Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

7. Ekadhammasavanīyattheragāthā

Author: နိဿယ @ IAPT

အာဝုသော၊ ငါ့ရှင်တို့။ မယှံ၊ ငါသည်။ ကိလေသာ၊ ငါ၏ သန္တာန်၌ဖြစ်သော ကိလေသာတို့ကို။ ဈာပိတ၊ အရိယမဂ်ဟူသော မီးဖြင့် လောင်စေအပ်တိုက်စေအပ်ကုန်ပြီ။ ဘဝါ၊ ကာမဘဝကမ္မဘဝ အစရှိကုန်သော ။ သဗ္ဗေ၊ အလုံးစုံသော ဘဝကိုးပါး၌ ဖြစ်သော တဏှာတို့ကို။ သမူဟတာ၊ မဂ်ဖြင့် အကြွင်းမဲ့ နှုတ်အပ်ကုန်ပြီ။
သံသာရော၊ ခန္ဓာအာယတနဓါတ်တို့၏ မပြတ်ခြင်းဖြင့် တည်းဟူသော သံသရာစက်သည်။ ဝီခီဏော၊ အထူးသဖြင့် ကုန်ပြီ။ ဒါနိဣဒါနိ၊ ယခုအခါ၌။ ပုနဗ္ဘဝေါ၊ တဘန်ဘဝသစ်၌ ဖြစ်ခြင်းသည်။ နတ္ထိ၊ မရှိ။
ဣတိ၊ ဤသို့ ။ ဧကဓမ္မသဝ နိယောထေရော၊ ဧကဓမ္မသဝနိယထေရ်သည်။ ဣမံဂါထံ၊ ဤဂါထာကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဧကဓမ္မသဝနိယထေရဂါထာ အနက်ပြီး၏။