Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

6. Nadīkassapattheragāthā

Author: နိဿယ @ IAPT

ဗုဒ္ဓေါ၊ သဗ္ဗညုမြတ်စွာဘုရားသည်။ မေ၊ ငါ၏။ အတ္ထာယဝတ၊ အကျိုးစီးပွါးအလို့ငှါသာလျှင်။ နဒိံနေရဉ္ဇရံ၊ ရေဉ္ဇရာ အမည်ရှိသော မြစ်နား၌။ အဂါအာဂစ္ဆိ၊ ငှါ၏ အစ်ကို ဖြစ်‌သော ဥရုဝေလကဿပသင်္ခမ်းသို့ ကပ်တော်မူလာ၏။
ယဿသမ္မာသမ္ဗုဒ္ဓဿ၊ အကြင်မြတ်စွာဘုရား၏။ ဓမ္မံ၊ သစ္စာလေးပါးနှင့် ယှဉ်သောတရားကို။ သုတွာန၊ သောဘဒွါရကို အစဉ်မှီးသဖြင့် မှတ်ရသောကြောင့်။ အဟံ၊ ငါသည်။ မိစ္ဆာဒိဋ္ဌိံ၊ ယစ်ပူဇော်ခြင်း စသည်ဖြင့် ကိလေသာမှ စင်ကြယ်၏ ဟု စသော နည်းဖြင့် ဖြစ်သော မှားသော အယူကို။ ဝိဝဇ္ဇယိံ ပဇဟိံ၊ စွန့်ရပြီ။
ဥစ္စာဝစေ၊ ထင်ရှားသည် မထင်ရှားသည်ဖြစ်ကုန်သော။ ယညေ၊ ယစ်ပူဇော်ခြင်းတို့ကို။ အဟံ၊ ငါသည်။ ယဇိံ၊ ပူဇော်ပြီ။
ဧသာ၊ ဤယစ်ပူဇော်သော အမူအရာမီးကို လုပ်ကျွေးသော အကျင့်သည်။ သုဒ္ဓီတိမညန္တော၊ သံသရာ၏ စင်ကြယ်ခြင်းဟု အမှတ်ရှိသည်ဖြစ်၍။ အဂ္ဂိဟုတ္တံ၊ မီးအားလုပ်ကျွေးခြင်းကို။ အဟံ၊ ငါသည်။ ဇုဟိံ၊ ပူဇော်လုပ်ကျွေးပြီ။ ပုထုဇ္ဇနော၊ ပုထုဇဉ်သည်။ အန္ဓီဘူတော၊ ပညာမျက်စိမှ ချိုသဖြင့် မောဟဟူသော အမိုက်တိုက်ဖြင့် အလွန်မိုက်စွတကား။
ဒိဋ္ဌိဂဟနပက္ခန္ဒော၊ တောအုပ်တောင်ချုံ စသည်နှင့်တူသော မိစ္ဆာအယူဟူသော တောအုပ်သို့ ပြေးဝင်တတ်စွတကား။ ပရာမာသေန၊ တရား၏ သဘောကို လွန်၍ ငါဆိုသော စကားသာလျှင်မှန်၏ သူတပါးစကားအချည်းနှီးသာ တကားဟု မှားသော နှလုံးသွင်းခြင်းဖြင့်။ မောဟိတော၊ တွေဝေသောအဖြစ်သို့ ရောက်စွတကား။
အသုဒ္ဓိံ၊ မစင်ကြယ်သော အကြောင်းကို။ သံသုဒ္ဓိံ၊ စင်ကြယ်သော အကြောင်းဟူ၍။ မညိံ၊ အောက်မေ့တတ်၏။ အန္ဓိဘူတော၊ အဝိဇ္ဇာဖြင့် အလွန်မိုက်စွာသော အဖြစ်ကို။ အဝိဒ္ဒသု၊ လုံ့လအားထုတ်သဖြင့် ရအပ်စွတကား။
မေမယာ၊ ငါသည်။ မိစ္ဆာဒိဋ္ဌိ၊ မှားသော အယူကို။ ပဟီနာ၊ မဂ်ဖြင့် ပယ်အပ်ပြီ။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဘဝါ၊ ကာမစသော ဘဝတို့ကို။ ပဒါလိတာ၊ အရိယမဂ် ဓားသန်လျက်ဖြင့်အကြွင်းမဲ့ ဖျက်ဆီးအပ်ကုန်ပြီ။
ဒက္ခိဏေယျဂ္ဂိံ၊ နတ်နှင့်တကွ သော လူ၏ မြတ်သောအလှူကိုခံထိုက်သော မကောင်းမှုကို လောင်တတ်သော ဘုရားတည်းဟူသော မီးကို။ ဇုဟာမိ၊ ပူဇော်၏။ တထာဂတံ၊ ‌လာခြင်းကြောင်းသော ဘုရားမြတ်စွာကို။ နမဿာမိ၊ အရိုအသေရှိခိုး၏။
မေမယာ၊ ငါသည်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ မောဟာ၊ မောဟတို့ကို။ ပဟီနာ၊ ပယ်အပ်ကုန်ပြီ။ ဘဝတဏှာ၊ သဿတဥစ္ဆေဒဒိဋ္ဌိနှင့် ယှဉ်၍ ဘဝသုံးပါးကို တပ်တတ်သော တဏှာကို။ ပဒါလိတာ၊ မဂ်ဖြင့် အကြွင်းမဲ့ ဖျက်ဆီးအပ်ပြီ။
ဇာတိသံသာရော၊ ပဋိသန္ဓေ နေခြင်း အရင်းရှိသော သံသရာဝဋ်သည်။ ဝိခီဏော၊ ကုန်ပြီ။ ဒါနိ ဣဒါနိ၊ ယခုအခါ၌။ ပုနဗ္ဘ‌ဝေါ၊ တဘန်ဘဝသစ်၌ ဖြစ်ခြင်းသည်။ နတ္ထိ၊ မရှိပြီ။
ဣတိ၊ ဤသို့။ နဒီကဿပေါထေရော၊ နဒီကဿပထေရ်သည်။ ဣမာပဉ္စဂါထာ၊ ဤငါးဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ နဒီကဿပထေရဂါထာ အနက်ပြီး၏။