Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

10. Sirimattheragāthā

Author: နိဿယ @ IAPT

ပရေစ၊ ပညာရှိမှ တပါးသော သူမိုက်တို့သည်လည်း။ နံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ ပသံသန္တိ၊ ချီးမွမ်းကုန်၏။ တေ၊ ထိုသူမိုက်တို့၏ ချီးမွမ်းခြင်းတို့သည်။ အပ္ပမာဏဘူတာ၊ ပမာဏမဟုတ်ကုန်‌။ အတ္တာ၊ မိမိသည်။ အသမာဟိတော၊ မတည်ကြည်သည်။ စေဟောတိ၊ အကယ်၍ ဖြစ်အံ့။
ဧဝံ၊ ဤသို့ ဖြစ်သည်ရှိသော်။ ပရေ၊ သူတပါးတို့သည်။ တံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်ကို။ ပသံသန္တိ၊ ချီးမွမ်းကုန်၏။ တေပသံသာ၊ ထိုသို့ချီးမွမ်းခြင်းတို့သည်။ မောဃံ၊ အချည်းအနှီးအကြောင်း မရှိဘဲ။ ပသံသန္တိ၊ ချီးမွမ်းသည် မည်ကုန်၏။ ဟိကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူကား။ အတ္တာအတ္တနော၊ မိမိ၏။ အသမာဟိတော အသမာဟိတတ္တာ၊ အဂ္ဂသမာဓိဖလသမာဓိ ဥပစာရသမာဓိ အပ္ပနာသမာဓိဖြင့် မတည်ကြည်သော ကြောင့်တည်း။
ပရေ၊ သူတပါးတို့သည်။ နံပုဂ္ဂလံ၊ ထိုအရိယာဈာန်လာဘီဖြစ်သော ပုဂ္ဂိုလ်ကို။ ဂရဟန္တိ၊ ဤသူကားကိုယ်ကိုမွေးမြူခြင်းအိပ်ခြင်းများသော သူတည်းဟူ၍ ကဲ့ရဲ့ကုန်၏။ တေသံ၊ ထိုသူတို့၏။ ဂရဟာ၊ ကဲ့ရဲ့ခြင်းတို့သည်။ အပ္ပမာဏဘူတာ၊ ပမာဏမဟုတ်ကုန်။ အတ္တာ၊ မိမိသည်။ သုသမာဟိတော၊ မဂ္ဂသမာဓိဖလသမာဓိဥပစာရသမာဓိအပ္ပနာသမာဓိဖြင့် ကောင်းစွာ တည်ကြည်ခြင်းရှိသည်။ စေဟောတိ၊ အကယ်၍ ဖြစ်အံ့။
ဧဝံ၊ ဤသို့ ဖြစ်သည်ရှိသော်။ ယေ၊ အကြင်သူတို့သည်။ တံ ပုဂ္ဂလံ၊ ထိုမဂ္ဂသမာဓိစသည်ဖြင့် တည်ကြည်သော ပုဂ္ဂိုလ်ကို။ ဂရဟန္တိ၊ ကဲ့ရဲ့ကုန်၏။ တေဂရဟာ၊ ထိုကဲ့ရဲ့ခြင်းတို့သည်။ အမောဃံအမူလကံ၊ အချည်းနှီးအကြောင်းမရှိဘဲ။ ဂရဟန္တိ၊ ကဲ့ရဲ့သည် မည်ကုန်၏။ ဟိကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူကား။ အတ္တာအတ္တနော၊ မိမိ၏။ သုသမာဟိတော သုသမာဟိတတ္တာ၊ မဂ္ဂသမာဓိစသည်ဖြင့် တည်ကြည်သောကြောင့်တည်း။
ဣတိ၊ ဤသို့။ သိရိမောထေရော၊ သိရိမထေရ်သည်။ ဣမံဂါထာဒွယံ၊ ဤဂါထာနှစ်ခုအပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ သိရိမထေရဂါထာ အနက်ပြီး၏။
ဒုတိယော၊ နှစ်ခုမြောက်သော။ ဝဂ္ဂေါ၊ ဝဂ်သည်။ နိဋ္ဌိတော၊ ပြီးခြင်းသို့ ရောက်ပြီ။
တတြံ၊ ထိုဒုတိယဝဂ်၌။ ဥဒါနံ၊ ဥဒါန်းကား။
စုန္ဒောစ၊ စုန္ဒထေရ်လည်းကောင်း။ ဇောတိဒါသောစ၊ ဇောတိဒါသထေရ်လည်းကောင်း။ ဟေရညိကာ နိယောထေရော၊ ဟေရညိကာနိ အမည်ရှိသော မထေရ်လည်းကောင်း။
သောမမိတ္တော၊ သောမမတ္တထေရ်လည်းကောင်း။ သဗ္ဗမိတ္တော၊ သဗ္ဗမိတ္တထေရ်လည်းကောင်း။ ကာလော၊ ကာလထေရ်လည်းကောင်း။ တိဿောစ၊ တိဿထေရ်လည်းကောင်း။ ကိမိလော၊ ကိမိလထေရ်လည်းကောင်း။
နန္ဒောစ၊ နန္ဒထေရ်လည်းကောင်း။ သိရိမာစေဝ၊ သိရိမထေရ်လည်းကောင်း။ ဣတိ၊ ဤသို့။ မဟိဒ္ဓိကာ၊ ကြီးသော တန်ခိုးရှိကုန်သော။ ဒသထေရာ၊ တကျိပ်သော မထေရ်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဒုတိယဝဂ်ပြီး၏။