Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

8. Vassikattheragāthā

Author: နိဿယ @ IAPT

သဒ္ဓေါ၊ ကံကံ၏ အကျိုးကို ယုံကြည်ခြင်း ရတနာသုံးပါး၌ ကြည်ညိုခြင်းနှင့် ပြည့်စုံသော။ မေဓာဝီ၊ ကမ္မဿကတဉာဏ်စသည်နှင့်ယှဉ်သော ပညာရှိသော။ ဓမ္မဋ္ဌော၊ မြတ်စွဘုရားအဆုံးအမဖြစ်သော ကိုးပါးသော လောကုတ္တရာတရား၌တည်သော။ သီလသမ္ပန္နော၊ အာစာရသီလမဂ်ဖိုလ်သီလနှင့် ပြည့်စုံသော။ သော၊ ထိုသူသည်။ ဧကောပိ၊ တယောက်တည်းပင်ဖြစ်သော်လည်း။ ဣဓ၊ ဤကာလ၌။ အသဒ္ဓါနံ၊ သဒ္ဓါတရားကင်းကုန်သော။ ဉာတီနဉ္စ၊ မိမိနှင့် မိတ်ဆွေ အမျိုးအားဖြင့် စပ်ကုန်သော သူတို့၏လည်းကောင်း။
ဗန္ဓုနဉ္စ၊ ထိုသို့ စပ်သဖြင့် ချစ်ကျွမ်းဝင်သော အဆွေခင်ပွန်းတို့၏ လည်းကောင်း။ အတ္ထာယ၊ အကျိုးစီးပွါးများမြတ်ခြင်းငှါ။ ဟောတိ၊ ဖြစ်၏။
အနုကမ္မာယ၊ အကျိုးစီးပွါးကို စောင့်ရှောက်သနားခြင်းဖြင့်။ နိဂ္ဂယှ၊ ဆင်းရဲသူဟူ၍ ကုသိုလ်ကို မပြုချေသော် နောင်အခါတဘန်ဆင်းရဲခြင်းကို ခံရလတ္တံ့ ဟူသော စကားဖြင့် နှိပ်၍။ မယာ၊ ငါသည်။ ဉာတယော၊ ဆွေမျိုးတို့ကို။ စောဒိတာ၊ တိုက်တွန်းနှိုးဆော်အပ်ကုန်ပြီ။ တေဉာတယော၊ ထိုဆွေမျိုးတို့သည်။
ဉာတိဗန္ဓဝပေမေန၊ ဤသူကား ငါတို့အဆွေအမျိုး ငါတို့နှင့် ချစ်ကျွမ်းဝင်သော ဆွေခင်ပွန်းတည်းဟု အဆွေအမျိုးဟူသောချစ်ခြင်း အဆွေခင်ပွန်းဟူသော အချစ်ခြင်းဖြင့်။ မမ၊ ငါ၏။ ဩဝါဒံ၊ အဆုံးအမကို။ အတိက္ကမိတုံ၊ လွန်ခြင်းငှါ။ အသက္ကောန္တာ၊ မတတ်နိုင်ကုန်သည်ဖြစ်၍။ ဘိက္ခူသု၊ ရဟန်းတို့၌။ ကာရံ၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ သင်္ကန်းစသော ပစ္စည်းတို့ကို လှူခြင်းလုပ်ကျွေးခြင်းဖြင့် အရိုအသေကို။ ကတွာ၊ ပြုကုန်သောကြောင့်။
မယှံ၊ ငါ၏။ တေ၊ ထိုအဆွေအမျိုး အဆွေခင်ပွန်းတို့သည်။ ကာလင်္ကတာ၊ သေကုန်သည်ဖြစ်၍။ အဗ္ဘတီတာ၊ ဤလူ့ဘုံကို လွန်ကုန်၏။
မယှံ၊ ငါ၏။ သာမာတာစ၊ ထိုအမိသည်လည်းကောင်း။ တေဘာတရောစ၊ ထိုညီအစ်ကို တို့သည်လည်းကောင်း။ သုခံ၊ နတ်ပြည်၌ အကျုံးဝင်သော ချမ်းသာဟု ဆိုအပ်သော။ တိဒိဝံ၊ တာဝတိံသာနတ်ပြည်သို့ ။ ပတ္တာ၊ ရောက်ကုန်၏။ တေ၊ ထိုင့ါ၏ အမိအစ်ကို ညီတို့သည်။ ကာမကာမိနော၊ မိမိတို့အလိုရှိအပ်သော ဝတ္ထုကာမတို့နှင့် ပြည့်စုံကုန်သည်ဖြစ်၍။ မောဒန္တိ၊ မွေ့လျော်စံပျော်ရကုန်၏။
ဣတိ၊ ဤသို့။ ဝဿိကတ္ထေရော၊ ဝဿိကထေရ်သည်။ ဣမံဂါထတ္တယံ၊ ဤဂါထာသုံးခုတို့၏ အပေါင်းကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဝဿိကထေရဂါထာ အနက်ပြီး၏။