Issues
選擇版本
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

6. Nitakattheragāthā

作者: နိဿယ @ IAPT

ကဿဘိက္ခုနော၊ တောကျောင်း၌နေသော ရဟန်းတို့တွင် အဘယ်ရဟန်း၏။ စိတ္တံ၊ စိတ်သည်။ သေလုပမံသေလဥပမံ၊ ကျောက်တောင်နှင့်အတူ။ ဋ္ဌိတံ၊ အလုံးစုံသော ကိလေသာတည်းဟူသော တုန်လှုပ်ခြင်း မရှိသောအားဖြင့် ဝသီဘော်သို့ရောက်၍ တည်သနည်း။ နာနုပကမ္ပတိ၊ အလုံးစုံသော ‌လောကဓံတရားတို့ကြောင့် မတုန်လှုပ်သနည်း။
ဣတိပုစ္ဆာယံ၊ ဤသို့သော အမေးသည်။ သတိ၊ ရှိသော်။ ရဇ္ဇနိယေသု၊ တပ်မက်ဘောဘွယ်သော ရူပါရုံ သော တေသုမ္မကစသော တရားအပေါင်းတို့၌။ ဝိရတ္တံ၊ ဝိရာဂ ဟု ဆိုအပ်သော အရိယမဂ်ဖြင့် တပ်ခြင်း ကင်း၏။ ကုပ္ပနိယေ၊ အလုံးစုံသော ရန်ငြိုးဖွဲ့ခြင်းအကြောင်း၌။ နကုပ္ပတိ၊ ပြစ်မှားဖေါက်ပြန်ခြင်းသို့ မရောက်။
ယဿ၊ အကြင်အရိယာပုဂ္ဂိုလ်၏။ ဧဝံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်။ ဘာဝိတံ၊ ပွါးစေအပ်သော။ စိတ္တံ၊ စိတ်သည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုပွါးစေအပ်သော စိတ်ရှိသော ပုဂ္ဂိုလ်ကို။ ဒုက္ခံ၊ သတ္တသင်္ခါရအားဖြင့် ဖြစ်သော ဆင်းရဲသည်။ ကုတော၊ အဘယ်မှာ။ ဧဿတိ၊ ကပ်ရောက်လတ္တံ့နည်း။
တာဒိသဿ၊ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်အား။ ဒုက္ခံ၊ သတ္တသင်္ခါရအာဖြင့် ပြားသော ဆင်းရဲသည်။ နအတ္ထိ၊ မရှိ။ မမ၊ ငါ၏။ စိတ္တံ၊ စိတ်ကား။ သေလုပဓံ၊ ကျောက်တောင်နှင့်အတူ။ ဋ္ဌိတံ၊ ခပ်သိမ်းသော ကိလေသာတည်းဟူသော တုန်လှုပ်ခြင်းမရှိသောအားဖြင့် ဝသီဘော်သို့ ရောက်သဖြင့် တည်၏။ နာနုကမ္ပတိ၊ လောကဓံတရားရှစ်ပါးတို့ကြောင့် မတုန်လှုပ်။
ရဇ္ဇနိယေသု၊ တပ်မဂ်မောဘွယ်သောတေသုမ္မကတရားအပေါင်းတို့ကြောင့်။ ဝိရတ္တံ၊ ဝိရာဂဟု ဆိုအပ်သော အရိယမဂ်ဖြင့် တပ်ခြင်းကင်း၏။ ကုပ္ပနိယေ၊ အမျက်ထွက်အပ်သော ရန်ငြိုးဖွဲ့ခြင်းစ‌သော အကြောင်းကြောင့်။ နကုပ္ပတိ၊ ပြစ်မှား ဖေါက်ပြန်ခြင်းသို့ မရောက်။
မမေဝ၊ ငါ၏သာလျှင်။ ဘာဝိတံ၊ မဂ်တည်းဟူသော ဘာဝနာဖြင့် ပွါးစေအပ်သော။ စိတ္တံ၊ စိတ်သည်။ အတ္ထိ၊ မရှိ၏။ တံ၊ ထိုသို့ သော စိတ်နှင့် ပြည့်စုံသော။ မံ၊ ငါ့အား။ ဒုက္ခံ၊ သတ္တသင်္ခါရဟု ဆိုအပ်သော ဒုက္ခသည်။ ကုတော၊ အဘယ်မှ။ ဧဿတိ၊ ကပ်ရောက်အပ်နည်း။
ဣတိ၊ ဤသို့။ နိတကောထေရော၊ နိတကထေရ်သည်။ ဣမံဂါထာဒွယံ၊ ဤဂါထာနှစ်ခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ နိတကထေရဂါထာ အနက်ပြီး၏။