Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

8. Aṭṭhamavaggo

Author: နိဿယ @ IAPT

သုသုခုမနိပုဏ္ဏတ္တဒဿိနာ၊ အလွန်မြင်နိုင်ခဲသော နူးညံ့သိမ်မွေ့သော သစ္ဏာပဋိစ္စ သမုပ္ပါဒါ စသော အနက်တို့ကို အနိစ္စ အစရှိသည်သို့ တင်၍ ရှုတတ်ထသော။ မတိကုသလေန၊ ပညာပွါးအံ့သည်ကို ဆင်ခြင်တတ်သော ဓမ္မဝိစယသံဗောဇ္ဈင် ပညာကို ဖြစ်စေခြင်း၌ လိမ္မာထသော။ နိဝါတဝုတ္တိနာ၊ သီတင်းကြီး သီတင်းငယ်သီတင်းလတ်တို့၌ လျောပတ်သော နှိမ့်ချသော အကျင့်ရှိထသော။
သံသေဝိတဗုဒ္ဓသီလိနာ၊ ဘုရားတို့သည် အလေ့အကျက် ပြုအပ်သော သီလဖြင့် သီလရှိထသော။ တေနပုဂ္ဂလေန၊ ထိုပုဂ္ဂိုလ်သည်။ ဟိယသ္မာ၊ အကြင်ကြောင့်။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ ဒုလ္လဘံ၊ ရခဲ့သည်။ နဟောတိ၊ မဖြစ်။ တသ္မာ၊ ထိုကြောင့်။ ဧတံသဗ္ဗံ၊ ဤအလုံးစုံကို။ ကရောန္တော၊ ပြုသောသူသည်။ နစိရဿေဝ၊ မကြာမြင့်မှီလျှင်။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ အဓိဂစ္ဆတိ၊ ရလိမ့်သတည်း။
ဣတိ၊ ဤသို့။ ဝစ္ဆပါလောထေရော၊ ဝစ္ဆာပါလထေရ်သည်။ ဣမံဂါထံ၊ ဤဂါထာကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဝစ္ဆာပါလထေရဂါထာ အနက်ပြီး၏။
သုသုဝဍ္ဎိတဂ္ဂေါ၊ ကောင်းစွာ ပွါးသော အရွက်အခက်အညွန့်ရှိထသော။ ပသာခဇာတော၊ အခက်တို့၏ အသစ်အသစ်၌ ရောက်သော ခက်သေးရှိသော။ ကဠီရော၊ ဝါးညွန့်သည်။ ဒုန္နိက္ခမော၊ ဝါးချုံမှ ထွက်နိုင်ခဲ့သည်။ ဟောတိယထာ၊ ဖြစ်သကဲ့သို့။ ဧဝံတထာ၊ ထိုအတူ။ အဟံပိ၊ ငါသည်လည်း။ ဘရိယာယ၊ မယားဖြင့်။ မယှံ၊ ငါ့အား။ အာနိတာယ၊ ဆောင်အပ်သော။ ပုတ္တမိဘာဒိဝသေန၊ သားသ္မီးစသည်တို့၏ အစွမ်းဖြင့်။ ဝဍ္ဎိတဂ္ဂေါ၊ ပွါးသောအခက်အလက်သည်။ အာသတ္တိဝသေန၊ ငြိသည်၏ အစွမ်းအားဖြင့်။ ဒုန္နိဟရနိယော၊ အိမ်ရာ ထောင်သော လူး၏ ဘောင်မှ ထုတ်နိုင်ခဲ့သည်။ ဘဝေယျ၊ ဖြစ်ရာ၏။ တသ္မာ၊ ထိုကြောင့်။ အနနီတာယ၊ မဆောင်အပ်သော မယားဖြင့်။ ဒါနိဣဒါနိ၊ ယခုအခါ၌။ မံ၊ ငါ့ကို။ အနုမညံအနုဇာနာပေတွာ၊ ခွင့်ပြုစေ၍။ ပဗ္ဗဇိတော၊ ရဟန်းပြုသည်။ အမှိ၊ ဖြစ်ပြီ။
ဣတိ၊ ဤသို့။ အာတုမောထေရော၊ အာတုမထေရ်သည်။ မာတုယာ၊ အမိအား။ ဣမံဂါထံ၊ ဤဂါထာကို။ အဘာသိတ္ထ၊ ဆိုပြီ။ အာတုမထေရဂါထာ အနက်ပြီး၏။
ဇိဏ္ဏဉ္စ၊ အိုခြင်းဖြင့် နှိပ်ါစက်အပ်သည်ဖြစ်၍ သွားကျိုးခြင်း အရေလိပ်ခြင်း ဆံဖြူခြင်း နှင့် ပြည့်စုံသည်ကိုလည်းကောင်း။ ဒုက္ခိတံ၊ ဆင်းရဲခြင်းသို့ ရောက်ခြင်းကိုလည်းကောင်း။ ဗျာဓိတံ၊ နာခြင်းကိုလည်းကောင်း။ ဒိသွာ၊ မြင်၍။ အာယုသင်္ခါယံ၊ ဇီဝိန္ဒြေဟု ဆိုအပ်သော အသက်၏ ကုန်ခြင်း ပျက်ခြင်းသို့။ ဂတံ၊ ရောက်သော။ မတံ၊ သေခြင်းကိုလည်းကောင်း။ ဒိသွာ၊ ဉာဏ်ဖြင့်မြင်၍။
တတော၊ ထိုအိုခြင်း နာခြင်း သေခြင်းမှ။ အဟံ၊ ငါသည်။ နိက္ခမိတုန၊ ထွက်မြောက်၍။ ပဗ္ဗဇိံ၊ ရဟန်းပြု၏။ မနောရမာနိ၊ ရာဂမကင်းကုန်သေးသော သူတို့၏ နှလုံးကို မွေ့လျော်စေတတ်ကုန်သော။ နိကာမာနိ၊ ဝတ္ထုကာမဂုဏ်တို့ကို။ ပဟာယပဇဟိတွာ၊ အရိယမဂ်ဖြင့် ပယ်၍။ ပဗ္ဗဇ္ဇိံ ဥပါဂမိံ၊ ရဟန်း အဖြစ်သို့ ရောက်၏။
ဣတိ၊ ဤသို့။ မာဏဝေါထေရော၊ မာဏဝထေရ်သည်။ ကာမာနံ၊ ကာမဂုဏ်တို့ကို။ ပဟာနကိတ္တနရခေန၊ ပယ်ခြင်းကို ကြားသော အမြွက်ဖြင့်။ ဣဓံဂါထံ၊ ဤဂါထာကို။ အဘာသိတ္ထ၊ ဆိုပြီ။ မာဏပထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။ ကာမစ္ဆန္ဒောစ၊ အလုံးစြုံအလိုရှိအပ်သော ဝတ္ထုကာမတို့၌ တပ်သော ကာမဆန္ဒကိုလည်းကောင်း။ ဗျာပါဒေါစ၊ စိတ်၏ ပုပ်ကြောင်းသော ဒေါသကိုလည်းကောင်း။ ထိန မိဒ္ဓဉ္စ၊ စိတ်၏ မခန့်ခြင်းအား မထုတ်ခြင်း လက္ခဏာရှိသော ထိနစေတသိက်တို့၏ မခန့်ခြင်း အားမထုတ်ခြင်း လက္ခဏာရှိသော မိဒ္ဓကိုလည်းကောင်း။
ဥဒ္ဓစ္စံ၊ စိတ်၏ ပျံ့လွင့်ခြင်း လက္ခဏာရှိသော ဥဒ္ဓစ္စ ပြုအပ်ပြီးသော ဒုစရိုက် မပြုအပ်သေးသော သုစရိုက်တို့၌ နောင်တတဘန်ခြင်း လက္ခဏာ ရှိသော ကုက္ကုစ္စကိုလည်းကောင်း။ ဝိစိကိစ္ဆာစ၊ ဘုရားတရား သံဃာသိက္ခာသီတင်းသုံတော်တို့၌ ယုံမှားခြင်းလက္ခဏာရှိသော ဝိစိကိစ္ဆာကိုလည်းကောင်း။ ယဿဘိက္ခုနော၊ အကြင်ရဟန်းအား။ သဗ္ဗသော၊ အချင်းခပ်သိမ်း။ သမုစ္ဆိန္နတ္တာ၊ အရဟတ္တမဂ်ဖြင့်ပယ်အပ်သော ကြောင့်။ နဝိဇ္ဇတိ၊ မိမိသန္တာန်၌မရှိ။ တဿ ဘိက္ခုနော၊ ထိုရဟန်းအား။ ကိဉ္စိ၊ တစုံတခုသော။ ကရဏီယံ၊ ပြုဘွယ် ကိစ္စသည်။ နတ္ထိ၊ မရှိ။
ဣတိ၊ ဤသို့။ သုယာမနောထေရော၊ သုယာမနထေရ်သည်။ အညာပဒေသေန၊ သူတပါးကို ညွှန်းခြင်းဖြင့်။ အညံ့ဗျာကရေဏေန၊ အရဟတ္ထဖိုလ်ကို ကြားခြင်းဖြင့်။ ဣမံဂါထံ၊ ဤဂါထာကို ။ အဘာသိတ္ထ၊ ဆိုပြီ။ သုယာမနထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။ သုဝိဟိတာနံ၊ ကောင်းစွာစီရင်အပ်သော တရားဒေသနာရှိကုန်သော အရိယာ ပုဂ္ဂိုလ်တို့အား။ ဒဿနံ၊ ဖူးရခြင်း ထိုအရိယာ တို့၏ တရားကို ကြားနာရခြင်းသည်။ သာဓု၊ ကောင်းကျိုးချမ်းသာ ကို ဆောင်တတ်သည်သာလျှင်တည်း။ တေသံ၊ ထိုအရိယာသူတော်ကောင်းတို့သို့။ ဥပသင်္ကမိတွာ၊ ကပ်၍။ ကင်္ခါ၊ ယုံမှားခြင်းကို။ ပုစ္ဆနေပိ၊ မေးခြင်း၌ လည်း။ ကင်္ခါ၊ ယုံမှားသော အရာကို။ ဆိဇ္ဇတိပဋိဝိနောဒေတိ၊ ဖျောက်နိုင်၏။ ဗုဍ္ဎိ၊ ပညာ၏ ပွါးခြင်းသည်လည်း။ ဝဍ္ဎတိ၊ ပွါး၏။
တေ၊ ထိုအရိယာ သူတော်ကောင်းတို့သည်။ ဗာလမ္ပိ၊ သူမိုက်ကိုလည်း။ ပဏ္ဍိတံ ပဏ္ဍိတဘာဝံ၊ ပညာရှိ၏ အဖြစ်သို့။ ကရောန္တိ၊ ပြုကုန်၏။ တသ္မာတေနကာရဏေန၊ ထိုသို့ ဆိုအပ်ပြီးသော အကြောင်းကြောင့်။ သတံ၊ အရိယာ သူတော်ကောင်းတို့နှင့်။ သမာဂမော၊ ပေါင်းဘော်ရခြင်းသည်။ သာဓု၊ ကောင်းကျိုးကို ဆောင်တတ်သည်သာလျှင်တည်း။
ဣတိ၊ ဤသို့။ သုသာရဒေါထေရော၊ သုသာရဒထေရ်သည်။ သပ္ပုရိသုပနိဿယာနိသံသကိတ္တနေန၊ သူတော်ကောင်းတို့ နှင့်ပေါင်းဖော်ရခြင်း၌ အကျိုးစက်ကို ကြားသဖြင့်။ ဣမံဂါထံ၊ ဤဂါထာကို။ အဘာသိတ္ထ၊ ဆိုပြီ။ သုသာရဒထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။ ဥပ္ပကန္တေသု၊ တက်သော မာနဥဒ္ဓစ္စထမ္ဘသာရမ္ဘအစရှိသည်တို့ဖြင့် မငြိမ်းကုန်သေးသော သူတို့၌။ နိပတေနိပ္ပတေယျ၊ ထိုတရားတို့ကို ကြဉ်သဖြင့် နှိမ့်ချသော အသက်မွေးခြင်းရှိသည်ဖြစ်ရာ၏။ နိပ္ပတန္တေသု၊ ပျင်းသဖြင့် ဂုဏ်မှ ယုတ်ကုန်သော သူတို့၌။ ဥပ္ပတေယျ၊ ပျင်းခြင်းမှ လွတ်စေ၍ လုံ့လအားထုတ်သဖြင့် သီလစသော ဂုဏ်အားဖြင့် ဖြစ်စေရာ၏။
အဝသမာနေသု၊ ကိလေသာဟူသော အပေါင်းအဖော်ဖြင့် မနေကုန်သော သူတို့နှင့်။ ဝသေ၊ ထိုအရိယာ သူတော်ကောင်းတို့ အလိုသို့ လိုက်၍ နေရာ၏။ ရမမာနေသု၊ ကိလေသာကာမဂုဏ်ဖြင့် မွေ့လျော်၍ နေကုန်သော သူတို့၌။ နောရမေနရမေယျ၊ မိမိသည် ကာမဂုဏ်ဟူသော မွေ့လျော်သော အခြင်းအရာဖြင့် မနေရာ။ နိရာမိဈာနာဒိရတိယာ၊ အာမိသကင်းသော ဈာန်စသော မွေ့လျော်ခြင်းဖြင့်။ ရမေယျ၊ မွေ့လျော်နေရာ၏။
ဣတိ၊ ဤသို့။ ပိယဉ္ဇယောထေရော၊ ပိယဉ္ဇယထေရ်သည်။ ဣမံဂါထံ၊ ဤဂါထာကို။ အဘာသိတ္ထ၊ ဆိုပြီ။ ပိယဉ္ဇထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။ ဣဒံစိတ္တံ၊ ဤစိတ်သည်။ ပုရေ၊ ရှေးစိတ်ကို မနှိမ်မှီကာလ၌။ အစာရိ၊ မတည်တန့်သော အားဖြင့် ထိုထိုသို့သော အာရုံ၌ လည်၏။ စာရိကံ၊ အလိုရှိတိုင်းသော အာရုံ၌ ဖြစ်၏။ ယေနအာရမ္မဏေန၊ အကြင်အာရုံဖြင့်။ ဣစ္ဆကံ၊ အလိုရှိ၏။ ယတ္ထ၊ အကြင်အာရုံ၌။ ကာမံဣစ္ဆိတံ၊ အလိုရှိအပ်၏။ တတ္ထ၊ ထိုအာရုံသို့။ ယထာသုခံ၊ အလိုရှိသော အတိုင်းသွားသော အားဖြင့် ချမ်းသာသည်။ ဟောတိ၊ ဖြစ်၏။
အဇ္ဇ၊ ယခု။ တံစိတ္တံ၊ ထိုအလိုရှိတိုင်းသွားသော စိတ်ကို။ ယောနိသော၊ သင့်သော အကြောင်းအားဖြင့်။ နိဂ္ဂဟိဿာမိ၊ အဆိတ်အတောက်မရှိအောင် နှိပ်ပေအံ့။ ယထာကိံ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ ပဘိန္နံ၊ အမုံအယစ်သဖြင့် ပျက်သော။ ဟတ္ထိံ၊ ဆင်ဆိုးကို။ အင်္ကုသဂ္ဂဟော၊ ချွန်းကို ကိုင်စွဲသော ဆင်ဆရာသည်။ နိဂ္ဂဟောဝိယ၊ လွန်၍ မပြေးနိုင်အောင် ချွန်းဖြင့် နှိပ်ဆွဲသကဲ့သို့တည်း။ ယောနိသောမနသီကာရေန၊ အသင့်နှလုံးသွင်းခြင်းဖြင့်။ နိဂ္ဂဟိဿာမိ၊ ထိုဆင်ရိုင်းနှင့် တူသော စိတ်ကို ကမ္မဋ္ဌာန်းမှ လွန်၍ မပြေးစိမ့်သောငှါ နှိပ်၏။
ဣတိ၊ ဤသို့။ ဟတ္ထာရောဟပုတ္တောထေရော၊ ဟထ္ထာရောဟပုတ္တထေရ်သည်။ ဣမံဂါထံ၊ ဤဂါထာကို။ အဘာသိတ္တ၊ ဆိုပြီ။ ဟတ္ထာရောဟပုတ္တထေရဂါထာ အနက်ပြီး၏။
အာဝုသော၊ ငါ့ရှင်တို့။ ယံဉာဏံ၊ အကြင်အရဟတ္တမဂ်ဉာဏ်ကို။ အနိဗ္ဗိဿံအဝိန္ဒန္တော၊ မရသည်ဖြစ်၍။ အနေကဇာတိသံသာရံ၊ များစွာမရေတွက်နိုင်သော ဖြစ်ခြင်းရှိသော သံသရာကာလပတ်လုံး။ သန္ဓာဝိဿံသံသာရိံ၊ ငါကျင်လည်ရပြီ။
ဒုက္ခဇာတဿ၊ ဖြစ်သော ဆင်းရဲရှိသော။ တဿမေ၊ ထိုငါ့အား။ ဒုက္ခက္ခန္ဓော၊ ဆင်းရဲအပေါင်းကို။ အပရဒ္ဓေါဝိဒ္ဓံသိတော၊ အရဟတ္တမဂ်ဖြင့် ဖျက်ဆီးအပ်ပြီ။ ဣတိ၊ ဤသို့။ မေဏ္ဍသိရောထေရော၊ မေဏ္ဍသိရထေရ်သည်။ ဣမံဂါထံ၊ ဤဂါထာကို။ အဘာသိတ္ထ၊ ဆိုပြီ။ မေဏ္ဍသိရထေရဂါထာ အနက်ပြီး၏။
သဗ္ဗောရာဂေါ၊ ကာမရာဂစသော အပြားဖြင့် များသောအလုံးစုံသော ရာဂကို။ ပဟီနော၊ အရိယမဂ်ကို ပွါးစေသဖြင့် သမုစ္ဆေဒပဟာန်၏ အစွမ်းဖြင့် ပယ်အပ်ပြီ။ သဗ္ဗောဒေါသော၊ အဃာတဝဝတ္ထုစသော အားဖြင့် များသော အပြားရှိသော ဒေါသကို။ သမူဟတော၊ မဂ်ဖြင့် နှုတ်အပ်ပြီ။
မေ၊ ငါ့အား။ သဗ္ဗော၊ အလုံးစုံသော။ မောဟော၊ ဒုက္ခေအညာဏံ အစရှိသော အားဖြင့် ရှစ်ပါးအပြားရှိသော မောဟသည်။ ဝိဂတော၊ ကင်းပြီ။ သီတိဘူတော၊ အကြွင်းမရှိသော ကိလေသာတို့၏ ပူလောင်ခြင်း၏ မရှိသော အားဖြင့် ငြိမ်းခြင်းသို့ ရောက်ပြီ။ နိဗ္ဗုတော၊ ကိလေသပရိနိဗ္ဗာန်ဖြင့် ငြိမ်းခြင်းသို့ ရောက်သည်။ အသ္မိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။ ရက္ခိတောထေရော၊ ရက္ခိတထေရ်သည်။ အတ္တနော၊ မိမိ၏ ။ ပဟီနကိလေသာပစ္စဝေက္ခနေန၊ ပယ်အပ်ပြီးသော ကိလေသာကို ဆင်ခြင်သဖြင့်။ ဣမံဂါထံ၊ ဤဂါထာကို။ အဘာသိတ္ထ၊ ဆိုပြီ။ ရက္ခိတထေရဂါထာ အနက်ပြီး၏။
မယာ၊ ငါသည်။ အပ္ပံဝါ၊ ဝတ္ထုစေတနာလုံ့လကိလေသာတို့၏ အားနည်းခြင်းဖြင့် အားနည်းသည်လည်းဖြစ်သော။ ယဒိ၊ ထိုမြို့။ ဗဟုံဝါ၊ ထို ဝတ္ထုစသည်တို့၏ အားကြီးသော အဖြစ်မပြတ်ဖဖြစ်သော အဖြစ်ဖြင့် များသည်လည်းဖြစ်သော။ ယံကမ္မံ၊ အကြင်ကံကို။ ပကတံဥပစိတံ၊ ဆည်းဘူးအပ်ပြီ။
ဧတံသဗ္ဗံ၊ ဤအလုံးစုံသော ကံသည်. ပရိက္ခီဏံ၊ ကံ၏ ကုန်ခြင်းကို ပြုတတ်သော မဂ်ကို ရသဖြင့် ကုန်ခြင်းသို့ ရောက်ပြီ။ ဒါနိဣဒါနိ၊ ယခုအခါ၌။ ပုနဗ္ဘဝေါ၊ တဘန်ဘဝသစ်၌ ဖြစ်ရခြင်းသည်။ နတ္ထိ၊ မရှိပြီ။
ဣတိ၊ ဤသို့။ ဥဂ္ဂေါထေရော၊ ဥဂ္ဂထေရ်သည်။ အတ္တနော၊ မိမိ၏။ ဝဋ္ဋပစ္ဆေဒဒီပနေန၊ ဝဋ်ကို ဖြတ်ခြင်းကို ပြသဖြင့်။ ဣမံဂါထံ၊ ဤဂါထာကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဥဂ္ဂထေဂါထာ အနက်ပြီး၏။
အဋ္ဌမော၊ ရှစ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော။ ဝဂ္ဂေါ၊ ဝဂ်သည်။ နိဋ္ဌိတော၊ ပြီးခြင်းသို့ ရောက်ပြီ။
တဿ၊ ထိုအဋ္ဌမဝဂ်၏။ ဥဒါနံ၊ ဥဒါန်းကား။
ဝစ္ဆပါလော၊ ဝစ္ဆပါလအမည်ရှိသော။ ယောထေရော၊ အကြင်ထေရ်လည်းကောင်း။ အာတုမောထေရော၊ အာတုမထေရ်လည်းကောင်း။ ဣသိ၊ သီလက္ခန္ဓ စသော တရားကို ရှာမှီးလေ့ရှိသော။ မာဏဝေါထေရော၊ မာဏဝထေရ်လည်းကောင်း။
သုယာမာနောထေရော၊ သုယာမနထေရ်လည်းကောင်း။ သုသာရဒေါထေရော၊ သုသာရဒထေရ်လည်းကောင်း။ ပိယဉ္ဇယော၊ ပိယဉ္ဇအမည်ရှိသော။ ယောစထေရော၊ အကြင်ထေရ်သည်လည်းကောင်း။
အာရောဟပုတ္တောထေရော၊ အာရောဟပုတ္တထေရ်လည်းကောင်း။ မေဏ္ဍသိရောထေရော၊ မေဏ္ဍသိရထေရ်လည်းကောင်း။ ရက္ခိတောထေရော၊ ရက္ခိတထေရ်လည်းကောင်း။ ဥဂ္ဂသဝှယော၊ ဥဂ္ဂမည်သော ထေရ်လည်းကောင်း။ ဣတိ၊ ဤသည်လျှင်တည်း။ အဋ္ဌဝဂ်ပြီး၏။