Issues
選擇版本
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

10. Dasakanipāto

作者: နိဿယ @ IAPT

ဘဒ္ဒန္တေ၊ အရှင်ဘုရား။ အဂါရိနော၊ သန္တာအဆင်းနှင့်တူသော သစ်ပင်တို့၏ အပွင့်အညွန့်နှင့် ပြည့်စုံထသော။ ဖလေသိနော၊ အသီးလည်းရှိကုန်ထသော။ ဒုမာ၊ သစ်ပင်တို့သည်။ ဆဒနံ၊ ရှေးအရွက်ဟောင်းကို။ ဝိပ္ပဟာယ၊ စွန့်ကုန်၍။ သံဆိန္နပဏ္ဍုပလာသာ၊ ပြန်သော သစ်ရွက်လျော်ရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
တေဒုမာ၊ ထိုသစ်ပင်တို့သည်။ အစ္ဆိမန္တောဝအစ္ဆိမန္တောဣဝ၊ တောက်ပသော မီးကဲ့သို့ ။ ပဘာသယန္တိ၊ ထက်ဝန်းကျင်မှ အရောင်အဝါကို ဖြစ်စေကုန်၏။ မဟာဝီရ၊ ကြီးသော လုံ့လရှိတော်မူသော ဘုရားမြတ်။ ရသာနံ၊ အတ္တရသစသည်တို့၏။ ဘာဂီ၊ အဘို့ရှိသည်။ ဟုတွာ၊ ဖြစ်၍။ ဒါနိဣဒါနိ၊ ယခုအခါ၌။ အနုဂ္ဂဟိတာယ၊ ဆွေတော်မျိုးတော်တို့ကို ချီးမြှောက်အံ့သည်၏။ သမယော၊ အခါတံပြီ။
သမန္တတော၊ ထက်ဝန်းကျင်မှ။ ဒုမာနိ၊ သစ်ပင်တို့သည်။ ဖုလ္လာနိ၊ ထိုအရပ်၌ သီးပွင့်ကုန်သည်ဖြစ်၍။ မနောရမာနိ၊ နှလုံးမွေ့လျော်ဘွယ်ရှိကုန်ပြီ။ သဗ္ဗဒိသာ၊ ခပ်သိမ်းသော အရပ်မျက်နှာတို့သည်။ သဝန္ထိ၊ အပွင့်အနံ့တို့ကို လွှတ်ကုန်ပြီ။
ရုက္ခာ၊ သစ်ပင်တို့သည်။ ပတ္တံ၊ အရွက်အဟောင်းကို။ ပဟာယ၊ စွန့်၍။ ဖလံ၊ သီအံ့သည်ကို။ အာသိသမာနာ၊ ယူလိုကုန်သကဲ့သို့။ ဧဝံတထာ၊ ထိုအတူ။ ရုက္ခေါဘာယသောဘန္တိ၊ သစ်ပင်၏အရောင်ဖြင့် တင့်တယ်ကုန်ပြီ။ ဝီရ၊ ကြီးသောလုံ့လရှိတော်မူသော ဘုရားမြတ်။ ဣတော၊ ဤရာဇဂြိုဟလပြည်မှ။ ပက္ကမနာယ၊ ဖဲခြင်းငှါ။ ကာလော၊ အခါတန်ပြီ။
ဘဒ္ဒန္တေ၊ အရှင်ဘုရား။ ဣမသ္မိံ ကာလေ၊ ဤအခါ၌။ အတိသီတံ၊ အလွန်ချမ်းသည်။ နောအတ္ထိ၊ မရှိ။ ပန၊ ထိုမှတ ပါး။ အဘိဥဏှံ၊ အလွန်ပူခြင်းသည်။ နအတ္တိ၊ မရှိ။ ဥတု၊ ဥတုသည်။ အဒ္ဓနိယာ၊ အဓွန့်ရှည်သော ခရီးကိုသွားခြင်း ငှါခန့်သည်ဖြစ်၍။ သုခါ၊ အပူအချမ်း နှစ်ပါးမျှသော အားဖြင့် ချမ်းသာ၏။
ရောဟိနိံ၊ ရောဟိနိ အမည်ရှိသော မြစ်ကို။ တရန္တာ၊ ကူးသော သူတို့သည်။ ပစ္ဆာမုခံ၊ နောက်တူရူဖြစ်၍။ တရန္တိ၊ ကူးမကုန်၏။ သာကိယာစ၊ သာကီဝင်မင်းမျိုးတို့သည်လည်းကောင်း။ ကောဠိယာစ၊ ကောဠိယမင်းမျိုးတို့သည်လည်းကောင်း။ တံ၊ အရှင်ဘုရားကို။ ပဿန္တု၊ ဖူးမြင်ပါစေ ကုန်လော။
ခတ္တံ၊ လယ်ကို။ ကဿကော၊ ထွန်သော သူသည်။ အာသာယ၊ လယ်၌ အသီးကို တောင့်တသဖြင့်။ ကာဿတေ၊ ထွန်၏။ ကဿိတွာ၊ ထွန်ပြီး၍။ ဝပ္ပန္တေန၊ ပျိုးကြဲသော သူသည်။ အာသာယ၊ အသီးကိုတောင့်တသဖြင့် ။ ဗီဇံ၊ မျိုးစေ့ကို။ ဝပ္ပတိ၊ ကြဲချ၏။
ဓနဟာရကာ၊ ဥစ္စာကိုဆောင်လိုကုန်သော။ ဝါဏိဇာ၊ ကုန်သည်တို့သည်။ ဆာသာယ၊ ဥစ္စာကိုတောင့်တသဖြင့်။ သမုဒ္ဒံ၊ သမုဒ္ဒရာကို။ ယန္တိတရန္တိ၊ လှေဖြင့် ကူးကုန်၏။
အဟမ္ပိ၊ အကျွန်ုပ်သည်လည်း။ ယာယအာသာယ၊ အကြင်ဘုရာမြတ်စွာကိုတော်၏ ကပိလဝတ်ပြည့်တော်သို့ ကြွတော်မူခြင်းကို တောင့်တသဖြင့်။ ဣဓ၊ ဤအရပ်၌။ တိဋ္ဌာမိ၊ ရပ်၏။ မေ၊ အကျွန်ုပ်၏။ သာအာသာသပတ္ထနာ၊ ထိုသို့တောင့်တခြင်းသည်။ သမိဇ္ဈတု၊ ပြီးပြည့်စုံပါစေသတည်း။ တုမှေဟိ၊ အရှင်ဘုရားတို့သည်။၊ ကပီလဝတ္ထုံ၊ ကပိလဝတ်ပြည်သို့။ ဂန္ဓဗ္ဗံ၊ ကြွတော်မူအပ်၏။ ဣတိ၊ ဤသို့။ ဝဒတိ၊ ဆို၏။
ဝေဧကန္တေန၊ စင်စစ်သဖြင့်။ သကိဝုတ္တမတ္တေန၊ တကြိမ်သာ ပျိုးကာမျှဖြင့်။ ဝပ္ပေ၊ ကောက်သည်။ အသမ္ပဇ္ဇမာနေ၊ မပြည့်စုံသည်ရှိသော်။ ကဿကာ၊ လယ်လုပ်သော သူတို့သည်။ ပုနပ္ပုနံ၊ နှစ်ကြိမ် သုံးကြိမ် အဘန်တလဲလဲ။ ဗီဇံ၊ မျိုးစေ့ကို။ ဝပ္ပန္တိ၊ ပျိုးကုန်၏။ ဒေဝရာဇာစ၊ ပဇ္ဇုန်နတ်မင်းသည်လည်း။ အဝဿိတွာ၊ တကြိမ်မျှသာ မရွာမူ၍။
ပုနပ္ပုန၊ ဆယ်ရပ်တကြိမ်ငါးရပ် တကြိမ် လခွဲ တကြိမ်ဟု ဆိုအပ်သော အဘန်တလဲလဲရွာခြင်းကို။ ဝဿတိ၊ ရွာ၏။ ကဿကာ၊ လယ်လုပ်သောသူတို့သည်။ အကဿိတွာ၊ မကြိမ်မျှသာ မထွန်မူ၍။ ခေတ္တံ၊ လယ်ကို။ ပုနပ္ပုနံ၊ ကောက်ပြည့်စုံခြင်းညွန်၏ နူးညံ့ခြင်းကို ပြုခြင်းငှါ အဘန်တလဲလဲ ထွန်ခြင်းကို။ ကသန္တိ၊ ထွန်ကုန်၏။ အပရိကုဿနတော၊ တကြိမ်သာ စပါးကိုဆောင်ခြင်းကို ပြု၍ မသင့်ချေသေးဟု မနှစ်သက်သော သူအား။ ပုနပ္ပုနံ၊ ကျီကြ စသည်တို့၌ သိုမှီးသည်၏ အစွမ်းအားဖြင့် လူတို့သည် အဘန်တလဲလဲသလေး စသော စပါးကို ဆောင်ခြင်းကို။ ကတွာ၊ ပြု၍။ ဓညံ၊ သလေးစသောစပါးကို။ ရဋ္ဌံကောဋ္ဌကံ၊ ကျီကြသို့။ ဥပေတိဥပနေတိ၊ ဆောင်၏။
ယာစနကာ၊ သူတောင်းစားတို့သည်။ ဧကဝါရမေဝ၊ တကြိမ်သာလျှင်။ န၊ တောင်းကုန်သည်မဟုတ်။ ပုနပ္ပုနံ၊ အဘန်တလဲလဲ။ ဒါနပတိကေ၊ အလှူရှင်တို့ကို။ စရန္တိ ယာစန္တိ၊ တောင်းကုန်၏။ ဒါနပတီ၊ အလှူရှင်တို့သည်။ ယာစကာနံ၊ သူတောင်းစားတို့အား။ ဧကဝါရမေဝ၊ တကြိမ်သာလျှင်။ နဒဒန္တိ၊ မပေးကုန်။
ပုနပ္ပုနံ၊ အဘန်တလဲလဲ။ ဒဒန္တ၊ ပေးကုန်၏။ ဒါနပတိံ၊ အလှူရှင်တို့သည်။ ပုနပ္ပုနံ၊ အဘန်တလဲလဲ။ ဒဒိတွာ၊ အလှူခံ ပုဂ္ဂိုလ်အား ပေးလှူပြီး၍။ ပုနပ္ပုနံ၊ အဘန်တလဲလဲ။ သဂ္ဂဋ္ဌာနံ၊ နတ်ပြည်အရပ်သို့။ ဥပေန္တိ၊ ကပ်ကုန်၏။ တသ္မာ၊ ထိုကြောင့်။ အဟမ္ပိ၊ အကျွန်ုပ်သည်လည်း။ ပုနပ္ပုနံ၊ အဘန်တလဲလဲ။ ယာစာမိ၊ တောင်းပန်ပါ၏။
ဝီရောဝီရဝါ၊ ကြီးသော လုံ့ရှိတော်မူသော။ ဘူရိပညော၊ မြေကြီးအထုနှင့်တူသော ပညာရှိတော်မူသော။ မဟာပညော၊ ကြီးသော ပညာရှိတော်မူသော။ ပုရိသော၊ ယောင်္ကျားသည်။ ယသ္မိံ ကုလေ၊ အကြင်အမျိုး၌။ ဇာယတိ၊ ဖြစ်၏။ တတ္ထ၊ ထိုအမျိုးပ။ ဟဝေဧကန္တေန၊ စင်စစ်သဖြင့်။ သတ္တယုဂံ၊ ခုနစ်ပါးသော ယောင်္ကျားတို့၏ အကျိုးစီးပွါးအစုံကို။ ပူရေတိ၊ ပြည့်စေနိုင်၏။
ယာဝ၊ အကြင်မျှလောက်။ မမ္ပိ၊ အကျွန်ုပ်ကိုလည်း။ ပတိဋ္ဌာပနေန၊ အကျိုး၌တည်စေသဖြင့်။ တတောပရံ၊ ထိုထက်လည်း။ သောဓေတုံ၊ သုတ်သင်ခြင်းငှါ။ ဒေဝဒေဝါ၊ ခပ်သိမ်းသော နတ်တို့ထက် မြတ်သောနတ်ဖြစ်တော်မူသော အရှင်ဘုရားသ်လည်း။ သက္ကတိ၊ စွမ်းနိုင်တော်မူ၏။ ဣတိ၊ ဤသို့။ အဟံ၊ အကျွန်ုပ်သည်။ မညေမညာမိ၊ အောက်မေ့၏။ တယာ၊ အရှင်ဘုရားသည်။ ဇာတော၊ အရိယမဂ်ဖြင့်ဖြစ်တော်မူ၏။ မုနိ၊ ပစ္စုပ္ပန် သံသရာ အကျိုးနှစ်ပါးကို သိသောကြောင့် မုနိဟူသော။ သစ္စနာမော၊ မချွတ်မယွင်းသောအမည်တော်သည်။ ဟိယသ္မာ၊ အကြင်ကြောင့်။ ဟောတိ၊ ဖြစ်၏။
တသ္မာ၊ ထိုကြောင့်။ အဟံ၊ အကျွန်ုပ်သည်။ မညေမညာမိ၊ အောက်မေ့၏။ မဟေသိနော၊ သီလက္ခန္ဓာ စသော မြတ်သော တရားအပေါင်းကို ရှာတော်မူပြီးသော။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ပိတာ၊ ခမည်းတော်ကား။ သုဒ္ဓေါဒနောနာမ၊ သုဒ္ဓေါဒနအမည်ရှိ၏။ မာတာ၊ မယ်တော်သည်ကား။ မာယာနာမ၊ မာယာအမည်ရှိ၏။
သာ၊ ထိုမယ်တော်မာယာသည်။ ဗောဓိသတ္တံ၊ ဘုရားလောင်းကို။ ကုစ္ဆိနာ၊ ဝမ်းဖြင့်။ ပရိဟရိယ၊ ဆောင်ပြီး၍။ ကာယဿ၊ ကိုယ်ခန္ဓာ၏။ ဘေဒါ၊ ပျက်သည်မှ။ ဥဒ္ဓံ၊ အထက်၌။ တိဒိဂသ္မိံ၊ တုသိတာနတ်ပြည်၌။ မောဒတိ၊ မွေ့လျော်စံပျော်ရ၏။
ဂေါတမီ၊ ဂေါတမအနွယ်ဖြစ်သော။ သာ၊ ထိုမာယာဒေဝီသည်။ ဣတော၊ ဤလူ့ပြည်မှ။ ကာလင်္ကတာ၊ သေခဲ့၍။ စုတာ၊ ရွေ့လျောသည်ရှိသော်။ ဒိပ္ပေဟိကာမေဟိ၊ တုသိတာနတ်ပြည်၌ အကျွမ်းဝင်သော နတ်တို့၏ ကာမဝတ္ထုတို့ဖြင့်။ သမင်္ဂီဘူတာ၊ ပြည့်စုံသည်ဖြစ်၍။ မောဒတိ၊ မွေ့လျော်စံပျော်ရ၏။
သာ၊ ထိုမာယာဒေဝီသည်။ ပဉ္စဟိတာမဂုဏေဟိ၊ ငါးပါးသော ကာမဂုဏ်တို့ဖြင့်လည်းကောင်း။ တေဟိဒေဝဂဏေဟိ၊ ထိုနတ်အပေါင်းဖြင့်လည်းကောင်း။ ပရိဝါရိတာ၊ ခြံရံလျက်။ မောဒတိ၊ မွေ့လျော်စံပျော်ရ၏။
ဗုဒ္ဓဿ၊ သဗ္ဗညုဘုရားရှင်၏။ ပုတ်ေတာ၊ ရင်တော်မှ ဖြစ်သော တရားဒေသနာကို သောက်ရသောကြောင့် ရင်တော်အနှစ် သားတော်စစ်သည်။ အမှိ၊ ဖြစ်၏။ အသယှသာဟိနော၊ သူတပါးတို့ မနှိပ်စက်နိုင် ကိုယ်တော်က သူတပါးတို့ကို နှိပ်စက်ခြင်းငှါ တတ်နိုင်သော အလိုအနုသယစရိုက်နှလုံးသွင်းခြင်း စသည်ကို ထင်စွာ ပြု၍ ဘုရားကိစ္စကို ပြီးစေတတ်ထသော။ အင်္ဂီရလဿ၊ ပြည့်စုံစွာ ပြုအပ်‌သော သီလအစရှိသော ဂုဏ်အပေါင်းရှိတော်မူထသော။ အပ္ပဋိမဿ၊ မနှိုင်းယှဉ်အပ်ထသော။ တာဒိနော၊ သည်းခံခြင်းကျေးဇူးနှင့် ပြည့်စုံတော်မူထသော။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ပုတ္တော၊ သားတော်အစစ်သည်။ အမှိ၊ ဖြစ်၏။
သက္က၊ သာကီဝင်မင်းမျိုးဖြစ်တော်မူသော မင်းကြီး။ မယှံ၊ ငါ၏။ ပိတု၊ အဘဖြစ်သော ဘုရားရှင်၏။ တုဝံ၊ သင်မင်းကြီးသည်။ ပိတာ၊ အဘသည်။ အသိ၊ ဖြစ်၏။ ဂေါတမ၊ ဂေါတမအနွယ်ဖြစ်တော်မူသော မင်းကြီ။ ဓမ္မေန၊ အရိယဇာတ်လောကီဇာတ်နှစ်ပါးကို ပေါင်းသော သဘောဖြင့်။ တွံ၊ သင်မင်းကြီးသည်။ အယျကောပိတာမတော၊ ငါ၏ အဘိုးသည်။ အသိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။ ကာဠုဒါယိ ထေရော၊ ကာဠုဒါယီထေရ်သည်။ ဣမာဒဿဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော ဆယ်ဂါထာ တို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ ကာဠုဒါယီထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။ ပုရတောဝါ၊ မိမိရှေ့မှ လည်းကောင်း။ ပစ္ဆတောဝါမိ၊ မိမိနောက်မှလည်းကောင်း။ ပဿတော ပဿန္တဿ၊ ရှုသော သူအား။ အပရောအညော၊ တပါးသော သူသည်။ နဝိဇ္ဇတိ၊ မရှိ။
ဣတိစေ၊ ဤသို့ ဆိုငြားအံ့။ ဧဝံသတိ၊ ဤသို့ ဖြစ်သည်ရှိသော်။ ဝနေ၊ တော၌။ ဧကဿ၊ တယောက်အထည်းတည်း။ ဝဿတော၊ နေသောငါအား။ အတိဝ၊ အလွန်လျှင်။ ဖာသု၊ စိတ်၏ချမ်းသာခြင်းသည်။ ဘဝတိ၊ ဖြစ်၏
ဟန္ဒ၊ ယခုအခါ၌။ ဝီသဇ္ဇာမိ၊ ရွာကို ငါစွန့်၏။ ဧကော၊ တယောက်အထည်းတည်း။ ဗုဒ္ဓဝဏ္ဏိတံ၊ မြတ်စွာဘုရားသည် ချီးမွမ်းအပ်သော။ အဓညံ၊ တောသို့။ ဂမိဿာမိ၊ သွားအံ့။
ဧကဝိဟာရိဿ၊ တယောက်အထည်းတည်းနေလေ့ရှိထသော။ ပဟိတတ္တဿ၊ နိဗ္ဗာန်သို့ စေလွှတ်အပ်သော စိတ်ရှိထသော။ ဘိက္ခုနော၊ ရဟန်းအား။ အဓညံ၊ တောကျောင်းသည်။ ဖာသု၊ အလိုရှိအပ်သော ချမ်းသာကို ဆောင်တတ်သည်။ ဟောတိ၊ ဖြစ်၏။
ယောဂီပီတိကရံ၊ ကမ္မဋ္ဌာန်းစီးပြန်သော ပုဂ္ဂိုလ်တို့၏ ဈာနဝိပဿနာစသော ပီတိကို ပြုတတ်ထသော။ မတ္တကုဉ္ဇရသေဝိတံ၊ အရံသစ်သော ဆင်တို့၏ သွားလာမှီဝဲရာလည်းဖြစ်ထေသော။ ရမ္မံ၊ နှလုံးမွေ့လျော်ဘွယ်ရှိသော တောကျောင်းသည်။
ဧကော၊ တယောက်အထည်းတည်း။ အတ္ထဝသီ၊ ရဟန်းတရားကို အလေ့အလာပြု၍ နေခြင်းငှါသင့်သော။ ကာနနံ၊ တောအရပ်သို့ ။ ခိပ္ပံ၊ လျှင်စွာ။ ပဝိသိဿာမိ၊ ဝင်လေအံ့။
သုပုပ္ဖိတေ၊ ကောင်းစွာပွင့်ထသော။ သီတလေ၊ ချမ်းမြေ့ထသော။ ဂိရိကန္ဒရေ၊ တောင်ချောက်ရှိထသော။ သီတဝနေ၊ အရိပ်မေနှင့်ပြည့်စုံသော ယင်းတိုက်တော၌။
ဂတ္တာနိ၊ ကိုယ်တို့ကို။ ပရိသိဉ္စိတွာ၊ ရေဖြင့် သွန်း၍။ ဧကကော၊ တဏှာဟုဆိုအပ်သော နှစ်ယောက်သော သူမရှိသည်ဖြစ်၍။ စင်္ကမိဿာမိ၊ စင်္ကြံသွားလေအံ့။
ဧကာသိယော၊ အဖော်မရှိသည်။ အဒုတိယော၊ တဏှာဟူသောနှစ်ယောက်မြောက်သော သူမရှိသည်။ ဟုတွာ၊ ဖြစ်၍။ ရမဏီယေ၊ နှလုံးမွေ့လျော်ဘွယ်ရှိသော။ မဟာဝနေ၊ တောကြီး၌။
ကဒါ၊ ဘယ်နံရောက်အခါ၌။ အဟံ၊ ငါသည်။ ကတကိစ္စော၊ ပြုအပ်သော တဆဲ့ ခြောက်ပါးသော မဂ်ကိစ္စရှိသည်ဖြစ်၍။ အနာသဝေါ၊ ကင်းသော အာသဝေါ ရှိသည်ဖြစ်၍။ ဝိဟရိဿာမိ၊ နေရပါအံ့နည်း။
ဧဝံ၊ ဤသို့ သော အခြင်းအရာဖြင့်။ ကတ္တုကာမဿ၊ ပြုခြင်းငှါ အလိုရှိသော။ မေ၊ ငါ၏။ အဓိပါယော၊ နှလုံးအလိုသည်။ သမိဇ္ဈတု၊ အရဟတ္တဖိုလ်ကိုရခြင်း ဟုဆိုအပ်သော အပြီးသို့ ရောက်စေသတည်း။
အညော၊ တယောက်သော သူသည်။ အညဿ၊ တယောက်သော သူအား။ ကာရကော၊ သံသရာ၌ အကျိုးနိဗ္ဗာန်အကျိုးကို ပြုတတ်သည်။ နဟောတိ၊ မဖြစ်။ အဟံယေဝ၊ ငါ့ကိုယ်တိုင်သာလျှင်။ သာဓယိဿာမိ၊ သံသရာ အကျိုးနိဗ္ဗာန်အကျိုးကို ပြီးစေအံ့။
ဧသဧသောအဟံ၊ ထိုငါသည်။ သန္နာဟံ၊ အသက်ကို မငဲ့ဘဲ ဝီရိယဟူသော ဖွဲ့ခြင်းဖြင့်။ ဗန္ဓာမိ၊ လွန်စွာ ကြိုးကုတ်အားထုတ်ခြင်းဟူသော ဖွဲ့ခြင်းဖြင့်ဖွဲ့ပေအံ့။ ကာနနံ၊ တောအုပ်သို့။ ပဝိသိဿာမိ၊ ဝင်ပေအံ့။
တတော၊ ထိုတောကျောင်းမှ။ ဘာသဝက္ခယံ၊ အာသဝေါတို့၏ ကုန်ရာဖြစ်သော အရဟတ္တမဂ်သို့။ အပ္ပတ္တော၊ မရောက်သေးသရွေ့။ နနိက္ခမိဿာမိ၊ ငါမထွက်အံ့။
မာလုတေ၊ လေသည်။ သီတေ၊ ချမ်းမြေ့စွာ။ သုရဘိဂန္ဓိကေ၊ ကောင်းသော ဝတ်ပန်းအနံ့ ကို ဆောင်လျက်။ ဥပဝါယန္တေ၊ တကြိုင်ကြိုင်လှိုင်လျက်လာသည်ရှိသော်။
နဂမုဒ္ဓနိ၊ တောင်ထိပ်ထက်၌။ နိသိန္နော၊ ထိုင်လျက်။ အဝိဇ္ဇံ၊ မောဟဟူသော အမိုက်ကို။ ဒါလယိဿာမိ၊ ခွဲဖေါက်ပေအံ့။
နုနဧကန္တေန၊ စင်စစ်သဖြင့်။ သီတလေ၊ ချမ်းမြေ့သော။ ကုသုမသဉ္ဆန္နေ၊ ကောင်းသော ဝတ်ပန်းဖြင့် ဖုံးလွှမ်းအပ်သော ။ ဝနေ၊ တော၌။ ဋ္ဌိတော၊ တည်သော။ ပဗ္ဘာရေ၊ တောရှိုင်း၌။ နိသိန္နော၊ ထိုင်နေလျက်။
ဝိမုတ္တိသုခေန၊ အရဟတ္တဖိုလ်ချမ်းသာဖြင့် ။ သုခိတော၊ ချမ်းသာသော ကိုယ်ရှိသည်ဖြစ်၍။ ဂိရိဗဗဇေ၊ ဝေဘာရစသော တောင်ငါးလုံးဖြင့် ခြံရံအပ်သော ရာဇဂြိုလ်ပြည်အနီး၌။ ရမိဿာမိ၊ မွေ့လျော်လျက်နေလေအံ့။
သောအဟံ၊ ထိုငါသည်။ ဒါနိဣဒါနိ၊ ယခုအခါ၌။ ပန္နရသော၊ တဆဲ့ငါးရက်မြောက်သော နေ့၌။ စန္ဒေါ၊ လသည်။ ပရိပုဏ္ဏောယထာ၊ ပြည့်ဝန်းလျက်ထွန်းသကဲ့သို့။ ပရိပုဏ္ဏသင်္ကပ္ပေါ၊ ပြည့်စုံသော အကြံသည်။ အဟောသိ၊ ဖြစ်ပြီ။
အဟံ၊ ငါသည်။ သဗ္ဗာသဝပရိက္ခိဏော၊ ကုန်ပြီးသော အလုံးစုံသော အာသဝေါရှိသည်။ အမှိ၊ ဖြစ်ပြီ။ ဒါနိဣဒါနိ၊ ယခုအခါ၌။ ပုနဗ္ဘဝေါ၊ တဘန်ဘဝသစ်၌ ဖြစ်ခြင်းသည်။ နတ္ထိ၊ မရှိပြီ။
ဣတိ၊ ဤသို့။ ဧကဝိဟာရိယောထေရော၊ ဧကဝိဟာရိယထေရ်သည်။ ဣမာဒသဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော ဆယ်ဂါထာတို့ကို။ အဘာသိ၊ ဆိုပြီ။ ဧကဝိဟာရိယထေရဂါထာ အနက်ပြီး၏။
ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ဟိတံ၊ အကျိုးစီးပွားရှိသော။ အတ္တဉ္စ၊ ကိစ္စကိုလည်းကောင်း။ အဟိတံ၊ အစီးအပွါးမရှိသော။ အတ္ထဉ္စ၊ ကိစ္စကိုလည်းကောင်း။ တံဒွယံ၊ ထိုအစီးအပွါးရှိသည် မရှိသည်ဖြစ်သော နှစ်ပါးစုံသော ကိစ္စကို။ အနာဂတံ၊ မရောက်မီရှေးဦးစွာကသာလျှင်။ ပဋိကစ္စ၊ ပညာဖြင့် ဆင်ခြင်၍။ ပဿတိ၊ စုံစမ်းခြင်းဖြင့် မြင်၏။
တဿ၊ ထိုသူ၏။ ဝိဒ္ဓေသိနော၊ အကျိုးစီးပွားကို အလိုမရှိသော ခင်ပွန်းယုတ်တို့သည် လည်းကောင်း။ ဟိတေသိနော၊ အကျိုးစီးပွါးကို အလိုရှိသော ခင်ပွန်းကောင်းတို့သည်လည်းကောင်း။ ရန္ဓံ ဆိဒ္ဒံ၊ အပေါက်ကို။ သမေက္ခမာနာ၊ ရှာကုန်သည်ရှိသော်။ နပဿန္တိ၊ မမြင်ကုန်။
ယဿယောဂီနော၊ အကြင် ယောဂီပုဂ္ဂိုလ်အား။ အာနာပါနဿတိ၊ ထွက်သက်ဝင်သက်လျှင် အာရုံရှိသော သတိကို။ ပရိပုဏ္ဏာ၊ လေးပါးသော သတိပဋ္ဌာန်တို့၏ တဆဲ့ခြောက်ပါးသောအခြင်းအရာတို့ဖြင့် အခါခပ်သိမ်း ပြည့်စုံခြင်း ခုနစ်ပါးသော ဗောဇ္ဈင်ဝိဇ္ဇာဝိမုတ္တိတို့၏ ပြည့်ခြင်းဖြင့်။ သုဘာဝိတာ၊ ကောင်းစွာပွါးစေအပ်၏။
ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်။ ဒေသိတာ ယထာ၊ သောဘတောဝ အဿတိ အစရှိသည်ဖြင့် ဟောတော်မူအပ်သကဲ့သို့။ အနုပုဗ္ဗံအနုပုဗ္ဗေန၊ အစဉ်သဖြင့်။ ပရိစိတာ၊ ပွါးစေအပ်လေ့လာအပ်၏။
သောယောဂါဝစရော၊ ထိုကမ္မဋ္ဌာန်းစီးပြန်သော ပုဂ္ဂိုလ်သည်။ အဗ္ဘာ၊ တိမ်တိုက်မှ။ မုတ္တော၊ လွတ်သော။ စန္ဒိမာဝ စန္ဒိမာဣဝ၊ လကဲ့သို့။ ဣမံလောကံ၊ ဤလောကကို။ ပဘာသေတိ၊ ဉာဏ်ဟူသောအလင်းဖြင့် မိမိသန္တာန်၌ သူတပါးသန္တာန်၌ ကျသော သင်္ခါရလောကကိုထင်စွာ ပြုတတ်၏။
မေ၊ ငါ၏။ စိတ္တံ၊ စိတ်သည်။ အပ္ပမာဏံ၊ ပမာဏကို ပြုတတ်သော ရာဂ စသည်တို့ကို ပယ်သော အားဖြင့်နိဗ္ဗာန်ကို။ သုဘာဝိတံ၊ ကောင်းစွာ ပွါးစေအပ်သည်ဖြစ်၍။ ဩဒါတဝတ၊ နီဝရဏတည်းဟူသော အညစ်အကြေးမှ ကင်းသော ကြောင့် ဖြူစင်စွတကား။
နိဗ္ဗိဒ္ဓံ ပဋိဝိဇ္ဈိတံ၊ ထိုးထွင်း၍ သိအပ်သည်။ ပဂ္ဂဟိတဉ္စ၊ ကိလေသာတည်းဟူသော အဘို့မှဖဲ၍ ယူအပ်သည်။ ဟုတွာ၊ ဖြစ်၍။ သဗ္ဗာဒိသာ၊ ဒုက္ခသစ္စာ စသော ပုဗ္ဗန္ဓာနုဒိဋ္ဌိ စသော ခပ်သိမ်းသော အရပ်တို့သည်။ ဩဘာသတေ၊ ထင်စွာ ဖြစ်ကုန်၏။
ဝိတ္တပရိက္ခယော၊ ကုန်သော ဥစ္စာရှိသော။ သပ္ပညောအပိ၊ အဆင်အခြင် ပညာနှင့် ပြည့်စုံသော သူသည်လည်း။ ဇီဝတေဝ၊ ရရသမျှ သော ပစ္စည်းဖြင့် ရောင့်ရဲသည်ဖြစ်၍ အပြစ်မရှိသော အသက်ရှည်ခြင်း မည်သည်သာလျှင်။ အသိ၊ ဖြစ်၏။ ဝိတ္တပါပိ၊ ပညာနည်းသော ပုဂ္ဂိုလ်သည် ပစ္စုပ္ပန် သံသရာ အကျိုးနှစ်ပါးကိုချွတ်ယွင်း စေသော အမှုဖြင့် ဥစ္စာရှိသော်လည်း။
ပညာယ၊ အဆင်အခြင်ပညာဖြင့်။ အလာဘေနအထာဘတ္တာ၊ မရသောကြောင့်။ နဇီဝတိ၊ ရတိုင်းသော ဥစ္စာကို ဖျက်ဆီးလျက် အသက်ကို ကောင်းစွာတည်စေခြင်းငှါ မတတ်နိုင်။
ဧသာပညာနာမ၊ ဤပညာမည်သည်ကား။ သုတဝိနိစ္ဆိနီ၊ ကြားမြင်တိုင်းသော တရား၏အနက်ကို ဤကား ကုသိုလ် ဤကား အကုသိုလ် ဤကား အပြစ်ရှိ၏ ဤကားအပြစ်မရှိစသည်ဖြင့် ဆုံးဖြတ်ခြင်းသဘောရှိ၏။ ဧသာ ပညာ၊ ဤပညာသည်။ ကိတ္တိသိလောကဝဒ္ဓနီ၊ မျက်မှောက်ချီးမွမ်းခြင်းဖြင့် လူအပေါင်း၌ ပြန့်နှံံ့ခြင်း၏ သဘောအားဖြင့် ပွါးခြင်းရှိ၏။
ပညာသဟိတော၊ ပါဋိဟာရိယ ပညာဝိပဿနာ ပညာနှင့် တကွဖြစ်သော။ နရော၊ လူသည်။ ဣဓလောကေ၊ ဤလောက၌။ ဒုက္ခေသုအပိစ၊ စင်စစ်ဆင်းရဲသော သဘောရှိကုန်သော ခန္ဓာ အာယတန စသည်တို့၌လည်း။ သုခါနိ၊ အဟုတ်အဟတ်သဘောကို ထိုးထွင်း၍ သိသဖြင့် အာမိဿ ကင်းသောချမ်းသာကို။ ဝိန္ဒတိ၊ ရ၏။
သတ္တာနံ၊ သတ္တဝါတို့၏။ ယွာယံယောအယံဓမ္မော၊ အကြင်ဖြစ်ခြင်းသဘော သေခြင်းသဘောသည်။ အဇ္ဇတနော၊ ယခုအခါ၌သာ။ နဟောတိ၊ မဖြစ်။ နအစ္ဆေရော၊ မပြတ်ဖြစ်ခြင်းရှိသည်၏ အဖြစ်ဖြင့် အံ့ဘွယ်သရဲလည်းမရှိ။ နပိအဗ္ဘုတော၊ ရှေး၌ မဖြစ်ဘူးသည်၏ အဖြစ်ဖြင့် မဖြစ်ဘူးသော သဘောဖြင့်ဖြစ်သည်လည်းမဟုတ်။ ယတ္ထ၊ အကြင်သင်္ခါရလောက၌။ ဇာယျေထ၊ ပဋိသန္ဓေလည်းနေရာ၏။
သောသတ္တော၊ ထိုသတ္တဝါသည်။ မိယေထ၊ စင်စစ်သေသည် သာတည်း။ တတ္ထ၊ ထိုပဋိသန္ဓေနေခြင်း သေခြင်းသဘောရှိသော သင်္ခါရလောက၌။ ကိံ ဝိယကိံနာမ၊ အဘယ်ကြောင့်လျှင် မဖြစ်ဘူးသော သဘောဖြင့် ဖြစ်ရာအံ့နည်း။
ဟိယသ္မာ၊ အကြင်ကြောင့်။ အနန္တရံ၊ အခြားမဲ့၌။ ဇာတဿ၊ ဖြစ်သော သတ္တဝါ၏။ ဇီဝိတာ၊ အသက်ရှင်သည်မှ။ ဓုဝံ၊ အမြဲ။ မရဏံ၊ သေခြင်းသည်။ ဇာယေယျ၊ ဖြစ်ရာ၏။ သစ္စံ၊ မှန်၏။
ဇာတောဇာတော၊ ဖြစ်ဖြစ်သည်မှ။ မရန္တိ၊ အခြားမဲ့၌ သေရကုန်၏။ ဟိယသ္မာ၊ အကြင်ကြောင့်။ ပါဏိနော၊ သတ္တဝါတို့သည်။ ဧဝံဓမ္မော၊ ဤသို့ဖြစ် ဖြစ်သည်အထက်၌ သေခြင်းသို့ ရောက်ရခြင်းသဘောရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
တသ္မာ၊ ထိုကြောင့်။ ကိံနာမအဗ္ဘုတံ၊ အဘယ်ကြောင့် မဖြစ်ဘူးမြဲသဘောဖြင့် ဖြစ်ရာအံ့နည်း။ မတဿ၊ သေသောသူ၏။ ယံဇီဝိဘတ္တံ၊ အကြင်အသက်ရှင်ခြင်း၏ အကြောင်းကို။ ပရပေါရိသာနံ၊ တပါးသော ယောင်္ကျားတို့၏ ။ မတံဧဝ၊ သေရခြင်းသည်သာလျှင်။ အမှိ၊ ဖြစ်၏။
တံ၊ ထိုသေခြင်းကို။ ရုဏ္ဏရုဒ္ဓံ၊ တားမြစ်တတ်သည်။ ဟိယသ္မာ၊ အကြင်ကြောင့်။ နဟောတိ၊ မဖြစ်။ တသ္မာ၊ ထိုကြောင့်။ တဒတ္ထာယ၊ ထိုအသက်ရှင်ခြင်းအကျိုးငှါ။ နဝါယမေ၊ လုံ့လမပြုရာ ။ ယဿ၊ အကြင်သူအား။ ယသော၊ အလျော်အစောကို ဆောင်တတ်သည်။ လောကျံ၊ စင်ကြယ်ခြင်းကို ဆောင်တတ်သည်။ နဟောတိ၊ မဖြစ်။ သမဏဗြဟ္မဏေဟိ၊ ပညာရှိသော ပုဏ္ဏားတို့သည်။ ဝဏ္ဏိတံ၊ ချီးမွမ်းအပ်သည်။ နဟောတိ၊ မဖြစ်။
တသ္မာ၊ ထိုကြောင့်။ နဝါယာမေ၊ အသက်ရှင်ခြင်း၌ လုံ့လမပြုရာ။ ယသ္မာ၊ အကြင်ကြောင့်။ ရုဏ္ဏရုဒန္တဿ၊ ငိုကြွေးသော ပုဂ္ဂိုလ်၏။ စက္ခုံ၊ မျက်စိသည်လည်းကောင်း။ သရီရံသရီရဉ္စ၊ ကိုယ်သည်လည်းကောင်း။ ဥပဟန္တိ၊ ပူတပ်ကုန်၏။ တေန ရုဏ္ဏေန၊ ထိုငိုကြွေးသဖြင့်။ ဝဏ္ဏဉ္စ၊ အဆင်းသည်လည်းကောင်း။ ဗလဉ္စ၊ ခွန်အားသည်လည်းကောင်း။ မတိစ၊ ပညာသည်လည်းကောင်း။ နိဟိယျတိ၊ ယုတ်၏။
အဿ၊ ထိုငိုကြွေးသော ပုဂ္ဂိုလ်၏ ။ ဒိသာ၊ ရန်သူတို့သည်။ အာနန္ဒိနော၊ ဝမ်းမြောက်ကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ အဿ၊ ထိုငိုကြွေးသော ပုဂ္ဂိုလ်၏။ ဟိတေသိနော၊ အကျိုးစီးပွါးကို အလိုရှိကုန်သော အဆွေခင်ပွန်းကောင်းတို့သည်။ သုခီ၊ ကိုယ်စိတ်ချမ်းသာခြင်းရှိကုန်သည်။ နစဘဝန္တိ၊ မဖြစ်ကုန်။
တသ္မာ၊ ထိုကြောင့်။ မေဓာဝိနောစေဝ၊ မိုဃ်းကြိုးစက်ကဲ့သို့ ပညာနှင့် ပြည့်စုံသော သူတို့ကိုလည်းကောင်း။ ဗဟုဿုတေစ၊ တရားကျမ်းဂန် အကြားအမြင်များသော ပညာရှိတို့ကိုလည်းကောင်း။ ကုလေ၊ မိမိအမျိုး၌။ ဝသန္တေ၊ နေခြင်းတို့ကို။ ဣစ္ဆေယျ၊ ပဋိကင်္ခယျ= ထိုပညာရှိသော ဆရာတို့ကို ကပ်ခြင်းကို ပြုရာ၏။
ဟိသစ္စံ၊ မှန်၏။ တေသံ၊ ထိုပညာရှိတို့၏။ ပညာဝိဘဝေန၊ ပညာအားဖြင့်။ ပုဏ္ဏံ၊ ကြီးစွာသော ရေအယဉ်ဖြင့် ပြည့်သော။ နဒိံ၊ မြစ်ကို။ နာဝါယ၊ လှေဖြင့်။ တရန္တိ ဣဝ၊ ကူးကုန်သကဲ့သို့။ ဧတံတထာ၊ ထိုအတူ။ ကုလပုတ္တာ၊ အမျိုးသားတို့သည်။ ကိစ္စံ၊ မိမိ၏ အကျိုးစီးပွါး ကိစ္စကို။ တရန္တိ၊ အပြီးသို့ ရောက်စေကုန်ရာ၏။
ဣတိ၊ ဤသို့။ မဟာကပ္ပိနောထေရော၊ မဟာကပ္ပိနထေရ်သည်။ ဣမာဒဿဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော ဆယ်ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ မဟာကပ္ပိနထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။ မယှံ၊ ငါ၏။ ဂတီ၊ ဉာဏ်အလားသည်။ ဒန္ဓာ၊ လေးလတို့ဖြင့် လေးပါဒရှိသော ဂါထာကို မှတ်ယူခြင်းငှါ မစွမ်းနိုင်သော နှေးသော ပညာရှိသည်။ အသိ၊ ဖြစ်၏။ ပုရေ၊ ရှေပုထုဇဉ်ဖြစ်သောအခါ၌။ အဟံ၊ ငါ့ကို။ ပရိဘူတော၊ မေ့လျော့သော သတိအဆင်အခြင်တို့ဖြင့်နှိပ်စက်အပ်သည်။ အသိ၊ ဖြစ်၏။
ပန္ထက၊ ပန္တက။ တုဝံ၊ သင်သည်။ ဒါနိဣဒါနိ၊ ယခုအခါ၌။ ဃရံ၊ အိမ်သို့။ ဂစ္ဆ၊ သွားလေလော။ ဣတိ၊ ဤသို့။ မံ၊ ငါ့ကို။ ဘာတာ၊ အစ်ကိုယ်တော်သည်။ ပဏာမေသိ၊ နှင်ထုတ်လိုက်၏။
သောအဟံ၊ ထိုငါသည်။ ပဟိတော၊ အစ်ကိုယ်တော်သည် စေခိုင်းအပ်သည်။ သန္တောသမာနော၊ ဖြစ်လတ်သော်။ သံဃာရာမဏ၊ သံဃာ့အရံ၏။ ကောဋ္ဌကေ၊ တံခါးမုတ်အနီး၌။
ဒုမ္မနော၊ မကောင်းနှလုံးရှိသည်ဖြစ်၍။ တတ္ထတသ္မိံ သာသနသ္မိံ၊ ထိုဘုရားသာသနာတော်၌။ အပေက္ခဝါ၊ လူအဖြစ်ကို အလိုမရှိ ရဟန်းအဖြစ်ကိုသာ အလိုရှိသည်ဖြစ်၍။ အဋ္ဌာသိ၊ ရပ်၏။
ဘဂဝါ၊ ဘုန်းတော်ကြီးသောဘုရားသည်။ တတ္ထ၊ ထိုငါ့နေရာတံခါးမုတ်အနီးသို့။ အာဂစ္ဆိ၊ ကြွတော်မူလာ၏။ အာဂန္တွာ၊ ကြွတော်မူလာ၍။ မယှံ၊ ငါ၏။ သီသံ၊ ဥက္ခေါင်းကို။ ပရာမသိ၊ လက်တော်ဖြင့် သုံးသပ်တော်မူ၏။
မံမမ၊ ငါ၏။ ဗာဟာယ၊ လက်မောင်း၌။ ဂဟေတွာ၊ ကိုင်တော်မူ၍။ သံဃာရာမံ၊ သံဃာ့အရံသို့။ ပဝေသယိ၊ သွင်းတော်မူပြီ။
သတ္ထာ၊ မြတ်စွာဘုရားသည်။ မေ၊ ငါ့အား။ အနုကမ္ပာယ၊ အစဉ်သနားတော်မူသဖြင့်။ ပါဒပုဉ္ဆနိံ၊ ခြေသုတ်ကြိုးဝန်းကို။ ပါဒါသိ၊ ရဇောဟရဏံဟု နှလုံးပြုလော ဟူ၍ ပေးတော်မူ၏။
သုဒ္ဓံ၊ စင်ကြယ်သော။ ဧတံပါဒပုဉ္ဆနံ၊ ဤခြေသုတ်ကြိုးဝန်းသည်။ သွမိဋ္ဌိတံ၊ မုဇောဟရဏံဟု နှလုံးသွင်းခြင်းဖြင့် ကောင်းစွာတည်ဆောက်တည်သည်ကို ပြု၍။ ဧကမန္တံဧကမန္တေန၊ ဆိတ်ငြိမ်ရာဂန္ဓကုဋိတိုက်ဦး၌။ နိသိန္နော၊ ထိုင်နေလျက်။ အဓိဋ္ဌေဟိ၊ စိတ်ကိုတည်ကြည်စွာ ပြု၍ ပွါးစေလော။ ဣတိ၊ ဤသို့ ဆို၍။ ပါဒါသိ၊ ပေးတော်မူ၏။
အဟံ၊ ငါသည်။ တဿ၊ ထိုမြတ်စွာဘုရား၏။ ဝစနံ၊ စကားတော်ကို။ သုတွာ၊ ကြား၍။ သာသနေ၊ ဘုရားသခြင် သာသနာတော်၌။ မုတော၊ မွေ့မွေ့လျော်လျော်။ ဝိဟာသိံ၊ နေပြီ။
ဝိဟရိတွာ၊ မွေ့လျော်စွာနေပြီး၍။ ဥတ္တမဿ၊ မြတ်သော အရဟတ္တဖိုလ်ကို။ ပတ္တိယာ၊ ရခြင်းငှါ။ သမာဓိံ၊ ဝိပဿနာကို စီးဖြန်း၍ ရအပ်သောမဂ်အစင်ဖြင့် အရဟတ္တမဂ်သမာဓိကို။ ပဋိပါဒေသိံ၊ ပြီးစေပြီ။
ပုဗ္ဗေနိဝါသံ၊ ရှေး၌ဖြစ်ဘူးသော ခန္ဓာအစဉ်ကို။ ဇာနာမိ၊ သိ၏။ ဒိဗ္ဗစက္ခုံ၊ ဒိဗ္ဗစက္ခု အဘိညာဉ်ကို။ ဝိသောဓိတံ၊ သုတ်သင်အပ်ပြီ။
မယာ၊ ငါသည်။ တိဿောဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာတို့သို့။ အနုပ္ပတ္တာ၊ အစဉ်အတိုင်းရောက်အပ်ကုန်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ အဆုံးအမတော်ဖြစ်သော မဂ်ဟူသော သီတင်းကို။ ကထံကရဏီယံ၊ ပြုအပ်ပြီ။
ပန္ထကော၊ ပန္ထကမည်သော ငါသည်။ အတ္တာနံ၊ မိမိကိုယ်ကို။ သဟဿက္ခတ္တုံ၊ အကြိမ်များစွာ။ နိမ္မိနိတွာ၊ စိတ်ဖြင့် ပြီးသော ကိုယ်ကို ဖန်ဆင်း၍။ နိသီဒိ၊ ထိုင်နေ၏။
အဟံ၊ ငါသည်။ ယာဝ၊ အကြင်မျှလောက်။ ကာလပ္ပဝေဒနံ၊ ဆွမ်းစားပင့်သော ကာလကို ကြားခြင်းသည်။ အတ္ထိ၊ ရှိ၏။ တာဝ၊ ထိုမျှလောက်။ ရမ္မေ၊ နှလုံးမွေ့လျော်ဘွယ် ရှိသော ။ အမ္ဗဝနေ၊ ဇီဝက၏ သရက်ဥယျာဉ်တော်၌ ဆောက်အပ်သော ကျောင်း၌။ နိသီဒိံ၊ ထိုင်နေပြီ။
တတော၊ ထိုသို့ နေပြီးသည်နောက်မှ။ နေ၊ ငါ့အား။ သတ္ထာ၊ မြတ်စွာဘုရားသည်။ ကာလပ္ပဝေဒကံ၊ ဆွမ်းစားအံ့သော ကာလကို ကြားသိစေတတ်သော။ ဒူတံ၊ တမန်ကို။ ပါဟေသိ၊ စေလွှတ်တော်မူ၏။
ကာလမှိ၊ ဆွမ်းစားသွားအံ့။ သော၊ ကာလကို။ ပဝေဒိတမှီ၊ ကြားသိအပ်သည်ရှိသော်။ ဝေဟာသဝေဟာသေန၊ ကောင်းကင်ဖြင့်။ ဥပသင်္ကမိ၊ ဘုရားဆွမ်းဘုဉ်းပေးပင့်ရာအရပ်သို့ ကပ်၏။
အထပစ္ဆာ၊ ထိုသို့ နေပြီးသည်နောက်မှ။ သတ္ထုနော၊ မြတ်စွာဘုရား၏။ ပါဒေ၊ ခြေတော်တို့ကို။ ဝန္ဒိတွာ၊ ရှိခိုးပြီး၍။ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သော အရပ်၌။ အဟံ၊ ငါသည်။ နိသီဒိ၊ ထိုင်နေပြီ။
အထပစ္ဆာ၊ ထိုသို့ ထိုင်နေပြီးသည်နောက်မှ။ နိသိန္နံ၊ ထိုင်နေလတ်သော။ မံ၊ ငါ့ကို။ သံဝိဒိတွာန၊ သိတော်မူ၍။ သတ္ထာ၊ မြတ်စွာဘုရားသည်။ ပဋိဂ္ဂဟိ၊ အလှူရေစက်ကို ခံတော်မူ၏။
သဗ္ဗလောကဿ၊ အလုံးစုံသော လောက၏။ အာယာဂေါ၊ မြတ်သော အလှူခံထိုက်သော။ အာဟုတီနံ၊ အဝေးမှ ဆောင်၍ လှူအပ်သောအလှူကို။ ပဋိဂ္ဂဟော၊ များသော အကျိုးကို ပြုသဖြင့် ခံတော်မူထိုက်သော။
မနုဿနံ၊ လူတို့၏။ ပုညလေတ္တံပုညခေတ္တော၊ ကောင်းမှုတည်းဟူသော မျိုးစေ့တို့ကိိုစိုက်ပျိုးရာလယ်မြေကောင်းသဖွယ် ဖြစ်တော်မူသော မြတ်စွာဘုရားသည်။ ဒက္ခိဏံ၊ ဇီဝကသည်ဆောင်အပ်သော ယာဂုခဲဘွယ်စသည်အပြားရှိသော အလှူဝတ္ထုကို။ ပဋိဂ္ဂဏှိတ္ထ၊ ခံတော်မူပြီ။
ဣတိ၊ ဤသို့။ စူဠပန္ထကောထေရော၊ စူဠပန္ထကထေရ်သည်။ ဣမာဒသဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော ဆယ်ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ စူဠပန္တကထေရဂါထာ အနက်ပြီး၏။
အယံကာယော၊ ဤကိုယ်သည်။ နာနာကုလမလသမ္ပုဏ္ဏော၊ ဆံအမွေးအစရှိသော အထူးအထူးအပြားပြားမစင်ကြယ်သော အစုခြင့်ပြည့်၏။ မဟာဥတ္တရသမ္ဘဝေါ၊ ကြီးစွာသော မစင်စုနှင့် တူသော အမိဝမ်းတိုက်ဟု ဆိုအပ်သော ဖြစ်ရာလည်းရှိ၏။
စန္ဒနိကံဝစန္ဒနိကံဣဝ၊ လုပ်ဆေးရေကိုယ်ဝန်အညစ်အကြေစသည်တို့၏ စွန့်ရာဋ္ဌာနဖြစ်၍ မစင်ကြယ်သော အစုတို့ဖြင့်ပြည့်သကဲ့သို့။ ပရိပက္ကံ၊ ရင့်ခြင်းဟောင်းခြင်းသို့ ရောက်၏။ မဟာဂဏ္ဍေ၊ ကြီးစွသော အိုင်းအနာနှင့်လည်းတူ၏။ မဟာဝဏော၊ ကြီးစွာသော အမာဝနှင့်လည်းတူ၏။
ပုဗ္ဗရုဟိရသမ္ပုဏ္ဏော၊ ပြည်သွေးတို့ဖြင့်ပြည့်၏။ ဂူဟကုပေ၊ မစင်တွင်း၌။ နိဂါဠိကော၊ မြုပ်နစ်၏။
အာပေါဓာတုယာ၊ အပေါဓာတ်ဟုဆိုအပ်သော အရဉ်ဖြင့်။ သဒါ၊ အခါခပ်သိမ်း ။ ပဂ္ဃုရဏိကာယော၊ ယိုစီးသော ကိုယ်ရှိ၏။ ပူတိကံ၊ သလိတ်သည်းခြေချွေးကျင်ငယ်စသော အပုပ်ဖြင့်ပြည့်သည်ဖြစ်၍။ သန္ဒတိ၊ စီး၏။
သဋ္ဌိကဏ္ဍရသမ္ပန္နော၊ ခြောက်ဆယ်သော အကြောမတို့ဖြင့် ဖွဲ့အပ်၏။ မံသလေပနလောပိတော၊ အသားတည်းဟူသော လိမ်းကျံခြင်းဖြင့် လိမ်းကျံအပ်၏။
စမ္မကဉ္စုကသန္နဒ္ဓေါ၊ အရေဟူသော သင်ဒိုင်းဖြင့် ခပ်သိမ်းသော အပိုင်းအခြား၌ ဖွဲ့အပ်၏။ အယံ ပူတိကာယော၊ ခပ်သိမ်းသော အခြင်းအရာဖြင့် ပုပ်သော အနံ့ရှိသော ဤကိုယ်သည်။ နိရတ္ထကော၊ အကျိုးမရှိ။
အဋ္ဌိသံဃာဋဃဋ္ဋေိတာ၊ အရိုးစုအပေါင်းနှင့် စပ်၏။ နှာရုသုတ္တနိဗန္ဓနော၊ ချည်နှင့်တူကုန်သော ကိုးရာသော အကြောတို့ဖြင့် အမြဲဖွဲ့အပ်၏။
အနေကေသံ၊ များစွာသော လေးပါးသော မဟာသုတ်ဇီဝိတိန္ဒြေထွက်သက်ဝင်သက် ဝိညာဉ်အစရှိသည်တို့၏။ သံဂတိတဘာဝါ၊ ညီညွတ်ခြင်းသဘောဖြင့်။ ဣရိယာပထံ၊ ယန္တရားစက်ကဲ့သို့ ရပ်ခြင်းထိုင်ခြင်းစသော ဣရိယာ ပုလ်ကို။ ကပ္ပေတိ၊ ပြုပြင်တတ်၏။
မရဏာယ၊ သေခြင်း၏ အကျိုးငှါ။ ဓုဝပ္ပယာတော၊ တခုသော ဖြစ်ခြင်းရှိ၏။ မစ္စုရာဇဿ၊ သေမင်း၏။ သန္တိကေ၊ အနီး၌။ ဋ္ဌိတော၊ တည်၏။
ဣဓေဝ၊ ဤပစ္စုပ္ပန်လောက၌သာလျှင် ။ ဆဍ္ဍယိတွာန၊ ကိုယ်ကို စွန့်၍။ နရော၊ သတ္တဝါသည်။ ယေနကာမံဂမော၊ အလိုရှိတိုင်းသော အရပ်သို့ သွားတတ်၏။
အယံကာယော၊ ဤကိုယ်သည်။ အဝိဇ္ဇာယ၊ အဝိဇ္ဇာနီဝရဏသည်။ နိဝုတော၊ ဖုံးလွှမ်းအပ်၏။ စတုဂန္ထေန၊ အဝိဇ္ဇာကာယဂန္ထစသောလေးပါးသော ဂန္ထဖြင့်။ ဂန္ထိတော၊ မြေရှက်အပ်၏။
အယံကာယော၊ ဤကိုယ်သည်။ ဩဃသံသီဒနော၊ ကာမောဃစသော လေးပါးသော ဩဃတို့၌ နစ်တတ်၏။ အနုသယဇာလမောတ္ထတော၊ မပယ်အပ်သေးသည်၏ အဖြစ်ဖြင့် သန္တာန်၌ အဘန်တလဲလဲ ကျိန်းတတ်သော ကာမရာဂါနုသယစသော ကွန်ယက်ဖြင့်နှပ်စက်အပ်၏။
ပဉ္စနီဝရဏေ၊ ငါးပါးသော နိဝရဏ၌။ ယုတ္တော၊ ယှဉ်၏။ ဝိဘက္ကေန၊ ဝိတက်ဖြင့်။ သမပ္ပိတော၊ နှိပ်စက်အပ်၏။
တဏှာမူလေန၊ တဏှာမူလသည်။ အနုဂတော၊ အစဉ်လိုက်အပ်၏။ မောဟစ္ဆာဒနဆာဒိတော၊ မောဟတည်းဟူသောအမိုက်ဖြင့် ဖုံးလွှမ်းအပ်၏။
ဧဝံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော ဆံအမွေးအစရှိသော အထူးအထူးအပြားပြားသော မစင်အစုတို့ဖြင့် ပြည့်သော။ အယံကာယော၊ ဤကိုယ်သည်။ ဝတ္တတိ၊ ဖြစ်၏။ ဝတ္တန္တောစ၊ ဖြစ်သော်လည်း။ ကမ္မယန္တေန၊ ကောင်းမှုကံမကောင်းမှုကံဟူသော ယန္တရာဖြင့်။ ယန္တိတော၊ သုဂတိဒုဂတိ ဘဝတို့၌ လည်သောအားဖြင့်။ ဝတ္တတိပရိဘမတိ၊ ရတ်ဟတ်ခြားကဲ့သို့လည်၏။
ဧတ္ထ၊ ဤသို့လည်၍ ဖြစ်ရာ၌။ သမ္ပတ္တိစ၊ စည်းစိမ်ချမ်းသာတို့သည်လည်း။ ဝိပတျန္တာ၊ ပျက်စီးခြင်း အဆုံးရှိကုန်၏။ နာနာဘာဝေါ၊ ပျက်စီးခြင်း ချစ်နှစ်လိုသော သူတို့နှင်ကွေကွင်းခြင်းသည်။ ဝိပဇ္ဇတိ၊ ရံခါ ကွေကွင်းအပ်သည်၏ အစွမ်းဖြင့် ပျက်စီးခြင်းသို့ ရောက်လတ္တံ့။
ယေအန္ဓာဗာလပုထုဇ္ဇနာ၊ အကြင်ပုထုဇာန်မိုက်တို့သည်။ ဣမံကာယံ၊ မတင့်တယ်သော အမြဲမရှိသော ဆင်းရဲသော အနှစ်မရှိသော ဤကိုယ်ကို။ ဣဒံ၊ ဤကိုယ်သည်။ မမ၊ ငါ့ကိုယ်တည်း ငါ၏ ဥစ္စာတည်းဟု။ မမာယန္တိ၊ ပြင်းစွာတပ်ခြင်းကို ဖြစ်စေကုန်၏။ တေအန္ဓဗာလာပုထုဇ္ဇာ၊ ထိုမိုက်စွာသော ပုထုဇာန်တို့သည်။
‌ဃောရံဘယာနကံ၊ ဇာတိအစရှိသည် ငရဲ အစရှိသည်တို့ဖြင့်ကြောက်မက်ဘွယ်သော။ ကဋသိံ၊ ပညာမဲ့သော သူတို့၏ မွေ့လျော်ရာဖြစ်သော သံသရာကို။ ဝဍ္ဎန္တိ၊ အဘန်တလဲလဲ ဇရာမရဏ အစရှိသည်တို့ဖြင့် ပွါးစေကုန်၏။ ပုနဗ္ဘဝံ၊ တဘန် အသစ်အသစ်သောဘဝကို။ အာဒိယန္တိ၊ ယူကုန်၏။
ယေပဏ္ဍိတာ၊ အကြင်ပညာရှိတို့သည်။ ဣမံကာယံ၊ ဤမတင့်တယ်ခြင်းအမြဲမရှိခြင်းစသည်နှင့် ပြည့်စုံသော ကိုယ်ကို။ ဂူထလိတ္တံဣဝ၊ မစင်စုကဲ့သို့ လည်းကောင်း။ ပန္နဂံဣဝ၊ အဆိပ်ရှိသော မြွေကဲ့သို့လည်းကောင်း။ ဝိဝဇ္ဇေန္တိ၊ ဤကိုယ်ကား အနိစ္စအစရှိသော ဘေးရန်နှင်တကွဖြစ်၏ဟု ကြဉ်ကုန်၏။
တေပဏ္ဍိတာ၊ ထိုပညာရှိတို့သည်။ ဘဝမူလံ၊ ဘဝ၏ အကြောင်းဖြစ်သော အဝိဇ္ဇာဝဘတဏှာကို။ ဝိဓမိတွာန၊ စွန့်ပယ်၍။ အနာသဝေါ၊ အာသဝေါမှ ကင်းကန်သည်ဖြစ်၍။ ပရိနိဗ္ဗိဿန္တိ၊ သဥပါဒိသေသနိဗ္ဗာနဓာတ်အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ပြုရကုန်လတ္တံ့။
ဣတိ၊ ဤသို့။ ကပ္ပေါထေရော၊ ကပ္ပထေရ်သည်။ ဣမာဒသဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော ဆယ်ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ ကပ္ပထေရဂါထာ အနက်ပြီး၏။
ဣဒံသေနာသနံ၊ ဤတောကျောင်းသည်။ ဝိဝိတ္တံ၊ လူတို့၏ အသံမှ ဆိတ်၏ ။ အပ္ပနိဃောသံ၊ လူတို့၏ကြွေးကြော်သော အသံမှ ကင်း၏။ ဝါဠမိဂနိသေဝိတံ၊ ခြင်္သေ့ကျားသစ်အစရှိသော သားရဲတို့၏ မှီဝဲရာလည်း ဖြစ်၏။
ဘိက္ခု ဘိက္ခု ဿ၊ ရဟန်း၏။ ပဋိလ္လာနကာရဏာ၊ အထူးထူးသော အာရုံမှ နှစ်စေ၍ ကမ္မဋ္ဌာန်း၌ သာလျှင် စိတ်ကို ငြိစေခြင်းအကြောင်းရှိ၏။
သံကာရပုဉ္ဇာ၊ တံမျက်ချေးစွန့်ရာ အရပ်၌။ အာဟိတွာ၊ ဆောင်၍။ သုသာနာစ၊ သုဿန်မှ လည်းကောင်း။ ရထိယာဟိစ၊ ခရီးမတို့မှ လည်းကောင်း။ အာဟိတွာ၊ ‌ဆောင်၍။
တတော၊ ထိုတံမြက် ချေးစုသုဿန်ခရီးဆုံးမှ။ ဂဟေတွာ၊ ယူ၍။ သံဃာဋိံ၊ ဒုကုဋ်ကို။ ကတွာ၊ ပြု၍။ ဘိက္ခု၊ ရဟန်းသည်။ လူခံ၊ မပြေပြစ်သော အဆင်းရှိသော။ စီဝရံ၊ သင်္ကန်းကို။ ဓာရေယျ၊ ဝတ်ရုံဖြင့် စသည်၏ အစွမ်းအားဖြင့် ဆောင်ရာ၏။
ဘိက္ခု၊ ရဟန်းသည်။ နီစံမနံ၊ နှိမ့်ချသော မာန်ခက်ထန်ခြင်းရှိသော စိတ်ကို။ ကရိတွာန၊ ပြု၍။ ကုလာကုလံ၊ အိမ်တအိမ်မှ အိမ်တအိမ်သို့။ သပဒါနံ၊ အိပ်စဉ်မပြတ်။ ဂုတ္တဒ္ဓါရော၊ ကောင်းစွာပိတ်အပ်သော စက္ခု စသော ဒွါရရှိသည်ဖြစ်၍။ သုသံဝုတော၊ ကုက္ကုစ္စ အစရှိသည်တို့၏ မရှိသောကြောင့် ကောင်းစွာ စောင့်ရှောက်လျက်။ ပိဏ္ဍိကာယ၊ အရောရောသော ဆွမ်းအလို့ငှါ။ စရေစရေယျ၊ သွားရာ၏။
လုခေနပိစ၊ ကြမ်းသော ဆွမ်းနှစ်လိုဘွယ်သော ဆွမ်းဖြင့်လည်း။ သန္တုဿေ၊ အညီအညွတ်အားဖြင့် နှစ်သက်ရာ၏။ အညံ၊ မိမိရတိုင်းသော ဆွမ်းမှ တပါးသော။ ရသဉ္စ၊ ကောင်းမြတ်သော အရသာကို လည်းကောင်း။ ဗဟုဉ္စ၊ များစွာမွန်မြတ်သော ဆွမ်းကို လည်းကောင်း။ နပတ္ထေနပတ္ထေယျ၊ မတောင့်တရာ။
ရသေသု၊ ကောင်းမြတ်သော အရသာတို့၌။ အနဂိဒ္ဓဿ၊ တပ်မက်မောခြင်းမရှိသော ရဟန်း၏။ မနော၊ စိတ်သည်။ ဈာနေန၊ အာရမ္မဏူပနိဇ္ဈာနဈာန်ဖြင့်။ ရမတိ၊ မွေ့လျော်၏။
မုနိ၊ ပစ္စုပ္ပန်လောက သံသရာလောက နှစ်ပါးကို သိတတ်သော ရဟန်းသည်။ အပ္ပိစ္ဆော၊ ပစ္စည်းလေးပါးတို့၌ တဏှာတည်းဟူသော တောင့်တခြင်းမရှိသည်ဖြစ်၍ အလိုနည်းသည်လည်းကောင်း။ သန္တုဋ္ဌော၊ ပစ္စည်းလေးပါးတို့တွင် ရရသမျှနှင့်ရောင့်ရဲလွယ်သည်ဖြစ်၍ လည်းကောင်း။ ပဝိဝိတ္တော၊ ဆိတ်ငြိမ်ရာ အရပ်သို့ ကပ်လျက်။ ဝသေဝသေယျ၊ နေရာ၏။
ဂဟဋ္ဌေဟိစ၊ အိမ်ရာထောင်သော လူတို့နှင့်လည်းကောင်း။ အနဂါရေဟိစ၊ အိမ်ရာမထောင်သော ရဟန်းတို့နှင့်၎င်း။ ဥဘဘံဥဘယေဟိ၊ နှစ်ပါးစုံသော သူတို့နှင့်။ အသံသဋ္ဌော၊ ရောနှောခြင်းမရှိသည်ဖြစ်၍။ ဝသေယျ၊ နေရာ၏။
အဇဠောဝါ၊ မမိုက်ဘဲလည်း။ အမူဂေါပိ၊ မအပ်ဘဲလည်း။ ဇဠောမူဂေါယထာ၊ မိုက်ဘိသကဲ့သို့။ တထာ၊ ထိုအတူ။ အတ္တာနံ၊ မိမိကိုယ်ကို။ ဒဿယေ၊ ပြရာ၏။
ပဏ္ဍိတော၊ ပညာရှိသော ရဟန်းသ်ည။ အတိဝေလံ၊ ပြောဆိုအပ်သော ကာလအပိုင်းအခြားကို လွန်၍။ သံဃမဇ္ဈမှိ၊ သံဃာအလယ်၌။ နသမ္ဘာသေယျ၊ မပြောမဆိုရာ။
သော၊ ထိုဆိုအပ်ခဲ့ပြီးသော အကျင့်ရှိသော ရဟန်းသည်။ ကိဉ္စိ၊ အယုတ်အလတ်အမြတ်ဖြစ်သော တစုံတယောက်သော သူကို။ နဥပဝဒေ၊ နှုတ်ဖြင့် ကဲ့ရဲ့မဆိုရာ။ ဥပဃာတံ၊ ကိုယ်ဖြင့် သူတပါးအား ညှဉ်းဆဲနှိပ်စက်ခြင်းကို။ ဝိဝဇ္ဇေယ၊ ကြဉ်ရာ၏။
ပါတိမောက္ခသ္မိံ၊ ပါတိမောက္ခ သံဝရသီလ၌။ သုသံဝုတော၊ ‌ကောင်းစွာ စောင့်ရှောက်သည်။ အဿ၊ ဖြစ်ရာ၏။ ဘောဇနေ၊ ရှာမှီးအပ်ခံစားအပ် သုံးအောင်အပ် စွန့်အပ်သော ဘောဇဉ်၌။ မတ္တညူ၊ အတိုင်းအရှည်ကို သိသည်။ အဿ၊ ဖြစ်ရာ၏။
အဿ ပုဂ္ဂလဿ၊ ထိုပုဂ္ဂိုလ်၏။ စိတ္တဿ၊ စိတ်၏။ သုဂဟိတနိမိတ္တော၊ ကောင်းစွာယူအပ်သော သမာဓိနိမိတ် ရှိသည်ဖြစ်၍။ ဥပ္ပါဒကောဝိဒေါ၊ ဤသို့ ပွါးစေအပ်သော အားဖြင့် ထိုစိတ်၏ ဖြစ်ခြင်းအကြောင်း၌ လိမ္မာသည်။ အဿ၊ ဖြစ်ရာ၏။ စိတ္တဿ၊ တွန့်တိုးပျံ့လွင့်သော စိတ်၏။ ကုသလော၊ ဖြစ်ခြင်း အကြောင်း၌ လိမ္မာသည်။ အဿ၊ ဖြစ်ရာ၏။
သမထံ၊ သမထဘာဝနာကို။ အနုယဉ္စေယျ၊ မဖြစ်သေးသော သမာဓိကို ဖြစ်စေရာ၏ ဖြစ်ပြီးသော သမာဓိကိုလည်းပွါးစေရာ၏။ ကာလေန၊ သမထဘာဝနာကို အားထုတ်သည်ရှိသော ထိုသမထ ဘာဝနာ၏ မြဲမြံသော ကာလ၌။ ဝိပဿနံ၊ တွန့်တိုခြင်းသို့ မရောက်စေမူ၍ အရိယမဂ်ကို ရခြင်းငှါ အနိစ္စအစရှိသည်ဖြင့် ရှုသော ဝိပဿ္ဿနာကို။ အနုယုဉ္ဇေယျ၊ အဘန်တလဲလဲ အားထုတ်ရာ၏။
ဝီရိယသာတစ္စသမ္ပန္နော၊ မြဲသော အားထုတ်ခြင်းဖြင့် ပြည့်စုံသော ပုဂ္ဂိုလ်သည်။ သဒါ၊ အခါခပ်သိမ်း။ ယုတ္တယောဂေါ၊ အားဝနာ၌ အမြဲယှဉ်သည်။ သိယာ၊ ဖြစ်ရာ၏။
ပဏ္ဍိ‌တော၊ ပညာရှိသော ရဟန်းသည်။ ဒုက္ခဿ၊ ဆင်းရဲ၏။ အန္တံ၊ အဆုံးဖြစ်သော နိဗ္ဗာန်သို့။ အပ္ပတွာဝ၊ မရောက်သေးလဲလျှင်။ သံဝိသဋ္ဌော၊ ဝိပဿနာ ကို စွန့်လွှတ်ခြင်းရှိသည်။ နယျေန ဘဝေယျ၊ မဖြစ်ရာ။
ဧဝံ၊ ဤသို့ ဆိုအပ်ပြီးသော ဆိတ်ငြိမ်သော ကျောင်းကို မှီဝဲခြင်းအစီအရင်ဖြင့်။ ဝိဟရမာနဿ၊ နေသော။ ဝိသုဒ္ဓိကာမဏ၊ စင်စစ် စင်ကြယ်ရာဖြစ်သော နိဗ္ဗာန် အရဟတ္တဖိုလ်ကို အလိုရှိသော။ ဘိက္ခုနော၊ ရဟန်းအား။
သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ အာသဝါ၊ အာသဝေါတရားတို့သည်။ ခိယန္တိ၊ ကုန်ခြင်းသို့ ရောက်ကုန်၏။ နိဗ္ဗုတိဉ္စ၊ နိဗ္ဗာန်သို့လည်း။ အဓိဂစ္ဆတိ၊ ရောက်၏။
ဣတိ၊ ဤသို့။ ဥပသေနောဝင်္ဂန္တပုတ္တောထေရော၊ ဝင်္ဂန္တပုဏ္ဏား၏ သားဖြစ်သော ဥပသေန ထေရ်သည်။ ဣမာဒဿဂါထာယော၊ ဤဘွဲ့ဆို သီးကုံးအပ်သော ဆယ်ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဥပသေနထေရဂါထာ အနက်ပြီး၏။
ပုရိသော၊ အသိပညာပြည့်စုံစွာသော ယောင်္ကျားသည်။ သကံအတ္ထိ၊ မိမိအကျိုးကို။ ဝိဇာနေယျ၊ ဟုတ်မှန်သော အတိုင်းဆင်ခြင်း၍ သိရာ၏။ ဝိစာရန္တောစ၊ ဆင်ခြင်သိပြီး၍လည်း။ ပါဝစနံ၊ ဘုရားဟော တော်မူအပ်သော ပိဋကတ်သုံးပုံဟု ဆိုအပ်သော စကားကို။ အဝလောကေယျာထ၊ ပညာဖြင့် ကြည့်ရှုဆင်ခြင်ရာ၏။
သာမညံ၊ ရဟန်း၏အဖြစ်သို့။ အဇ္ဈပဂတဿ၊ ကပ်သော အမျိုးသားအား။ ဧတ္ထ၊ ဤသာသနာတော်၌။ ပဗ္ဗဇိတဘာဝေ၊ ရဟန်းအဖြစ်၍။ ယံကမ္မံ၊ အကြင်မှုသည်။ ပတိရူပံ၊ သင့်တင့် လျောက်ပတ်သည်။ အဿ၊ ဖြစ်ရာ၏။
တံ၊ ထိုသင့်တင့် လျောက်ပတ်သော အမှုကို။ အဝလောကေယျာထ၊ ပညာဖြင့် ကြည့်ရှု ဆင်ခြင်ရာ၏။ ဣဓေဝ၊ ဤသာသနာတော်၌။ ကလျာဏံ၊ ကောင်းသော။ မိတ္တဉ္စ၊ အဆွေခင်ပွန်း လည်းကောင်း။ သိက္ခာ ဝိပုလသမာဒါနံ၊ ပြန့်ပြောသော သိက္ခာပုဒ်ကို ဆောက်တည်ခြင်းလည်းကောင်း။
ဂရူနံ၊ အလေးအမြတ် ပြုအပ်ကုန်သော ဥပဇ္ဈာယ် တို့၏။ ယာသုဿုသာစ၊ အကြင်အဆုံးအမကို နာခြင်းငှါ အလိုရှိခြင်း လုပ်ကြွေးခြင်းလည်းကောင်း။ ဧတံ၊ ဤကလျာဏမိတ္တကို မှီဝဲ ခြင်းအစရှိသည်သည်။ သမဏဿ၊ ရဟန်းအား။ ပဝိရူပံ၊ လျောက်ပတ်၏။
ဗုဒ္ဓေသု၊ အရဟံ အစရှိသော ကျေးဇူးနှင့် ပြည့်စုံသော ဘုရားရှင်တို့၌။ သဂါရဝတာစ၊ ရိုသေသည်၏ အဖြစ်နှင့် တကွဖြစ်ခြင်း လည်းကောင်း။ ဓမ္မေ၊ အရိယာဓမ္မ၌။ ယထာဘူတံ၊ ဟုတ်မှန်သော အတိုင်း။ အပိစိတိစ၊ ပူဇော်ခြင်းလည်းကောင်း။
သံဃေ၊ အရိယာသံဃာ၌။ စိတ္တိကာရောစ၊ ရိုသေမြတ်နိုးခြင်းလည်းကောင်း။ ဧတံ၊ ဤရတနာသုံးပါးတို့၌ အရိုအသေအလေးအမြတ် ပြုခြင်းသည်။ သမဏဿ၊ ရဟန်းအား။ ပတိရူပံ၊ လျောက်ပတ်၏။
အာစာဂေါစရေ၊ ကိုယ်နှုတ်ဖြင့် မလွန်ကျူးခြင်းဟု ဆိုအပ်သော အာစာရ ဆွမ်းအလို့ငှါ သင့်တင့် လျောက်ပတ်သော အရပ်၌ ဆွမ်းခံ သွားခြင်းဟု ဆိုအပ်သော ဂေါစရနှင့်။ ယုတ္တောစ၊ ယှဉ်ခြင်းလည်းကောင်း။ သောမိတော၊ စင်ကြယ်စေအပ်သည်ဖြစ်၍။ အဂါရယှောစ၊ ပညာရှိတို့သည် မကဲ့ရဲအပ်သော။ အာဇီဝေါစ၊ အသက်မွေးခြင်းလည်းကောင်း။
စိတ္တဿ၊ စိတ်ကို။ သဏ္ဌပနံ၊ ရူပါရုံ စသည်တို့၌ လောဘစသည်တို့ကို မဖြစ်စေသော အားဖြင့် ကောင်းစွာထားခြင်းလည်းကောင်း။ ဧတံ၊ ဤအာစာရဂေါစရ သမ္ပတ္တိအစရှိသည်သည်။ သမဏဿ၊ ရဟန်းအား။ ပတိရူပံ၊ လျောက်ပတ်၏။
စာရိတ္တံဝါ၊ ကျင့်သည်ကို ပြု၍ ပြည့်စုံစေ အပ်သော သီလလည်းကောင်း။ ဝါရိတ္တံဝါ၊ ကြဉ်ခြင်းမပြုခြင်းဖြင့် ပြည့်စေအပ်သော သီလလည်းကောင်း။ ပသာဒနိယံ၊ ကြည်ညို ဘွယ်ကို ဆောင်တတ်သော။ ဣရိယာပထိယံ၊ ဣရိယာ ပုတ်ကို မှီသော အဆင်အခြင်ပညာကို လည်းကောင်း။
အဓိစိတ္တေ၊ သမထဝိပဿနာ စသည်နှင့်ယှဉ်သော စိတ်၌။ အာယောဂေါစ၊ အဘန်တလဲလဲ ပွါးစေခြင်းသည် လည်းကောင်း။ ဧတံ၊ ဤစာရိတ္တ အစရှိသည်သည်။ သမဏဿ၊ ရဟန်းအား။ ပတိရူပံ၊ လျောက်ပတ်၏။
အရညကာနိ၊ တော်၌ဖြစ်ကုန်ထသော။ ပန္တာနိ၊ ဆိတ်ငြိမ်ရာကျောင်းလည်းဖြစ်ကုန်ထသော။ အပ္ပသဒ္ဒါနိ၊ လူတို့၏ ကြွေးကျော်သံမှ ကင်းကုန်ထသော။ သေနာသနာနိ၊ ကျောင်းတို့ကို။
မုနိနာ၊ ရဟန်းသည်။ ဘဇိတဗ္ဗါနီ၊ မှီဝဲအပ်ကုန်၏။ ဧတံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော ကျေးဇူးနှင့် ပြည့်စုံသော တောကျောင်းသည်။ သမဏဿ၊ ရဟန်းအား။ ပတိရူပံ၊ လျောက်ပတ်၍။
သီလဉ္စ၊ စတုပါရိသုဒ္ဓိသီလလည်းကောင်း။ ဗာဟုဿစ္စဉ္စ၊ များသော အကြားအမြင်ရှိသော သူ၏ အဖြစ်လည်းကောင်း။ ဓမ္မာနံ၊ ရုပ်နံတရားတို့ကို။ ယထာဘူတံ၊ မဘောက်မပြန်။ ပဝိစယောစ၊ စုံစမ်းဆင်ခြင်ခြင်းလည်းကောင်း။
သစ္စာနံ၊ ဒုက္ခသစ္စာစသော သစ္စာလေးပါး တရားတို့ကို။ အဘိသမယောစ၊ အဘိညာဘိသမယအစရှိသည်၏ အစွမ်းဖြင့် ထိုးထွင်း၍ သိခြင်းလည်းကောင်း။ ဧတံ၊ ဤသီလဗာဟုဿစ္စအစရှိသည်သည်။ သမဏဿ၊ ရဟန်းအား။ ပတိရူပံ၊ လျောက်ပတ်၏။
အနိစ္စန္တိ၊ သဗ္ဗေသင်္ခါရာအနိစ္စာဟူ၍ လည်းကောင်း။ အနတ္တသညဉ္စ၊ သဗ္ဗေဓမ္မာ အနတ္တာ စသည်ဖြင့်ဖြစ်သော သညာကိုလည်းကောင်း။ အသုဘသညဉ္စ၊ ဤခန္ဓာကိုယ်ကား မတင့်တယ်ဟုဖြစ်သောသညာကိုလည်းကောင်း။
လောကမှိစ၊ တေသုမ္မိကသင်္ခါရလောက၌လည်း။ အနဘိရတိ၊ အပြစ်ကို ရှုခြင်းဝဋ်မှ ငြီးငွေ့ခြင်းကို ရှူခြင်းဟု ဆိုအပ်သော မွေ့လျော်ဘွယ်မရှိဟူသော အမှတ်ကိုလည်းကောင်း။ ဘာဝေယျ၊ ဖြစ်ပွါးစေရာ၏။ ဧတံ၊ ဤသို့အနိစ္စစသည်အစွမ်းဖြင့် ပွါးစေခြင်းစသည်သည်။ သမဏဿ၊ ရဟန်းအား။ ပတိရူပံ၊ လျောက်ပတ်၏။
ဘောဇ္ဈင်္ဂေစ၊ သတိသံဗောဇ္ဈင်စသော ခုနစ်ပါးသော ဗောဇ္ဈင်တို့ကိုလည်းကောင်း။ ဣဒ္ဓိပါဒါနိစ၊ ဆန္ဒိဒ္ဓိပါဒ်စသောလေးပါးသော ဣဒ္ဓိပါဒ် တို့ကိုလည်းကောငး်။ ဣန္ဒြိယာနိစ၊ သဒ္ဓါစသော ငါးပါးသော ဣန္ဒြေတို့ကိုလည်းကောင်း။ ဗလာနိစ၊ သဒ္ဓါစသော ငါးပါးသော ဗိုလ်တို့ကိုလည်းကောင်း။
အဋ္ဌင်္ဂိကံ၊ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော။ အရိယံ၊ မြတ်သော။ မဂ္ဂံဝါ၊ မဂ်ကိုလည်းကောင်း။ ဘာဝေယျ၊ ပွါးစေရာ၏။ ဧတံ၊ ဤဗောဇ္ဈင်ကို ပွါးစေခြင်း အစရှိသည်သည်။ သမဏဿ၊ ရဟန်းအား။ ပတိရူပံ၊ လျောက်ပတ်၏။
မုနိ၊ ရဟန်းသည်။ တဏှံ၊ ကာမတဏှာ စသော အပြားရှိသော အလုံးစုံသော တဏှာကို။ ပဇဟေယျ၊ အရဟတ္တမဂ်ဖြင့် ပယ်ရာ၏။ သမူလကေ၊ ကာမရာဂသညာစသော အမြစ်နှင့်တကွဖြစ်ကုန်သော။ အာသဝေ၊ ကာမသဝစသော အာသဝေါတရားတို့ကို။ ပဒါလေယျ၊ ဖေါက်ခွဲရာ၏။
ဝိပ္ပမုတ္တော၊ ခပ်သိမ်းသော ကိလေသာတို့ကို ပယ်သော အားဖြင့် အလုံးစုံသော ဥပဓိမှ လွတ်သည်ဖြစ်၍။ ဝိဟရေယျ၊ နေရာ၏။ ဧတံ၊ ဤတဏှာကို ပယ်ခြင်း အစရှိသည်သည်။ သမဏဿ၊ ရဟန်းအား။ ပတိရူပံ၊ လျောက်ပတ်၏။
ဣတိ၊ ဤသို့။ ဂေါတမောထေရော၊ ဂေါတမထေရ်သည်။ ဣမာဒသဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော ဆယ်ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဂွေတမထေရဂါထာအ နက်ပြီး၏။
ဒသကေနိပါတေ၊ ဒသကနိပါတ်၌။
ဥဒါနံ၊ ဥဒါန်းသည်ကား။
ကာဠုဒါယီစ၊ ကာဠုဒါယီ အမည်ရှိသော။ သောထေရောစ၊ ထိုမထေရ်သည်လည်းကောင်း။ ဧကဝိဟာရီ၊ ဧကဝိဟာရီအမည်ရှိသော။ သောထေရောစ၊ ထို မထေရ်သည်လည်းကောငး်။ ကပ္ပိနော၊ ကပ္ပိနထေရ်လည်းကောင်း။
စူဠပန္ထကော၊ စူဠပန္ထကထေရ်လည်းကောင်း။ ကပ္ပေါစ၊ ကပ္ပထေရ်လည်းကောင်း။ ဥပသေနာစ၊ ဥပသေနထေရ်လည်းကောင်း။
သတ္တမော၊ ခုနစ်ခုမြောက်ဖြစ်သော။ ဂေါတမော၊ ဂေါတမထေရ်လည်းကောင်း။ ဒသကေ၊ ဒသကနိပါတ်၌။ သတ္တ၊ ခုနစ်ပါးကုန်သော။ ဣမေထေရာ၊ ဤမထေရ်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဧတ္ထ၊ ဤဒသနနိပါတ်၌။ ဂါထာယော၊ ဘွဲ့ဆိုသီကုံးအပ်သော ဂါထာတို့သည်။ သတ္တိဟိ၊ ခုနစ်ဆယ်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသည်လျှင်တည်း။ ဒသကနိပါတော၊ ဒသကနိပါတ်သည်။ နိဋ္ဌိတော၊ ပြီးခြင်းသို့ ရောက်ပြီ။ ဒသကနိပါတ်ပြီး၏။