ဣဓ၊ ဤလောက၌။
ယောကောစိ၊ အမှတ်မရှိသော မင်းပုဏ္ဏားစသော သူလည်း။
မနုဿေသု၊ လူတို့၌ ။
ပရပါဏာနိ၊ တပါးသော သတ္တဝါတို့ကို။
ဟိံသတိ၊ ညှဉ်းဆဲတတ်၏။
သောနရော၊ ထိုသူသည်။
အသ္မာလောကော၊ ဤပစ္စုပ္ပန်လောကမှ လည်းကောင်း။
ပရမှာလောကာစ၊ တမလွန်လောကမှ လည်းကောင်း။
ဥဘယာ၊ နှစ်ပါးသော လောက၌ အကျွမ်းဝင်သော စီးပွါးချမ်းသာမှ။
ဓံသတေ၊ ယုတ်၏။
ယောစကောစိ၊ အမှတ်မရှိသော မင်း ပုဏ္ဏားစသော သူသည်။
မေတ္တနစိတ္တေန၊ ချစ်ခြင်းဟု ဆိုအပ်သော မေတ္တာစိတ်ဖြင့်။
သဗ္ဗေပါဏာ၊ ခပ်သိမ်းသော သတ္တဝါတို့ကို။
အနုကမ္ပတိ၊ သနားစောင့်ရှောက်တတ်၏။
တာဒိသကော၊ ထိုသို့ သဘောရှိသော။
သောနရော၊ ထိုသူသည်။
ဗဟုံ၊ များစွာသော။
ပုညံ၊ ကုသိုလ်တရားကို။
ပသဝတိ၊ ပွါးစေသည်မည်၏။
သုဘာသိတဿ၊ အလိုနည်းခြင်း စသော အပြားရှိသော ကောင်းစွာဟောအပ်သော ပရိယတ္တိဓမ္မကို။
သိက္ခေထ၊ သင်ခြင်းနာခြင်းဆောင်ခြင်းမေးမြန်းခြင်း စသည်၏ အစွမ်းဖြင့် သင်ရာ၏။
သမနူပါသနဿစ၊ ကိလေသာကို ငြိမ်းစေပြီးသော ရဟန်းကောင်းအဆွေခင်ပွန်းဖြစ်သော ဒါယကာတို့သို့။
ဥပသင်္ကမိတွာ၊ ရံခါရံခါ ဆည်းကပ်၍။
တေသံ၊ ထိုမကောင်းမှုကို ငြိမ်းစေပြီးသော ရဟန်းအဆွေခင်ပွန်းကောင်းဖြစ်သော ဒါယကာတို့၏။
ပဋိပတ္တိယာ၊ အကျင့်ဖြင့်။
သိက္ခေထ၊ အနီး၌ အကျင့်ကို သင်ရာ၏။
ဧကာသနဿစ၊ တယောက်အထည်း တည်းနေ၍ ကာယဝိဝေကပွါးစေသော သူ၏။
ရဟော၊ ဆိတ်ငြိမ်ရာအရပ်၌။
နိသဇ္ဇံ၊ ကမ္မဋ္ဌာန်းနှင့် ယှဉ်သည်၏ အစွမ်းအားဖြင့် နေခြင်းကို။
သိက္ခေထ၊ ကျင့်ရာ၏။
စိတ္တဝူပသမသ စ၊ သမုစ္ဆေဒပဟာန်အစွမ်းအားဖြင့် ကိလေသာတို့မှ စိတ်၏ ငြိမ်ခြင်းကိုလည်း။
သိက္ခေထ၊ ကျင့်ရာ၏။
ဣတိ၊ ဤသို့။
ဝါရဏတ္ထေရော၊ ဝါရဏထေရ်သည်။
ဣမံဂါထတ္တယံ၊ ဤဂါထာသုံးခုတို့၏ အပေါင်းကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဝါရဏထေရဂါထာ အနက်ပြီး၏။