Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

3. Vanavacchattheragāthā

Author: နိဿယ @ IAPT

အာဝုသော၊ ငါ့ရှင်တို့။ ယေသေထာ၊ အကြင်တောင်တို့သည်။ အစ္ဆောဒိကာ၊ ကြည်သော ရေရှိကုန်၏။ ပုထုသိလာ၊ ကြီးသော ပြန့်သော နူးညံ့သော အတွေ့ရှိသော ကျောက်နှင့်လည်း ပြည့်စုံကုန်၏။ ဂေါနင်္ဂုလမိဂါ၊ နွားတို့၏ အမြီးနှင့်တူသော မြောက်နဂျေ အစရှိသော သားတို့ဖြင့် ထိုထိုသော အရပ်၌ သွားသော အားဖြင့် ပြွမ်းကုန်၏။ အမ္ဗုဿေဝါလသဉ္ဆန္နာ၊ ယိုစီးသော အရေတို့ဖြင့် ထိုထိုသော အရပ်၌ ရောမှော်တို့ဖြင့် ဖုံလွှမ်းကုန်၏။ ယတ္ထ၊ အကြင်အရပ်၌။ အဟံ၊ ငါသည်။ ဝသာမိ၊ နေ၏။ တတ္ထ၊ ထိုအရပ်၌။ တေသေလာ၊ ထိုသို့သဘောရှိကုန်သော ကျောက်တောင်တို့သည်။ မံ၊ င့ါကို။ ရမ္မယန္တိ၊ ဆိတ်ငြိမ်ရာအရပ်၌မွေ့လျော်စေခြင်းဖြင့် မွေ့လျော်စေကုန်၏။ တသ္မာ၊ ထို့ကြောင့်။ တတ္ထေဝ၊ ထိုအရပ်သို့ သာလျှင်။ အဟံ၊ ငါသည်။ ဂစ္ဆာမိ၊ သွားလေအံ့သတည်း။
ဣတိ၊ ဤသို့။ ဝနဝစ္ဆတ္ထေရော၊ ဝနဝစ္ဆထေရ်သည်။ ဣမံဂါထံ၊ ဂါထာကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဝနစ္ဆထေရဂါထာ အနက်ပြီး၏။