Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

1. Aṅgaṇikabhāradvājattheragāthā

Author: နိဿယ @ IAPT

အယောနိအာယောနိသော၊ မသင့်သော အကြောင်ဖြင့်။ သုဒ္ဓိံ၊ သံသရာ၏ စင်ခြင်းဟု ဆိုအပ်သောဘဝသုံးပါးမှ ထွက်မြေခံရာကို။ အနွေသံဂဝေသန္တော၊ ရှာသည်ဖြစ်၍။ ဝနေ၊ တော၌။ အဂ္ဂိံ၊ မီးနတ်သားကို။ ပရိစရိံ၊ ဗေဒင်ကျမ်း၌ဆိုသော အစီအရင်ဖြင့်ပူဇော်ပြီ။
သုဒ္ဓိမဂ္ဂံ၊ နိဗ္ဗာန်အကြောင်းကို။ အဇာနန္တာ၊ မသိသည်ဖြစ်၍။ အတ္တကိလမထာနုယောဂံ၊ ငါးပါးသော ပူခြင်းစသော ကိုယ်၏ ပင်ပန်းခြင်းနှင့် ယှဉ်ခြင်းကို။ အမတံတမန္တိ၊ အမြိုက်နိဗ္ဗာန်ကို ရခြင်း၏ အကြောင်းဖြစ်သော အကျင့်ပင်တည်းဟု။ မညာယ၊ မှတ်ထင်သဖြင့်။ အကာသိပဋိပဇ္ဇိံ၊ ကျင့်ပြီ။
တံ သုခံ၊ ထိနိဗ္ဗာန်ချမ်းသာကို။ သုခေန၊ သမထဝိပဿနာချမ်းသာဟူသော အကျင့်ဖြင့်။ လဒ္ဓံ၊ အတ္တိကလမထာနုယောဂသို့ မကပ်မူ၍ ငါရအပ်ပြီ။ ဓမ္မံဓမ္မဿ၊ မြတ်စွာဘုရားအဆုံးအမတော်ဖြစ်သော။ သုဓမ္မတံ၊ မဘောက်မပြန် ဝဋ်မှ ထွက်မြောက်ကြောင်း ဓမ္မအဖြစ်ကို။ ပဿဇာနာတိ၊ သိလော။
တိဿော ဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာတို့ကို။ အနုပ္ပတ္တာ၊ ရောက်အပ်ကုန်ပြီ။ ဗုဒ္ဓဿ၊ ဗြတ်စွာဘုရား၏။ သာသနံ၊ အဆုံးအမတော်ဖြစ်သော မဂ်ဟူသော အကျင့်ကို။ ကတံကရဏီယံ၊ ပြုအပ်ပြီ။
ပုရေ၊ ဤအခါမှ ရှေး၌။ ဗြဟ္မဗန္ဓု၊ ဇာတိမျှကို စွဲ၍ ပုဏ္ဏားတို့၏ သမုတ်ခြင်းဖြင့် ဗြဟ္မဗန္ဓု မည်သည်။ အာသိံ၊ ဖြစ်၏။ ခေါ၊ စင်စစ်။ ဣဒါနိ၊ ယခုအခါ၌။ တေဝိဇ္ဇော၊ ဝိဇ္ဇာသုံးပါးနှင့် ပြည့်စုံသော။ ဗြဟ္မဏော၊ မကောင်းမှုကို အပပြုပြီးသောကြောင့် အရဟတ္ထမဂ်ကို ရသဖြင့် ပရမတ္ထဗြဟ္မဏမည်သည်။ အမှိ၊ ဖြစ်ပြီ။
နှာတကောစ၊ ရှစ်ပါးမဂ္ဂင် မြှိုက်ရေစင်ဖြင့် ကောင်းစွာ ဆေးအပ်ပြီးသော ကိလေသာဟူသော အညစ်အကြေးရှိသော ပရမတ္ထအားဖြင့် ရေချိုးတတ်သော သူမည်သည်။ အမှိ၊ ဖြစ်ပြီ။ ဣဒါနိ၊ ယခုအခါ၌။ သောတ္ထိယောနာမ၊ ကောင်းစွာဘဝ၌ သာယာတတ်သော တရားမှ လွတ်၍ ဈာန်ချမ်းသာဖြင့် ချမ်းသာခြင်းရှိသော သူမည်သည်။ အမှိ၊ ဖြစ်ပြီ။ ဣဒါနိ၊ ယခုအခါ၌။ ဝေဒဂု၊ မဂ်ဉာဏ်ြဖင့် သံသရာတည်းဟူသော ကြီးစွာသော ဩဃမှဝေဒဟု ဆိုအပ်သော သစ္စာလေးပါးတရား၏ အဆုံးကို သိသောကြောင့် ပရမတ္ထအားဖြင့် ဝေဒဂူမည်သည်။ ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။ အင်္ဂဏိကဘာရဒွါဇောထေရော၊ အင်္ဂဏိက ဘာရဒွါဇ ထေရ်သည်။ ဣမံဂါထတ္တယံ၊ ဤဂါထာ သုံးခုအပေါင်းကို ။ အဘာသိတ္ထ၊ ဆိုပြီ။ အင်္ဂဏိကဘာရဒွါဇထေရဂါထာ အနက်ပြီး၏။