Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

1. Subhūtittheragāthā

Author: နိဿယ @ IAPT

ဘောဒေဝ၊ အိုမိုဃ်းနတ်သား။ မေမမ၊ ငါ၏။ ကုဋိကာ၊ အတွင်းအပ၌ကောင်းစွာ ပြုပြင်အပ်သော ကုဋိကို။ ဆန္ဒာ၊ သစ်ရွက်ဖြင့် မိုဃ်းမယိုမစွတ်ရအောင် မိုးလေပြီ။ သုခါ၊ အတွင်း အပ၌ နှစ်လိုဘွယ် ရှိသည်၏ အဖြစ်ဖြင့် ပြီးစေအပ် သည်ဖြစ်၍ မချမ်းလွန်း မပူလွန်း အဖြစ်ဖြင့် ချမ်းသာသော ဥတုနှင့် ပြည့်စုံသောကြောင့် ကိုယ်စိတ်နှစ်ပါး ချမ်းသာပေပြီ။ နိဝါတာ၊ တံခါးကျဉ်ဖြင့် လျှိုပိတ်အပ်သော တံခါးရွက်ရှိသောကြောင့် လေပူတံလျှပ်တည်းဟူသော ဘေးရန် မှလည်းကင်းလေပြီ။ ဒေဝ၊ မိုဃ်းနတ်သား။ ယထာသုခံ၊ သင်မိုဃ်းနတ်သားအလိုရှိတိုင်းချမ်းသာစွာ။ ဝဿ၊ အရည်ထန်စွာ ရွာစေလော။
မေ၊ ငါ၏။ စိတ္တံ၊ စိတ်သည်။ သုသမာဟိတံ၊ တခုတည်းသော အာရုံ၌ ကောင်းစွာတည်ပြီ။ ဝိမုတ္တံ၊ ခပ်သိမ်းသော သံယောဇဉ် စသည်မှ လွတ်ပြီ။ အာတာပီ၊ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိသည်ဖြစ်၍။ ဝိဟရာမိ၊ နေပြီ။ ဒေဝ၊ မိုဃ်းနတ်သား။ ဝဿ၊ အရည်ထန်စွာရွာစေလော။ ဣတိ၊ ဤသို့။ ဣတ္ထံ ဣမံပကာရံ၊ ဤသို့ ဆိုအပ်ပြီးသော အပြားရှိသော။ ဣမံ ဂါထံ၊ ဤဂါထာကို။ အာယသ္မာသုဘူတိတ္ထေရော၊ အရှင်သုဘူတိထေရ်သည်။ အဘာသိတ္ထ၊ ဆိုပြီ။ သုဘူတိထေရဂါထာ အနက်ပြီး၏။