အာဝုသော၊ ငါ့ရှင်တို့။
သုတံ၊ အလိုနည်းခြင်း စသည်နှင့်ယှဉ်သော ကထာဝတ္ထုကို ကြားနာခြင်းသည်။
သာဓုသုန္ဒရံ၊ ကောင်းစွာ၏။
စရိတကံ၊ အထိုအလိုနည်းခြင်း အစရှိသော အလေ့အကျင့်သည်။
သာဓုသုန္ဒရံ၊ ကောင်းစွာ၏။
သဒါသဗ္ဗကာလေ၊ နဝမဇ္ဈိမထေရဣရိယာပထနဝမခဏကာလတို့၌။
အနိကေတဝိဟာရော၊ ကာမဂုဏ် ငါးပါးလောကီ အာရုံခြောက်ပါးတရားတို့ကို ပယ်ခြင်းငှါကျင့်နေခြင်းသည်။
သာဓုသုန္ဒရော၊ ကောင်းစွာ၏။
အတ္ထ ပုစ္ဆနံ၊ ပစ္စုပ္ပန်သံသရာကျိုး နိဗ္ဗာန်ဟု ဆိုအပ်သော ပရမတ္ထ အပြားကိုမေးခြင်း ကုသလဓမ္မစသည်တို့၏ အနက်ကို မေးခြင်းသည်လည်းကောင်း။
ပဒက္ခိဏကမ္မံ၊ ထိုသို့ မေးပြီး၍ ထိုအဆုံးအမအတိုင်း မှန်ကန်စွာ ကျင့်ခြင်းသည်လည်းကောင်း။
သာဓုသုန္ဒရာ၊ ကောင်းစွာ၏။
ဧတံသာညံဧသောသမဏဘာဝေါ၊ သာဓုသုတံ စသည်ဖြင့် ဆိုအပ်ပြီးသော အကျင့်နှင့် ပြည့်စုံသော ရဟန်း၏ အဖြစ်သည်။
အကိဉ္စနဿ၊ လယ်ယာရွှေငွေ စသည်ကို သိမ်းဆည်းခြင်းကြောင့်ကြ မရှိသော သူအား။
သာဓုသုန္ဒရေ၊ ကောင်းစွာ၏။
ဣတိ၊ ဤသို့ ။
ကုမာဝုတ္တောထေရော၊ ကုမာမည်သော သူ၏ သားဖြစ်သော ထေရ်သည်။
ဣမံဂါထံ၊ ဤဂါထာကို။
အဘာသိတ္ထ၊ ဆိုပြီ။
ကုမာထေရဂါထာ အနက် ပြီး၏။