Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

8. Bharatattheragāthā

Author: နိဿယ @ IAPT

နန္ဒက၊ ညီနန္ဒက။ ဧဟိ၊ လာလှည့်။ ဥပဇ္ဈာယဿ၊ အပြစ်ကြီးငယ်ကို ရှုကြည့်၍ ဆုံးမတော်မူသော မြတ်စွာဘုရား၏။ သန္တိကံ၊ အထံသို့။ ဂစ္ဆာမ၊ ငါတို့ညီအစ်ကို သွားကြကုန်အံ့။
ဗုဒ္ဓသေဋ္ဌဿ၊ ဘုရားမြတ်၏။ သမ္မုခါ၊ မျက်မှောက်၌။ သီဟနာဒံ၊ ရဲရင့်သော သံကို။ နဒိဿာမ၊ ဆိုကြကုန်အံ့။
ယာယ၊ အကြင်အရဟတ္တဖိုလ်ဟူသော အကျိုးကို ဖြစ်စေခြင်းငှါ။ နော၊ ငါ့တို့အား။ အနုပကမ္ပာယအနုဂ္ဂေဟေန၊ ချီးမြှောက်သဖြင့်။ မုနိ၊ ပစ္စုပ္ပန်လောကသံသရာလောကကို သိတော်မူသော မြတ်စွာဘုရားသည်။ အမှေဒွေပိ၊ ငါ့တို့နှစ်ယောက်တို့ကိုလည်း။ ပဗ္ဗဇ္ဇယိ၊ ရှင်ရဟန်း ပြုတော်မူ၏။
နောအမှေဟိ၊ ငါတို့သည်။ သဗ္ဗသံယောဇနက္ခယော၊ အလုံးစုံသော သံယောဇဉ်တို့၏ ကုန်ရာဖြစ်သော။ သောအတ္ထော၊ ထိုနိဗ္ဗာန်ဟူသော အကျိုးကို။ အနုပ္ပတ္တော၊ ရအပ်ပြီ။
ဣတိ၊ ဤသို့။ ဘရတောထေရော၊ ဘရတထေရ်သည်။ ဣမံဂါထာဒွယံ၊ ဤဂါထာနှစ်ခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဘရတထေရဂါထာ အနက်ပြီး၏။