အကောဓဿ၊ မဂ်ဖြင့် ပြယ်ဖြတ်ပြီးသော အမျက်ရှိသည်ဖြစ်၍ ကင်းသော အမျက်ဒေါသရှိသော သူအား။
ကုတော၊ အဘယ်ကြောင့်။
ကောဓော၊ အမျက်ဒေါသ သည်။
ဥပ္ပဇ္ဇေယျ၊ ဖြစ်ပါတော့အံ့နည်း။
ဒန္တဿ၊ အရဟတ္တမဂ်အဆုံးအမဖြင့် ဆုံးမအပ်ပြီးသော။
သမဇီဝိနော၊ ကိုယ်၏ မညီမညွတ်ခြင်း စသည်တို့ကို အချင်းခပ်သိမ်းပယ်ပြီးသောကြောင့် ကိုယ်၏ ညီညွတ်ခြင်း စသည်တို့၏ အစွမ်းဖြင့် ကောင်းသော အသက်မွေးခြင်းရှိသောသူအား ခုနစ်ပါးသော အကျိုးရှိသောဘုရား၌ ပညာအဆင်အခြင်ဖြင့် ကောင်းစွာ အသက်မွေးခြင်းရှိသော။
သမ္မာ၊ ကောင်းစွာ။
အညာယ၊ အဘိညေယျစသော တရားတို့ကိုသိ၍။
ဝိမုတ္တဿ၊ အလုံးစုံသော အာသဝေါမှ လွတ်ပြီးထသော။
ဥပသန္တဿ၊ ခပ်သိမ်းသော ကိလေသာ ဟူသော ပူပန်ခြင်းမှ ငြိမ်းပြီးထသော။
တာဒိနော၊ ဣဋ္ဌာရုံ အနိဋ္ဌာရုံ စသည်၌ သည်းခံခြင်းလက္ခဏာနှင့် ပြည့်စုံသော ရဟန္တာ ပုဂ္ဂိုလ်အား။
ကုတော၊ အဘယ်ကြောင့်။
ကောဓော၊ အမျက်ထွက်ခြင်းသည်။
ဥပ္ပဇ္ဈေယျ၊ ဖြစ်ပါတော့အံ့နည်း။
ယော၊ အကြင်ပုဂ္ဂိုလ်သည်။
ကုဒ္ဓံ၊ မိမိအထက်၌ အမျက်ထွက်သော ပုဂ္ဂိုလ်ကို။
ပဋိကုဇ္ဈတိ၊ တဘန်ပြုန်၍အမျက်ထွက်၏။
တဿေဝ၊ ထိုအမိမိအထက်၌ အမျက်ထွက်သော သူကို ပြန်၍ အမျက်ထွက်သော သူအားသာလျှင်။
တေန၊ ထိုပြန်၍အမျက်ထွက်သဖြင့်။
ပါပိယော၊ လောက၌ ပညာရှိတို့ ကဲ့ရဲ့ခြင်း တမလွန်ဘောက၌ငရဖြစ်သော ဆင်းရဲစသည်တို့၏ အစွမ်းဖြင့် ယုတ်မာစွာသော ပုဂ္ဂိုလ်မည်သည်။
ဟောတိ၊ ဖြစ်၏။
ကုဒ္ဓံ၊ မိမိအထက်၌ အမျက်ထွက်သော သူကို။
အပဋိကုဇ္ဈန္တော၊ တဘန်ပြန်၍ အမျက်မထွက်သော သူသည်။
ဒုဇ္ဇယံ၊ အောင်နိုင်ခဲသော။
သင်္ဂမံ၊ ကိလေသာတည်းဟူသော စစ်သည်ဗိုလ်ပါကို။
ဇေတိနာမ၊ အောင်နိုင်သည်မည်၏။
အတ္တနောစ၊ မိမိ၏ လည်းကောင်း။
ပရဿစ၊ သူတပါး၏လည်းကောင်း။
ဥဘိန္နံ၊ နှစ်ပါးသော သူတို့၏။
အတ္ထံ၊ ပစ္စုပ္ပန် စီးပွါးသံသရာစီးပွါးနှစ်ပါးကို။
စရတိနာမ၊ ကျင့်သည်မည်၏။
ယော၊ အကြင်ပုဂ္ဂိုလ်သည်။
ပရသံကုပိတံ၊ သူတပါးက မိမိအထက်၌ အမျက်ထွက်သည်ကို။
ဉတွာ၊ သိလတ်၍။
သတော၊ ထိုသူ၌ မေတ္တာကို ပွါးစေခြင်းလျစ်လှူရှုခြင်းဟူသော သတိပညာအဆင်အခြင်နှင့် ပြည့်စုံသည်ဖြစ်၍။
ဥပသမတိ၊ သည်းခံသဖြင့် ငြိမ်းစေ၏။
သောပုဂ္ဂလော၊ ထိုပုဂ္ဂိုလ်သည်။
အတ္တနောစ၊ မိမိ၏လည်းကောင်း။
ပရဿစ၊ သူတပါး၏ လည်းကောင်း။
ဥဘိန္နံ၊ နှစ်ယောက်ကုန်သော သူတို့၏။
ကောဓဗျာဓိံ၊ အမျက်တည်းဟူသောအနာကို။
တိကိစ္ဆန္တံ၊ ကုစားနိုင်သော ပုဂ္ဂိုလ်တို့တွင်။
ယော၊ အကြင်သူသည်။
ဓမ္မဿ၊ တရားတော်၏။
အရိယာစာရဓမ္မေ၊ အရိယာတို့ ကျင့်အပ်သော မေတ္တာဘာဝနာတရား၌။
အကောဝိဒေါ၊ မလိမ္မာ။
သော၊ ထိုသူကို။
ဗာလောတိ၊ သူမိုက်ဟူ၍။
ဇနာ၊ လူတို့သည်။
မညန္တိ၊ မှတ်ထင်ကုန်၏။
ကောဓော၊ အမျက်သည်။
သစေဥပ္ပဇ္ဇတေ၊ အကယ်၍ဖြစ်ငြားအံ့။
ဧဝံ၊ ဤသို့ဖြစ်သည်ရှိသော်။
ကကစူပမံ၊ လွှဥပမာကို။
အာပဇ္ဇအာဂဇ္ဇေယျ၊ ဆင်ခြင်ရာ၏။
ရသေ၊ ဆွမ်းခဲဘွယ် ဟင်းမျိုးအချိုအချဉ်စသော အရသာ၌။
တဏှာ၊ တပ်မဂ်မောခြင်းသည်။
ဥပ္ပဇ္ဇေယျစေ၊ အကယ်၍ ဖြစ်ငြားအံ့။
ဧဝံ၊ ဤသို့ ဖြစ်သည်ရှိသော်။
တဿ၊ ထိုဖြစ်သော တဏှာကို။
ဝူပသမာယ၊ ငြိမ်းစေခြင်းငှါ။
ပုတ္တမံ သူပမံ၊ သား၏ အသားဥပမာကို။
သရသရေယျ၊ အောက်မေ့ရာ၏။
တေ၊ သင်၏။
စိတ္တံ၊ စိတ်သည်။
ကာမေသုစ၊ ကာမဂုဏ်ငါးပါးတို့၌လည်း။
ဆန္ဒရာဂဝသေန၊ ပြင်းစွာတပ်သော ရာဂ၏ အစွမ်းဖြင့်။
ဘဝေသုစ၊ ကာမဘဝစသော ကိုးပါးသော ဘဝတို့၌လည်း။
သစေဓာဝတိ၊ ဘဝသမ္မတ္တိကိုတောင်တသည်၏ အစွမ်ဖြင့် အကယ်၍ လျှင်စွာဖြစ်ငြားအံ့။
ဧဝံ၊ ဤသို့ ဖြစ်သည်ရှိသော်။
ကိဋ္ဌာဒံ၊ ကောက်ပဲစသည်ကို စားတတ်သော။
ဒုပ္ပသုံ၊ နွားဆိုးကို။
ယောတ္တေန၊ ကြိုးဖြင့်။
ထမ္ဘေ၊ တိုင်၌။
ဗန္ဓိတွာ၊ ချည်ဖွဲ့၍။
အတ္တနော၊ မိမိ၏။
ဝသေ၊ အလို၌။
ဝတ္တေတိယထာ၊ လိုက်စေသကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
သတိယာ၊ သတိဟူသော ကြိုးဖြင့်။
သမာဓိသမ္ဘေ၊ သမာဓိဟူသော တိုင်၌။
ဗန္ဓန္တော၊ ချည်ထားလျက်။
ခိပ္ပံ၊ လျှင်စွာ။
နိဂ္ဂဏှ၊ ကိလသာမှ ကင်းစေသဖြင့် အဆိတ်အတောက်မရှိအောင် နှိပ်ရာ၏။
ဣတိ၊ ဤသို့။
ဗြဟ္မဒတ္တောထေရော၊ ဗြဟ္မဒတ္တထေရ်သည်။
ဣမာဆဂါထာယော၊ ဤခြောက်ဂါထာတို့ကို။
အဘာသိတ္ထ၊ ဆိုပြီ။
ဗြဟ္မဒတ္တထေရဂါထာ အနက်ပြီး၏။