ယဒါ ယသ္မိံ ကာလေ၊ အကြင်အခါ၌။
အဟံ၊ ငါသည်။
အဂါရသ္မာ၊ အိမ်ရာထောင်သော လူတို့ဘောင်မှ။
အနဂါရိယံ၊ အိမ်ရာမထောင်သော ရဟန်းတို့ဘောင်၌။
ပဗ္ဗဇိတော၊ ရဟန်းပြုသည်။
အမှိ၊ ဖြစ်၏။
ဣမသ္မိံ ဒီဃန္တရေ၊ ဤရဟန်းသည် ကာလကစ၍ ယခုအဆုံးအစိတ်ဖြစ်သော ကာလ၏ အတွင်း၌။
ဣမေပါဏိနော၊ ဤသတ္တဝါတို့သည်။
ဟညန္တုဝါ၊ လှံဓားစသော လက်နက်တို့ဖြင့်လည်း သေစေကုန်သတည်း။
ဝဇ္ဈန္တုဝါ၊ လက်ဆုပ်စသည်ဖြင့် ပုတ်ခတ်ညှင်းဆဲစေကုန်သတည်း။
ဒုက္ခံ၊ ဆင်းရဲသို့။
ပပ္ပေါန္တု၊ ရောက်စေသနည်း။
ဣတိ၊ ဤသို့။
အနရိယံ၊ ယုတ်မာသော။
ဒေါသသံဟိတံ၊ အမျက်နှင့်တကွဖြစ်သော အကြံကို။
သံကပ္ပံ၊ ကြံမိ၏ ဟူ၍။
နာဘိဇာနာမိ၊ မသိစဘူး။
တံသင်္ကပ္ပံ၊ ထိုဆိုခဲ့ပြီးသော အကြံကို။
နာဘိဇာနာမိ၊ နောက်ကာလ၌ လည်း မသိစဘူး။
အပ္ပမာဏံ၊ မရည်မှတ်မူ၍ ပွါးစေနှံ့စေသည်၏ အစွမ်းဖြင့် အတိုင်းမသိသော သတ္တဝါပညတ်လျှင်အာရုံရှိသော။
သုဘာဝိတံ၊ အလေ့အလာအားကြီးစွာသော အဖြစ်သို့ ရောက်သဖြင့် ကောင်းစွာ ပွါးစေအပ်သော။
မေတ္တဉ္စ၊ သတ္တဝါတို့အား သနားခြင်းနှင့်ယှဉ်သော မေတ္တာကိုလည်းကောင်း။
ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်။
ဒေသိတံယထာ၊ သဗ္ဗေသတ္တာ အဝေရာဟောန္တုစ သည်ဖြစ်ဟောတ်တော်မူသကဲ့သို့။
အနုပုဗ္ဗပရိစိတံ၊ မေတ္တာ ထိုနောက်ကရုဏာထိုနောက်မုဒိတာ ထိုနောက် ဥပေက္ခာ ဤသို့အစဉ်အားဖြင့် လေ့လာအပ်ပွါးစေအပ် အကြိမ်များစွာ ပြုအပ်သော ဗြဟ္မဝိဟာရ တရားလေးပါးကိုလည်း။
ဘာဝနံ၊ ပွါးစေခြင်းကို။
အဘိဇာနာမိ၊ ငါသိ၏။
အဟံ၊ ငါသည်။
သဗ္ဗမိတ္တော၊ ခပ်သိမ်းသော သတ္တဝါလျှင် အဆွေရှိသည်ဖြစ်၍။
သဗ္ဗသခေါ၊ အလုံးစုံသော သတ္တဝါလျှင်ခင်ပွန်းရှိသည်ဖြစ်၍။
သဗ္ဗဘူတာနုကမ္ပကော၊ အလုံးစုံသော သတ္တဝါတို့ကို ချီးမြှောက်ခြင်းရှိသည်ဖြစ်၍။
မေတ္တစိတ္တဉ္စ၊ ခပ်သိမ်းသော သတ္တဝါတို့အား အစီးအပွါးနှင့်ယှဉ်သော မေတ္တာစိတ်ကိုလည်း။
ဘာဝေမိ၊ အထူးသဖြင့် ပွါးစေ၏။
အဗျာပဇ္ဇေ၊ သတ္တဝါတို့၏ အကျိုးစီးပွါးကို ဆောင်ခြင်း၌။
သဒါ၊ အခါခပ်သိမ်း။
ရတော အသိရတော၊ မချွတ်မယွင်းပြုသော အားဖြင့် အလွန်မွေ့လျော်ခြင်းရှိသည်လည်း။
အသိ၊ ဖြစ်ပြီ။
အဟံ၊ ငါသည်။
အသံဟိရံ၊ ရန်သူဟူ၍ တွန့်တိုခြင်းမရှိချစ်သော သူဟူ၍ ရာဂအားမငင်အပ်သော။
အသံကုပ္ပံ၊ ဝေးသော ရန်သူ၌ ဖြစ်သောဒေါသဖြင့် အမျက်ထွက်ခြင်းမရှိသည်ကို ပြု၍။
စိတ္တံ၊ ငါ၏ မေတ္တာစိတ်ကို။
အမောဒယာမိ၊ အလွန်ဝမ်းမြောက်စေ၏။
အကာပုရိသသေဝိတံ၊ ယုတ်သော ယောင်္ကျားတို့သည် မမှီဝဲအပ် အရိယာဖြစ်ကုန်သော ဘုရားအစရှိသည်တို့သည် မှီဝဲအပ်သော။
ဗြဟ္မဝိဟာရံ၊ မြတ်သော အပြစ်မရှိသော မေတ္တာ စသည်ဖြင့်နေခြင်းကို။
ဘာဝေမိဝဍ္ဎေမိ၊ ပွါးစေ၏။
အဝိတက္ကံ၊ ဝိတက်ဝိစာရမှ ကင်းသော ဒုတိယစသော ဈာန်ကို။
သမာပန္နော၊ ဝင်စားသော။
သမ္မသမ္ဗုဒ္ဓသာဝကော၊ ဘုရားရှင်တပည့်သား ဖြစ်သော ငါသည်။
အရိယေန၊ မြတ်သော။
တုဏှီဘာဝေန၊ ဆိတ်ဆိတ်နေခြင်းနှင့် ။
တာဝဒေ၊ ထိုမေတ္တာကို ပွါးစေသော ခဏ၌။
ဥပေတော၊ ပြည့်စုံသည်။
ဟောတိ၊ ဖြစ်၏။
ယထာဟိ၊ ဥပမာမည်သည်ကား။
သေလော၊ တခဲနက်ကျောက်ဖြင့် ပြီးသော။
ပဗ္ဗတော၊ တောင်သည်။
အစလော၊ ပြကတေ့သော လေတို့ဖြင့် မတုန်လှုပ်နိုင်သည်ဖြစ်၍။
သုပ္ပတိဋ္ဌိတောယထာ၊ ကောင်းစွာတည်သကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
မောဟက္ခယာ၊ အရဟတ္တမဂ်ဉာဏ်၏ အစွမ်းဖြင့် မောဟကို အကြွင်းမဲ့ပယ်ပြီးသောကြောင့်။
ဘိက္ခု၊ ရဟန္တာဖြစ်သော ရဟန်းသည်။
သုပ္ပတိဋ္ဌိတော၊ ကောင်းစွာတည်သည်။
ဟောတိ၊ ဖြစ်၏။
ကိံ ဝိယ၊ အဘယ်ကဲ့သို့နည်းဟူမူကား။
ပဗ္ဗတာ၊ ကျောက်အတိပြီးသော တောင်သည်။
နဝေဓတိဣဝ၊ ပြသတေ့သောလေတို့ဖြင့်မတုန်မလှုပ်ကောင်းစွာတည်သကဲ့သို့တည်း။
အနင်္ဂဏဿ၊ အပါယ်သို့ လားကြောင်းဖြစ်သော ရာဂစသော ကိလေသာမှ ကင်းပြီးထသော။
နိစ္စံ၊ အမြဲ။
သုစိံ၊ ကိုယ်နှုတ်ဖြင့် အပြစ်မရှိသန့်ရှင်စင်ကြယ်စွာသော တရားကို။
ဂဝေသိနော၊ ရှာမှီးလေ့ရှိသော။
ပေါသဿ၊ သူတော်ကောင်းဖြစ်သော ယောင်္ကျားအား။
ပါပဿ၊ မကောင်းမှုမှ။
ဝါလဂ္ဂမတ္တံ၊ သားပြီးဖျားမျှသည်လည်း။
လဂ္ဂံ၊ ငြိတွယ်သည်။
နတ္ထိ၊ မရှိ။
အဗ္ဘမတ္တံဝ၊ အလုံးစုံသောလောကဓာတ်ကို နှိုင်း၍တည်သော တိမ်တိုက်အတိုင်းအရှည်အမျှသည်သာလျှင်။
ဟုတွာ၊ ဖြစ်ဇ၍။
ခါယတိ၊ ထင်၏။
ယထာကိံ၊ ဥပမာအဘယ်ကဲ့သိုနည်းဟူမူကား။
သန္တရဗာဟိရံ၊ အတွင်းအပနှစ်ပါး၌ ဖြစ်သော။
ဂုတ္တံ၊ လူတို့ဖြင့် စောင့်ရှောက်လုံခြုံစေအပ်သော ။
ပစ္စန္တံ၊ အခြားမရှိ မြဲမြံစွာသော ပြအိုးကျုံးစသည်တို့ဖြင့် စီရင်တည်ထားအပ်သော။
နဂရံ၊ မြို့ကို။
ပစ္စတ္ထိကေဟိ၊ ရန်သူတို့သ်ည။
အပဝိဋ္ဌံဝိယ၊ မဝင်နိုင်သကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
အတ္တာနံ၊ မိမိကိုယ်ကို။
ဂေါပေထ၊ လုံခြုံစောင့်ရှောက်၏။
ဝေ၊ စင်စစ်။
ခဏော၊ ဗုဒ္ဓုပ္ပာဒနဝမခဏသည်။
မာဥပဇ္ဈဂါမာအတိက္ကမိ၊ မလွန်စေသတည်း။
အဟံ၊ ငါသည်။
မရဏံ၊ သေခြင်းကို။
နာဘိနာနန္ဒာမိ၊ မနှစ်သက်။
ဇီဝိတံ၊ အသက်ရှည်ခြင်းကိုလည်း ။
နာဘိနန္ဒာမိ၊ မနှစ်သက်။
ကာလံဝ၊ ပရိနိဗ္ဗာန်ပြုအံ့သော ကာလကိုသာလျှင်။
ပဋိကင်္ခါမိအာဂမေမိ၊ ငံ့၏။
ယထာ၊ ဥပမာအဘယ်ကဲ့သို့ နည်းဟူမူကား။
ဘဋကော၊ အခကို ယူ၍ သူတပါးအမှုကို လုပ်ဆောင်သော သူခစားသည်။
အနိဗ္ဗိသံ အနိဗ္ဗိဿန္တော၊ အမှုပြီးခြင်းကို မငဲ့မူ၍ နေကုန်ခြင်းကိုရှာမှီးသကဲ့သို့တည်း။
အဟံ၊ ငါသည်။
မရဏံ၊ သေခြင်းကို။
နာဘိနန္ဒာမိ၊ မနှစ်သက်။
(ပေ) သမ္ပဇာနော၊ ပညာအဆင်အခြင်နှင့်ပြည့်စုံသည်ဖြစ်၍။
ပဋိဿတော၊ ထင်သော သတိရှိသည်ဖြစ်၍။
ကာလံဝ၊ ပရိနိဗ္ဗာန်ပြုအံ့သော ကာလကို သာလျှင်။
ပဋိကင်္ခါမိ၊ တောင့်တ၏။
မယာ၊ ငါသည်။
သတ္တာ၊ သတ္တဝါတို့ကို။
ပရိစိဏ္ဏော၊ မေတ္တာ အစရှိသည်တို့ဖြင့် ပွါးစေခြင်း အလေ့အကျက်ကို။
ကတော၊ ပြုအပ်ပြီ။
ဗုဒ္ဓဿ၊ ဘုရားသခင်၏။
သာသနံ၊ အဆုံးအမဖြစ်သော မဂ်ဟူသော သီတင်းသုံခြင်းကို။
ကတံ၊ ပြုအပ်ပြီ။
ဂရုကောဘာရော၊ လေးစွာသော ခန္ဓာဝန်ကို။
ဩဟိတော၊ ချအပ်ပြီ။
ဘဝနေတ္တိ၊ ဘဝသုံးပါး ဆွဲငင်ယူဆောင်တတ်သော တဏှာတည်းဟူသော ကြိုးကို။
သမူဟတာ၊ အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ နှုတ်ဖြတ်ပယ်အပ်ပြီ။
ယဿ၊ အကြင်အရဟတ္တဖိုလ်နိဗ္ဗာန်၏။
အတ္ထာယ၊ အကျိုးငှါ။
အဂါရသ္မာ၊ အိမ်ရာထောင်သော လူ၏ဘောင်မှ။
အနဂါရိယံ၊ အိမ်ရာမထောင်သော ရဟန်း၏ ဘောင်၌။
ပဗ္ဗဇိတော၊ ရဟန်းပြုသည်။
အမှိ၊ ဖြစ်၏။
မေမယာ၊ ငါသည်။
သောအတ္ထော၊ ထိုအကျိုးကို။
အနုပ္ပတ္တော၊ ရအပ်ပြီ။
သဗဗသံယောဇနက္ခယော၊ အလုံးစုံသော သံယောဇဉ်တို့၏ ကုန်ခြင်းသို့။
အနုပ္ပတ္တော၊ ရောက်အပ်ပြီ။
အာဝုသော၊ ငါ့ရှင််တို့။
တုမှေ၊ သင်သူတော်ကောင်းတို့သည်။
အပ္ပမာဒေန၊ ဒါနသီလ ဘာဝနာ အစရှိသည်၌ မမေ့မလျော့အားထုတ်ခြင်းနှင့်။
သမ္ပာဒေထ၊ ပြည့်စုံစေကုန်လော။
ဧသာ၊ ဤသည်လျှင်။
မေ၊ ငါ၏။
အနုသာသနီ၊ အဆုံးအမတရားတည်း။
ဟန္ဒ၊ ယခုအခါ၌။
အဟံ၊ ငါသည်။
ပရိနိဗ္ဗိသံ၊ ပရိနိဗ္ဗာန်ပြုလေအံ့။
အဟံ၊ ငါသည်။
သဗ္ဗဓိ၊ ခပ်သိမ်းသော ကိလေသာခပ်သိမ်းသော ဘဝမှ။
ဝိမုတ္တော၊ လွတ်သည်။
အမှိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
ရေဝတောထေရော၊ ရေဝတထေရ်သည်။
ဣမာစုဒ္ဒသဂါထာယော၊ ဤတဆဲ့လေးရပ်ဗန္ဓမှတ်၍ သီအပ်ရွတ်ဆိုသော ဂါထာတို့ကို။
အဘာသိတ္ထ၊ ဆိုပြီ။
ရေဝတထေရတဆဲ့လေးဂါထာအနက်ပြီး၏။