ဘဒ္ဒေါ၊ ကောင်းသောလျှင်ခြင်းအားလုံ့လခြင်းနှင့် ပြည့်စုံသော။
အာဇညော၊ အကြောင်းမဟုတ်သည် ဟုတ်သည်ကို သိသော နွားအာဇာနည်သည်။
ခလိတွာ၊ သွားမြဲသော လမ်းမှ ချော်၍။
ပဋိတိဋ္ဌတိယထာ၊ တည်မြဲတိုင်းသောအရပ်၌ မိမိကိုယ်ကို တည်ပြန်စေသကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
သမ္မာသမ္ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။
ဒဿနသမ္ပန္နံ၊ ပညာအမြော်အမြင်နှင့် ပြည့်စုံသော နွားအာဇာနည်နှင့်တူသော။
သာဝကံ၊ တပည့်သားတော်သည်။
ခလိတွာ၊ ကိလေသာဟူသော ပင်ပန်းခြင်းကြောင့် ပြစ်မှား၍ ပြုမိသော အားဖြင့်ချော်သော်လည်း။
ပဋိတိဋ္ဌတိ၊ အားလုံ့လနှင့် ပြည့်စုံသော အားဖြင့် ပကတေ့ဟုတ်မှန်သော အမြင်၌တည်၏။
ဣတိ၊ ဤသို့။
ရမဏီယဝိဟာရိတ္ထေရော၊ ရမဏီယဝိဟာရိထေရ်သည်။
အရိယဓမ္မာဓိဂမဒီပနေန၊ အရိယာတို့၏ တရားကိုရခြင်းကို ပြသဖြင့်။
ဣမံဂါထံ၊ ဤဂါထာကို။
အဘာသိတ္ထ၊ ဆိုပြီ။
ရမဏီယထေရဂါထာ အနက်ပြီး၏။