Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

10. Puṇṇattheragāthā

Author: နိဿယ @ IAPT

ဣဓလောကေ၊ ဤလောက၌။ သီလမေဝ၊ စင်ကြယ်သော ပါတိမောက္ခသံဝရသီလသည်သာလျှင်။ အဂ္ဂံ၊ မြတ်၏။ ပန၊ ထိုထက်ကား။ ပညဝါ၊ ပညာရှိသော သူသည်။ ဥတ္တမောသေဋ္ဌော၊ မြတ်၏။
မနုဿေသုစ၊ လူတို့၌ လည်းကောင်း။ ဒေဝေသုစ၊ နတ်တို့၌ လည်းကောင်း။ သီလပညာဏတော၊ သီလပညာဟူသော အကြောင်းကြောင့်။ ဇယံဇယော၊ ဆန့်ကျင်ဘက်ဖြစ်သော ကာမကိလေသာတို့ကို အောင်နိုင်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။ ပုဏ္ဏောထေရော၊ ပုဏ္ဏထေရ်သည်။ ဣမံဂါထံ၊ ဤဂါထာကို။ အဘာသိတ္ထ၊ ဆိုပြီ။ ပုဏ္ဏထေရဂါထာအနက်ပြီး၏။
သတ္တမော၊ ခုနစ်ခုမြောက်သော။ ဝဂ္ဂေါ၊ ဝဂ်သည်။ နိဋ္ဌိတော၊ ပြီးခြင်းသို့ ရောက်ပြီ။
တဿ၊ ထိုသတ္တမဝဂ်၏။ ဥဒါနံ၊ ဥဒါန်းကား။
ဝ‌ပ္ပေါစ၊ ဝပ္ပထေရ်လည်းကောင်း။ ဝဇ္ဇိပုတ္တောစ၊ ဝဇ္ဇိပုတ္တထေရ်လည်းကောင်း။ ပက္ခောစ၊ ပက္ခထေရလည်းကောင်း။ ဝိမလကောဏ္ဍညောစ၊ ဝိမလကောဏ္ဍညထေရ်လည်းကောင်း။
ဥက္ခေပကတဝစ္ဆောစ၊ ဥက္ခေပကတဝစ္ဆထေရ်လည်းကောင်း။ မေဃိယောစ၊ မေဃိယထေရ်လည်းကောင်း။ ဧကဓမ္မိကောစ၊ ဧကဓမ္မကထေရ်လည်းကောင်း။
ဧကုဒါနိယဆန္ဒောစ၊ ဧကုဒါနိယထေရ်ဆန္နထေရ်လည်းကောင်း။ မဟဗ္ဗလော၊ မြတ်သော ပညာအားနှင့် ပြည့်စုံသော။ ပုဏ္ဏတ္ထေရော၊ ပုဏ္ဏထေရ်လည်းကောင်း။ ဣတိ၊ ဤသည်လျှင်တည်း။ သတ္တမဝဂ် ပြီး၏။