Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

10. Ajitattheragāthā

Author: နိဿယ @ IAPT

အာဝုသော၊ ငါ့ရှင်တို့။ မေ၊ ငါ့အား။ မရဏေမရဏဟေတု၊ သေခြင်းဟူသော အကြောင်းကြောင့်။ ဘယံ၊ ဘေးသည်။ နတ္ထိ၊ မရှိ။ ဇီဝိတေ၊ အသက်ရှည်ခြင်း၌။ နိကန္တိ၊ ငဲ့ကွက်သော အားဖြင့် တပ်သော တဏှာသည်။ နတ္ထိ၊ မရှိ။
သမ္ပဇာနော၊ ပညာအဆင်အခြင်းနှင့် ပြည့်စုံသည်ဖြစ်၍။ ပဋိဿတော၊ ပြန့်ပြောသော သတိရှိသည်ဖြစ်၍။ သန္ဒေဟံ၊ အလုံးစုံသော ကိုယ်ကို။ နိက္ခပိဿာမိ ဆဋ္ဋေဿာမိ၊ စွန့်အံ့။
ဣတိ၊ ဤသို့။ အဇိတောထေရော၊ အဇိတထေရ်သည်။ ဣမံဂါထံ၊ ဤဂါထာကို။ အဘာသိဏ္ဏ၊ ဆိုပြီ။ အဇိတထေရဂါထာ အနက်ပြီး၏။
ဒုတိယော၊ နှစ်ခုမြောက်သော။ ဝဂ္ဂေါ၊ ဝဂ်သည်။ နိဋ္ဌိတော၊ ပြီးခြင်းသို့ ရောက်ပြီ။
တဿ၊ ထိုဒုတိယဝဂ်၏။ ဥဒါနံ၊ ဥဒါန်းသည်။
စူဠဝစ္ဆောစ၊ စူဠဝစ္ဆထေရ် လည်းကောင်း။ မဟာဝစ္ဆောစ၊ မဟာဝစ္ဆထေရ်လည်းကောင်း။ ဝနဝစ္ဆောစ၊ ဝနဝစ္ဆထေရ်လည်းကောင်း။ သီဝကော၊ သင်းချိုင်း၌နေသော သမဏေ လည်းကောင်း။
ကုဏ္ဍဓာနောစ၊ ကုဏ္ဍဓာနထေရ်လည်းကောင်း။ ဗေလဋ္ဌိ၊ ဗေလဋ္ဌသီထထေရ်လည်းကောင်း။ ဒါသကောစ၊ ဒါသကထေရ်လည်းကောင်း။ ထတော၊ ထိုဒါသကထေရ်မှ။ ဥပရိံ၊ အထက်၌။
သင်္ဂါလပိတိကောထေရော၊ သင်္ဂါလပိတဏထေရ်လည်းကောင်း။ ကုဋ္ဌောစ၊ ကုဋ္ဌထေရ် လည်းကောင်း။ အဇိတောစ၊ အဇိတထေရ်လည်းကောင်း။ ဣတိ၊ ဤသို့။ ဒသ၊ တကျိပ်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသည်လျှင်တည်း။ ဒုတိယဝဂ် ပြီး၏။