Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

1. Adhimuttattheragāthā

Author: နိဿယ @ IAPT

မယံ၊ ငါတို့သည်။ ယညထ္ထံဝါ၊ နတ်တို့အား ပူဇော်ခြင်းဗလိနတ်စားပြုခြင်းငှါလည်းကောငး်။ ဓနတ္ထံဝါ၊ ဥစ္စာနှစ်ကို ဆောင်ခြင်းအကျိုးငှါလည်းကောင်း။ ယေသတ္တေ၊ အကြင်သတ္တဝါတို့ကို။ ပုရေ၊ ရှေးအခါ၌။ ဟနာမ၊ သတ်ဘူးပေကုန်၏။
အဝသေသံ၊ ငါတို့သည် ဖမ်းယူအပ်သော တယောက်သော သတ္တဝါကို ထား၍ကြွင်းသော သတ္တဝါကို။ တနာယ၊ သတ်သဖြင့်။ ဘယံ၊ သေဘေးသည်။ ဟောတိ၊ ဖြစ်၏။ ယေန၊ အကြင်သေဘေးဖြင့်။ ဝေဓန္တိစ၊ စိတ်၏ ထိတ်လန့်ခြင်းဖြင့် တုန်လှုပ်ကုန်၏။ ဝိလပန္တိစ၊ အရှင်အကျွန်ုပ်တို့သည် အရှင်တို့အား ဤမည် ဤမည်သော ဥစ္စာကို ပေးပါကုန်အံ့ အကျွန်ုပ်ပြုပါကုန်အံ့ အစရှိသော စကားကို ဆိုကုန်လျက် ရောင်ရမ်းကုန်၏။
ယောတွံ၊ အကြင်သင်ကို။ အမှေဟိ၊ ငါတို့သည်။ ဒေဝတာယ၊ နတ်အား။ ဗလိကမ္မထ္ထံ၊ ဗလိနတ်စာကို ပြုအံ့သော ငှါ။ သန္တဇ္ဇိတော၊ အသက်ကိုချလိုကုန်သည်ဖြစ်၍ ချီအပ်သော သန်လျက်တို့ဖြင့် ခြိမ်းခြောက်အပ်၏။ တဿတေ၊ ထိုသင်အား။ ဘိတတ္တံ၊ ကြောက်သော အဖြစ်သည်။ နတ္ထိ၊ မရှိခဲ့တကား။ တဿတေ၊ ထိုသင်အား။ ဘိယျော၊ လွန်စွာသော။ ဝဏ္ဏော၊ မျက်နှာအဆင်းသည်။ ပသီဒတိ၊ အတိုင်းထက် အလွန်ကြည်ညိုဘွယ်ရှိ၏။
တွံ၊ အရှင်သည်။ ဧဝရူပေ၊ ဤသို့သဘောရှိသော။ မဟဗ္ဘယေ၊ ကြီးစွာသော သေဘေးသည်။ ဥပ္ပန္နကာလေပိ၊ ဖြစ်သောအခါ၌လည်း။ ကသ္မာ၊ အဘယ်ကြောင့်။ နပရိဒေဝသိ၊ မငိုကြွေးတိသနည်း။
ဣတိ၊ ဤသို့။ စောရဂါမဏိကေန၊ ခိုးမှူးကြီးသည်။ ဝုတ္တေ၊ ဆိုလတ်သည်ရှိသော်။ ထေရော၊ အဓိမုတ္တထေရ်သည်။ ဂါမဏိ၊ ခိုးမှူးကြီး။ အနပေက္ခတသိကံ၊ စိတ်၌ဖြစ်သော။ ဒုက္ခံ၊ နှလုံးမသာယာခြင်း၏ မရှိသောကြောင့် ဆင့်ရခြင်းသည်။ နတ္ထိ၊ မရှိ။
ခီဏသံယောဇနဿ၊ ကုန်ပြီးသော သံယောဇဉ်တရားရှိသော ငါ့အား။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဘယာ၊ နှစ်ဆဲ့ ငါးပါးသော ဘေးကြီးမှ တပါးသောအလုံးစုံသော ဘေးတို့ကို။ ဝေ၊ စင်စစ်။ အတိက္ကန္တာ၊ လွန်မြောက်ကုန်ပြီ။
ဘဝနေတ္တိယာ၊ ဘဝသုံးပါးသို့ ဆွဲငင်ယူဆောင်တတ်သော တဏှာ၏။ ခီဏာယ၊ ကုန်ခြင်းကြောင့်။ ဒိဋ္ဌောဓမ္မေ၊ မျက်မှောက်သော ကိုယ်၏ အဖြစ်၌။ ယထာတထော၊ သစ္စာလေးပါးတရားတို့ကို သစ္ဆိကိရိယဘာဝနာအစွမ်းဖြစ်သော မဂ်ဉာဏ်ဖြင့် အဟုတ်အမှန်ဖြစ်၍။
ဘယံ၊ ကြောက်ခြင်းသည်။ နဟောတိယထာစ၊ မဖြစ်သကဲ့သို့လည်းကောင်း။ ဘာရနိက္ခေပနေ၊ ခန္ဓာဟူသော ဝန်ကိုချခြင်းကြောင့်။ ဘယံ၊ ကြောက်ခြင်းသည်။ နဟောတိယထာစ၊ မဖြစ်သကဲ့သို့ လည်းကောင်း။ တထေဝ၊ ထိုအတူသာလျှင်။ မေ၊ ငါ့အား။ မရဏေ၊ သေခြင်း၌။ ဘယံ၊ ကြောက်ခြင်းသည်။ နဟောတိ၊ မဖြစ်။
မေမယာ၊ ငါသည်။ ဗြဟ္မစရိယံ၊ သိက္ခာသုံးပါးဖြင့် ရေတွက်အပ်သော သာသနာတော်တည်းဟူသော မြတ်သော အကျင့်ကို။ သုစိဏ္ဏံ၊ ကောင်းစွာကျင့်အပ်ပြီ။ မယာ၊ ငါသည်။ မဂ္ဂေါစာပိ၊ မြတ်သော ရှစ်ပါးသော အရိယမဂ္ဂင်တရားကိုလည်း။ သုဘာဝိတော၊ ကောင်းစွာ ပွါးစေအပ်ပြီ။
ရောဂါနံ၊ များစွာသော အနာတို့ဖြင့် နှိပ်စက်ထိုးကျင့်သော နာခြင်းရှိသော သူတို့အား။ သံခယေ၊ အနာ၏ ပျောက်ကုန်ခြင်း၌။ ပီတိသောမနဿမေဝ၊ နှစ်လိုဝမ်းမြောက်ခြင်းသည်သာလျှင်။ ဟောတိဣဝ၊ ဖြစ်သကဲ့သို့။ ဧဝံတထာ၊ ထိုအတူ။ မရဏေ၊ ခန္ဓာအနာ၏ ကုန်ခြင်းဟု ဆိုအပ်သော သေခြင်း၌။ ဘယံ၊ ကြောက်ခြင်းသည်။ နတ္ထိ၊ ငါကဲ့သို့ သဘောရှိသော သူအားမရှိ။
မေ၊ ငါသည်။ ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို။ သုစိဏ္ဏံ၊ ကောင်းစွာကျင့်အပ်ပြီ။ မဂ္ဂေါစာပိ၊ မဂ်ကိုလည်း။ သုဘာဝိတော၊ ကောင်းစွာပွါးစေအပ်ပြီ။
ဘဝါ၊ တဆဲ့တပါးသော မီးတို့ဖြင့် တပြောင်ပြောင်တောက်လောင်သော သုံးပါးသော ဘဝတို့ကို ။ နိရဿာဒါ၊ သာယာခြင်း ကင်းကုန်သည်ဖြစ်၍။ မယာ၊ ငါသည်။ ဒိဋ္ဌာ၊ မြင်အပ်ကုန်ပြီ။ ဝိသံပိတွာ၊ မေ့လျော့သည် အစွမ်းဖြင့်ဖြင့် အဆိပ်ကို သောက်၍။ ဆဠိတံဣဝ၊ ထိုသို့အဆိပ်ကို အန်စေတတ်သော လုံ့လဖြင့် စွန့်အပ်သကဲ့သို့။ မေ၊ ငါ့အား။ မရဏေ၊ သေခြင်း၌။ ဘယံ၊ ကြောက်ခြင်းသည်။ နတ္ထိ၊ မရှိ။
အနုပါဒါနော၊ တဏှာဒိဋ္ဌိတို့သည် မစွဲလမ်းအပ်သည်ဖြစ်၍ ။ ပါရဂူ၊ နိဗ္ဗာန်ဟူသော ကမ်းတဘက်သို့ရောက်ပြီ။ အနာသဝေါ၊ ကင်းပြီးသော အာသဝေါရှိ၏။ ကတကိစ္စော၊ ပြုအပ်ပြီးသော တဆဲ့ခြောက်ပါးသော မဂ်ကိစ္စရှိ၏။
အာယုက္ခယာ၊ အသက်ကုန်ခြင်း ဟူသော အကြောင်းကြောင့်။ တုဋ္ဌော၊ နှစ်လိုဝမ်းမြောက်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ကိံဝိယ၊ အဘယ်ကဲ့သို့နည်းဟူမူကား။ အာဃာတနာ၊ သတ်ခြင်းမှ။ မုတ္တော၊ လွတ်သော သူသည်။ တုဋ္ဌောယထာ၊ နှစ်လို ဝမ်းမြောက်ခြင်းရှိသကဲ့သို့တည်း။
ဥတ္တမံ၊ မြတ်သော။ ဓမ္မတံ၊ တရားသဘောကို။ ပတ္တော၊ ရောက်ပြီ။ သဗ္ဗလောကေ၊ အလုံးစုံသောလောက၌။ အနထ္ထိိကော၊ အသက်ရှည်ခြင်းချမ်းသာများခြင်းဖြင့် အလိုမရှိပြီ။ ကိံဝိယ၊ အဘယ်ကဲံသို့နည်းဟူမူကား။
အာဒိတ္တာ၊ ရဲရဲတောက်သော။ ဃရာ၊ အိမ်မှ။ မုတ္တောဝိယ၊ လွတ်သကဲ့သို့။ အာဒိတ္တာ၊ တဆဲ့တပါးသော မီးတို့ဖြင့် ရဲရဲတောက်သော။ ဘဝါ၊ ဘဝသုံးပါးမှ။ မုတ္တော၊ လွတ်ပြီးသည်ဖြစ်၍။ မရဏသ္မိံ၊ သေရအံ့သည်၌။ နသောစတိ၊ မစိုးရိမ်။
ဣမသ္မိံလောကေ၊ ဤလောက၌။ သင်္ခတံ၊ သင်္ခါရတို့သည် ပေါင်း၌ ပြုပြင်အပ်သော။ ယံကိဉ္စိ၊ အလုံးစုံအကြောင်းကို စွဲ၍ ဖြစ်သော တရားအပေါင်းသည်။ အတ္ထိ၊ ရှိ၏။ ယထ္ထယသ္မိံ သတ္တနိကာယေ၊ အကြင် သတ္တဝါအပေါင်း၌။ ယောဘဝေါဝါ၊ အကြင် ဥပပတ္တိ ဘဝကိုလည်း။ လဗ္ဘတိ၊ ရအပ်၏။
ဧတံသဗ္ဗံ၊ ဤအလုံးစုံသော သတ္တသင်္ခါရတရားအပေါင်းသည်။ အနိဿရံ၊ မိမိအလိုသို့ မလိုက်သောကြောင့် အစိုးမရသော သဘောရှိ၏။ ဣတိ၊ ဤသို့။ မဟေသိနာ၊ မြတ်စွာဘုရားသည်။ ဝုတ္တံ၊ သဗ္ဗေသင်္ခါရာအဝသဝတ္ထနတာယ အနတ္တာဟူ၍ ဟောတော်မူအပ်ပြီ။
ယောအရိယ သာဝကော၊ အကြင်အရိယာဖြစ်သော ဘုရားတပည့်သားသည်။ ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်။ ဒေသိတံယထာ၊ သဗ္ဗေသင်္ခါရာအနိစ္စာစသည်ဖြင့်ဟောတော်မူသကဲ့သို့။ တထာ၊ ထိုအတူ။ တံဘဝတ္တယံ၊ ထိုဘဝသုံးပါးကို။ ပဇာနာတိ၊ ဝိပဿနာ ပညာနှင့်တကွသော မဂ်ပညာဖြင့်သိ၏။
သောအရိယ သာဝကော၊ ထိုအရိယာဖြစ်သော ဘုရားတပည့်သားသည်။ သုတတ္တံ၊ ကောင်းစွာရဲရဲတောက်သော။ အာယောဂုဠံ၊ သံတွေခဲကို။ ပုရိသော၊ ချမ်းသာခြင်းကို အလိုရှိသော ယောင်္ကျားသည်။ နဂဏှာတိယထာ၊ မကိုင်သကဲ့သို့။ ဧဝံတထာ၊ ထိုအတူ။ ကိဉ္စိဘဝံ၊ ငယ်သော ဘဝ ကြီးသောဘဝကို။ နဂဏှာတိ၊ တဏှာ၏ အစွမ်းဖြင့်မယူ။
မေ၊ ငါ့အား။ သင်္ခါရာ၊ သင်္ခါရတရားတို့သည်။ နဟောတိ၊ ဖြစ်ဆဲမဟုတ်။ အဟောသိ၊ ဖြစ်ပြီ။ ဘဝိဿတိ၊ နောက်ကိုလည်း ဖြစ်လတ္တံ့သည်ကား။ န၊ မဟုတ်။
ဣတိ၊ ဤသို့။ တတ္ထ၊ ထိုသင်္ခါရတရားတို့၏ ဖြစ်ခြင်း၌။ မာဒိသဿ၊ ဤဆိုအပ်ခဲ့ပြီးသော အဖြစ်အပျက်ကို ရှုသောငါ့အား။ ပရိဒေဝနာ၊ ငိုကြွေးခြင်းသည်။ ကာ၊ အဘယ်အကျိုး ရှိပါတော့အံ့နည်း။
ဂါမဏိ၊ ခိုးမှူးကြီး။ သုဒ္ဓံ၊ အတ္တသာရစသည်နှင့် မရောသက်သက်သော။ ဓမ္မသမုပ္ပါဒံ၊ အဝိဇ္ဇာစသော ပစ္စည်းတရားတို့ကြောင့် သင်္ခါရစသော အကျိုးတရားတို့၏ ဖြစ်ခြင်းမျှကိုလည်းကောင်း။ သုဒ္ဓံ၊ အတ္တသာရစသည်နှင့်မရောသက်သက်သော။ သင်္ခါရသန္တတိံ၊ ကိလေသာကမ္မဝိပါက ဝဋ်အပြားရှိသော သင်္ခါရတို့၏ အစဉ်ကိုလည်းကောင်း။
ယထာဘူတံ၊ ဝိပဿနာဉာဏ်နှင့်တကွသော မဂ်ဉာဏ်ဖြင့် အဟုတ်အမှန်။ ပဿန္တဿ၊ မြင်သောငါ့အား။ ဘယံ၊ သေအံ့သည်၌ ကြောက်ခြင်းသည်။ နတ္ထိ၊ မရှိ။
ယဒါ၊ အကြင်အခါ၌။ တိဏကဋ္ဌသမံ၊ အစိုးမရသည်အဖြစ်ဖြင့် မြက်ထင်းနှင့်တူသော။ လောကံ၊ သင်္ခါရလောကို။ ပညာယ၊ ဝိပဿနာ ပညာနှင့်တကွသောမဂ်ပညာဖြင့်။ ယောပုဂ္ဂလော၊ အကြင် ပုဂ္ဂိုလ်သည်။ ပဿတိ၊ မြင်၏။
တဒါ၊ ထိုအခါ၌။ သော ပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။ ပမတ္တံ၊ ထိုသင်္ခါရလောက၏ အဖြစ်အပျက်ကိုရှုခြင်း၌။ အသံဝိန္ဒံ အသံဝိန္ဒန္တော၊ မရသည်ဖြစ်၍။ တံ၊ ထိုသင်္ခါရလောကတို့၏ အဖြစ်အပျက်ကို ရှုခြင်း၌ မမေ့မလျော့ခြင်းသည်။ မေ၊ ငါ့အား။ နတ္ထိ၊ မရှိပါတကား။ ဣတိ၊ ဤသို့။ နသောစတိ၊ မစိုးရိမ်။
သရိရေန၊ အနှစ်သာရမှ ကင်းသော ဆင်းရဲအပေါင်းဖြင့် နှိပ်စက်သော ရွံရှာဘွယ်သော သဘောရှိသော ဤကိုယ်ဖြင့် ။ ဥတ္တဏ္ဌာမိ၊ ဤကိုယ်၌ ငြီးငွေ့သော အားဖြင့် ဖြစ်၏။ ဘဝေန၊ အလုံးစုံသော ဘဝဖြင့်လည်း။ အနတ္ထိကော၊ အလိုမရှိသည်။ အမှိ၊ ဖြစ်၏။
သောအယံ ကာယော၊ ထိုငါ၏ ကိုယ်သည်။ ဘိဇ္ဇိဿတိ၊ ယခုအခါ၌ သင်တို့၏ လုံ့လဖြင့် လည်းကောင်းတပါးသော သူတို့၏လုံ့လဖြင့် လည်းကောင်းပျက်လတ္တံ့။ အညော၊ ဤပစ္စုပ္ပန်၌ဖြစ်သော ကိုယ်မှ တပါးသော ကိုယ်သည်။ နဘဝိဿတိ၊ နောင်အခါတဘန်မဖြစ်လတ္တံ့။
ဝေါ၊ သင်တို့အား။ သရိရေန၊ ဤကိုယ်ဖြင့်။ ယံကိစ္စံ၊ အကြင်ပြုအပ်သော အကျိုးသည်။ အတ္ထိ၊ ရှိ၏။ တံ၊ ထိုအကျိုးရှိသော အမှုကို။ ယဒိစ္ဆထယဒိဣစ္ဆထ၊ အကယ်၍ အလိုရှိသည်ဖြစ်အံ့။ ကရောထ၊ ပြုကုန်လော။
မေ၊ ငါ့အား။ တပ္ပစ္စယာ၊ ထိုကိုယ်၏သင်တို့သည် အလိုရှိအပ်သော ကိစ္စဟူသော အကြောင်းကြောင့်။ တတ္ထ၊ ထိုပြုသော သူ မပြုသောသူတို့၌။ ဒေါသောစ၊ အမျက်ထွက်ခြင်း သည်လည်းကောင်း။ ပေမဉ္စ၊ ချစ်ခြင်းသည်လည်းကောင်း။ မေ၊ ငါ့အား။ နဟေဟိတိ၊ မိမိ၏ ငဲ့ကွက်ခြင်း မရှိသည်ဖြစ်၍ အချင်းခပ်သိမ်း ပယ်ပြီးသောကြောင့် မဖြစ်လတ္တံ့။
တဿထေရဿ၊ ထိုအဓိမုတ္တထေရ်၏။ တံဝစနံ၊ ထိုဆိုကဲ့တိုင်းသော စကားကို။ မာဏဝါ၊ ခိုးယူတို့သည်။ အဗ္ဘုတံ၊ မဖြစ်ဘူးမြဲသော။ လောမဟံသနံ၊ ကြက်သီးမွှေးညှင်းထဘွယ်သော စကားကို။ သုတွာ၊ ကြား၍။
သထ္ထာနိ၊ လက်နက်တို့ကို။ နိက္ခိဝိတွာ၊ ချလတ်၍။ ဧတံဝစနံ၊ ဤဆိုလတ္တံ့သော ကိံဘဒ္ဒန္တေ စသော စကားကို။ အဗြဝု၊ မေးသည် အစွမ်းဖြင့် ဆိုကုန်၏။
ဘဒ္ဒန္တေ၊ အရှင်ဘုရား။ တွံ၊ အရှင်ဘုရားသည်။ ကိံ နာမံ၊ အဘယ်မည်သောအမှုကို။ ပရိတွာန၊ ပြုသောကြောင့်လည်းကောင်း။ တဝ၊ အရှင်ဘုရား၏။ အာစရိယော၊ ဆရားကား။ ကောဝါ၊ အဘယ်သည်နည်း။
တွံ၊ အရှင်ဘုရားသည်။ ကဿ၊ အဘယ်သူ၏။ သာသနံ၊ အဆုံးအမကို။ အာဂမ္မ၊ အမှီပြု၍။ အယံအသောကထာ၊ ဤသေခါနီးကာလ၌စိုးရိမ်ခြင်း မရှိသည်အဖြစ်ကို။ လဗ္ဘတိ၊ ရအပ်ပါသနည်း။ ဣတိ၊ ဤသို့။ ဧတံအထ္ထံ၊ ဤသို့ သော အနက်ကို။ အဗြဝု၊ ဆိုကုန်ပြီ။
မာဏဝါ၊ ခိုးသူတိ့။ မမ၊ ငါ၏။ အာစရိယော၊ ဆရာကား။ သဗ္ဗညူ၊ ခပ်သိမ်းသော တရားကိုသိခြင်းငှါ စွမ်းနိုင်သော။ သဗ္ဗဒဿာဝီ၊ သမန္တစက္ခုဖြင့် ခပ်သိမ်းသော တရားကို မြင်နိုင်သော။ ဇိနော၊ ဒေဝပုတ္တစသော ငါးပါးသော မာရ်ကို အောင်တော်မူသော။
မဟာကာရုဏိကော၊ ကြီးမြတ်သော ကရုဏာ ရှိတော်မူသော။ သဗ္ဗလောကတိကိစ္ဆကော၊ အလုံးစုံသော သတ္တလောက၏ ကိလေသာဟူသော အနာကို ကုစားတော်မူတတ်သော။ သတ္ထာ၊ ဝေနေယျ သတ္တဝါတို့အား ဆုံးမတော်မူတတ်သော ဘုရားသခင်ပေတည်း။
တေန၊ ထိုမြတ်စွာဘုရားသည်။ ခယဂါမိ၊ ကိလေသာတို့၏ ကုန်ရာဖြစ်သော နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော။ အနုတ္တရော၊ အတုမရှိသော။ အယံဓမ္မေ၊ ဤတရားကို။ ဒေသိတော၊ ဟောတော်မူအပ်၏။
တဿ၊ ထိုဘုရားမြတ်စွာ၏။ သာသနံ၊ အဆုံးအမတော်ကို။ အာဂမ္မ၊ အမှီပြု၍။ အယံသောကတာ၊ ဤသေအံ့သော ကာလ၌ စိုးရိမ်ခြင်းမရှိသော အဖြစ်ကို။ လဗ္ဘတိလဗ္ဘာမိ၊ ရ၏။ ဧတံဝစနံ၊ ဤသို့ အဖြေဖြစ်သော စကားကို။ အဗြဝိ၊ မထေရ်က ဆိုပေ၏။
စောရာ၊ ခိုးသူတို့သည်။ ဣသိနော၊ အဓိမုတ္တရဟန္တာထေရ်မြတ်၏။ သုဘာသိတံ၊ ကောင်းစွာဆိုအပ်သော စကားကို။ သုတွာန၊ ကြားရကုန်သောကြောင့် ။ သတ္ထာနိစ၊ ဓားသန်လျက်တို့ကိုလည်းကောင်း။ အာဝုဓါနိစ၊ လေးတောင့်စသော လက်နက်တို့ကို လည်းကောင်း။ နိက္ခိပနိက္ခိပိတွာ၊ ချ၍။ ဧကေ၊ အချို့သော ခိုးသူတို့သည်။ တမှာ စကမ္မာ၊ ထိုခိုးမှူးမှလည်း။ ဝိရမိံ သု၊ ကြဉ်ကုန်၏။
ဧကေစ၊ အချို့သော ခိုးသူတို့သည်လည်း။ ပဗ္ဗဇ္ဇံ၊ ရဟန်းအဖြစ်ကို။ အာရောစယိံသု၊ ကြားကုန်၏။ တေ၊ ထိုခိုးသူတို့သည်။ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍ ။
သုဂတာဿသာသနေ၊ မြတ်စွာဘုရားသာသနာတော်၌။ ဗောဇ္ဈင်္ဂဗလာနိ၊ ဗောဇ္ဈင်ခုနစ်ပါးဖိုလ်ငါးပါးတို့ကို။ ဘာဝေတွာ၊ ပွါးစေ၍။ ပဏ္ဍိတာ၊ မဂ်ဖိုလ်ပညာဖြင့် ပညာရှိကုန်သည်ဖြစ်၍။
ဥဒဂ္ဂစိတ္တာ၊ ပီတိအစွမ်းဖြင့် တက်ကြွသော စိတ်ရှိကုန်သည်ဖြစ်၍. သုမနာ၊ ကောင်းသော စိတ်ရှိကုန်သည်ဖြစ်၍. ကတိန္ဒြိယာ၊ စောင့်သဖြင့် ပြုအပ်သော ဣန္ဒြေရှိကုန်သည်ဖြစ်၍။ အသင်္ခတံ၊ အကြောင်းတရားတို့သည် ပြုပြင်ခြင်း ကင်းသော။ နိဗ္ဗာနပဒံ၊ နိဗ္ဗာန်သို့။ ဖုသိံသု၊ ရောက်ကုန်၏။
ဣတိ၊ ဤသို့။ အဓိမုတ္တောထေရော၊ အဓိမုတ္တထေရ်သည်။ ဣမာဧကူနဝိသတိဂါထာယော၊ ဤဘွဲ့ဆိုသီကုံးအပ်သော တဆဲ့ကိုးဂါထာ တို့ကို။ အဘာသိတ္ထ၊ ရွတ်ဆိုပြီ။ အဓိမုတ္တထေရဂါထာ အနက်ပြီး၏။