Issues
Select Version
နိဿယ
မြန်မာဘာသာ
Theragāthāpāḷi
Theragāthāpāḷi

4. Gaṅgātīriyattheragāthā

Author: နိဿယ @ IAPT

အာဝုသော၊ ငါ့ရှင်တို့။ မေမယာ၊ ငါသည်။ တိဏ္ဏံတာလပတ္တာနံ၊ ထန်းပင်မှကျသော ထန်းရွက်သုံးရွက်တို့ဖြင့်။ ဂင်္ဂါတီရေ၊ ဂင်္ဂါမြစ်နား၌။ ဝသာနိပရိဟနတ္ထံ၊ မိုဃ်း၏ စွတ်ခြင်းကို တားမြစ်အံ့သောငှါ။ ကုဋိ၊ ကုဋိကို။ ကတာ၊ ပြုအပ်ပြီ။
မေမယှံ၊ ငါ၏။ ပတ္တောစ၊ သပိတ်သည်လည်း။ ဆဝသိတ္တောဝဆဝသိတ္တောဣဝ၊ သေသော သူ၏ ဥက္ခောင်းခွန်နှင့်တူ၏။ မေ၊ ငါ၏။ စီဝရဉ္စ၊ သင်္ကန်းသည်လည်း။ ပံသုကူလံ၊ ခရီးကြားသုသာန် စသည် ၌ စွန့်အပ်သော မြေမှုန့်အလိမ်းလိမ်းကပ်သော ပုဆိုးသည်သာလျှင်တည်း။
ဒွိန္နံအန္တရဝဿာနံ၊ ရဟန်းပြုသော နှစ်မှ အရဟတ္ထဖိုလ်သို့ရောက်သော ဤနှစ်နှစ်အတွင်းတို့၌။ ဧကာဝါစာ၊ နှမမသင့်ဟု နို့ရည်ကို ပယ်သော စကားတခွန်းမျှကိုသာလျှင်။ မေမယာ၊ ငါသည်။ ဘာသိတာ၊ ဆိုဘူး၏။
တတ္ထ၊ ထိုနှစ်နှစ်အတွင်း၌။ အညေ၊ တပါးသော သူတို့ကို။ ဝစီကေဒေါ၊ နှုတ်မြွက်ဘူးသည်။ နအဟောသိ၊ မဖြစ်စဘူး။ တတိယေတတိယဿ၊ သုံးခုမြောက်သ‌ော ။ ဝသ မှိဝဿဿ၊ နှစ်၏။ အန္တရအန္တရေ၊ အတွင်း၌။ မေမယာ၊ ငါသည်။ တမောခန္ဓော၊ ကြီးစွာသော အဝိဇ္ဇာတည်းဟူသော အမိုက်တိုက်ကို။ ပဒါလိတော၊ အရဟတ္တမဂ်ဉာဏ်ဖြင့် ဖြတ်အပ်ပြီ။
ဣတိ၊ ဤသို့။ ဂင်္ဂါတိရိယောထေရော၊ ဂင်္ဂါတိရိယထေရ်သည်။ ဣမာဂါထာယော၊ ဤနှစ်ဂါထာတို့ကို။ အဘာသိတ္ထ၊ ဆိုပြီ။ ဂင်္ဂါတိရိယထေရဂါထာ အနက်ပြီး၏။