနက်ပြီး၏။
အကောဓဿ၊ မဂ်ဖြင့် ပြယ်ဖြတ်ပြီးသော အမျက်ရှိသည်ဖြစ်၍ ကင်းသော အမျက်ဒေါသရှိသော သူအား။ ကုတော၊ အဘယ်ကြောင့်။ ကောဓော၊ အမျက်ဒေါသ သည်။ ဥပ္ပဇ္ဇေယျ၊ ဖြစ်ပါတော့အံ့နည်း။ ဒန္တဿ၊ အရဟတ္တမဂ်အဆုံးအမဖြင့် ဆုံးမအပ်ပြီးသော။ သမဇီဝိနော၊ ကိုယ်၏ မညီမညွတ်ခြင်း စသည်တို့ကို အချင်းခပ်သိမ်းပယ်ပြီးသောကြောင့် ကိုယ်၏ ညီညွတ်ခြင်း စသည်တို့၏ အစွမ်းဖြင့် ကောင်းသော အသက်မွေးခြင်းရှိသောသူအား ခုနစ်ပါးသော အကျိုးရှိသောဘုရား၌ ပညာအဆင်အခြင်ဖြင့် ကောင်းစွာ အသက်မွေးခြင်းရှိသော။
သမ္မာ၊ ကောင်းစွာ။ အညာယ၊ အဘိညေယျစသော တရားတို့ကိုသိ၍။ ဝိမုတ္တဿ၊ အလုံးစုံသော အာသဝေါမှ လွတ်ပြီးထသော။ ဥပသန္တဿ၊ ခပ်သိမ်းသော ကိလေသာ ဟူသော ပူပန်ခြင်းမှ ငြိမ်းပြီးထသော။ တာဒိနော၊ ဣဋ္ဌာရုံ အနိဋ္ဌာရုံ စသည်၌ သည်းခံခြင်းလက္ခဏာနှင့် ပြည့်စုံသော ရဟန္တာ ပုဂ္ဂိုလ်အား။ ကုတော၊ အဘယ်ကြောင့်။ ကောဓော၊ အမျက်ထွက်ခြင်းသည်။ ဥပ္ပဇ္ဈေယျ၊ ဖြစ်ပါတော့အံ့နည်း။
ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ကုဒ္ဓံ၊ မိမိအထက်၌ အမျက်ထွက်သော ပုဂ္ဂိုလ်ကို။ ပဋိကုဇ္ဈတိ၊ တဘန်ပြုန်၍အမျက်ထွက်၏။ တဿေဝ၊ ထိုအမိမိအထက်၌ အမျက်ထွက်သော သူကို ပြန်၍ အမျက်ထွက်သော သူအားသာလျှင်။ တေန၊ ထိုပြန်၍အမျက်ထွက်သဖြင့်။ ပါပိယော၊ လောက၌ ပညာရှိတို့ ကဲ့ရဲ့ခြင်း တမလွန်ဘောက၌ငရဖြစ်သော ဆင်းရဲစသည်တို့၏ အစွမ်းဖြင့် ယုတ်မာစွာသော ပုဂ္ဂိုလ်မည်သည်။ ဟောတိ၊ ဖြစ်၏။
ကုဒ္ဓံ၊ မိမိအထက်၌ အမျက်ထွက်သော သူကို။ အပဋိကုဇ္ဈန္တော၊ တဘန်ပြန်၍ အမျက်မထွက်သော သူသည်။ ဒုဇ္ဇယံ၊ အောင်နိုင်ခဲသော။ သင်္ဂမံ၊ ကိလေသာတည်းဟူသော စစ်သည်ဗိုလ်ပါကို။ ဇေတိနာမ၊ အောင်နိုင်သည်မည်၏။
အတ္တနောစ၊ မိမိ၏ လည်းကောင်း။ ပရဿစ၊ သူတပါး၏လည်းကောင်း။ ဥဘိန္နံ၊ နှစ်ပါးသော သူတို့၏။ အတ္ထံ၊ ပစ္စုပ္ပန် စီးပွါးသံသရာစီးပွါးနှစ်ပါးကို။ စရတိနာမ၊ ကျင့်သည်မည်၏။
ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ပရသံကုပိတံ၊ သူတပါးက မိမိအထက်၌ အမျက်ထွက်သည်ကို။ ဉတွာ၊ သိလတ်၍။ သတော၊ ထိုသူ၌ မေတ္တာကို ပွါးစေခြင်းလျစ်လှူရှုခြင်းဟူသော သတိပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍။ ဥပသမတိ၊ သည်းခံသဖြင့် ငြိမ်းစေ၏။
သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ အတ္တနောစ၊ မိမိ၏လည်းကောင်း။ ပရဿစ၊ သူတပါး၏ လည်းကောင်း။ ဥဘိန္နံ၊ နှစ်ယောက်ကုန်သော သူတို့၏။ ကောဓဗျာဓိံ၊ အမျက်တည်းဟူသောအနာကို။ တိကိစ္ဆန္တံ၊ ကုစားနိုင်သော ပုဂ္ဂိုလ်တို့တွင်။
ယော၊ အကြင်သူသည်။ ဓမ္မဿ၊ တရားတော်၏။ အရိယာစာရဓမ္မေ၊ အရိယာတို့ ကျင့်အပ်သော မေတ္တာဘာဝနာတရား၌။ အကောဝိဒေါ၊ မလိမ္မာ။ သော၊ ထိုသူကို။ ဗာလောတိ၊ သူမိုက်ဟူ၍။ ဇနာ၊ လူတို့သည်။ မညန္တိ၊ မှတ်ထင်ကုန်၏။
ကောဓော၊ အမျက်သည်။ သစေဥပ္ပဇ္ဇတေ၊ အကယ်၍ဖြစ်ငြားအံ့။ ဧဝံ၊ ဤသို့ဖြစ်သည်ရှိသော်။ ကကစူပမံ၊ လွှဥပမာကို။ အာပဇ္ဇအာဂဇ္ဇေယျ၊ ဆင်ခြင်ရာ၏။
ရသေ၊ ဆွမ်းခဲဘွယ် ဟင်းမျိုးအချိုအချဉ်စသော အရသာ၌။ တဏှာ၊ တပ်မဂ်မောခြင်းသည်။ ဥပ္ပဇ္ဇေယျစေ၊ အကယ်၍ ဖြစ်ငြားအံ့။ ဧဝံ၊ ဤသို့ ဖြစ်သည်ရှိသော်။ တဿ၊ ထိုဖြစ်သော တဏှာကို။ ဝူပသမာယ၊ ငြိမ်းစေခြင်းငှါ။ ပုတ္တမံ သူပမံ၊ သား၏ အသားဥပမာကို။ သရသရေယျ၊ အောက်မေ့ရာ၏။
တေ၊ သင်၏။ စိတ္တံ၊ စိတ်သည်။ ကာမေသုစ၊ ကာမဂုဏ်ငါးပါးတို့၌လည်း။ ဆန္ဒရာဂဝသေန၊ ပြင်းစွာတပ်သော ရာဂ၏ အစွမ်းဖြင့်။ ဘဝေသုစ၊ ကာမဘဝစသော ကိုးပါးသော ဘဝတို့၌လည်း။ သစေဓာဝတိ၊ ဘဝသမ္မတ္တိကိုတောင်တသည်၏ အစွမ်ဖြင့် အကယ်၍ လျှင်စွာဖြစ်ငြားအံ့။
ဧဝံ၊ ဤသို့ ဖြစ်သည်ရှိသော်။ ကိဋ္ဌာဒံ၊ ကောက်ပဲစသည်ကို စားတတ်သော။ ဒုပ္ပသုံ၊ နွားဆိုးကို။ ယောတ္တေန၊ ကြိုးဖြင့်။ ထမ္ဘေ၊ တိုင်၌။ ဗန္ဓိတွာ၊ ချည်ဖွဲ့၍။ အတ္တနော၊ မိမိ၏။ ဝသေ၊ အလို၌။ ဝတ္တေတိယထာ၊ လိုက်စေသကဲ့သို့။ ဧဝံတထာ၊ ထိုအတူ။ သတိယာ၊ သတိဟူသော ကြိုးဖြင့်။ သမာဓိသမ္ဘေ၊ သမာဓိဟူသော တိုင်၌။ ဗန္ဓန္တော၊ ချည်ထားလျက်။ ခိပ္ပံ၊ လျှင်စွာ။ နိဂ္ဂဏှ၊ ကိလသာမှ ကင်းစေသဖြင့် အဆိတ်အတောက်မရှိအောင် နှိပ်ရာ၏။
ဣတိ၊ ဤသို့။ ဗြဟ္မဒတ္တောထေရော၊ ဗြဟ္မဒတ္တထေရ်သည်။ ဣမာဆဂါထာယော၊ ဤခြောက်ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဗြဟ္မဒတ္တထေရဂါထာ အနက်ပြီး၏။
အဆန္နံ၊ ဟုတ်မှန်တိုင်း မဘွင့်မပြမူ၍ ဖုံးလွှမ်းအ်သော ဒုစရိုက်တရားကို ကျင့်သော သူသည်။ အတိဝဿတိ၊ အာပတ်ဟူသော မိုဃ်းကိလေသာ ဟူသော မိုဃ်းဖြင့် အလွန်စွတ်၏။ ဝိဝဋ္ဋံ၊ မဖုံးလွှမ်းအပ်ထင်ရှားပြအပ်သော ဒုစရိက်တရားသည်။ နာတိဝဿတိ၊ အာပတ်ဟူသော မိုဃ်းကိလေသာ ဟူသော မိုဃ်းဖြင့်အလွန်မစွတ်။
တသ္မာ၊ ထိုကြောင့်။ ဆန္နံဆန္နဿ၊ ဖုံးလွှမ်းအပ်သော အာပတ်ဒုစရိုက်တရားကို။ ဝိဝရေထ၊ ဟင်းလင်းဖွင့်ရာ၏။ ဧဝံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသောဖွင့်လှဟ်ခြင်းဟု ဆိုအပ်သော တရားနှင့်လျော်စွာကျင့်ခြ်းဖြင့်။ တံ၊ ထိုဖုံလွှမ်းအပ်သော ဒုစရိုက်တရားသည်။ နာတိဝဿတိ၊ အာပတ်ဟူသော မိုဃ်းကိသောဟူသော မိုဃ်းဖြင့်မစွတ်။
လောကေ၊ လူအပေါင်းကို။ ပစ္စုနာ၊ သေမင်းသည်။ အဗ္ဘဟတော၊ နှိပ်စက်အပ်၏။ ဇရာယ၊ ထိုသတ္တဝါအပေါင်းကို ဖြစ်စေသည်ကစ၍ အထက်၌ ထိုသေခြင်းအိုခြင်ဖြင့်။ ပရိဝါရိတော၊ လွှမ်းမိုးဘိစီးအပ်၏။
တဏှသလ္ဘေန၊ တဏှာတည်းဟူသောငြောင့်သည်။ ဩဘိဏ္ဏော၊ နှလုံး၏ အတါင်းသို့ သက်ဝင်သဖြင့် နှိပ်စက်ထိုးကျင့်အပ်၏။ ဣစဆာ၊ အာရုံ၌တောင့်တခြင်းရှိသော အလိုသည်။ သဒါ၊ အခါခပ်သမ်း။ ဓုမာယိတော၊ လောင်စေအပ်၏။
လောကော၊ လူအပေါင်းကို။ မစ္စုနာမ၊ သေမင်းသည်။ အဗ္ဘာဟတော၊ နှိပ်စက်အပ်၏။ ဖရာယ၊ သေခြင်းကို အိုခြင်းဖြင့်။ ပရိက္ခိတ္တော၊ ခြံရံအပ်၏။
အတာဏော၊ ထိုသတ္တဝါတို့ဖြင့်နှိပ်စက်အပ်၏။ ယထာကိံ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ တက္ကရော၊ ထိုမင်းနှင့်မလျော်သော အမှုကိုပြုသော။ သတ္တဒဏ္ဍော၊ သတ်အပ်သော ဒဏ်ရှိသောသတ္တဝါတို့သည်။ အတာဏော၊ ကိုးကွယ်ရာ မရှိသည်ဖြစ်၍။ ဟညတိဣဝ၊ မင်းအာဏာဖြင့် သတ်ရာသကဲ့သို့။ ဧဝံတထာ၊ ထိုအတူ။ အယံလောကော၊ ဤလူအပေါင်းကို။ ဖရာမရဏေဟိ၊ အိုခြင်းသေခြင်းတို့ဖြင့်။ ဟညတိ၊ ညှည်းဆဲနိုင်စက်၏။
မဟာဝနေ၊ တောကြီး၌။ ဒယှမာနေ၊ မီးလောင်သည်ရှိသော်။ တံ၊ ထိုတောကြီးကို။ အဘိဘဝန္တာ၊ နှိပ်စက်ကုန်သော။ အဂ္ဂိခန္ဓာဝိယ၊ မီးပုံကြီးကဲ့သို့။ မစ္စုဗျာဓိဇရာ၊ သေခြင်းနာခြင်း အိုခြင်းဟု ဆိုအပ်ကုန်သော။ တယော၊ သုံးပါးကုန်သော တရားတို့သည်။ သတ္တလောကံ၊ သတ္တဝါအပေါင်းကို။ အဘိဘဝန္တာ၊ နှိပ်စက်ကုန်လျက်။ အာဂစ္ဆန္တိ၊ လာကုန်၏။
တေ၊ ထိုသေခြင်းနာခြင်းအိုခြင်းတို့ကို။ ပစ္စုဂန္တုံ၊ တဘန်ပြန်၍နှိပ်စက်ခြင်းငှါ။ ဗလံဥဿာဟော၊ စွမ်းနိုင်သော သူသည်။ နတ္ထိ၊ မရှိ။ တေ၊ ထိုသေခြင်းနာခြင်းအိုခြင်းတို့ကို။ ပလာယိတုံ၊ ကျောက်ကုန်းကိုပြ၍ ထိုမှ ဤမှ ပြေးစေခြင်းငှါ။ ဇဝေါ၊ သျှင်မြတ်သော အားနှင့် ပြည့်စုံသော သူသည်။ နတ္ထိ၊ မရှိ။
အပ္ပေနဝါ၊ ချောင်းညှမ့်ခြင်းစသော အနည်းငယ်သော ကာလပတ်လုံး ဖြစ်ခြင်းဖြင့်လည်းကောင်း။ ဗဟုကေနဝါ၊ အလုံးစုံသော နေ့ညဉ့်ပတ်လုံး ဖြစ်ခြင်းဖြင့်လည်းကောင်း။ အမောဃံ၊ ဝိပဿနာ ၌ နှလုံးသွင်းခြင်းဖြင့် အချည်းနှီးမရှိသော။ ဒိဝသံ၊ တနေ့ပတ်လုံ။ ကယိရာ၊ ပြုရာ၏။
ယသ္မာ၊ အကြင်ကြောင့်။ ယံယံရတ္တိံ၊ အကြင်အကြင်သို့သော ညဉ့်ကို။ ဝိဇဟတေဝိဇဟတိ၊ ကုန်စေ၏။ တဒူနန္တဿ၊ ထိုညဉ့်မှ ယုတ်ခြင်းရှိသော သတ္တဝါအား။ ဇီဝိတံ၊ အသက်ရှည်ခြင်းသည်။ ဟောတိ၊ ဖြစ်။
စရတော၊ သွားသော သူအားလည်းကောင်း။ တိဋ္ဌသောဝါပိ၊ ရပ်ခြင်းကို ပြုသော သူအား လည်းကောင်း။ အသိနသယနဿဝါ၊ စားခြင်း အိပ်ခြင်းကို ပြုသော သူအား လည်းကောင်း။
စရိမာ၊ စုတိစိတ်နှင့်တကွဖြစ်သော။ ရတ္တိံ၊ ညဉ့်သည်။ ဥပေတိ၊ ကုန်ခြင်းသို့ ရောက်၏။ တသ္မာ၊ ထိုကြောင့်။ တေ၊ သင်အား။ ကာလော၊ ညဉ့်စသော ကာလသည်။ ပမဇ္ဇိတုံ၊ မေ့လျော့ခြင်းသို့ ရောက်ခြင်းငှါ။ နအရဟတိ၊ မထိုက်။ ကသ္မာ၊ အဘယ်ကြောင့်နည်း ဟူမူကား။ ဣမသ္မိံ ကာလေ၊ ဤကာလ၌။ မရဏံ၊ သေခြင်းသည်။ ဟောတိ၊ ဖြစ်လတ္တံ့။ ဣတိ၊ ဤသို့။ အဝိစိတတ္တာ၊ သေရအံ့သော ကာလကို မသိနိုင်သည်၏ အဖြစ်ကြောင့်တည်း။
ဣတိ၊ ဤသို့။ သိရိမဏ္ဍောထေရော၊ သိရိမဏ္ဍထေရ်သည်။ ဣမာဆဂါထာယော၊ ဤခြောက်ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ သိရိမဏ္ဍထေရဂါထာ အနက်ပြီး၏။
ဒွိပါဒကော၊ ခြေနှစ်ချောင်းရှိသော။ အယံကာယော၊ ဤကိုယ်သည်။ သုစိံ၊ မစင်ကြယ်သည်ကို။ ဒုဂ္ဂန္ဓော၊ မကောင်းသော အနံ့ကို။ ပရိဟရတိ၊ နံ့သာပန်းအစရိသည်တို့ဖြင့် စီရင်၍ ထိုမစင်ကြယ်သော မကောင်းသော အနံ့ကို ဖျောက်၏။
နာနာကုဏပပရိပူရော၊ ပိုးမျိုးရှစ်ဆယ် အစရှိသော များသော အပြားရှိသော ပိုးလောက်တို့ဖြင့် ပြည့်၏။ တတောတတော၊ ထိုထိုသို့သော ကိုးပါးသော ဇွဲရတို့မှ။ ဝီသဝန္တော၊ တံတွေးနှုတ်ကျင်ကြီးကျင်ငယ်အစရှိသည်တို့သည် ယိုစီးခြင်း အမွေးတွင်းမှ ချွေးအစရှိသည်တို့ဖြင့် ယိုစီးသည်ကို။ ပရိဟရတိ၊ ပန်းနံ့သာ စသည်တို့ဖြင့် ဖျောက်၏။
ဧဝံ ဇိဂုစ္ဆောပိ၊ ဤသို့ စက်ဆုပ်ဘွယ်ရှိသည် လည်းဖြစ်သော။ အယံကာယော၊ ဤကိုယ်သူ။ ကူဋေန၊ ကျော့ကွင်းလွန်စသော အထွတ်ဖြင့်။ နိလီနံပဋိစ္ဆန္နံ၊ ဖုံးလွှမ်းသည်ကို။ ကတွာ၊ ပြု၍။ မိဂံ၊ သမင်ကို။ မိဂလုဒ္ဒကော၊ မုတ်ဆိုးသည်။ ဟနတိဣဝ၊ သတ်သကဲ့သို့လည်းကောင်း။ အမ္ဗုဇံ၊ ငါးကို။ ဗဠိသေန၊ အစာဖြင့် ဖွဲ့သော သံမျှားချိန်ဖြင့်။ ဝဉ္ဇေန္တော၊ လှည့်ပတ်လျက်။ ဗာဓေတိဣဝ၊ နှိပ်စက်သကဲ့သို့လည်းကောင်း။
ဝါနရံ၊ မျောက်ကို။ လေပေန၊ သစ်ပင်အစေးစသည်ဖြင့် တင်အပ်သော မျောက်နှဲစေးဖြင့်။ လုဒ္ဒကော၊ မုတ်ဆိုးသည်။ ဝဉ္စေန္တော၊ လှည့်စားလျက်။ ဗာဓတိဣဝ၊ နှိပ်စက်သကဲ့သို့လည်းကောင်း။ ပုထုဇ္ဇနံ၊ အလွန်မိုက်လှစွာသော ပုထုဇဉ်ကို။ ဗာဓယန္တိ၊ ရူပါံရုံစသည်၌ ငြိစေ၍ ကိလေသာတို့သည် နှိပ်စက်ကုန်၏။
မနောရမ္မာ၊ ပုထုဇဉ်တို့၏ နှလုံးမွေ့လျော်ဘွယ်ကို ဖြစ်စေတတ်ကုန်သော။ ယေရူပါစ၊ အကြင်ရူပါရုံတို့သည်လည်းကောင်း။ ယေသဒ္ဒါစ၊ အကြင်သဒ္ဒါရုံတို့သည်လည်းကောင်း။ ယေရသာစ၊ အကြင်ရသာရုံတို့သည်လည်းကောင်း။ ယေဂန္ဓာစ၊ အကြင်ဂန္ဓာရုံတို့သည်၎င်း။ ယေဖောဋ္ဌဗ္ဗာစ၊ အကြင်ဖောဋ္ဌဗ္ဗာရုံတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။
ဧတေကာမဂုဏာ၊ ထိုငါးပါးသော ကာမဂုဏ်တို့သည်။ ဣတ္ထိရူပသ္မိံ၊ မိန်းမအဆင်း၌။ ဒိဿရေ၊ ထင်ကုန်၏။
ယေပုထုဇ္ဇနာ၊ အကြင် ပုထုဇဉ်တို့သည်။ ဧတာဣတ္ထိယော၊ ထိုမိန်းမတို့ကို။ ရတ္တစိတ္တာ၊ ပြင်းစွာတပ်သော ရာဂဖြင့် နှိပ်စက်သော စိတ်ရှိကုန်သည်ဖြစ်၍။ ဥပသေဝန္တိ၊ သုံးဆောင်အပ်သော ဝတ္ထုအမှတ်ဖြင့် မှီဝဲကုန်၏။
တေအန္ဓဗာလာ၊ ထိုမိုက်စွာသော ပုထုဇဉ်တို့သည်။ ကဋသိံ၊ အလွန်မွေ့လျော်တတ်သောကြောင့် ကုဋသိဟု ဆိုအပ်သော။ ဃောရံ၊ ကြောက်မက်ဘွယ်သော သံသရာပတ်လုံး။ ပုနဗ္ဘဝံ၊ အသစ်အသစ်သောဘဝကို။ အာစိနန္တိ ဝဍ္ဎေန္တိ၊ ပွါးစေကုန်၏။
ယောပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်ကား။ ဧတာဣတ္ထိယော၊ ထိုမိန်းမတို့ကို။ သပ္ပဿေဝ၊ မြွေ၏သာလျှင်။ သိရောဣဝ၊ ဥက္ခေါင်းကိုကဲ့သို့။ သဒါ၊ အခါခပ်သိမ်း။ ပရိဝဇ္ဇေသိ၊ ထိုမိန်းမ၌ တင်သော ရာဂကို ခွါခြင်းဖြတ်ခြင်းဖြင့် ကြဉ်၏။
လောကေ၊ လောက၌။ ဣမံဝိသဋ္ဌိတံ၊ ဤသို့ စီးယို၍ တည်တတ်သော မြစ်နှင့်တူသော တဏှာကို။ သတော၊ သမထဝိပဿနာဘာဝနာနှင့်ယှဉ်သော သတိရှိသည်ဖြစ်၍။ သမဝတ္တတိ၊ လွန်၍ဖြစ်နိုင်၏။
ကာမေသု၊ ကာမဂုဏ် ကာမဘဝ စသည်တို့၌။ အာဒီနဝံ၊ များသော အပြစ်ရှိသည်ကို။ ဒိသွာ၊ ဝိပဿနာ ဉာဏ်ဖြင့် မြင်၍။ နေက္ခမံ၊ ကာမဂုဏ် ဘဝသုံးပါးတို့မှ ထွက်မြောက်ရာနိဗ္ဗာန်ကို။ ခေမတော၊ ဘေးမရှိသော အားဖြင့်။ ဒဋ္ဌုဒိသွာ၊ မြင်၍။
သဗ္ဗကာမေဟိ၊ အလုံးစုံသော တေဘူမကတရားတို့မှ။ နိဿဋောဝိသံယုတ္တော၊ မယှဉ်သည်ဖြစ်၍။ မေမယာ၊ ငါသည်။ အာသဝက္ခယော၊ အာသဝေါတရားတို့၏ ကုန်ရာ အရဟတ္တဖိုလ် နိဗ္ဗာန်သို့။ ပတ္တော အဓိဂတော၊ ရအပ်ပြီ။
ဣတိ၊ ဤသို့။ သဗ္ဗကာမောထေရော၊ သဗ္ဗကာမထေရ်သည်။ ဣမာဆဂါထာယော၊ ဤခြောက်ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ သဗ္ဗကာမထေရဂါထာ အနက်ပြီး၏။
တတြတသ္မိံ ဆက္ကနိပါတေ၊ ထိုဆက္ကနိပါတ်၌။ ဥဒါနံ၊ ဥဒါန်းကား။
ဥရုဝေလကဿပေါ၊ ဥရုဝေလကဿပ အမည်ရှိသော။ ထေရောစ၊ ထေရ်လည်းကောင်း။ တေကိစ္ဆာကာရီစ၊ တေကိစ္ဆာကာရီထေရ်လည်းကောင်း။
မဟာနာဂေါစ၊ မဟာနာဂထေရ်လည်းကောင်း။ ကုလ္လောစ၊ ကုလ္လထေရ်လည်းကောင်း။ မာလုတော၊ မာလုတထေရ်လည်းကောင်း။ သဗ္ဗဒါသကော၊ သဗ္ဗဒါသကထေရ် လည်းကောင်း။
ကာတိယာနော၊ ကာတိယာန ထေရ်လည်းကောင်း။ မိဂဇာလော၊ မိဂဇာလထေရ်လည်းကောင်း။ ဇေန္တော၊ ဇေန္တ ထေရ်လည်းကောင်း။ သုမနသဝှယော၊ သုမန အမည်ရှိသော ထေရ်လည်းကောင်း။
နှာတမုနိ၊ နှာတမုနိ ထေရ်လည်းကောင်း။ ဗြဟ္မဒတ္တော၊ ဗြဟ္မဒတ္တထေရ်လည်းကောင်း။ သိရ မဏ္ဍော၊ သိရိမဏ္ဍထေရ်လည်းကောင်း။ သဗ္ဗကာမော၊ သဗ္ဗကာမထေရ်လည်းကောင်း။ ဣတိဣဒံ၊ ဤသည်လျှင်တည်း။
ဧတ္ထ၊ ဤဆက္ကနိပါတ်၌ ။ ဂါထာယော၊ ဂါထာတို့သည်။ စတုရာသီတိ၊ ရှစ်ဆယ့်လေးဂါထာတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ထေရော၊ မထေရ်တို့သည်။ စတုဒ္ဒသာ၊ တကျိပ်လေးယောက်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဆက္ကနိပါတော၊ ဆက္ကနိပါတ်သည်။ နိဋ္ဌိတော နိဋ္ဌံဣတောဂတောပတ္တော၊ ပြီးခြင်းသို့ ရောက်ပြီ။ ဆက္ကနိပါတ် ပြီး၏။