အာဝုသော၊ ငါ့ရှင်တို့။
ယေတထာဂတာ၊ အကြင်မြတ်စွာဘုရားတို့သည်။
အာဂတာနံ၊ မိမိ၏ အထံသို့ ရောက်လာကုန်သော ။
မာဒိသာနံ၊ ငါကဲ့သို့ သော ယုံမှားခြင်း ရှိကုန်သော သူတို့အား။
ကင်္ခံ၊ ယုံမှားခြင်းကို။
ဝိနယန္တိ၊ အရိယမဂ်ကို ဖြစ်စေသဖြင့် ဖျောက်ကုန်၏။
နိသီထေ၊ ညဉ့်သန်းခေါင်အခါ အင်္ဂါလေးပါးနှင့် ပြည့်စုံသော အမိုက်တိုက်၌။
ပဇ္ဇလိတော၊ တောက်ထွန်းသော။
အဂ္ဂိယထာ၊ မီးကဲ့သို့။
အာလောကဒါ၊ သတ္တဝါတို့၏ သန္တာန်၌ အဝိဇ္ဇာတည်းဟူသော အမိုက်ကို ဖျောက်တတ်သော ဒေသနာကို လည်းပေးတတ်ကုန်သည်။
စက္ခုဒဒါ၊ အောက်မဂ်အောက်ဖိုလ်သုံးပါးတည်းဟူသော ပညာစက္ခုကို ပေးတတ်ကုန်သည်။
ဘဝန္တိ၊ ဖြစ်ကုန်၏။
တေသံတထာဂတာနံ၊ ထိုဝိပဿိအစရှိသောရှေးဘုရားတို့ကဲ့သို့ လာခြင်း ကောင်းတော်တော်မူသော မြတ်စွာဘုရားတို့၏။
ဣမံပညံ၊ ဤဉာဏ်တော်၏ လွန်ကဲခြင်းကို။
ဝဿ၊ ရှုလော။
ဣတိ၊ ဤသို့။
ဣတ္ထံ ဣမံပကာရံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသော အပြားရှိသော ။
ဣမံဂါထံ၊ ဤဂါထာကို။
အာယသ္မာကင်္ခါရေဝတတ္ထေရော၊ အရှင်ကင်္ခါရေဝတထေရ်သည်။
အဘာသိတ္ထ၊ ဆိုပြီ။
ကင်္ခါရေဝတ ထေရဂါထာ အနက်ပြီး၏။