Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

3. Ānandattheragāthā

Author: နိဿယ @ IAPT

ပဏ္ဍိတော၊ ပညာရှိသော သူသည်။ ပိသုဏေနစ၊ နှစ်ယောက်သော သူတို့၏ အချစ်ကို မှုန့်မှုန့်ညက်ညက် ပြုတတ်သော ဂုံးတက်ချောပစ်သော စကားကို ဆိုတတ်သော သူနှင့်လည်းကောင်း။ ကောဓနေနစ၊ အမျက်ထွက်လေ့ရှိသော သူနှင့်လည်းကောင်း။ ပစ္ဆရိနာစ၊ ဝန်တိုသော သူနှင့်လည်းကောင်း။ တိဘူတနန္ဒိနာ၊ သတ္တဝါတို့၏ အစီးအပွါးကို ဖျက်ဆီးခြင်း၌နှစ်သက်သော သူနှင့် လည်းကောင်း။ ဣတိဣမေဟိ၊ ဤသို့သဘော ရှိကုန်သော။
တံသခီဟိ၊ အဆွေခင်ပွန်း အပေါင်းအဘော်တို့နှင့်။ နကရေယျ၊ ပေါင်းဘော်ခြင်းကို မပြုရာ။ ကသ္မာ၊ အဘယ်ကြောင့် နည်းဟူမူကား။ ကာပုရိသေန၊ ယုတ်မာသော ယောင်္ကျားနှင့်။ သံဂမော၊ ပေါင်းဘော်ခြင်းသည်။ ပါပေါ၊ ထိုသူယုတ်တို့ကဲ့သို့ ယုတ်မာသော အဖြစ်ကို ဆောင်တတ်သည်။ ဟောတိ၊ ဖြစ်၏။
ဣတိတသ္မာ၊ ထိုကြောင့်သည်။ ပဏ္ဍိတော၊ ပညာရှိသည်။ သ‌ဒ္ဓေနစ၊ ကံကံ၏ အကျိုးကို ယုံကြည်ခြင်းရတနာသုံးပါး၌ သဒ္ဓါခြင်းနှင့် ပြည့်စုံသော သူနှင့်လည်း။ ပေသလေနစ၊ ချစ်အပ်သော သီလနှင့် ပြည့်စုံသော သူနှင့်လည်းကောင်း။ ပညာဝတာစ၊ ဝဋ်မှထွက်မြောက် ကြောင်းဝဋ်ဆင်းရဲမှ ငြီးငွေ့ကြောင်း ပညာနှင့် ပြည့်စုံသော သူနှင့် လည်းကောင်း။ ဗဟုဿုတေနစ၊ ပရိယတ္တိ ပဋိဝေဓနှစ်ပါး၌ အကြားအမြင်များသော သူနှင့်လည်းကောင်း။
ဣတိဣမေဟိသခီဟိ၊ ဤဆိုအပ်ခဲ့ပြီးသော သဒ္ဓါတရားစသည် ပြည့်စုံသော အဆွေခင်ပွန်းကောင်းတို့နှင့်။ ကရေယျ၊ ပေါင်းဘော်ခြင်းကို ပြုရာ၏။ ကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူကား။ သပ္ပုရိသေန၊ ပညာရှိသူတော်ကောင်းနှင့်။ သင်္ဂမော၊ အတူတကွ ပေါင်းဖော်ရခြင်းသည်။ ဘဒ္ဒေါ၊ ကောင်းသော ပစ္စုပ္ပန် အစီးအပွါး သံသရာ အစီးအပွါးစသော အပြားရှိသော အကျိုးကို ဆောင်တတ်သည်။ ဟောတိ၊ ဖြစ်၏။ ဣတိ တသ္မာ၊ ထိုကြောင့်တည်း။
အာဝုသော၊ င့ါရှင်တို့။ စိတ္တကတံ၊ အဝတ်တန်ဆာ ပန်းအခင်းစသည်တို့ဖြင့် ဆန့်ကြယ်စွာ ပြုပြင်အပ်သော။ အရုဓုကာယံ၊ ကိုးပါးသော အဝတို့မှ ယိုစီးသော မစင်အလုံးစုံသော အနာဝဖြစ်၍ ပြန့်နှံ့သော ကိုယ်ဟု ဆိုအပ်သော ။ သရဿီတံ၊ အရိုးအပေါင်းတို့၏ စုဝေးရာဖြစ်သော။ အာတုရံ၊ အမြဲနာကျင်ခြင်းရှိသော။ ဗဟုသင်္ကပ္ပံ၊ လူမိုက်တို့သည် မဟုတ်သည်သို့ ထင်၍ များစွာ ကြံဆအပ်သော အရှည်အတို အစရှိသော အင်္ဂါကြီးငယ်တို့ဖြင့် တန်ဆာဆင်အပ်သော အတ္တဘောကို။ ပဿ၊ အသင့်အားဖြင့် ရှုပါလော။ ယဿ၊ အကြင်အ္တဘောအား။ ဓုဝံ၊ မြဲသော သဘောသည်လည်းကောင်း။ ဋ္ဌိတိ၊ မြဲမြံစွာ တည်ခြင်းသဘောသည်လည်းကောင်း။ နတ္ထိ၊ မရှိ။
စိတ္တကတံ၊ အဝတ်တန်ဆာ ပန်းအခြင်းစသည်တို့ဖြင့် ဆန်းကြယ်စွာ ပြုပြင်အပ်သော။ မဏိနာကုဏ္ဍလေနစ၊ ပတ္တမြားနားဍောင်းဖြင့်လည်းကောင်း။ အဋ္ဌိတစေနစ၊ အရိုးစုသော အရေဖြင့်လည်းကောင်း။ ဩနဒ္ဓံ၊ မြှေ့ဖွဲ့အပ်သော။ ဣမံရူပံ၊ ဤမဟာဘုတ်လေးပါးဟု ဆိုအပ်သော ရုပ်တို့ဖြင့် ပြီးသော ကိုယ်ကို။ ပဿ၊ အသင့်အားဖြင့်ရှုပါလော။ အယံကာယော၊ ဤမဟာဘုတ်လေးပါးဖြင့် ပြီးသော ကိုယ်သည်။ ဝတ္ထေဟိ၊ ပုဆိုးအဝတ်တို့နှင့် ။ သဟပဋိစ္ဆန္နံ၊ တကွဖုံးလွှမ်းမှ။ သောဘတိ၊ တင့်တယ်၏။
အလတ္တကကထာ၊ ချိပ်ရေဖြင့် ကောင်းစွာ ဆိုးအပ်မှသာလျှင်။ ပါဒါ၊ ခြေတို့သည်။ သောဘန္တိ၊ တင့်တယ်ကုန်၏။ စုဏ္ဏကမက္ခိတံ၊ မျက်နှာချေနံ့သာ မှုန့်တို့ဖြင့် လိမ်းကျံအပ်သော်သာလျှင်။ မုခံ၊ မျက်နှာသည်။ သောဘတိ၊ ရှုကြည့်ဘွယ်တင့်တယ်၏။ အယံကာယော၊ စိတ်ကိုတွေဝေစေခြင်း မိုက်စေခြင်းငှါ။ အလံ၊ စွမ်းနိုင်၏။ ပါရဂဝေသိနော၊ နိဗ္ဗာန်ကို ရှာလေ့ရှိသော သူတော်ကောင်းအား။ နောအလံ၊ စိတ်ကို တွေဝေခြင်းမိုက်စေခြင်းငှါ မစွမ်းနိုင်။
အဋ္ဌပဒကတာ၊ ရှစ်ခုသော အခြင်းအရာရှိသော ဖြီးဖြင့် ဖြီးအပ်စီရင်အပ်သော အဘို့ရှိကုန်သော်သာလျှင်။ ကေသာ၊ ဆံတို့သည်။ သောဘန္တိ၊ တင့်တယ်ကုန်၏။ အဉ္ဇနမက္ခိတာ၊ မျက်ရေကွင်းခြင်း စသည်ဖြင့်တန်ဆာဆင်အပ်သော်သာလျှင်။ နေတ္တာ၊ မျက်စိတို့သည်။ သောဘန္တိ၊ တင့်တယ်ကုန်၏။ အယံကာယော၊ ဤဆိုအပ်ခဲ့ပြီးသော အခြင်းအရာနှင့် ပြည့်စုံသော ကိုယ်သည်။ ဗာလဿ၊ မိုက်စွာသော ပုထုဇဉ်အား။ မောဟာယ၊ စိတ်ကို တွေဝေစေခြင်းမိုက်စေခြင်းငှါ။ အလံ၊ စွမ်းနိုင်၏။ အယံကာယော၊ ဤကိုယ်သည်။ ပါရဂဝေသိနော၊ ဝဋ်မှ ထွက်မြောက်ခြင်းကို ရှာမှီးလေ့ရှိသော သူအား။ နောအလံ၊ စိတ်ကိုတွေဝေခြင်းမိုက်စေခြင်းငှါ မစွမ်းနိုင်။
(လ) အယံ၊ ငါကား။ ဗဟုဿုတော၊ ပရိယတ္တိပဋိဝေဓအားဖြင့် များသော အကြားအမြင်ရှိသည်။ စိတ္တကထီ၊ ဆန်းကြယ်သော တရားစကားကို ဟောတတ်သော။ ဗုဒ္ဓဿ၊ သဗ္ဗညုဘုရားရှင်၏။ ပရိစာရိကော၊ အလုပ်အကျွေးရဟန်းသည်။ အမှိ၊ ဖြစ်ပြီ။
ပန္နဘာရော၊ ချအပ်သော ခန္ဓာဟူသော ဝန်ရှိ၏။ ဝိသညုတ္တော၊ လေးပါးသော ဩဃတို့၌ မယှဉ်သည် ဖြစ်၍။ ဂေါတမော၊ ဂေါတမ အနွယ်တော်ဖြစ်သော ငါအာနန္ဒာသည်။ သေယျံ၊ အိပ်ခြင်းကို။ ကပ္ပေတိ၊ ပြု၏။
အဟံ၊ ငါသည်။ ခီဏာသဝေါ၊ ကုန်ပြီးသော အာသဝေါရှိသည်။ ဝိသံယုတ္တော၊ လေးပါးသော ဩဃမှ ကင်းပြီးသည်။ သင်္ဂါတိတော၊ ရာဂအစရှိသော ငြိတွယ်တတ်သော တရားကိုလွန်ပြီးသည်။ ဟုတွာ၊ ဖြစ်၍။ သုနိဗ္ဗတော၊ အချင်းခပ်သိမ်း ကိလေသာတည်းဟူသော ပူလောင်ခြင်းမှ ငြိမ်းပြီ။
ဇာတိမရဏပါရဂူ၊ ပဋိသန္ဓေနေခြင်းသေခြင်းတို့၏ အဆုံးဖြစ်သော နိဗ္ဗာန်တည်းဟူသော ကမ်းတဖက်သို့ ရောက်ပြီးသည်ဖြစ်၍။ အန္တိဓံဒေဟံ၊ အဆုံးဖြစ်သော ကိုယ်ကို။ ဓာရေတိဓာရေမိ၊ ‌ဆောင်၏။
ယသ္မိံ ပုရိသ ဝိသေသေ၊ အကြင်ယောင်္ကျားအထူးဖြစ်သော ပုဂ္ဂိုလ်၌။ ဓမ္မာ၊ ပရိယတ္တိဓမ္မ ပဋိဝေဓ ဓမ္မတို့သည်။ ပတိဋ္ဌိတာ၊ တည်ကုန်၏။ အာဒိစ္စဗန္ဓုနော၊ နေမင်း၏ အဆွေဖြစ်တော်မူသော။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
နိဗ္ဗာနဂမနေ၊ နိဗ္ဗာန်သို့ ရောက်စေတတ်သော။ မဂ္ဂေ၊ အကြောင်း၌။ ဂေါတမော၊ ဂေါတမအနွယ်ဖြစ်သော။ သောယံသောအယံအာနန္ဒော၊ ထိုအရှင်အာနန္ဒာသည်။ တိဋ္ဌတိ၊ တည်၏။
ဗြာဟ္မဏ၊ ဂေါပကမောဂ္ဂလာန အနွယ်ဖြစ်သော သေလပုဏ္ဏား။ အဟံ၊ ငါသည်။ ဗုဒ္ဓတော၊ ဘုရားသခင် အထံတော်မှ။ ဒွါသီတိ သဟဿာနိ၊ ရှစ်သေားနှစ်ထောင်သော ဓမ္မခန္ဓာတို့ကို ။ ဂဏှိဥဂ္ဂဏှိ၊ ငါသင်ပြီ။ ဘိက္ခုတော၊ ရှင်သာရိ ပုတ္တရာ အစရှိသော ရဟန်းထံမှ။ ဒွေသဟဿာနိ၊ နှစ်ထောင်သော ဓမ္မခန္ဓာ တို့ကို။ ဂဏှိဥဂ္ဂဏှိ၊ ငါသင်ပြီ။
ယေဓမ္မာ ယေဣမေဓမ္မာ၊ အကြင်ဆိုအပ်ပြီးသော တရားတို့ကို။ ဇိဝှဂ္ဂေ၊ လျာဖျား၌။ ပဝတ္တိနော၊ အလေ့အလာပြုသဖြင့် ဖြစ်စေအပ်ကုန်ပြီ။ တေဓမ္မာ၊ ထိုငါအလေ့အလာပြု၍ ဆောင်အပ်သော တရားတို့သည်။ စတုရာသီဘိသဟဿာနိ၊ ရှစ်သောင်းလေးထောင်အတိုင်းအရှည်ရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
အပ္ပဿုတော၊ အယုတ်သဖြင့် တခုသော သုတ္တန်ကို မျှမသင်ဘူးသောကြောင့်နည်းသော အကြားအမြင်ရှိသော။ အယံ ပုရိသော၊ ဤယောင်္ကျားသည်။ ဗလီဗဒ္ဒေါ ဝဗလီဗဒ္ဒေါဣဝ၊ နွားလားကဲ့သို့။ ဇီရတိ၊ မိဘဆွေမျိုး ဉာတာတို့၏ အကျိုးစီးပွါးကို ဆွေ့မြေ့စေ၏။
တဿ၊ ထိုအကြားအမြင်နည်းသော သူအား။ မံသာနိ၊ အသားတို့သည်။ ဝဍ္ဎန္တိ၊ ပွါးများကုန်၏။ တဿ၊ ထိုစားကာအိပ်ကာသာနေ၍ ပညာကို မရှာမဆီးဘူးသည်ဖြစ်၍ နည်းသော အကြားအမြင့်ရှိသော ယောင်္ကျားအား။ ပညာ၊ ပညာသည်။ နဝဍ္ဎတိ၊ မပွါး။
ဗဟုဿုတော၊ များသော အကြား အမြင်ရှိသော။ ယော ပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။ အပ္ပသုတံ၊ နည်းသော အကြားအမြင်ရှိသော သူကို။ သုတေန၊ မိမိ၏ များသော အကြားအမြင်ဟူသော အကြောင်းကြောင့်။ အတိမညတိ၊ မိမိကိုယ်ကို ခြီးမြောက်လျက် သူတပါးကို ရှုတ်ချ၍ မထည်မဲ့ မြင် ပြု၏။
ကိံဝိယ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ ပဒီပဓာရော၊ အမိုက်တိုက်၌ ဆီမီးကို ထွန်းသော ။ အန္ဓော၊ သူကန်းသည်။ ပရေသံ၊ မျက်စိနှင့် ပြည့်စုံသော သူတပါးတို့၏ သာလျှင်။ အတ္ထာဝ‌ဟောယထာ၊ မြင်စေခြင်း အကျိုးကို ဆောင်သကဲ့သို့ လည်းကောင်း။ အတ္တနော၊ မိမိဟု ဆိုအပ်သော ဆီးမီးထွန်းသော သူကန်း၏။ အတ္ထာဝတော၊ မြင်ရခြင်းဟူသော အကျိုးဆောင်သည်။ နဟောတိဣဝ၊ မဖြစ်သကဲ့သို့လည်းကောင်း။ တထေဝ၊ ထိုအတူသာလျှင်။ မံ၊ ငါ့ကို။ ပဋိဘာတိ၊ သူကန်းကဲ့သို့ ထင်မှတ်၏။
ဗဟုဿုတံ၊ များသော အကြား အမြင်ရှိသော သူသို့။ ဥပါသေယျ၊ မှီဝဲဆည်းကပ်၍ အကြားအမြင်ကို သင်ရာ၏။ သုတဉ္စ၊ သင်ကြားအပ်ပြီးသော တရားကျမ်းဂန်ကိုလည်း။ နဝိနာသေယျ၊ မပျောက်မပျက်ရအောင် ဆောင်ခြင်း စုံစမ်းခြင်းမေးမြန်းခြင်းနှလုံးသွင်းခြင်း တို့ဖြင့်ပွါးစေရာ၏။
တံ၊ ထိုအကြားအမြင်များသော သူသို့ ဆည်းကပ်၍ သင်သဖြင့် ရအပ်သော ပရိယတ္တိ၌ အကြားအမြင်များသော အဖြစ်သည်။ ဗြဟ္မစရိယဿ၊ မြတ်သော မဂ်ဟူသော အကျင့်၏။ မူလံ၊ ပြဋ္ဌာန်းသော အကြောင်းသည်။ ယသ္မာ၊ အကြင်ကြောင့်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထိိုသို့ ကြားအပ်အပ်တိုင်းသော ပရိယတ္တိဓမ္မကိုဆောင်ခြင်းကြောင့်။ ဓမ္မဓရော၊ ရှေးဦးစွာပရိယတ္တိဓမ္မကို ဆောင်ခြင်းသည်။ သိယာ၊ ဝိမုတ္တာယတန၌ တည်သဖြင့်ဖြစ်ရာ၏။
ယော ပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ ပုဗ္ဗာပရညူစ၊ ဂါထာစသည်၌ ရှေ့အဘို့နောက်အဘို့ကို သိသည်လည်းကောင်း။ အတ္ထညူစ၊ မိမိအကျိုး သူတပါးအကျိုးစသည် အပြားရှိသော ဟောတော်မူအပ်သော ပါဠိအနက်ကိုသိသည် လည်းကောင်း။ နိရုတ္တိပဒကောဝိဒါစ၊ မချွတ်မယွင်းသော နိရုတ္တိသဒ္ဒါ ကြွင်းသော ပုဒ်ဟု ဆိုအပ်သော လေးပါးသော ပဋိသမ္ဘိဒါတို့၌ လိမ္မာသည်လည်းကောင်း။ ဟုတွာ၊ ဖြစ်၍။
သုဂဟိတဉ္စ၊ ထိုဆိုအပ်ခဲ့ပြီးသော အခြင်းအရာ၌ လိမ္မာသဖြင့် အနက်သဒ္ဒါအားဖြင့် ကောင်းစွာ သင်ခြင်းကို။ ကတွာ၊ ပြု၍။ ဂဏှာတိ၊ သင်၏။ အတ္ထဉ္စ၊ သင်အပ်တိုင်းသော ပရိယတ္တိဓမ္မ၏ အနက်ကိုလည်း။ ဥပပရိက္ခတိ၊ ဤကားသီလ ဤကားသမာဓိ ဤကား ပညာ စသည်ဖြင့် အဘန်တလဲလဲ ရှု၏။
ခန္ဓာ၊ ဥပါဒါနက္ခန္ဓာ တရားငါးပါးတို့သည်။ ဆန္ဒိကတော၊ ရုပ်နံကို သိမ်းဆည်းခြင်းစသည်ကို အရင်းပြုသဖြင့် အနိစ္စ အစရှိသော ဝိပဿနာကို နှလုံးသွင်းဖြင့် ဖြတ်၍ အလိုဆန္ဒကို ဖြစ်စေအပ်သည်။ ဟောတိ၊ ဖြစ်၏။ တံ၊ ထိုသင်ခင်းလျှင်အကြောင်းရှိသော နံရုပ်၌ အနိစ္စ အစရှိသည်ဖြင့် ရှုခြင်းကို။ ဥဿာဟိတွာ၊ အဆင့်ဆင့်ပွါးစေသည်၏ အစွမ်းအားဖြင့် အားထုတ်၍ ။ တုလေတိတီရေတိ၊ အနိစ္စဒုက္ခ အနတ္တ ဟု အဘန်တလဲလဲ နှိုင်းယှဉ်ရှု၏။
သော၊ ထိုဤသို့ ဆိုအပ်ခဲ့ပြီးသော အခြင်းအရာဖြင့် ရှုသော ပုဂ္ဂိုလ်သည်။ သမယေ၊ စိတ်ကိုခြီးမြှောက်ြသင့်သည် နှိပ်သင့်သည် စသော အခါ၌။ ပဒဟတိ၊ စိတ်ကိုခြီးမြှောက်ခြင်းနှိပ်ခြင်းစသည်ဖြင့် အားထုတ်၏။ အဇ္ဈတ္တံ၊ ကမ္မဋ္ဌာန်းဟု ဆိုအပ်သော အာရုံ၌။ သုသမာဟိတော၊ ဝိပဿနာ သမာဓိ မဂ်သမာဓိဖြင့် ကောင်းစွာတည်ကြည်သည်။ ဘဝေယျ၊ မတည်ကြည်ခြင်းအကြောင်းဖစ်သော ကိလေသာတို့ကို စွန့်ပယ်သည်ဖြစ်ရာ၏။
ယသ္မာ၊ အကြင်ကြောင့်။ ဗဟုဿုတံ၊ များသော အကြားအမြင်ရှိသော။ ဓမ္မဓရံ၊ တရားကိုဆောင်သော။ သပ္ပညံ၊ မဂ်ဖိုလ်ပညာနှင့် ပြည့်စုံသော ။ ဗုဒ္ဓသာဝကံ၊ ဘုရားတပည့်သားကို။ ပယိရုပါသန္တဿ၊ ဆည်းကပ်သော သူအား။ သောဂုဏော၊ ထိုဆိုခဲ့ပြီးသော ကျေးဇူးအပေါင်းသည်။ ဟောတိ၊ ဖြစ်၏။
တသ္မာ၊ ထိုကြောင့်။ ဓမ္မဝိညာဏံ၊ နိဗ္ဗာ်နကို အကြောင်းပြု၍ ဒုက္ခသစ္စာ စသည်တို့၌ ပိုင်းခြား၍ သိခြင်းစသော ထူးသော ကိစ္စရှိသော မဂ်တရား၌ဖြစ်သော ဉာဏ်ကို။ အာကင်္ခံ အာကင်္ခန္တော၊ အလိုရှိသော သူသည်။ တထာဝိဓံ၊ ထိုဆိုအပ်ပြီးသော အပြားရှိသော ထိုကလျာဏ မိတ္တပုဂ္ဂိုလ်ကို။ ဘဇေထ၊ မှီဝဲဆည်းကပ်ရာ၏။
ဖဟုဿုတော၊ များသော အမြင်ရှိထသော။ ဓမ္မဓရော၊ ထိုသင်ကြားအပ်သော ကျမ်းဂန်တရားကို ရွှေခွက်၌တည်သော ခြင်္သေ့ ဆီကဲ့သို့ ပုဒ်အက္ခရာအားဖြင့် မပျောက်မပျက် ဆောင်ယူနိင်ထသော။ မဟေသိနော၊ မြတ်စွာဘုရား၏။ ကောသာရက္ခေါ၊ တရားတည်းဟူသော ဘဏ္ဍာတိုကိကို စောင့်နိုင်သော။
သော ပုဂ္ဂလော၊ ထို ပုဂ္ဂိုလ်သည်။ သဗ္ဗဿလောကဿ၊ နတ်နှင့်တကွသော အလုံးစုံသော သူ၏။ စက္ခု စက္ခုဘူတော၊ ပညာမျက်စိသဘွယ်ဖြစ်၍ ဖြစ်သည်။ ယသ္မာ၊ အကြင်ကြောင့်။ ဟောတိ၊ ဖြစ်၏။ တသ္မာ၊ ထိုသို့အလုံးစုံသော လူတို့၏ မျက်စိသဘွယ် ဖြစ်သောကြောင့်။ ဗဟုဿုတော၊ ဆိုအပ်ခဲ့ပြီးသော တရားကျမ်းဂန်၌များသော အကြားအမြင်ရှိသော သူကို။ ပူဇနီယျော၊ အလုံးစုံသော လူတို့သည် ပူဇော်ထိုက်သည်။ ဟောတိ၊ ဖြစ်၏။
ဓမ္မရာမော၊ ဝိပဿနာ ဓမ္မလျင်မွေ့လျော်ရာရှိထသော။ ဓမ္မရတော၊ ထိုဝိပဿနာ ဓမ္မ၌ မွေ့လျော်ထသော။ ဓမ္မံ၊ ဝိပဿနာ ဓမ္မကို။ အနုဝိစိန္တယံ၊ အဘန်တလဲလဲ ကြံခြင်းရှိထသော။
ဓမ္မံ၊ ဝိပဿနာ ဓမ္မကို။ အနုဿရံ အနုဿရန္တော၊ အဘန်တလဲလဲ အောက်မေ့သော။ ဘိက္ခု၊ ရဟန်းသည်။ သဒ္ဓမ္မာ၊ သုံးဆယ်ခုနစ်ပါးသော ဗောဓိ ပက္ခိယတရားကိုးပါး အပြားရှိသော လောကုတ္တရာ ဟုဆိုအပ်သော သူတော်ကောင်းတို့၏ တရားမှ။ နပရိဟာယတိ၊ မယုတ်။
ကာယပစ္ဆေရဂရုနော၊ ကိုယ်၏ခိုင်ခန့်စေခြင်းများသည်ဖြစ်၍ မိမိကိုယ်၌ မမဂ်မောသော ဆရာဥပဇ္ဈာယ်တို့အားကိုယ်ဖြင့် ပြုအပ်သည်ကို မပြုမူ၍ သွားထသော။ ဟိယျာမာနော၊ မိမိကိုယ်အသက်၌ ခဏခဏ တိုင်းယုတ်သော စိတ်ရှိထသော။ ဘိက္ခု၊ ရဟန်းသည်။ အနုဋ္ဌဟေ၊ သီလစသည်ကို ဖြည့်သည် အစွမ်းအားဖြင့် အားထုတ်ခြင်းမပြုရာ။
သရိရသုခဂိဒ္ဓဿ၊ မိမိကိုယ်ကို ချမ်းသာစေသဖြင့် မဂ်မောခြင်းသို့ရောက်သော ရဟန်းအား။ သမဏဖာသုတာ၊ ရဟန်းအဖြစ်၌ ချမ်းသာစွာနေရခြင်းသည်။ ကုတောဘဝိဿတိ၊ အဘယ်မှာ ဖြစ်ပါအံ့နည်း။
သဗ္ဗာဒိသာ၊ အရှေ့မျက်နှာ စသော အားဖြင့် ပြားသော အလုံးစုံသော အရပ်မျက်နှာတို့သည်။ နပက္ခန္တိ၊ မထင်ကုန်။ ဓမ္မာ၊ ရှေး၌ အလေ့အလာပြုအပ်သော ပရိယတ္တိဓမ္မတို့သည်။ မံ၊ ငါ့အား။ နပဋိဘန္တိ၊ ယခုအခါ အရိုအသေနှလုံး သွင်းကုန်သော်လည်း မထင်ကုန်။
ကလျာဏမိတ္တမှိ၊ နတ်နှင့်တကွသော လူ၌ အဆွေခင်ပွန်းကောင်းဖြစ်သော အရှင်သာရိပုတ္တရာသည်။ ဂတေ၊ ပရိနိဗ္ဗာန်ပြုခြင်းသို့ ရောက်သည်ရှိသော်။ အန္ဓကာရံဝ၊ ဤအလုံးစုံသော လောကသည် အမိုက်တိုက်ကဲ့သို့။ ခါယတိ၊ ထင်၏။
အဗ္ဘတီဘသဟာယဿ၊ မကင်းသော အဆွေခင်ပွန်းကောင်းဖြစ်ထသော။ အတီတဂတသတ္ထုနော၊ လွန်ပြီးသည်ဖြစ်၍ ပရိနိဗ္ဗာန် ပြုခြင်းသို့ ရောက်သော မြတ်စွာဘုရားအား။
ကာယဂတာသတိ၊ ဆံအစရှိသော သုံးဆဲ့ နှစ်ပါးသော အစု၌ ဖြစ်သော သတိရှိသည်။ ဟောတိယထာ၊ ဖြစ်သကဲ့သို့။ ဧတာဒိသံ၊ ထိုဘုရားစသည်၌ တူသော သဘောရှိသော။ မိတ္တံ၊ အဆွေခင်ပွန်းကောင်းသည်။ နတ္ထိ၊ မရှိပြီ။
ပုရာဏာ၊ ရှေး၌ဖြစ်ကုန်သော။ ယေမိတ္တာ၊ အကြင်ဆွေခင်ပွန်းကောင်းတို့သည်။ အတီတာ၊ ပရိနိဗ္ဗာန် ပြုသောအားဖြင့် လွန်ကုန်ပြီ။ ဒါနိဣဒါနိ၊ ယခုအခါ၌။ တေ၊ ထိုမြတ်စွာဘုရားအရှင်သာရိပုတ္တရာ စသော အဆွေခင်ပွန်းကောင်းတို့သည်။ နတ္ထိနသန္တိ၊ မရှိကုန်ပြီ။
အဇ္ဇ၊ ယခုအခါ၌။ မေ၊ ငါ၏။ စိတ္တံ၊ စိတ်သည်။ နဝေဟိ၊ သီတင်းငယ်ဖြစ်သော သူတို့နှင့်။ နသမေတိ၊ ညီညွတ်ခင်းသို့ မရောက်။ သွာဟံသော အဟံ၊ ထိုငါသည်။ ပက္ခိမာဣဝ၊ မိုဃ်းကာလ၌ အသိုက်သို့ ကပ်ဝင်၍ နေသော ငှက်ကဲ့သို့။ ဝဿုပေတော၊ ဝါသို့ကပ်လျက်။ ဧကောဝ၊ တယောက်အတည်းတည်းသာလျှင်။ ဈာယာမိ၊ ဈာန်လေ့လာသည် ဖြစ်ပါတော့အံ့။
ဒဿနာယ၊ ငါ၏မျက်စိမြင်ကောင်းသော အရာကို။ အတိက္ကန္တေ၊ လွန်သည်ရှိသော်။ ဗဟူ၊ များစွာကုန်သော။ နာနာဧဝရဇ္ဇကေ၊ အထူးထူးသောအာရုံ၌ နေကုန်သော သူတို့ကို။ မာဝါရယိတ္ထ၊ အာနန္ဒာငါသို့ ကပ်ခြင်းကို မဖြစ်သင့်လော။
တေ၊ ထိုရဟန်းတို့သည်။ သောတာရော၊ ငါ့တရားကိုနာလိုကုန်၏။ ပဿန္တု၊ ငါ့အားဖူးမြင်စေကုန်လော။ အယမော၊ ဤအခါသည်သာလျှင်။ မမ၊ ငါ့အား။ သမယော၊ ဖူးမြင်အံ့သော အခါတည်း။
ဒဿနာယ၊ ငါ၏ မျက်စိမြင်ကောင်းသောအရပ်ကို။ အဘိက္ကန္တေ၊ လွန်သည်ရှိသော်။ ပုထု၊ များစွာကုန်သော။ နာနာဝေရဇ္ဇကေ၊ အထူးထူးသော တိုင်းသားရဟန်းတို့ကို။
သတ္ထာ၊ မြတ်စွာဘုရားသည်။ ဩကာသံ၊ အခွင့်ကို။ ကရောတိ၊ ပြုတော်မူ၏။ စက္ခုမာ၊ စက္ခုငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်။ နနိဝါရေတိ၊ မြစ်တော်မမူ။
ပဏ္ဏဝီသတိဝဿာနိ၊ နှစ်ဆဲ့ ငါးနှစ်တို့ပတ်လုံး။ သေခဘူတဿ၊ သေခတရား၌ တည်သည်။ သတော၊ ဖြစ်သော။ မေ၊ ငါ့အား။
ကာမသညာ၊ ကာမဂုဏ်နှင့် တကွ ဖြစ်သော သညာသည်။ နဥပ္ပဇ္ဇိ၊ မဖြစ်စဘူး။ ဓမ္မသုဓမ္မတံ၊ တရားတော်၏ကောင်းသော တရား၏ အဖြစ်ကို။ ပဿ၊ ရှုလော။
ပဏ္ဏဝီသတိဝဿာနိ၊ နှစ်ဆဲ့ ငါးနှစ်တို့ကာလပတ်လုံး။ သေခဘူတဿ၊ သေခအဖြစ်တည်းဟူသော သောတာပတ္တိဖိုလ်၌ တည်သည်။ သတော၊ ဖြစ်သော။
မေ၊ ငါ့အား။ ဒေါသသညာ၊ ဒေါသနှင့်တကွ ဖြစ်သော သညာသည်။ နဥပ္ပဇ္ဇိ၊ မဖြစ်စဘူး။ ဓမ္မသုဓမ္မတံ၊ တရားတော်၏ ကောင်းသော တရား၏ အဖြစ်ကို။ ပဿ၊ ရှုလော။
ပဏ္ဏဝီသတိဝဿာနိ၊ နှစ်ဆဲ့ ငါးနှစ်တို့ပတ်လုံး။ မေတ္တေနကာယကမ္မေန၊ မေတ္တာစိတ်နှင့် ယှဉ်သော ကာယကံဖြင့်။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ ဥပဋ္ဌဟိံ၊ အရိုအသေလုပ်ကျွေး၏။
တံ၊ ထိုဘရားအားလုပ်ကျွေးသော ကောင်းမှုကံသည်။ ဆာယာဝ ဆာယာဣဝ၊ အရိပ်ကဲ့သို့။ အနုပါယိနီ၊ ငါသို့ အစဉ်လိုက်၏။
ပဏ္ဏဝီသတိဝဿာနိ၊ နှစ်ဆဲ့ ငါးနှစ်တို့ပတ်လုံး။ မေတ္တေနဝစီကမ္မေန၊ မေတ္တာစိတ်နှင့်ယှဉ်သော ဝစီကံဖြင့်။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို ။ ဥပဋ္ဌဟိံ၊ အရိုအသေလုပ်ကျွေး၏။
ကိံဝိယ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ ဆာယာ၊ အရိပ်သည်။ အနူပါဟိနီဣဝ၊ အစဉ်လိုက်သကဲ့သို့တည်း။
ပဏ္ဏဝီသတိဝဿနိ၊ နှစ်ဆဲ့ ငါးနှစ်တို့ကာလ ပတ်လုံး။ မေတ္တေနမနောကမ္မေန၊ မေတ္တာနှင့် ယှဉ်သော မနောကံဖြင့်။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ ဥပဋ္ဌဟိံ၊ အရိုအသေ လုပ်ကျွေး၏။
ကိံဝိယ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ ဆာယာ၊ အရိပ်သည်။ အနုပါယိနီဣဝ၊ အစဉ်လိုက်သကဲ့သို့တည်း။
စင်္ကမန္တဿ၊ စင်္ကြံကြွတော်မူသော။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ပိဋ္ဌိတော၊ နောက်တော်ကျ။ အနုစင်္ကမိံ၊ လိုက်၍ စင်္ကြံ သွား၏။
ဓမ္မေ၊ တရားကို။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဒေသိယမာနမှိ၊ ဟောတော်မူအပ်သည်ရှိသော်။ မေ၊ ငါ၏။ ဉာဏံ၊ တရားတော်ကို သိသော ဉာဏ်သည်။ ဥဒပဇ္ဇထ၊ ဖြစ်လတ်၏။
အဟံ၊ ငါသည်။ သကရဏိယော၊ အထက်မဂ်သုံးခုအလို့ငှါ ပြုဘွယ်ကိစ္စရှိသေးသော။ အပ္ပတ္တမာနသော၊ အရဟတ္တဖိုလ်သို့ မရောက်သေးသော ။ သေခေါ၊ သောတာပတ္တိဖိုလ်၌တည်သော သေက္ခမျှသည်။ အမှိ၊ ဖြစ်၏။
မယှံ၊ ငါ၏။ သတ္ထု၊ မြတ်စွာဘုရား၏။ ပရိနိဗ္ဗာနဉ္စ၊ ပရိနိဗ္ဗာန်ပြုခြင်းသည်လည်း။ ဥပဋ္ဌိတံ၊ ထင်၏။ ယောသတ္ထာ၊ အကြင်မြတ်စွာဘုရားသည်။ အမှံမယှံ၊ ငါ့အား။ အနုကမ္ပတော၊ ခြီးမြှောက်ထောက်ပံ့တော်မူ၏။
တဒါ၊ ထိုဘုရားပရိနိဗ္ဗာန်ပြုတော်မူသော အခါ၌။ ယံဘိံ သနကံ၊ အကြင်မြေတုန်လှုပ်ခြင်းတော်လည်းခြင်း အစရှိသော ကြောက်မက်ဘွယ်သည်။ အာသိ၊ ဖြစ်ပြီ။
သဗ္ဗာကာရဝရူပေတေ၊ ခပ်သိမ်းသော အခြင်းအရာဖြင့် မြတ်သော ကျေးဇူးနှင့် ပြည့်စုံသော ။ သမ္ဗုဒ္ဓေ၊ မြတ်စွာဘုရားသည်။ ပရိနိဗ္ဗုတေ၊ အနုပါဒိသေသနိဗ္ဗာန်ဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူသည်ရှိသော်။ တဒါ၊ ထိုပရိနိဗ္ဗာန်ပြုသော အခါ၌။ လောမဟံသနံ၊ ကြက်သီးမွှေးညှင်းထခြင်းသည်။ အာသိ၊ ဖြစ်ပြီ။
မဟေသိနော၊ မြတ်စွာဘုရား၏။ သာဝကော၊ တပည့်ဖြစ်သော ငါသည်။ ဗဟုဿုတော၊ များသော အကြားအမြင်ရှိသည်။ ဓမ္မဓရော၊ ပရိယတ္တိဓမ္မအလုံးစုံကိုဆောင်သည်။ ကောသာရက္ခေါ၊ တရားရတနာဟူသော ကျီကြကို စောင့်သည်။ အသိ၊ ဖြစ်ပြီ။
သဗ္ဗဿ၊ အလုံးစုံသော။ လောကဿ၊ လောက၏။ စက္ခုစက္ခုဘူတော၊ မျက်စိသဘွယ် ဖြစ်၍ ဖြစ်သော ။ အာနန္ဒေါ၊ အာနန္ဒာသည်။ ပရိနိဗ္ဗုတော၊ ကိလေသာတို့မှ ငြိမ်းသော ရဟန္တာသည်။ အမှိ၊ ဖြစ်၏။
မဟေသိနော၊ မြတ်စွာဘုရား၏။ သာဝကော၊ တပည့်သားဖြစ်သော ရှင်နန္ဒာသည်။ ဗဟုဿုတော၊ များသော အကြားအမြင်ရှိသည်။ ဓမ္မဓရော၊ အလုံးစုံသော ပရိယတ္တိဓမ္မကိုဆောင်သည်။ ကောသာရက္ခေါ၊ တရားရတနာတည်းဟူသော ကျီကြကိုစောင့်သည်။ အမှိ၊ ဖြစ်၏။
သဗ္ဗဿ၊ အလုံးစုံသော။ ကောလဿ၊ လောက၏။ စက္ခုစက္ခုဘူတော၊ မျက်စိသဘွယ်ဖြစ်၍ဖြစ်သော အရှင်အာနန္ဒာသည်။ အနွကာရတမောနူဒေါ၊ ခပ်သိမ်းသော အမိုက်တိုက်ထက်လွန်ကဲသော အဝိဇ္ဇာတည်းဟူသော အမိုက်ကို ဖျောက်တတ်သည်။ အမှိ၊ ဖြစ်၏။
သောဣသိ၊ ထိုအရှင်အာနန္ဒာသည်။ ဂတိမန္တော၊ အတုမရှိသော ဉာဏ်အလားနှင့် ပြည့်စုံသည်။ သတိမန္တော၊ မြတ်သာ သတိ၏ ရင့်ခြင်းနှင့် ပြည့်စုံသည်။ ဓိတိမန္တော၊ သူတပါးနှင့် မဆက်ဆံသော သဒ္ဒါအနက်ကို ဆောင်စွမ်းနိုင်သောလုံ့လနှင့် ပြည့်စုံသည်။ အသိ၊ ဖြစ်၏။
အနန္ဒေါ၊ အာနန္ဒာအမည်ရှိသော။ ထေရော၊ မထေရ်သည်။ သဒ္ဓမ္မဓာရကော၊ ပရိယတ္တိ ပဋိဝတ္တိပဋိဝေဓဟုဆိုအပ်သော သူတော်ကောင်း၏ တရားကိုဆောင်သည်။ ရတနာကရော၊ သူတော်ကောင်းတို့၏ တရားရတနာတို့၏ တည်ရာသည်။ အသိ၊ ဖြစ်ပြီ။
မယာ၊ ငါသည်။ သတ္တာ၊ ခပ်သိမ်းသော သတ္တဝါတို့ကို။ ပရိစိဏ္ဏော၊ မေတ္တာကို ပွါးစေသော အားဖြင့် အလေ့အလာ ပြုအပ်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ အဆုံးအမတော်ဖြစ်သော မဂ်ဟူသော အကျင့်ကို။ ကတံ၊ ပြုကျင့်အပ်ပြီ။
ကရုကောဘာရော၊ ခန္ဓာတည်းဟူသော လေးစွာသော ဝန်ကို။ ဩဟိတော၊ ချအပ်ပြီ။ ဒါနိဣဒါနိ၊ ယခုအခါ၌။ ပုနဗ္ဘဝေါ၊ နောင်အခါဘဝ၌ ဖြစ်ရခြင်းသည်။ နတ္ထိ၊ မရှိပြီ။
ဣတိ၊ ဤသို့။ အာနန္ဒေါ၊ အာနန္ဒာအမည်ရှိသော။ ထေရော၊ မထေရ်သည်။ ဣမာဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော ဂါထာတို့ကို။ အဘာသိတ္ထ၊ ရွတ်ဆိုပြီ။ အာနန္ဒထေရဂါထာ အနက်ပြီး၏။
တတ္ထ၊ ထိုတိံသနိပါတ်၌။ ဥဒါနံ၊ ဥဒါန်းသည်ကား။
ထေရာ၊ မထေရ်တို့ကို။ ဖုဿော၊ ဖုဿမထေရ်လည်းကောင်း။ ဥပတိဿော၊ ဥပတိဿ မထေရ်လည်းကောင်း။ အာနန္ဒေါ၊ အာနန္ဒာမထေရ်လည်းကောင်း။ ဣမေတယောတိ၊ ဤသုံးပါးသော မထေရ်တို့ဟူ၍။ ပကိတ္တိတာ၊ ဆိုအပ်ကုန်၏။
သင်္ခါတာ သင်္ခါတာယ၊ အရေအတွက်အားဖြင့်။ ဂါထာယော၊ ဂါထာတို့ကို။ ပဉ္စဥတ္တရိ၊ ငါးဂါထာ အလွန်ရှိသော။ သတံ၊ တရာတို့ဟူ၍။ ပကိတ္တိတာ၊ ဆိုအပ်ကုန်၏။ ဣတိ၊ ဤသည်လျှင်တည်း။ တိံ သနိပါတော၊ တိံ သနိပါတ်သည်။ နိဋ္ဌိတော၊ ပြီးခြင်းသို့ ရောက်ပြီ။ တိံ သနိပါတ်ပြီး၏။